Channel Myanmar

Anaïs Demoustier

The Girl with a Bracelet (2019) 6.6
The Girl with a Bracelet (2019)  ဒီတစ်ခါမှာတော့ The Girl With A Bracelet ဆိုတဲ့ဇာတ်ကားလေးကိုတင်ဆက်ပေးလိုက်ပါတယ်ဇာတ်လမ်းအကျဥ်းလေးကတော့လစ်ဆီဆိုတဲ့ဆယ်ကျော်သက်ကောင်မလေးဟာ သူမမိသားစုနဲ့အတူ ကမ်းခြေမှာဆော့ကစားပျော်ပါးနေတုန်း ရဲတွေရောက်လာပြီး သူမကိုဖမ်းခေါ်သွားပါတယ် ဖမ်းခေါ်သွားရတဲ့အကြောင်းကတော့ သူမရဲ့သူငယ်ချင်း ဖလော်ရာတစ်ယောက် ရက်ရက်စက်စက်အသတ်ခံရတဲ့ကိစ္စမှာ သူမကိုသံသရှိသူအဖြစ်ဖမ်းဆီးသွားကြတာပါ ဒီလိုနဲ့သူမဟာတရားရင်ဆိုင်ရပါတယ် ဒီအမှုကိုစစ်ဆေးလာတာ နှစ်နှစ်ကျော်လောက်အထိ ပြစ်ဒဏ်မချရသေးသလို သက်သေတွေလည်းအတိအကျဘာမှမရှိသေးပါဘူးအဲဒါကြောင့် တရားခွင်မှာ သူမရဲ့သူငယ်ချင်းတွေ မိသားစုတွေ အားလုံးကို မျက်မြင်သက်သေအဖြစ်ရုံးခေါ်စစ်ဆေးမေးမြန်းပါတော့တယ် အဆုံးသတ်မှာ ဖလော်ရာကို သတ်တဲ့တရားခံကဘယ်သူလဲ တကယ်ပဲလစ်ဆီကသတ်ခဲ့တာလား........သတ်ရတဲ့အကြောင်းရင်းကရော...... ဒါမှမဟုတ် အခြားတစ်ယောက်ကပဲသတ်ခဲ့တာလား......ဒီဇာတ်ကားလေးထဲမှာ တရားခွင်ကိုပဲ အဓိကထားရိုက်ကူးသွားပြီး ဖလော်ရာနဲ့လစ်ဆီတို့​သူငယ်ချင်းနှစ်ယောက်မှာ ဘာပြဿနာတွေရှိခဲ့ကြလဲ ရဲတွေကရော ဘာကြောင့် သူမကိုပဲသံသယဝင်နေတာလဲဆိုတာ ကြည့်ရှူရမှာပါ File size…(1.45 GB)/(738 Mb) Quality….BluRay 1080p / 720p Format…mp4 Duration….01:35:00 Genre...Crime, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Ruby Jane
movie

The Girl with a Bracelet (2019)

The French Minister (2013) 6.4
The French Minister (2013) IMDb - 6.4/10ဇာတ်လမ်းအညွှန်းဒီပြင်သစ်ဇာတ်လမ်းလေးမှာ ပြင်သစ်နိုင်ငံခြားရေးဝန်ကြီးဌာနကနေ့ဒဓူဝလုပ်ငန်းစဉ်တွေ၊ သံတမန်ရေးရာအကြောင်းတွေကိုရိုက်ကူးထားတာဖြစ်ပါတယ်။သံတမန်ရေးရာမှာ နိုင်ငံခြားရေးဝန်ကြီးတစ်ယောက်ရဲ့ စကားလုံးတစ်လုံးဟာနိုင်ငံတကာပဋိပက္ခတွေကို ပြေလည်စေနိုင်သလိုဒီစကားလုံးတစ်လုံးမှားလိုက်တာနဲ့ စစ်မီးမွှေးနိုင်လောက်တဲ့အထိ အရေးကြီးပါတယ်။ဒီတော့ ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး အဲလက်ဇန်းဒါး တာယာ့ဒ်ဒီကသူပြောမယ့်စကားတွေ မိန့်ခွန်းတွေ ရေးသားဖို့ အာ့သူးဗလာဗိုက်ခ်ဆိုတဲ့လူငယ်လေးကို တာဝန်ခန့်အပ်လိုက်တယ်။ငြိမ်းချမ်းရေးကို လိုလားပြီး ကိုယ့်ကိုကိုယ်အထင်ကြီးတတ်၊စကားမာမာပြောတတ်၊ သံတမန်ရေးကိစ္စတွေနဲ့ခေါင်းရှုပ်လာရတဲ့အခါပေါက်ကွဲတတ်တဲ့ ဝန်ကြီး အဲလက်ဇန်းဒါးလို အထက်အရာရှိအတွက်သံခင်းတမန်ခင်းမှာအရေးကြီးတဲ့မိန့်ခွန်းတွေကိုအာ့သူးတစ်ယောက် ဘယ်လိုကြိုးစားရေးရလဲ၊ နိုင်ငံခြားရေးဝန်ကြီးရုံးမှာအာ့သူးနဲ့ အဖွဲ့ဝင်တွေ ဘယ်လိုကြိုးစားကြရလဲဆိုတဲ့အကြောင်းတွေကို ပါဝင်ပါတယ်။ဒီလိုအဖွဲ့ဝင်တွေရဲ့ကြိုးစားမှုတွေကြောင့်အပါအဝင်ဝန်ကြီး အဲလက်ဇန်းဒါးဟာ နိုင်ငံတကာပြဿနာတွေ၊စစ်ဖြစ်ပွါးလာနိုင်တဲ့အရေးအခင်းတွေမှာ သံတမန်ရေးအရဘယ်လိုကိုင်တွယ်ဖြေရှင်းသွားမလဲဆိုတဲ့အကြောင်းတွေကိုလည်း ကြည့်ရှုကြရမှာဖြစ်ပါတယ်။Quai d'Orsay ဆိုတဲ့ ပြင်သစ်နိုင်ငံခြားရေးဝန်ကြီးဌာနအကြောင်းရေးသားထားတဲ့စာအုပ်ကို အခြေခံရိုက်ကူးထားတာဖြစ်ပါတယ်။UKရဲ့ BAFTA award winner တစ်ယောက်ဖြစ်ပြီးနိုင်ငံရေးအကြောင်းဇာတ်လမ်းတွေ ရိုက်ကူးတဲ့နေရာမှာနာမည်ကြီးဒါရိုက်တာဖြစ်တဲ့ Bertrand Tavernier က ရိုက်ကူးထားဖြစ်ပြီးဒီဇာတ်လမ်းဟာ nominee အများကြီးဝင်ထားပြီးaward တွေလည်း ရရှိထားပါတယ်။နိုင်ငံခြားရေးဝန်ကြီးဌာနမှာ ဘယ်လိုအလုပ်လုပ်ကြလဲဆိုတဲ့အကြောင်းနဲ့ သံတမန်ရေးရာအကြောင်းတွေကိုစိတ်ဝင်စားတယ်ဆိုရင်တော့ ဒီဇာတ်လမ်းလေးဟာကြည့်သင့်တဲ့ဇာတ်လမ်းလေးဖြစ်ပါတယ်။ File size…  2.2 GB  / 957.8 MB Quality… BluRay 1080p ...
movie

The French Minister (2013)

2013
Smoking Causes Coughing (2022) 6.7
Smoking Causes Coughing (2022) Smoking Causes Coughing (2022)~ IMDb - 6.7/10, RT - 91%, Meta - 74% ~ဒီတစ်​ခေါက်​တော့ 2022 ကထွက်ရှိထားတဲ့ Smoking Causes Coughing ဆိုတဲ့ ပြင်သစ် ဟာသ Sci-Fi ကား​လေးနဲ့ ပိတ်ရက်​တွေမှာ ရယ်​မောရင်း အ​ပန်း​ဖြေလိုက်ရ​အောင်။ကမ္ဘာ​​​​မြေကို မိစ္ဆာ​တွေရန်က​နေ ကာကွယ်​ပေး​​နေတဲ့ စူပါဟီးရိုးအဖွဲ့ အဖွဲ့ဖွဲ့စည်းတာ ကြာလာတာနဲ့အမျှ စည်းလုံးမှု​လျော့ဆင်းလာတာ​တွေ​ကြောင့် ​ခေါင်း​ဆောင်က စည်းလုံး​ရေးပို​ကောင်း​အောင် တစ်ပတ်​လောက် အပန်း​ဖြေခရီးပို့လိုက်တဲ့အခါ ခရီးမှာဖြစ်ပျက်တဲ့အရာ​တွေကို ဟာသဆန်ဆန် ရီ​မောရမယ့်ကား​လေးပဲဖြစ်ပါတယ်။ သူတို့အနားယူ​နေတုန်း တဖက်ရန်သူကလည်း ကမ္ဘာဂြိုဟ်ကို ဖျက်ဆီးဖို့ ဆုံးဖြတ်လိုက်တာ​ကြောင့် သူတို့ ကမ္ဘာ​မြေကြီးကို ကယ်တင်နိုင်မလား မကယ်တင်နိုင်ဘူးလား ဆိုတာကို စိတ်ဝင်စားဖွယ်ကြည့်ရှူရမယ့်ကား​လေးပဲဖြစ်ပါတယ်။ Rating ကောင်းတွေရထားတဲ့အပြင် ကိန်းစ်ရုပ်ရှင်ပွဲတော်မှာလည်း ဝင်ရောက်ပြသထားနိုင်တဲ့ကားဖြစ်လို့ ပေါ့သေးသေးတော့မဟုတ်ပါဘူး။(ဒီဇာတ်ကားနဲ့အညွှန်းကို DB မှ ပြန်ဆို ရေးသားထားပါတယ်)Size ...
movie

Smoking Causes Coughing (2022)

2022
November (2022) 6.9
November (2022) November (2022) ============= IMDb Rating - 6.9/10၂၀၁၅ နိုဝင်ဘာသောကြာနေ့မှာပြင်သစ်နိုင်ငံ ပါရီမြို့တော် တစ်ဝှမ်းအကြမ်းဖက်တိုက်ခိုက်မှုတွေဖြစ်ပွားပြီး လူပေါင်း ရာချီသေဆုံးခဲ့ရပါတယ်။အဲ့ဒီတိုက်ခိုက်မှုတွေဟာ ပြင်သစ်နိုင်ငံအတွက် ဒုတိယကမ္ ဘာစစ်ပြီးတဲ့နောက် အပြင်းထန်ဆုံးတိုက်ခိုက်မှုဖြစ်ခဲ့သလို၊ EU အတွက်လည်း ၂၀၀၄ မှာဖြစ်ပွားခဲ့တဲ့ မက်ဒရစ်ရထား ဗုံးဖောက်ခွဲမှုအပြီး လူသေဆုံးမှုအများဆုံးဖြစ်ခဲ့ပါတယ်။ဒီဇာတ်ကားမှာတော့ အဲ့ဒီဖြစ်ရပ်နောက်ကွယ်က လက်သည် တရားခံတွေကိုစုံစမ်းဖော်ထုတ်ကြတဲ့ ပြင်သစ်အကြမ်းဖက် တိုက်ဖျက်ရေးဌာနရဲ့ ငါးရက်တာကာလ လှုပ်ရှားရုန်းကန်ကြိုး စားမှုတွေကို တွေ့မြင်ရမှာဖြစ်ပါတယ်။ ရုံတင်ဝင်ငွေကြမ်းသလို ဝေဖန်ရေးဆရာတွေရဲ့မှတ်ချက်ကောင်းတွေကိုလဲရရှိထားပြီး လာမယ့် César Awards အတွက်လည်း ဆန်ကာတင် ခုနှစ်ဆု ထိဝင်ထားတဲ့ ဇာတ်ကားကောင်းတစ်ကားဖြစ်လို့ ဖြစ်ရပ်မှန် မှုခင်းကြိုက်ပရိသတ်တွေအနေနဲ့လက်လွတ်မခံသင့်တဲ့ ဇာတ် ကားတစ်ကားဖြစ်ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Alias ဖြစ်ပါတယ်)File Size..........(1.36 GB) / (555 MB) / (313 MB) Quality............Blu-Ray 1080p / 720p / 480P Duration.........1Hr 40Mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Crime, Drama, Thriller Translator.......Alias Encoder..........SWM
movie

November (2022)

2022
Father & Sons (2018) 5.7
Father & Sons (2018) Father & Sons (2018)================မိသားစုအချင်းချင်းကြားမှာ ထားရှိတဲ့မေတ္တာဆိုတာ တစ်ခါတစ်လေမှာ မမြင်နိုင်ဘူးဖြစ်တတ်ပါတယ်။ နေ့တိုင်း ချစ်တယ်လို့ ပြောဖြစ်ချင်မှ ပြော ဖြစ်ကြပါလိမ့်မယ်။ ဒါပေမယ့် နေ့စဉ်လုပ်ကိုင်ပေးနေတဲ့ ကိစ္စတွေက အချစ်ကို အခြေတည်ပြီးတော့ ဖြစ်လာကြတာပါ။တစ်ဦးနဲ့တစ်ဦး ရန်ဖြစ်ကြ စကားမပြောဘဲနေကြကောင်း နေနိုင်ပေမယ့် တကယ့်အတွင်းစိတ်ထဲက မေတ္တာက မပြောင်းလဲနိုင်ဘူးလို့ ထင်ပါတယ်။ ဒါကြောင့်လည်း မိသားစုဟာ လူတိုင်းရဲ့ ဘဝမှာ အရေးပါတဲ့ အစိတ်အပိုင်း တစ်ခုဖြစ်နေတာပါ။ချစ်ခြင်းမေတ္တာဟာ ဆန်းကြယ်လွန်းလှပါတယ်။ အဖေတစ်ယောက် သား နှစ်ယောက်တို့ကြားက ဆန်းကြယ်လှတဲ့ ချစ်ခြင်းမေတ္တာကို ခပ်ပါးပါးဖော် ပြထားပြီး လှလှပပ ပြသွားတာကို ယခုဇာတ်ကားထဲမှာ ကြည့်ရှု့ရမှာမို့ ဒရာမာချစ်သူ ပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းကို Leonard Lin မှရေးသားပေးပြီး၊ ဘာသာပြန် ရေးသားပေးသူများကတော့ Leonard Lin, Roman Nox တို့ဖြစ်ပါတယ်)File Size..........(1.0 GB) / (435 MB) / (240 MB) Quality............WebRip 1080p / 720p / 480p Duration.........1Hr ...
movie

Father & Sons (2018)

2018
[18+]Elles(2011) 6.7
[18+]Elles(2011) [18+]Elles(2011) အညွှန်း****************** 2011 က ထွက်ရှိခဲ့တဲ့ ပိုလန် Erotic drama ဇာတ်ကားဖြစ်ပြီး IMDb 5.6/10 အထိရရှိထားပါတယ်။အသက်ပြည့်မှ ကြည့်သင့်တဲ့ ဇာတ်ဝင်ခန်းများပါဝင်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ အန်းက နာမည်ကြီးမဂ္ဂဇင်းတစ်ခုက ဂျာနယ်လစ်ဖြစ်ပြီးသားနှစ်ယောက်မိခင်ပါ။ သူ ဒီတစ်ခေါက်ရေးနေတဲ့ ဆောင်းပါးကဆယ်ကျော်သက်ကျောင်းသူလေးတွေ ပြည့်တန်ဆာလုပ်ကြတဲ့အကြောင်းဖြစ်ပြီး သူ အင်တာဗျူးလုပ်နေတဲ့ ကောင်မလေးနှစ်ယောက်ရှိပါတယ်။အဲဒီမိန်းကလေးနှစ်ယောက်ရဲ့ ဇာတ်လမ်းတွေ အတွေ့အကြုံတွေကပရော်ဖက်ရှင်နယ်ဆန်တဲ့သူ့ရဲ့ ကိုယ်ပိုင်ဘဝထဲထိ ဘယ်လို ရိုက်ခတ်လာမလဲဆိုတာကတော့-   File Size : (1.6GB) and (627MB) Quality : Blu-Ray 1080p,720p Format…mp4 Duration…02:15:00 Genre : Adult, Drama Subtitle : Myanmar Subtitle (Hard Sub) Translated by XXX Encoded by YZ
movie

[18+]Elles(2011)

Gloria mundi 2019 6.0
Gloria mundi 2019 Gloria Mundi Review ငွေဆိုတာ ဒုတိယဘုရားသခင်ပါလား လို့ ဒီကားကိုကြည့်ရင်းနဲ့ ရေရွတ်မိတဲ့အထိပါပဲ။ မိမိရဲ့ ကလေးလေးဆိုတာ အိမ်တစ်အိမ်မှာ ပိုက်ဆံရှိမှ ဆည်းလည်းသံလို့ သတ်မှတ်ကြပြီး ပိုက်ဆံမရှိတဲ့အခါ ဒီကလေးကို ဘယ်နားထားရမလဲမသိ မွေးမိတာတောင် မှားသလားလို့ ထင်စေပါတယ်။ ဟုတ်ပါတယ် ဒီဇာတ်လမ်းလေးက ပိုက်ဆံကို မရမကရှာနေရတဲ့ ရှုထောင့်မတူတဲ့ မိသားစုတစ်စု အကြောင်းကို  ရိုက်ပြထားတဲ့ကားလေးပါ။ ကလေးနာမည်က ဂလိုရီယာ တဲ့ ။ ဒါပေမဲ့လည်း သူတို့မိသားစုက ကံမကောင်းခဲ့ပါဘူး ။ ရိုးရိုးသားသား ကြိုးစားနေရင်းနဲ့ ကံမလိုက်လာ တဲ့အခါ ကံဆိုးမသွားရာ မိုးလိုက်လို့ရွာဆိုသလို ပြသာနာတွေက တစ်ခုပြီးတစ်ခုတက်ပါလေတော့တယ်။ ဒီကြားထဲ အမြတ်ထုတ်ချင်တဲ့ ကာမအမှောင်သမားတွေကလည်း ရှိသေးတယ်။ ဘိုးဘိုး ဘွားဘွား ကလည်းမနေရဘူးပေါ့။ သားအချစ် မြေးအနှစ်မလား ။ နောက်ဆုံး တော့ သူတို့မျှော်မှန်းထားတဲ့ ဘဝလေးတစ်ခုကို ရောက်မလား ဒါမှမဟုတ် ကျွန်တော်တို့ မထင်မှတ်ထားတဲ့ ဇာတ်သိမ်းမျိုးဖြစ်လေမလား…. ၁၈နှစ်အထက်လေးတွေ နည်းနည်းပါလို့သတိထားပေးနော်။ သိပ်တော့မရှည်ပါဘူး ရစ်ကြည့်လို့အဆင်ပြေပါတယ်။ ဒီကားကြည့်ပြီးတော့ ကိုယ်တွေကတော့ ငွေအင်အားပြည့်စုံမှပဲ ဆည်းလည်းသံလေးကို အိမ်ထဲခေါ်တော့မယ်လို့ ...
movie

Gloria mundi 2019

2019