Channel Myanmar

Andrew Stehlin

30 Days of Night(2007) 7.0
30 Days of Night(2007) 30 Days of Night(2007)********************ဒီHorror,Action ကားဟာ အကောင်းဆုံး ဟော်ရာဇာတ်ကားစာရင်းဝင်သလိုဆုပေါင်း ၁၄ ခု ရရှိခဲ့ပြီး BOလည်းဝင်ခဲ့ပါတယ်...ဇာတ်ကားထဲက အက်ရှင်ခန်းတွေနဲ့သတ်ဖြတ်ခန်းတွေဟာ ကြောက်စရာလည်းကောင်းသလို သွေးသံရဲရဲ ထိတ်လန့်စရာတွေလည်းပါတာမို့ ကလေးသူငယ်တွေနဲ့ကြောက်တတ်တဲ့သူတွေမကြည့်သင့်ပါဘူး..ပြီးတော့ ဇာတ်ကားရဲ့ အခြေပြုတည်နေရာကလည်း အနှုတ် ၁၀ ဒီဂရီလောက်အေးတဲ့မြောက်ဝင်ရိုးစွန်းမှာတည်ရှိတဲ့မြို့ငယ်လေးမှာ ဇာတ်အိမ်တည်ထားတာဆိုတော့ဟော်ရာအရာသာအပြည့်အဝကြီးကိုခံစားရမှာဖြစ်ပါတယ်...အာတိတ်စက်ဝိုင်းရဲ့မြောက်ဘက်ပိုင်း ကမ္ဘာ့မြောက်ဘက်စွန်းအခြမ်းဒေသထဲပါဝင်တဲ့ အလက်စကာပြည်နယ် ဘာရိုမြို့ငယ်လေးမှာ နှစ်စဉ်နှစ်တိုင်း ဆောင်းတွင်းကို တစ်လတာ ညအမှောင် နေရောင်မရတဲ့ရာသီဥတုရှိပါတယ် ...နိုဝင်ဘာလပေါ့...ဒီတော့ လူတော်တော်များများဟာ ဆောင်းခိုဖို့ စက်တင်ဘာလကတည်းကတောင်ဘက်ပိုင်းဒေသတွေကို ဆောင်းခိုတဲ့အနေနဲ့ တဖွဲဖွဲထွက်သွားလေ့ရှိကြတယ်..အဲ့ဒီနောက် နိုဝင်ဘာလရောက်တဲ့အချိန်တိုက်ဆိုင်စွာပဲ  မြို့ခံလူတွေဟာ တဖြည်းဖြည်းအကောင်တွေကိုက်ခံရသလိုမျိုး ရက်ရက်စက်စက်နဲ့သေသွားကြလေ့ရှိတယ်..အသတ်ခံရတဲ့သူတိုင်းဟာလည်း ဒီလိုအရာမျိုးတွေနဲ့တွေ့ဆုံတိုင်းမြန်ဆန်လွန်းတဲ့အတွက်ကြောင့် ပြင်ဆင်ချိန်မရလိုက်ဘဲ ဆိုးဝါးစွာသေဆုံးသွားလေ့ရှိတယ်..နေရောင်မရတဲ့ဘဲ တစ်လလုံးမှောင်မိုက်နေတဲ့အပြင် အနှုတ် ၁၀ ကျော်အေးနေတဲ့ ဒီမြို့မှာမြိုခံလူတွေဟာ ဒီကံကြမ္မာဆိုးကိုဘယ်လိုရင်ဆိုင်ကျော်ဖြတ်ကြမလဲဆိုတာကိုတော့...File Size : (2.7GB)(724MB) Quality : Blu-Ray 1080P,720p Format…mp4 Duration…01:53:00 Genre :  Action, Adventure, Horror Subtitle : Myanmar ...
movie

30 Days of Night(2007)

Killer Elite(2011) 6.4
Killer Elite(2011) Killer Elite (2011) ==============ခုနှစ် ၁၉၈၀တုန်းက ကြေးစားလူသတ်သမားတွေဖြစ်တဲ့ ဒန်နီ၊ ဟန်တာ၊ဒေးဗီးစ် နဲ့ မိုင်ယာတို့ဟာ လူတစ်ယောက်ကိုရှင်းဖို့ မက္ကစီကို ကိုရောက်နေကြပါတယ်။ ဒန်နီဟာ ပစ်မှတ်ကိုသုတ်သင်ပြီးတဲ့နောက် ပစ်မှတ်ရဲ့ဘေးမှာရှိနေတဲ့သားငယ်လေးကိုမြင်ပြီး စိတ်မကောင်းဖြစ်သွားခဲ့လို့ ကြေးစားလောကကနေ အနားယူသွားခဲ့ပါတယ်။ နှစ်တွေကြာတော့ အနားယူပြီးနေတဲ့ဒန်နီဆီကိုဖမ်းဆီးခံထားရတဲ့ ဟန်တာ ရဲ့ ပုံနဲ့အတူ စာတစ်စောင်ရောက်လာခဲ့ပါတယ်။ဒီလိုနဲ့ ဒန်နီလည်း ဟန်တာကိုကယ်ဖို့အတွက်လိုက်သွားခဲ့တဲ့အချိန်မှာသိပ်ကိုခက်ခဲတဲ့ အလုပ်တစ်ခုက စောင့်ကြိုနေပါတယ်။ရှီကီဆိုတဲ့ရေနံသူဌေးတစ်ယောက်မှာ သား၄ယောက်ရှိပေမယ့် ၃ယောက်ကိုအင်္ဂလန်ရဲ့SASအဖွဲ့က ဇီဝိန်ခြွေခဲ့ပြီး ရှီကီကိုနေရပ်ဆီက နှင်ထုတ်ခဲ့ပါတယ်။ဒီလိုနဲ့ အခဲမကြေဖြစ်နေတဲ့ ရှီကီဟာ သူ့သားတွေကိုရှင်းခဲ့တဲ့သူတွေကို လက်စားချေပြီး သူ့အငယ်ဆုံးသားလေးနေရပ်ပြန်ရရေးအတွက် ဟန်တာကို ဓားစာခံလုပ်ပြီးဒန်နီကိုအတင်းအဓမ္မငှားရမ်းခဲ့တာဖြစ်ပါတယ်။ SAS အဖွဲ့ဟာ အင်မတန်လေ့ကျင့်ရည်ပြည့်၀ပြီး အတော်ဆုံးတပ်ဖွဲ့၀င်တွေသာရှိတာမို့ SAS အဖွဲ့၀င်ဟောင်းတွေကိုသတ်ဖို့က ဒန်နီအတွက် ကြီးမားတဲ့စိန်ခေါ်မှုတစ်ရပ်ဖြစ်နေတာပါ။ ဒါပေမယ့်ဒန်နီဟာ ဟန်တာ လွတ်မြောက်ရေးအတွက် ဒီအလုပ်ကိုလက်ခံခဲ့ပြီးတော့သူတို့တွေ အလုပ်ကိုဘယ်လိုအောင်မြင်အောင်လုပ်ကြမလဲ၊ ဒါတွေအားလုံးရဲ့နောက်ကွယ်မှာရော တစ်စုံတစ်ယောက်ရှိနေမလားဆိုတာကို တကယ်မိုက်တဲ့ဖိုက်တင်ခန်းတွေနဲ့ တစ်၀ကြီးကြည့်ရှူရမယ့် ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။Fast and Furious ...
movie

Killer Elite(2011)

10,000 BC (2008) 5.1
10,000 BC (2008) 10,000 BC (2008)ခရစ်​တော်မ​ပေါ်ခင် ဘီစီ ၁၀၀၀၀​လောက်က ယာဂါလ်လူမျိုး​တွေမှာ ဒဏ္ဍာရီတစ်ခု​ ပေါ်​လာခဲ့ပါတယ်။ အပြာ​ရောင် မျက်လုံးပိုင်ရှင်ဆိုတဲ့ ဒဏ္ဍာရီ​ပေါ့။ ဒီမျက်လုံးပိုင်ရှင်ဟာ နိမ့်ပါးတဲ့ ယာဂါလ်​တွေရဲ့ဘဝကို လှံဖြူကိုင်စစ်သည်​တော်နဲ့အတူ ကယ်တင်နိုင်မယ်ဆိုတဲ့ဒဏ္ဍာရီ​ပေါ့။တစ်​နေ့မှာ ဒဏ္ဍာရီထဲကလို အပြာ​ရောင်မျက်လုံးပိုင်ရှင် မိန်းက​လေး တစ်​ဦး တခြား​အရပ်က​နေ ယာဂါလ်​​​ဒေသကို ​ရောက်လာခဲ့ပါတယ်။ သူ့နာမည်ကို အက်ဗိုလက်လို့မှည့်တွင်​စေခဲ့ပါတယ်။ သူနဲ့ နီးစပ်မယ့် လှံဖြူကိုင်စစ်သည်​​တော်​ကိုလည်း မန်နက်​ခေါ် ​​​အမွေးထူဆင်ကြီးကို သတ်နိုင်သူကိုပဲ ​ရွေးချယ်မှာပါ။ ဒါ​ကြောင့် အက်ဗိုလက်နဲ့ ​မေတ္တာမျှ ​နေတဲ့ ဒ​လေးဆိုတဲ့ ယာဂါလ်သား​​လေးဟာ အမဲလိုက်ပွဲကို ဝင်နွှဲရင်း စစ်သည်​တော်အဖြစ် ဗိုလ်ဝင်ခံခဲ့ပါတယ်။ဒါ​ပေမဲ့ သူတို့၂​​ဦးရဲ့ ​ချစ်ခရီးက ​ကြာကြာမတည်မြဲခဲ့ဘဲ ​ခြေ၄​ချောင်း နတ်ဆိုးရယ်လို့ ခေါ်တွင်တဲ့လူ​တွေ ယာဂါလ်​​တွေဆီ ရောက်လာကြပြီး အက်ဗိုလက်အပါအဝင် ယာဂါလ်လူမျိုး​​​တွေကို ဖမ်းဆီးသွားတဲ့အခါ ဒ​လေးအ​နေနဲ့ ချစ်ရသူကိုကယ်ဖို့ အင်မတန်ရှည်လျားတဲ့ စွန့်စားခန်း ခရီးရှည်ကြီးကို စတင်ခဲ့ပါ​တော့တယ်။အညွှန်း နဲ့ ဘာသာပြန်ကတော့ JimX ပဲ ဖြစ်ပါတယ်။Genre..... Action, Adventure, Drama Quality…. 1080p | 720p | 480p File size… ...
movie

10,000 BC (2008)

2008
Mechanic: Resurrection (2016) 5.7
Mechanic: Resurrection (2016) Mechanic: Resurrection (2016)_____IMDb - 5.7/10လူသတ်သမားတစ်ယောက်ဟာ လူသတ်ပြီးသွားရင် သူသတ်မှန်းမသိရအောင် ခြေရာလက်ရာဖျောက်နိုင်မှ ကျွမ်းကျင်ပိုင်နိုင်တယ်လို့ ပြောရမှာပါ။ ဒါပေမဲ့ အဲဒီထက် တစ်ဆင့်တက်ကြည့်ကြမလား။ ဘယ်သူဘယ်ဝါ သတ်သွားတယ်ဆိုတာကို အသာထားလိုက်။ လူသတ်ခံလိုက်ရတာပါ ဆိုတာကိုတောင် မသိအောင်လုပ်နိုင်တဲ့ လုပ်ကြံရေးသမားတစ်ယောက်ရှိပါတယ်။ သူ့လက်ချက်နဲ့ လူ့လောကကို တာ့တာပြသွားရတဲ့သူတွေဟာ အများအမြင်မှာတော့ မတော်တဆဖြစ်ပြီး သေရတာပါတဲ့။ ဝမ်းနည်းစရာ မတော်တဆမှုလေးတွေပေါ့။ဒီလောက်ဆိုရင်တော့ လူကြီးမင်းတို့ တွေးမိလောက်ပါပြီ။ ဟုတ်ပါတယ်။ ဘစ်ရှော့ပ် ဆိုတဲ့ Mechanic စက်ပြင်သမားတဖြစ်လဲ လုပ်ကြံရေးသမားကြီးပေါ့။ တည်ငြိမ်တယ်။ သွေးအေးတယ်။ တိကျတယ်။ ပြီးတော့ ရက်စက်တယ်။အခုကတော့ ပထမကား The Mechanic (2011) ရဲ့ အဆက် sequel ဇာတ်ကားဖြစ်ပါတယ်။ မင်းသားကြီး Jason Statham ရဲ့ ဇာတ်ကောင်တစ်ယောက်ပေါ့။ သူနဲ့အတူ ကျွန်တော်တို့ရဲ့ အိပ်မက်မင်းသမီးလေး Jessica Alba ကလည်း ...
movie

Mechanic: Resurrection (2016)

2016
4K HEVC
The Lord of the Rings: The Fellowship of the Ring (2001) 8.8
The Lord of the Rings: The Fellowship of the Ring (2001) The Lord of the rings နဲ့ The hobbit ရုပ်ရှင်တွေဟာ Fantasy လို့ခေါ်တဲ့ စိတ်ကူးယဉ် ရုပ်ရှင်အမျိုးအစားတွေ ဖြစ်ပါတယ်။ အပြင်လောကမှာ မရှိတဲ့ ပုံပြင်တွေ ဒဏ္ဍာရီတွေ ဇာတ်ကောင်တွေနဲ့ တည်ဆောက်ထားတာပါ။ ဒါပေမယ့် အချို့ Fantasy ရုပ်ရှင် စာအုပ်တွေဟာ အပြင်လောကနဲ့ ရောမွှေထားတာမျိုး ရှိတတ်ပါတယ်။ ဥပမာ - နာနီယာ၊ ဟယ်ရီပေါ်တာ၊ ပါစီဂျက်ဆန် စသည်ဖြင့်ပါ။ဒါပေမယ့် ဒီ ဇာတ်လမ်းတွေကိုတော့ စာရေးဆရာကြီး J.R.R.Tolkien ကအစအဆုံး ကိုယ်ပိုင်စိတ်ကူးနဲ့ ရေးသားခဲ့တာပါ။ နတ်သူငယ်တွေ၊ လူပုတွေ၊ ဘီလူးတွေရဲ့ ကိုယ်ပိုင်ဘာသာစကားကို တီထွင်ခဲ့တယ်။ မူရင်းစာအုပ်တွေမှာ မြေပုံအပြည့်အစုံနဲ့ ရေးသားခဲ့တယ်။ သမိုင်းတစ်ခုလုံးကို ပြက္ခဒိန်ပါ ဖန်တီးပြီး ရေးသားခဲ့တာဖြစ်ပါတယ်။ စာသားတင်မက ကဗျာတွေ သီချင်းတွေပါ ရေးဖွဲ့ခဲ့တာပါ။ လူတစ်ယောက်ရဲ့ ဦးဏှောက်တစ်ခုထဲကနေ စကြဝဠာတစ်ခု ပေါ်ထွက်လာတယ်လို့ ပြောလို့ရပါတယ်။စာအုပ်ကိုအသာထားပြီး ရုပ်ရှင်အကြောင်းကိုပဲ ပြောကြပါစို့။ The Lord of the ...
movie

The Lord of the Rings: The Fellowship of the Ring (2001)

2001
4K HEVCHDR
Dark Phoenix (2019) 6.0
Dark Phoenix (2019) Xmen တွေရဲ့ နောက်ဆုံးထွက် ဇာတ်ကားပါ။ဇာတ်လမ်းအကျဉ်း ချားစ်ရဲ့ အိတ်စ်မန်းတွေ ဖြစ်တဲ့ဟန့်ခ် ကာ့ထ် ရေဗင် စကော့ ဂျင်းဂရေးတို့ဟာ အာကာသယာဉ်မှူးတွေကိုကယ်တင်ဖို အာကာသထဲကို သွားရင် အပူလှိုင်းကြီးတစ်ခုနဲ့ ရင်ဆိုင်လိုက်ရပါတယ်။အဲဒီ အပူစွမ်းအင်တွေကို တားဖို့ကြိုးစားရင်းနဲ့ဂျင်းဂရေးကိုယ်ထဲကို စွမ်းအင်တွေ အကုန် ဝင်သွားခဲ့တယ်။သူတို့ ကမ္ဘာပေါ်ကို ပြန်ရောက်ချိန်မှာ ဂျင်းဂရေးဟာ စိတ်ဖောက်ပြန်ပြီးထိန်းမရဖြစ်လာပါတော့တယ်။လူသားတွေနဲ့ ငြိမ်းချမ်းရေး မပျက်စီးအောင် ဂျင်းဂရေးကိုလည်းပြန်ကောင်းလာအောင်ကြိုးစားဖို့ အိတ်စ်မန်းတွေဟာဒီစွမ်းအင်တွေနောက်ကိုလိုက်လာတဲ့ ရန်သူတွေက်ုရောဂျင်းကိုရော ပြန်ရင်ဆိုင်ရပါတော့တယ်။ ထွက်ရှိခဲ့တဲ့ X-Men Moives Collection  များကိုအောက်ပါလင့်မှာ ၀င်ရောက်ကြည့်ရှု့နိုင်ပါတယ်..https://channelmyanmar.org/category/x-men/ File Size : (2 GB , 1 GB) & ( 390 MB)Quality :  BluRay ...
movie

Dark Phoenix (2019)

2019
Ghost in the Shell ( 2017 ) 6.4
Ghost in the Shell ( 2017 ) မတ်လထဲမှာ ရုံတင်ပြသခဲ့တဲ့ သိပ္ပံစိတ်ကူးယဉ်ကားသစ်ကို တင်ပေးလိုက်ပါတယ်။ဂျပန်နာမည်ကြီး Anime ကို ပြန်လည်ရိုက်ကူးထားတဲ့ liv-action ဖြစ်သလိုမင်းသမီး စကားလက် ဂျိုဟန်ဆန်လည်းဖြစ်တာမို့ မထွက်ခင်ကတည်းကလူအတော်များများ စိတ်ဝင်စားနေကြပါတယ်။လက်ရှိမှာတော့ IMDb မှာ 6.8 ရထားပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ အနာဂါတ်ကာလတစ်ခုမှာလူသားတွေဟာ နည်းပညာတွေ တိုးတက်လာနေပြီးစက် နဲ့ လူသားတွေကြားက စည်းကို ဖြတ်ကျော်သွားခဲ့ပါပြီ။လူသားတွေကိုယ်ထဲမှာ စက်အစိတ်အပိုင်းတွေအစားထိုးပြီးစွမ်းအင်မျိုးစုံကို မြှင့်တင်နေနိုင်ပါပြီ။ ဒါပေမယ့် မေဂျာဆိုတဲ့မိန်းကလေးကတော့ ခန္ဓာတစ်ခုလုံးကို ပြုလုပ်ဖန်တီးပြီးတော့မှလူသားအစစ်ရဲ့ ဦးနှောက်နဲ့ ပေါင်းစပ်ထားတဲ့ ပထမဆုံးမျိုးဆက်အဖြစ် ပေါ်ပေါက်လာခဲ့ပါတယ်။သူဟာ ဟန်ကာ စက်ရုပ်ကုမ္မဏီရဲ့ အစွမ်းထက်ဆုံး လက်နက်နဲ့အဆင့်မြင့်ဆုံး နည်းပညာတစ်ခု ဖြစ်လာခဲ့ပါတယ်။အဲဒီကုမ္မဏီရဲ့ သိပ္ပံပညာရှင်တွေကို လိုက်လံသတ်ဖြတ်နေတဲ့နည်းပညာအကြမ်းဖက်သမား ကူဇေးကို လိုက်လံဖမ်းဆီးဖို့ကြိုးစားရင်းနဲ့ မထင်မှတ်တာတွေ ကြုံလာရပါတော့တယ်။အမှန်နဲ့အမှား၊ လူဆိုးနဲ့ လူကောင်း၊ မှတ်ဥာဏ် နဲ့အတိတ်စစ်တွေဟာ သူထင်သလို မရိုးရှင်းတာတွေကို သိလာရတဲ့အခါ.....(ဘာသာပြန် သူကတော့ Myoko Yeman ပါ)
movie

Ghost in the Shell ( 2017 )

2017