Channel Myanmar

Andrew Lin

Triple Tap (2010) 6.2
Triple Tap (2010) ဒီတစ်ခါမှာတော့ CM ပရိသတ်ကြီးတို့ကို ၂၀၁၀ ခုနှစ်ကထွက်ရှိခဲ့တဲ့ ဟောင်ကောင်ဇာတ်ကားတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ဇာတ်ကားနာမည်ကတော့ Triple Tap လို့ခေါ်ပြီးတော့One Night in Mongkok နဲ့ Double Tap အစရှိတဲ့ဇာတ်ကားတွေရဲ့ sequel ကား ဖြစ်ပါတယ်။ ဒီဇာတ်ကားထဲမှာတော့ Louis Koo နဲ့ Daniel Wu တို့ကအဓိက ပါဝင်သရုပ်ဆောင်ထားတာ ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကို ပြောပြရရင်တော့သေနတ်ပြိုင်ပွဲချန်ပီယံရဲ့ မစ္စတာကန်ကွမ် (Louis Koo) ကIPSC ပြိုင်ပွဲမှာ အနိုင်ရခဲ့ပြီးတော့ အိမ်ကိုပြန်လာခဲ့တယ်။အိမ်ပြန်လမ်းမှာ ဓားပြတိုက်မှုတစ်ခုနဲ့ ကြုံတွေ့ခဲ့ရတယ်။ဓားပြတိုက်သူတွေဟာ ကျည်ကာကားပေါ်မှာပါတဲ့သန်းရာချီတန်တဲ့ ပိုင်ဆိုင်မှုစာချုပ်ကို လိုချင်ကြတာပါ။ဓားပြတိုက်သူတွေက ကားပေါ်မှာ လိုက်ပါလာသူတွေနဲ့ရုန်းရင်းဆန်ခတ်ဖြစ်ရင်း သေနတ်ပစ်ဖောက်ခဲ့ကြတယ်။ဒါတွေကို ကန်ကွမ်က အစအဆုံးမြင်လိုက်ရပါတယ်။ခဏကြာပြီးနောက်မှာ ယာဉ်ထိန်းရဲ ရောက်လာခဲ့တယ်။ယာဉ်ထိန်းရဲကိုလည်း သေနတ်နဲ့ ပစ်တော့မှာကို မြင်သွားတဲ့အခါကန်ကွမ်ဟာ ဓားပြတွေကို သူ့မှာပါလာတဲ့သေနတ်နဲ့ ပစ်သတ်ခဲ့ပါတယ်။ဒီကိစ္စနဲ့ပတ်သက်လို့ ကန်ကွမ် လူသတ်လိုက်တာ မှန်တယ်မမှန်ဘူးဆိုပြီး တရားရုံးရောက်တဲ့အထိ အငြင်းပွားကြပါတော့တယ်။စာချုပ်ဓားပြတိုက်တဲ့ အမှုကို ...
movie

Triple Tap (2010)

Rob-B-Hood (2006) 6.6
Rob-B-Hood (2006) IMDb 6.6 ရထားတဲ့ ဂျက်ကီချန်း ဟာသကားဟောင်းလေးတစ်ကား တင်ဆက်ပေးလိုက်ပါတယ်ဒီကားဟာ ဂျက်ကီချန်းနဲ့ ဒါရိုက်တာ ဘန်နီချန်းတို့ရဲ့ Who Am I? နဲ့ New Police Story တို့နောက်ပိုင်း တတိယမြောက် လက်တွဲရိုက်ကူးခဲ့တာ ဖြစ်ပါတယ်ဇာတ်လမ်းအကျဥ်းကတော့ ထောန် နဲ့ ရေဘဝဲတို့သူငယ်ချင်းနှစ်ယောက်က သူခိုးတွေဖြစ်ပြီး သူတို့ဆရာ Landlord နဲ့အတူတူ ဖောက်ထွင်းမှုတွေ လုပ်ကြတာ ဖြစ်ပါတယ်ထောန်က လောင်းကစားဝါသနာပါပြီး ရေဘဝဲကတော့ သူ့ဇနီးကွယ်ရာမှာ ချမ်းသာတဲ့ မိန်းမတွေနဲ့ ဖောက်ပြန်တတ်သူ ဖြစ်ပါတယ် တစ်နေ့ သော့ဝိဇ္ဇာ Landlord ကိုယ်တိုင် အိမ်မှာစုဆောင်းထားသမျှ ပိုက်ဆံတွေ အခိုးခံလိုက်ရတဲ့ နောက်မှာတော့ ဒေါ်လာ ၇ သန်းတန် မစ်ရှင်တစ်ခုကို လုပ်ဖို့ ထောန်နဲ့ ရေဘဝဲကို စည်းရုံးရပါတော့တယ်အဲဒီမစ်ရှင်က မာဖီးယားခေါင်းဆောင်တစ်ယောက်ရဲ့ မြေးဖြစ်သူ ယူဆရတဲ့ "မွေးကင်းစကလေး" တစ်ယောက်ကို ပြန်ပေးဆွဲပြီး မာဖီးယားခေါင်းဆောင်ဆီ ...
movie

Rob-B-Hood (2006)

Wolf Hiding ( 2023 ) 6.1
Wolf Hiding ( 2023 ) ဒီတစ်ခါမှာတော့ CMကနေတရုတ်ဇာတ်ကားကောင်းလေးတစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ် နာမည်ကြီးသရုပ်ဆောင်တွေဖြစ်တဲ့ Nick Cheung ,Ethan Juan, Darren Wang တို့ကအဓိကသရုပ်ဆောင်ထားတာပဲဖြစ်ပါတယ်လူမျိုးပေါင်းစုံ ဘာသာပေါင်းစုံနေထိုင်ကြတဲ့မြို့ကြီးတစ်မြို့မှာ ဟုန်ထိုက်လုပ်ငန်းစုက ဂုဏ် အရှိန်အဟုန်ကြီးမားလျက်ရှိပြီး အဲ့ဒီလုပ်ငန်းစုရဲ့ ဥက္ကဌက မြို့ရဲ့ဝန်ကြီးအဖြစ်ဝင်ရောက်ရွေးချယ်ခံဖို့ ပြင်ဆင်နေခဲ့ပါတယ် တစ်ဖက်မှာလည်း သူ့ရဲ့ဥက္ကဌရာထူးကို သူ့လက်အောက်က လူတစ်ယောက်စီ လွှဲပြောင်းပေးတော့မှာပဲဖြစ်ပါတယ် ဒါပေမယ့် ရာထူးလွှဲပြောင်းပေးတဲ့ပွဲနေ့မှာပဲ အမှတ်မထင်ထားတဲ့ ပြဿနာမျိုးစုံကြုံခဲ့ရပါတော့တယ်အဲ့ဒီအမှတ်မထင်ထားတဲ့ပြဿနာကနေအစချီပြီးတော့ သာယာလှပနေတဲ့မြို့ကို ဆေးရောင်ဆိုးကြတဲ့ လူတစ်စုရဲ့ မကောင်းမှုတွေကလည်း တစ်စပြီးတစ်စ ပေါ်လာခဲ့ပါတယ် နှစ်ပေါင်းများစွာ အမြစ်တည်ခဲ့တဲ့ လူကုန်ကူးမှု ကိုယ်တွင်းအင်္ဂါအရောင်းအဝယ်ဈေးကွက်အစရှိတဲ့မကောင်းမှုတွေရဲ့ နောက်ကွယ်က ကြိုးကိုင်သူတွေက ဘယ်သူတွေဖြစ်မှာလဲမကောင်းမှုပြုသူတို့ရဲ့ ဇာတ်သိမ်းကတော့ အားလုံးသိပြီးသားဇာတ်သိမ်းမျိုးပေမယ့် ဒီဇာတ်ကားရဲ့ Plot twist ကြီးကအရမ်းမိုက်ပြီး အက်ရှင်ကားကောင်းတစ်ကားဖြစ်တာမို့လို့ တရုတ်ကားပရိတ်သတ်တွေအနေနဲ့ကြည့်ရှုဖို့ လက်မလွှတ်သင့်တဲ့ဇာတ်ကားလေးဖြစ်ပါတယ်နော်... Quality : WEB-DL 1080p , 720p Format : mp4 Genres : Action , Crime Runtime : 1h 47 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Kyawt Encoded ...
movie

Wolf Hiding ( 2023 )

Hunt the Wicked ( 2024 ) 5.8
Hunt the Wicked ( 2024 ) ဒီဇာတ်လမ်းလေးထဲမှာ အမှုလိုက်ရာမှာ အလွန်တော်တဲ့ ဟွမ်မင်ကျင်းနဲ့ ဒုစရိုက်လုပ်ရာမှာ အလွန်တော်တဲ့ ဝေ့ယွင်ကျိုးတို့ဟာ ဝူစူးလီမြို့ရဲ့ မြေအောက်မူးယစ်ဒုစရိုက်ဂိုဏ်းကြီးတစ်ခုကြောင့် အကြိမ်ကြိမ်တွေ့ဆုံပြီး သူသေကိုယ်သေတိုက်ခိုက်ခဲ့ကြပါတယ်။ရဲတပ်ဖွဲ့ဝင်နဲ့ ဒုစရိုက်သမားတွေမှာ တချို့က ဓားသွားအောက်ကနေ ငြိမ်းချမ်းမှုအတွက် ကြိုးပမ်းကြတယ်။တချို့က လမ်းမှားပေါ်မှာ အသက်ပေးသွားကြရတယ်။ ဒုစရိုက်မှုတွေကို တစ်ဆင့်ပြီးတစ်ဆင့် စုံစမ်းစစ်ဆေးပြီးမှ ဖုံးကွယ်ထားတဲ့ မူးယစ်ကွန်ယက်ကြီး တစ်ခုလုံးပေါ်ထွက်လာတဲ့ အခါမှာတော့......ရဲနဲ့ ဒုစရိုက်သမားတို့တွေ မကောင်းမှုကို အပြစ်ပေးတဲ့အခါ ဘယ်လို ကွာခြားကြသလဲ...... သူတို့ရဲ့ မတူညီတဲ့ ဆုံးဖြတ်ချက်နောက်မှာ ဘဝလမ်းကြောင်းတွေ ဘယ်လို ကွာခြားသွားကြမလဲ...... ဆိုတာကို ရုပ်ရှင်နဲ့အတူကြည့်ရှုခံစားလိုက်ရအောင်နော်။ Quality : WEB-DL 1080p , 720p Format : mp4 Genres : Action , Crime , Drama Runtime : 1h 43 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Moon Encoded by LK  
movie

Hunt the Wicked ( 2024 )

Star Abyss ( 2024 ) 5.7
Star Abyss ( 2024 ) CM ရဲ့ ပရိသတ်တွေအတွက် သဲထိတ်ရင်ဖို အာကာသအက်ရှင်ရုပ်ရှင်ကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့-အနာဂတ်ကာလမှာ လူတွေဟာ အာကာသဂိတ်တွေကို ကျော်ဖြတ်ခြင်းဖြင့် ကမ္ဘာသစ်တစ်ခုကို ခရီးသွားနေကြပါတယ်။ အာကာသယာဉ်တစ်ခုဟာ အာကာသဂိတ်တွင်းနက်ထဲမှာ ၇ နှစ်တာ ပိတ်မိဖို့ ဖြစ်လာပါတယ်။ခရီးသည် ၁၅ ယောက်မှာ ၄ ယောက်ပဲ ဆောင်းခိုခန်းထဲကို ဝင်ရောက်ရှင်သန်နိုင်မှာ ဖြစ်တဲ့အတွက် ကြောက်လန့်နေကြတဲ့ လူအများက ကုန်တင်ခန်းထဲမှာ စုဝေးနေကြပါတယ်။ တန်ဖိုးကြီးလှတဲ့ အသက်ရှင်သန်ခွင့်ရဖို့အတွက် စွမ်းကျီရှင်းဆိုတဲ့ ဝရမ်းပြေးလူသတ်သမား အမွှာညီအစ်မနှစ်ယောက်က ဗီဇပေါင်းစည်းထားတဲ့ တိုက်ခိုက်ရေး တိရစ္ဆာန်ကြီးကို လွတ်ပေးခဲ့ပြီး လူတွေကို လိုက်လံ သတ်ဖြတ်ခဲ့ပါတယ်။ယာဉ်ထဲက လူ ၁၅ ယောက်ရဲ့ ကံကြမ္မာက ဘယ်လို ဖြစ်မလဲ...... နောက်ဆုံး ဘယ်သူတွေက အသက်ရှင်ကျန်ခဲ့မလဲ...... ဆိုတာကို ရုပ်ရှင်နဲ့အတူ ခံစားကြည့်ရှုလိုက်ရအောင်နော်။ Quality : WEB-DL 1080p , 720p Format : mp4 Genres : Adventure , Action , Science-Fiction Runtime : 1h 26 min Subtitle ...
movie

Star Abyss ( 2024 )

The Return of the Sister-in-Law (2021) 8.9/10
The Return of the Sister-in-Law (2021) CM ကနေဒီတစ်ခါတင်ဆက်ပေးချင်တဲ့ ရုပ်ရှင်လေးကတော့ အက်ရှင်ခပ်ကြမ်းကြမ်းကိုမှ ကြိုက်တဲ့လူတွေအတွက် ကားလေးတစ်ကားတင်ဆက်ပေးလိုက်ချင်ပါတယ်။ ဇာတ်လမ်းကတော့ မူးယစ်ဆေးရောင်းတဲ့လောကမှာ ဘုရင်တစ်ပါးဖြစ်တဲ့ ကွေယန်နဲ့ဟေးဟော်တို့က အစပိုင်းမှ ာသွေးသောက်ညီအစ်ကိုတွေဖြစ်ပြီး အရမ်းဆိုးသွမ်းခဲ့ကြတာပေါ့။ ဒီလိုနဲ့ တနေ့မူးယစ်ဆေးနှိမ်နင်းရေးရဲတစ်ယောက်က သူတို့ကိုဖမ်းဖို့ ထောင်ချောက်ဆင်ခဲ့ပေမဲ့သူတို့ကတော့ရဲကိုသတ်ပစ်ခဲ့တယ်။ အိမ်ထဲမှာရှိနေတဲ့ ကောင်မလေးကိုပါမုဒိမ်းကျင့်ခဲ့တာပေါ့။ ဒီလိုနဲ့ချင်းချန်ဆိုတဲ့ မုဒိမ်းကျင့်ခံခဲ့ရတဲ့ကောင်မလေးက သူ့အစ်ကိုအစားလက်စားချေဖို့ဟေးဟော်ဆီ တပည့်သွားခံခဲ့တယ်။တိုက်ခိုက်ရေးမှာ အရမ်းတော်ပြီးအရည်အချင်းရှိ နာမည်ကြီးတဲ့သူဖြစ်လာခဲ့တယ်။ ကဲဒီလိုနဲ့ ချင်းချန်တစ်ယောက်သူ့အစ်ကိုကို သတ်ပစ်ခဲ့သူကို လက်စားချေနိုင်မလား။လူသတ်သမားကကော ဘယ်သူဖြစ်မလဲစတဲ့ မူးယစ်ဆေးလောကရဲ့ ရက်စက်မှုတွေ သတ်ဖြတ်မှုတွေအစရှိတာတွေကို ဒီဇာတ်လမ်းလေးကနေ ပြသပေးသွားမှာဖြစ်တဲ့အတွက် ဇာတ်လမ်းလေးကိုကြည့်ရူလိုက်ရအောင် Quality - WEB DL 1080p,720p Format - mp4 Genres - Action, Crime, Drama Runtime - 1 hr 30 min Subtitle - Myanmar Subtitile (Hardsub) Translated by CM Team Reviewed by Ann Chi Encoded by LK
movie

The Return of the Sister-in-Law (2021)

Naked Weapon (2002) 5.5
Naked Weapon (2002)  Naked Weapon 2002ကမ္ဘာတစ်ဝှမ်းလုံးမှာ ၁၃ နှစ် အရွယ် မိန်းကလေးတွေ ပျောက်နေကြတယ်။ ဒါနဲ့ ပတ်သတ်ပြီး CIA က Jack Chen နဲ့ သူ့အဖွဲ့ဟာ လိုက်လံစုံစမ်းနေခဲ့တာကြာပြီ။ သူတို့ရဲ့ တစ်ခုတည်းသော သဲလွန်စက မဒမ် M ဆိုတဲ့ အမျိုးသမီး နဲ့ သူဦးဆောင်တဲ့ အဖွဲ့အစည်းပဲ။ မဒမ် M ဟာ ကမ္ဘာ တစ်ဝှမ်းမှာရှိတဲ့ ၁၃ နှစ် အရွယ် မိန်းကလေးငယ်တွေကို ပြန်ပေးဆွဲတယ်။ လူသူမနီးတဲ့ ကျွန်းဆီ ခေါ်သွားပြီး အဲဒီ မိန်းကလေးတွေကို စစ်ရေးလေ့ကျင့် သင်ကြားပေးတယ်။ မဒမ် M ပြန်ပေးဆွဲတဲ့ မိန်းကလေးတွေအားလုံးဟာ အားကစား ဒါမှမဟုတ် ကိုယ်ခံပညာ တစ်ခုခုမှာ အများနဲ့ မတူအောင် ထူးချွန်တဲ့ သူတွေ ဖြစ်တယ်။ အဲဒီထဲမှာ Charlene ဆိုတဲ့ ကလေးမလေးလည်း ပါတယ်။ CIA က Jack Chen က လည်း ပျောက်သွားတဲ့ ကလေးတွေနဲ့ Charlene ...
movie

Naked Weapon (2002)

2002
Infernal Affairs II (2003) 7.3
Infernal Affairs II (2003) Infernal Affairs ဇာတ်ကားတွေကတော့ Directer Andrew Lau and Alan Mak တို့ ရိုက်ကူးထားတဲ့ Hong Kong crime thriller အမျိုးအစားတွေဖြစ်ပါတယ် ။ ဇာတ်လမ်းအနေနဲ့ကတော့ ရဲအရာရှိနှစ်ဦးနဲ့ လူဆိုးဂိုဏ်းတွေ ရဲ့အကြောင်းကို အခြေခံရိုက်ထားတာပါ ။ တရုတ်မှာဆိုရင်တော့ "The Unceasing Path" လို့ လူသိများပြီး 76th Academy Awards မှာလည်း The Best Foreign Language Film and Best Picture awards in the Golden Horse Awards အဖြစ် ရွေးချယ်ခံခဲ့ရတဲ့ကားတွေလည်းဖြစ်ပါတယ် ။ဇာတ်လမ်းအကျဉ်းအရာရှိချန် ကတော့ triad ဒုစရိုက် လူသတ်မှု့တွေကို တိတ်တဆိတ် ထောက်လှမ်းနေတဲ့သူဖြစ်ပါတယ် ။ သူဒီလိုတိတ်တဆိတ် စုံစမ်းနေတာကိုသိတဲ့ တစ်ဦးတည်းသောသူကတော့ သူ့ရဲ့ အထက်ရဲအရာရှိမှူးဖြစ်တဲ့ အရာရှိဝေါင်ပါ ။တစ်ဖက်မှာကတော့ ...
movie

Infernal Affairs II (2003)

The Return of the Sister-in-Law ( 2021 ) 6.1
The Return of the Sister-in-Law ( 2021 ) ြမ်းတာရမ်းတာလေးမှကြိုက်တယ်ဆိုတဲ့ CMပရိတ်သတ်ကြီးအတွက် အခုတင်ဆက်ပေးမဲ့ကားလေးကတော့ 2021ကထွက်ရှိတဲ့ တရုတ်အက်ရှင်ကားကောင်းလေးဖြစ်ပါတယ်အစ်ကိုဖြစ်သူနဲ့ ရိုးရိုးသားသားနေထိုင်နေတဲ့ မိန်းကလေးချင်းချိန် တစ်နေ့ကိုယ့်အစ်ကိုဖြစ်သူကို ကိုယ့်မျက်သိရှေ့တင်သတ်ပြီး ကိုယ့်ကိုပါစော်ကားသွားတဲ့အခါ ကလဲ့စားချေချင်စိတ်များပြီး လူဆိုးဂိုဏ်းတစ်ခုဆီရောက်သွားပါတော့တယ်နာမည်ကြီးဂိုဏ်းခေါင်းဆောင် ဟေးဟော်ဟာ တရားမဝင်မူးယစ်ဆေးတွေရောင်းပြီး လူငယ်တွေဘဝကိုဖျက်ဆီးနေသူပါ သူချစ်ရတဲ့ချစ်သူဟာလည်း သူ့ကိုကာကွယ်ရင်း အသတ်ခံလိုက်ရပါ တော့တယ်ချင်းချိန်ဟာ ဟေးဟော်ရဲ့အရင်ချစ်သူနဲ့တစ်ပုံစံထဲတူနေသောအခါ ချင်းချိန်ကိုတိုက်နည်းခိုက်နည်းတွေ ကိုယ်တိုင်သင်ပေးရင်း အနားမှာခေါ်ထားလိုက်ပါရော ဒါပေမဲ့အရင်ထဲက ရိုးသားသူချင်းချိန်ဟာ ဒီလိုမကောင်းမှုတွေထဲ သူဘယ်လိုနေထိုင်မလဲ? လျှိဝှက်ချက်တွေ သိသွားချိန်မှာရော ဘာတွေဆက်ဖြစ်မလဲ? ဓမ္မနဲ့အဓမ္မမှာ ဘယ်ဟာအနိုင်ရမလဲ?ကဲဇာတ်လမ်းလေးထဲစောင့်ကြည့်ရအောင်နော် မှော်တွေသိုင်းတွေမကြိုက်ဘဲ တိုက်တာခိုက်တာ သီးသန့်ကြိုက်တဲ့လူတွေအတွက်တော့ ကြည့်ကောင်းတဲ့ကားလေးတစ်ကားပါ Quality : WEB-DL 1080p , 480p Format : mp4 Genres : Drama , Action , Crime Runtime : 1h 30 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Encoded by LK
movie

The Return of the Sister-in-Law ( 2021 )

Piercing Heart Sword ( 2022 ) 6.2
Piercing Heart Sword ( 2022 ) ဒီတစ်ခါ CMကတင်ဆက်ပေးမှာကတော့ အမှုကိစ္စတွေနဲ့ လူတွေကိုစိတ်ဝင်စားပေမဲ့ ကားလေးတစ်ကားပါ တင်းဝူနဲ့ကျန်းဟွမ်က ဌာနတစ်ခုထဲမှာတင်အလုပ်လုပ်ကြတဲ့ လူနှစ်ယောက်ပါ သူတိုနှစ်ယောက်က အရမ်းလည်းရင်းနှီးကြသလို အမှုကိစ္စတွေလည်း အတူတူလိုက်ကြရတာပါတင်းဝူမှာဇနီးရှိသလို ကျန်းဟွမ်မှာလည်း သူသဘောကျနေတဲ့ကောင်မလေးရှိပါတယ် ကျန်းဟွမ်က ပြည့်တန်ဆာအိမ်မှာအလုပ်လုပ်နေတဲ့ရွှမ်ရွှမ်ကို ဂရုစိုက်ကာကွယ်ပေးရင်း ဘာတွေကြုံတွေ့ရမလဲတင်းဝူရဲ့ဇနီးကလည်း ဘယ်လိုလူမျိုးဆိုတာ စိတ်ဝင်စားစရာပါ ဘာတွေဆက်ဖြစ်မလဲဆိုတာ ဇာတ်လမ်းလေးထဲ ကြည့်ကြရအောင်နော်  Quality : WEB-DL 1080p , 480p Format : mp4 Genres : Action Runtime : 1h 35min Subtitle : Myanmar Subtitle ( hardsub ) Translated by CM Team Encoded by LK
movie

Piercing Heart Sword ( 2022 )

Tempting Hearts ( 2021 ) 5.9
Tempting Hearts ( 2021 ) ဒီတစ်ခါတင်ဆက်ပေးမှာတော့ ပေါ့ပေါ့ပါးပါးအချစ်ကားလေးဖြစ်ပါတယ်ထိုင်ဝမ် F4 မင်းသား Jerry Yan သရုပ်ဆောင်တဲ့ အိုင်တီကုမ္ပဏီပိုင်ရှင် ကျိုးချီဝိန်ရဲ့ ဂိမ်းကုမ္ပဏီဟာလက်အောက်ကဝန်ထမ်းတွေရဲ့Live လွှင့်မှုကြောင့် အွန်လိုင်းမှာယုတ်မာတဲ့ယောင်္ကျားတွေဆိုပြီးဟိုးလေးတစ်ကျော်ဖြစ်သွားပြီးကုမ္ပဏီကိုဖျက်သိမ်းလိုက်ရပါတယ်။ပြဿနာရဲ့ဇာစ်မြစ်ကိုရှာလိုက်တဲ့အခါ ကြင်ဖက်ရှာတဲ့App ကုမ္ပဏီဝန်ထမ်းဆိုတော့ကျိုးချီဝိန်တို့ ညီအကိုတစ်သိုက်ကိုခေါ်ပြီး ပြဿနာသွားရှာလေရဲ့ကြင်ဖက်တွေ့App အဖွဲ့ဝင်အမည်ခံပေမယ့် သူတို့ရဲ့စီးပွားရေးဖျက်ဖို့ရည်ရွယ်ချက်ထားကြပါတော့တယ်။ဒါပေမယ့် ကျိုးချီဝိန်ကAppပိုင်ရှင်သူဌေးမ ချိန်ရန်( Suxi Ren )ရဲ့စီစဉ်မှုကိုကောင်းကောင်းကြီးခံရပါတော့တယ်။ကြင်ဖက်ရှာရင်း တွေဆုံရင်းနဲ့ သူတို့၂ယောက်က တစ်ယောက်အပေါ်တစ်ယောက်ထားခဲ့တဲ့အမုန်းတွေကိုဖယ်ရှားနိုင်ပြီး သံယောဇဉ်တွေညှိတွယ်လာပါတော့တယ်။သူတို့၂ယောက်ကအချစ်စစ်ရခဲတဲ့ခေတ်ကြီးမှာ လွဲချော်သွားမလားအချစ်ကိုတန်ဖိုးထားဆုပ်ကိုင်နိုင်မလား ဆိုတာကိုပြုံးပြုံးကြီးကြည့်ရမှာဖြစ်ပါတယ်။ Quality : WEB-DL 1080pFormat : mp4Genres : Drama , RomanceDuring : 1h 34 minSubtitle : Myanmar Subtitle ( Hardsub )Translated By Nu MonEncoded By LK
movie

Tempting Hearts ( 2021 )

Marshal Tianpeng (2020) 6.5
Marshal Tianpeng (2020) ဒီတစ်ခါ အပြောင်းအလဲလေးဖြစ်သွားအောင် ပါကျဲ အကြောင်းရိုက်ကူးထားတဲ့ ဇာတ်ကားလေးတင်ဆက်ချင်ပါတယ် ။ နောက်ပိုင်း ဝူခုန်း ကားလေးတွေက ကလိထိုးရယ်သလို ဟာသဆန်ဆန် ရိုက်ကူးကြပေမယ့် အခု ပါကျဲ ကားလေးကတော့ လုံးဝကို ဒရမ်မာပုံစံနဲ့ ပါကျဲ ဖြစ်တည်လာပုံကို ရိုက်ကူးထားတာပါ ။ပါကျဲ မဖြစ်ခင် သူက အရမ်းချောမောတဲ့ ကောင်းကင်နတ်စစ်သူကြီး ထျန်းဖုန်း ဆိုတာတော့ သိကြလိမ့်မယ်ထင်ပါတယ် ။ ဝူခုန်း နဲ့ အထက်ကောင်းကင်မှာ လက်ရည်တူတိုက်ခိုက်နိုင်တဲ့သူပါ ။ မြတ်စာဘုရားက ဝူခုန်းကို လက်ငါးချောင်းတောင်မှာ ချုပ်ထားလိုက်တဲ့အချိန် စစ်သူကြီထျန်းဖုန်း ကို မနာလိုတဲ့ ကောင်းကင်စောင့်နတ်မင်းကြီးရဲ့ အကွက်ဆင်မှုကြောင့် လူ့ပြည်ကိုသွားပြီး ဝူခုန်းကို နှိမ်နင်းရပါတော့တယ်။အရင်က သိခဲ့တဲ့ မိန်းကလေးလှလှမြင်ရင် လိုက်ငမ်းတဲ့ ပါကျဲ.... အပျင်းကလည်းကြီး ... ပိန်းတိန်းတိန်းနဲ့ ငတုံး လို့ခဏခဏအပြောခံရတဲ့ ပါကျဲ ... တကယ်တော့ သူက အချစ်အတွက်နဲ့ ပါကျဲ ဖြစ်ခဲ့ရတာပါ ။ ရုပ်ရည်ချောမောပြီး ...
movie

Marshal Tianpeng (2020)

2020
Abyssal Spider ( 2020 ) 5.4
Abyssal Spider ( 2020 ) ကဲ... စွန့်စားခန်းပါမှ ကြည့်ချင်တယ်ဆိုသူတို့ရေ ဒီကားလေးကတော့ အကြိုက်တွေ့မှာပါဇာတ်လမ်းလေးက အားကျယ်ဆိုသူကို အစပျိုးတည်ထားတယ်ဆိုရမယ်။သူက တံငှါရွာက ကယ်ဆယ်ရေးအဖွဲ့ ဝင်တစ်ယောက်ပေါ့။အလုပ်ကို ဘယ်လောက် ချစ်လဲဆိုရင် မိန်းမက မွေးခါနီး ဖွားခါနီး သေမလိုဖြစ်နေတာတောင်သူက လူသွားကယ်တာနော်။ ဘယ်လို ကယ်နိုင်ခဲ့လဲဆိုရင် သွားကယ်တဲ့ခေါင်းဆောင် ပါ သေသွားလောက်အောင် အကယ်ကျွမ်းသူကြီးပါ။ဘယ်လိုဖြစ်တယ်ကတော့ မပြောပြတော့ပါဘူး..spoil ဖြစ်မှာဆိုးလို့ပါဒီလိုနဲ့ သူ့မိန်းမနဲ့ ကယ်ဆယ်ရေး အဖွဲ့ခေါင်းဆောင်ကသူ့ကြောင့်သေတယ်ပဲဆိုရမယ်ပေါ့။ ဒီတော့ အားကျယ်တစ်ယောက်ကအရက်လေးသောက်လိုက် လောင်းကစားမှာသာယာ မိန်းမကိစ္စလိုက်စားရင်း သမီးလေးကို စောင့်ရှောက်လေရဲ့။ ရုတ်တရက်ကြီး သင်္ဘောပြန်တက်ပြီးငါးဖမ်းပိုက်ဆံ ရှာချင်တယ်ဆိုပဲ... အဲ့မှာ စပြီ တကယ့် ဇာတ်လမ်းက...သင်္ဘောပေါ်မှာ ရှုပ်လိုက်တဲ့ ဇာတ်ဆိုတာ ပြောပြလို့မကုန်ဘူး။အတိုပြောရရင်တော့ ကံဆိုးကောင် အားကျယ်သွားရာ ပြဿနာလိုက်လို့ပါဆိုသလို အဏ္ဏဝါ ပင့်ကူတွေနဲ့ကြုံရော... အဲ့လိုနဲ့ ပင့်ကူကြီးနဲ့ ပင်လယ်ပျော်ငါးဖမ်းသမားတွေ ဖိုက်ကြတာကို စိတ်လှုပ်ရှားရမှာမို့ ဆက်လက်ကြည့်လိုက်ပါတော့Translated & Review By Chu ChuEncoded By ...
movie

Abyssal Spider ( 2020 )

Inside or Outside (2016) 6.3
Inside or Outside (2016)  Inside or Outside ဇာတ်​ကားဟာ 2016ခုနှစ်​တွင်​ဖြန့်​ချိခဲ့​တဲ့တရုတ်​အက်​ရှင်​ဇာတ်​ကား​ကောင်းတစ်​ကား​ဖြစ်​ပါတယ်​ IMDB rating 6.3 ရရှိထားပြီး Action Comedy အမျိုးအစားဇာတ်​ကား​ကောင်းဖြစ်​ပါတယ်​ ပါဝင်​သရုပ်​​ဆောင်​ထားသူများက​တော့ကိုးရီးယားနာမည်​ကြီးမင်းသား Jang Hyuk တရုတ်​မင်းသား Wallace Huo,Simon Yamစသည့်​သရုပ်​​ဆောင်​တို့ပါဝင်​ထားပါတယ်​ ဇာတ်​လမ်းအကျဉ်းလေးကတော့ နာမည်​ကြီးအိုင်​တီပညာရှင်​ အိုးကျန့်​တစ်​​ယောက်​သူ့မိန်းမက​လေး​မွေး​တဲ့အခါမှာ သူ့က​လေးမဟုတ်​ဘူလို့ သံသယ၀င်​​နေပါတယ်​ မိန်းမဖြစ်​သူကလည်း စိမ်းကားသွားပြီ့း​ အပြင်​မှာ​ဖောက်​ပြန်​​နေတယ်​လို့လဲသံသယ၀င်​​နေပါတယ်​ထို့ပြင်​အိုးကျန့်​တစ်​​ယောက်​ မကြာခဏလုပ်​ကြံမှုများကြုံလာရ​သောအခါ.....ဘယ်​သူ​နောက်​ကွယ်​မှာရှိ​နေလဲ.......စုံ​ထောက်​​ဖေ့ရှင်းနှင့်​မိတ်​​ဆွေအငြိမ်းစားရဲချိုလာ့တို့ကို  အိုးကျန့်ရဲ့မိန်းမဖြစ်​သူက သူ့ခင်​ပွန်းသည်​အားစုံစမ်း​ပေးဖို့ငှါးရမ်းလာ​သောအခါ ဘယ်​လိုဖုံးကွယ်​ထားတာ​တွေသိလာရမလဲ......​နောက်​ကွယ်​က အမှန်​တရား​ပေါ်​ပေါက်​လာမှာလားဆိုတာကိုတော့ ........ကဲ ပရိတ်သတ်ကြီးကပဲ ဆက်လက်ကြည့်လိုက်ပါတော့နော်Qty - 720p HD ripDuration - 1hr 58minGern - Crime / ThrillSubtitle - Myanmar HardsubTranslator - Ei Pa Pa SanEncoder - Kyaw Ye Aung
movie

Inside or Outside (2016)

2016