Channel Myanmar

Andrew Bujalski

Lousy Carter (2023) 5.7
Lousy Carter (2023)  IMDb 5.8/10 ရရှိထားတဲ့ Comedy အမျိုးအစားLousy Carter ရုပ်ရှင်ဟာ ၂၀၂၄ မတ်လ ၂၉ ရက်ကမှထွက်ရှိထားတာဖြစ်ပါတယ်။ ဒါရိုက်တာ Bob Byington ကရိုက်ကူးပေးထားပြီး David Krumholtz ၊ Martin Starr ၊Olivia Thirlby ၊ Jocelyn Deboer အစရှိသဖြင့်သရုပ်ဆောင်ပေါင်းများစွာပါဝင်ထားပါတယ်။သက်လတ်ပိုင်းအမျိုးသားတစ်ဦးရဲ့အသက်ရှင်ဖို့နောက်ဆုံးခြောက်လသာကျန်ရှိတော့တဲ့အချိန်ကို ဟာသနှောပြီးဖြစ်ရပ်မှန်ပေါ်အခြေခံရိုက်ကူးထားတာဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း***************အင်္ဂလိပ်ရသစာပေပါမောက္ခတစ်ဦးဖြစ်တဲ့လောက်စီကာတာဟာဘဝရဲ့ဘယ်နယ်ပယ်မှာမှထူးချွန်အောင်လုပ်ဆောင်နိုင်ခဲ့ခြင်းမရှိဘဲ နာမည်နဲ့လိုက်အောင် ဘဝမှာအသုံးမကျသူတစ်ဦးဖြစ်နေခဲ့ပါတယ်။ ကျောင်းဆရာဘဝကိုငြီးငွေ့ဖွယ်ရာဖြတ်သန်းနေပြီး သူရဲ့အန်နီမေးရှင်းရုပ်ရှင်ကလည်း မအောင်မြင်တာကြောင့်အန်နီမေတာအဖြစ်လည်း မရပ်တည်နိုင်ခဲ့ပါဘူး။ မိခင်ကိုယ်တိုင်ကအသုံးမကျသူလို့သတ်မှတ်ထားခဲ့သလို ဇနီးနဲ့လည်းအိမ်ထောင်ရေးအဆင်မပြေခဲ့ပါဘူး။ သူငယ်ချင်းရဲ့မိန်းမနဲ့ ဖောက်ပြန်ခဲ့သလိုအသက်ငယ်တဲ့ကျောင်းသူလေးတစ်ယောက်ကိုပါကြိတ်ကြိုက်နေခဲ့တဲ့လောက်စီကာတာရဲ့ဘဝဟာ ရှုပ်ထွေးမှုတွေနဲ့ပြည့်နှက်နေခဲ့ပါတယ်။ တစ်ရက်မှာတော့ သူ့မှာအသက်ရှင်ဖို့ခြောက်လသာကျန်ရှိတော့တာကိုသိရှိလိုက်ရပြီး သေဖို့နီးကပ်လာတာနဲ့အမျှသူ့ဘဝက ဘာတွေပြောင်းလဲသွားဦးမှာလဲဆိုတာကြည့်ရှု့ခံစားရမှာပါ။ရုပ်ရှင်ရဲ့ဇာတ်သိမ်းကတော့ မမျှော်လင့်ထားတဲ့ဇာတ်သိမ်းလို့ပဲဆိုရမှာဖြစ်ပါတယ်။ File size…1.16GB / 481MB Quality…WEB-Rip 1080p 5.1CH / 720p Format…mp4 Duration….1h 20m Genre ….. Comedy Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by JULY
movie

Lousy Carter (2023)