Channel Myanmar

Angela Bassett

Damsel (2024) 7.8
Damsel (2024) Stranger Things နဲ့ ကမ္ဘာကျော်လာတဲ့ Eleven မင်းသမီးလေးMillie Bobby Brown ရဲ့ ရုပ်ရှင်အသစ်လာပါပြီ။ စိတ်ကူးယဉ်မှော်ရုပ်ရှင်အမျိုးအစားပဲဖြစ်ပါတယ်။ Damel ဆိုတာမိန်းမပျိုလေးတစ်ယောက်ကို ပြောတာပါ။ ပုံပြင်မျိုးစုံမှာပါတဲ့မင်းသားလေးတွေက ကယ်တာခံရဖို့ ဒုက္ခရောက်နေတဲ့မိန်းကလေးတွေကို damsel in distress လို့ခေါ်ပါတယ်။ဒီပုံပြင်မှာကတော့ ဒုက္ခရောက်နေတဲ့ မိန်းမပျိုလေးကိုဘယ်သူမှမကယ်ဘဲ ကိုယ်တိုင်လွတ်မြောက်အောင်ကြိုးစားရတဲ့အကြောင်းကို ရိုက်ကူးထားတာပါ။ ဇာတ်လမ်းအကျဉ်း**************မင်းသမီးလေး အယ်လိုဒီနေတဲ့တိုင်းပြည်ဟာ ရာသီဥတုကြမ်းတမ်းပြီးအငတ်ဘေးဆိုက်နေပါတယ်။ သူတို့ဆီကို အရမ်းချမ်းသာတဲ့အော်ရီရာတိုင်းပြည်က သူတို့ရဲ့ မင်းသားလေးနဲ့လက်ဆက်ဖို့အယ်လိုဒီကို ကမ်းလှမ်းလာပါတယ်။ အော်ရီရာတိုင်းပြည်နဲ့မင်္ဂလာပွဲဖြစ်ရင် အယ်လိုဒီတို့တိုင်းပြည်အတွက် စားနပ်ရိက္ခာတွေအလျှံပယ်ရနိုင်မှာဖြစ်တာကြောင့် မင်းသမီးအယ်လိုဒီကလည်းသဘောတူလိုက်ပါတယ်။ ဒါပေမဲ့ အော်ရီရာ တိုင်းပြည်ကဖိတ်ခေါ်ရတဲ့ အကြောင်းရင်းက ထင်သလောက်မရိုးရှင်းဘဲအန္တရာယ်ကြီးတွေနဲ့ ရင်ဆိုင်လာရတဲ့အခါ... File size…  6.6GB / 1.79GB /845MB Quality…WEB-DL 4K HEVC/ 1080p 5.1CH / 720p Format…mp4 Duration….1h 48m Genre ….. Action , Adventure , Fantasy Subtitle….Myanmar ...
movie

Damsel (2024)

4K HEVC
Contact (1997) 7.5
Contact (1997) Contact (1997)IMDb Rating (7.5) / Rotten Tomatoes (68%)Forrest Gump တို့  Cast Away တို့  Back to the Future တို့လို နာမည်ကျော်ရုပ်ရှင်ကားတွေကို ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ Robert Zemeckis ရဲ့ Sci-Fi /Drama ရုပ်ရှင်ကားကြီးဖြစ်ပါတယ်။ မင်းသမီး Jodie Foster, မင်းသားကြီး Matthew McConaughey တို့လို ဝါရင့်သရုပ်ဆောင်တွေပါဝင်ထားပြီး ရုံတင်ဝင်ငွေ $171.1 million ထိ ရရှိခဲ့တဲ့ တခေတ်တခါက အောင်မြင်ကျော်ကြားခဲ့တဲ့ရုပ်ရှင်ကားကြီးဖြစ်ပါတယ်။လူသားတွေက ကိုယ့်ရဲ့ဖြစ်တည်မှုတစ်ခုတည်းနဲ့တောင် ပြဿနာတွေ ဒီလောက်ရှုပ်ထွေးနေတာ အဆုံးအစမဲ့ ကျယ်ပြောလှတဲ့ စကြဝဠာကြီးထဲကိုတောင် ခြေဆန့်လို့ ငါလိုလူမျိုးရှိသေးလား ရှာဖွေတတ်ကြသူတွေပါ။လူကြီးမင်းအနေနဲ့ အပေါစား ဂြိုဟ်သားဇာတ်ကားထဲကလို ကွိကွိကွကွတွေပြော၊ အစိမ်းရောင်ကိုယ်ခန္ဓာနဲ့ အခြားကမ္ဘာသားတွေကို စိတ်ဝင်စားတတ်သူတစ်ယောက်လား။ ဒါဆိုရင်တော့ ဒီဇာတ်ကားက လူကြီးမင်းအတွက် ...
movie

Contact (1997)

Orion and the Dark (2024) 6.7
Orion and the Dark (2024) Orion and the Dark (2024)~ IMDb - 6.7/10, RT - 87%, Meta - 74% ~ခင်ဗျားတို့ ကျွန်တော်တို့ အားလုံး အလင်းကိုချစ်ကြတယ်။ အလင်းကို ကောင်းခြင်းအဖြစ် မှတ်ယူကြတယ်။ ကဗျာတွေသီချင်းတွေမှာလည်း အလင်းကို ကောင်းခြင်းရဲ့ နိမိတ်ပုံအဖြစ် သုံးတတ်ကြတယ်။ အမှောင်ဆိုတာကို အလင်းမဲ့နေခြင်းလို့ အဓိပ္ပာယ်ဖွင့်ကြတယ်။ အမှောင်ကိုကြောက်ကြတယ်။ ဒါပေမဲ့လည်း အမှောင်ဟာလည်း သူ့ကောင်းခြင်းနဲ့သူရှိနေခဲ့တာပဲ။ နေ့အလင်းဟာ တချို့ အရောင်တွေကို ပိုလှစေသလို အမှောင်ကလည်း တချို့အရောင်တွေကို ပိုတောက်ပစေတယ်။ အလင်းတွေ ပိန်းပိတ်အောင်ဝေဆာနေတဲ့ မြို့ပြကောင်းကင်မှာ ကြယ်တွေကို မမြင်နိုင်ကြသလိုပေါ့။ တိတ်ဆိတ်ခြင်းဟာ တိုးညှင်းလှပတဲ့ အသံတွေကို ကြားစေနိုင်သလိုပဲ အမှောင်ဟာလည်း မှိန်ပျတဲ့အလင်းတွေကို မြင်နိုင်စေတယ်။လူတိုင်းမှာ အကြောက်တရားရှိကြတယ်။ ကိုယ်မသိတဲ့အရာတွေကို မသိလို့ ကြောက်ကြတာလည်းရှိတယ်။ အစက မကြောက်သေးဘဲ သိတာတွေများလာလေ ကြောက်စရာတွေများလာလေဆိုတဲ့ ...
movie

Orion and the Dark (2024)

2024
Strange Days (1995) 7.2
Strange Days (1995) Strange Days (1995)~ IMDb - 7.2/10, RT - 68%, Meta - 66% ~1995 တုန်းက Sci-Fi ကားတစ်ခုအ​နေနဲ့ထွက်ရှိထားပြီး နာမည်ကြီးသရုပ်​ဆောင် Ralph Finnes တို့ Angela Basset တို့ပါဝင်သရုပ်​ဆောင်ပါဝင်ထားပြီး Rating ​လေး​လည်း​ကောင်းတဲ့ Strange Days ဆိုတဲ့ကား​လေးကို တင်ဆက်ပေးလိုက်ပါတယ်။~ ဇာတ်လမ်းအညွှန်း ~ဇာတ်လမ်းကို​တော့ ရာစုနှစ်တစ်ခုရဲ့​နောက်ဆုံး​နေ့ (December 31, 1999) နဲ့ လူဖြူလူမည်းအဓိကရုဏ်းကို ​ကျောရိုးယူပြီးရိုက်ကူးထားတာ ဖြစ်ပါတယ်။လူတစ်​ယောက်ရဲ့​ခေါင်း​ပေါ်မှာ ချပ်ပြား​တွေပါတဲ့​ခေါင်းစွပ်ကိုတပ်ဆင်လိုက်တာနဲ့ သူ့ရဲ့ မှတ်ဥာဏ်​တွေကို မှတ်တမ်းတင်အ​​ခွေတစ်ခုအ​​နေနဲ့ သိမ်းဆည်းပြီး အဲဒါကို ပြန်တပ်ကြည့်လိုက်တာနဲ့ အဲဒီသူအတိုင်းခံစား​ရတဲ့ နည်းပညာကို တီထွင်နိုင်ခဲ့​ပေမဲ့ ရုတ်တရက် ရဲဘက်သုံးနည်းပညာကနေ တရားမဝင်နည်းပညာအဖြစ်​ပြောင်းလဲသွားခဲ့ပါတယ်။ဒီကားရဲ့ အဓိကဇာတ်​ကောင်ဖြစ်တဲ့ လန်နီက​တော့ ဒီနည်းပညာကိုအသုံးပြုပြီး လူ​တွေရဲ့စိတ်ကို​ကျေနပ်​​အောင်လုပ်​ပေးရင်း တစ်​နေ့မထင်မှတ်ပဲ လူမည်းတစ်​ယောက်ကို လူဖြူ ရဲ​တွေ ...
movie

Strange Days (1995)

1995
Notorious (2009)
Notorious (2009) နာမည်ကြီး Rapper Biggieရဲ့ ဘဝဇာတ်ကြောင်းကို ရုပ်ရှင်ဆန်ဆန် ပြန်ရိုက်ထားတဲ့ကားပါ။ Biggieရဲ့ Brooklyn မှာ တုန်းက ငယ်ဘဝက စလို့ သူ့အသက်သေဆုံးသွားတဲ့အထိ ဖြစ်သမျှကို ရိုက်ထားပါတယ်။ငယ်ငယ်က အမေ့သားလေး Biggie အိမ်တွင်းပုန်း လူလိမ္မာလေးကနေ လမ်းပေါ်က ညီအစ်ကိုတွေကို အားကျပြီး ဆေးအရောင်းအဝယ်အလုပ်ကို ကလေးဘဝထဲက စလုပ်ခဲ့ပါတယ်။ ငယ်စဥ်ထဲက ပါရမီပါလာတဲ့ ကာရန်နဘေတွေကို လက်တမ်းရွတ်တတ်တဲ့ Biggie ခေါ် Christopher Wallaceက ကျောင်းစာမှာတော့ တစ်စက်လေးမှ စိတ်မပါခဲ့ပါဘူး။ ဒါပေမယ့် စာညံ့လို့မဟုတ်ဘဲ ဘဝကို သာမန်အလုပ်အကိုင်တွေနဲ့ သာမန် မဖြတ်သန်းချင်ခဲ့သူပါ။ကျောင်းက ဆရာက သူ့ကို အမှိုက်ကောက်သမားပဲ ဖြစ်မယ်လို့ ဟောတမ်းထုတ်တာကို အမှိုက်ကောက်သမားရဲ့ ဝင်ငွေက ကျောင်းဆရာရဲ့ ဝင်ငွေထက် ပိုများနေကြောင်း ပြန်ပြောပြလို့ အတန်းထဲက နှင်ထုတ်ခံခဲ့ရဖူးပါတယ်။ အရွယ်ရောက်လာတဲ့အခါ ဂီတလောကထဲဝင်တဲ့အချိန်မှာ နာမည်ကြီး Rapper Lil' ...
movie

Notorious (2009)

Nothing But the Truth (2008) 7.1
Nothing But the Truth (2008)  Conjuring ဇာတ်ကားတွေနဲ့လူသိများတဲ့ မင်းသမီးကြီး Vera Farmiga နဲ့မင်းသမီးချော Kate Beckinsale တို့ ပါဝင်သရုပ်ဆောင်ထားတဲ့ Nothing ButTruth ဆိုတဲ့ဇာတ်ကားလေးကိုတင်ဆက်ပေးလိုက်ချင်ပါတယ်။ဒီဇာတ်ကားလေးရဲ့အစမှာ အမေရိကန်သမ္မတလုပ်ကြံခံရတာနဲ့အစချီထားပါတယ်။ကံကောင်းတယ်ပဲပြောရမလား ဆိုးတယ်ပဲပြောရမလား လုပ်ကြံခံရတဲ့ သမ္မတမသေဘဲဗင်နီဇွဲလားနိုင်ငံက သူ့ကိုလုပ်ကြံတာနဲ့ပတ်သတ်နေပါတယ်ဆိုပြီး ဗင်နီဇွဲလားနိုင်ငံရဲ့စစ်တပ်အခြေစိုက်စခန်းတွေကိုဗုံးကြဲလိုက်ပါတော့တယ်။ ဒါပေမယ့်အမှန်တကယ်မှာဗင်နီဇွဲလားဟာ သူ့ကိုလုပ်ကြံတာနဲ့ဘာမှဆိုင်မနေဘဲ သမ္မတက CIAထောက်လှမ်းရေးဘက်ကအစီရင်ခံတာကိုပယ်ချပြီး လုပ်ချင်တာလုပ်လိုက်တာမျိုးပါ။ ဒါကိုရေချယ်အမ်းစထောင်းဆိုတဲ့ သတင်းထောက်က လူထုဆီကို‌ဖော်ထုတ်ချပြလိုက်ပါတော့တယ်။ နိုင်ငံနဲ့ချီပြီးကြီးတဲ့ ကိစ္စဖြစ်တဲ့အပြင် သေချာလုံခြုံရေးချမှတ်ထားတဲ့လျှို့ဝှက်အချက်အလက်တွေပေါက်ကြားသွားတာမို့ CIAဘက်က ရေချယ့်ကိုသတင်းပေးတဲ့ လူကိုအသည်းအသန်လိုက်ရှာကြပါတော့တယ်။ ရေချယ်တစ်ယောက်ဒီသတင်းကိုရေးမိတဲ့အတွက် ဘာတွေကြုံရမလဲ... CIAဘက်ကရောဘယ်လိုတွေလှုပ်ရှားကြမလဲ... ဒီသတင်းကိုပေးတဲ့သူကရောဘယ်သူလဲစတာတွေကိုဇာတ်ကားထဲမှာမြင်တွေ့ရမှာပါ။ ဇာတ်လမ်းကိုပုံမှန်‌လေးပဲဆွဲခေါ်သွားပြီးplot twist လိုမျိုးလေးလည်းပါတာမို့ နောက်ဆုံးခန်းမှာအံ့ဩသွားကြရမှာပါ။ဘာများဖြစ်မလဲဆိုတာကတော့ ဇာတ်ကားထဲမှာပဲဆက်လက်ကြည့်ရှုခံစားလိုက်ကြပါဦး။ File size…3.85GB / 987MB Quality…Blu-Ray 1080p 5.1 CH / 720p Format…mp4 Duration….1h 48m Genre ….. Crime , Drama , Mystery Subtitle….Myanmar Subtitle (Hard Sub) Encoder….Min ...
movie

Nothing But the Truth (2008)

Mission: Impossible – Fallout (2018) 7.7
Mission: Impossible – Fallout (2018) Mission: Impossible VI - Fallout (2018)=============================IMDb Rating 7.7/10MI ရုပ်ရှင်တွေဟာ ပုံမှန်အားဖြင့် တော်တော်လေးမိုက်တယ်။ Action scene တွေ၊ လုပ်သွားတဲ့ အကွက်တွေ ကြမ်းတယ်။ ပစ္စည်းပစ္စယ gadget တွေလည်း စုံတယ်။ တစ်ကားနဲ့ တစ်ကား နည်းနည်းလေးဆင်နေပေမဲ့ ကြည့်ရပျော်တယ်။ ဒါပေမဲ့ Fallout ကတော့ နောက်တစ်ဆင့်တက်သွားပြီလို့ ပြောရမှာပါ။ဇာတ်လမ်းပိုင်းမှာ ခါတိုင်း MI ကားတွေလိုပဲ ပြဿနာတွေတက်၊ မဖြစ်နိုင်လောက်တဲ့ Impossible တွေလုပ်ပြီး နောက်ဆုံးတော့ “Ethan Hunt saves the day” ဆိုတာအဓိကပဲပေါ့။ ဒါပေမဲ့ မသိမသာနဲ့ သိသိသာသာပြောင်းသွားတာတွေရှိတယ်။ သတိထားမိတာက ဒီကားမှာ အရင်လို လွန်အားကြီးတဲ့ tech တွေ သိပ်မပါတော့ဘူး။ အရင်ကားတွေလို Kremlin ကို ပြောင်ကြီးခိုးဝင်ရလောက်အောင် “မလွယ်လွန်းဘူးလားဟ” ဆိုတာမျိုးတွေ ...
movie

Mission: Impossible – Fallout (2018)

2018
4K HEVC IMAX
Bumblebee (2018) Transformers 6 7.3
Bumblebee (2018) Transformers 6 အချိန်ကတော့ ၁၉၈၇ ခုနှစ်ကို အချိန်တည်ထားပါတယ်အော်တိုဘော့ တွေဟာ သူတို့ဂြိုလ်မှာ တိုက်ပွဲတွေ ဖြစ်ပြီးအခြေအနေ မဟန်တဲ့ အခါ ဘမ်ဘယ်ဘီး ကို ကမ္ဘာကိုလွှတ်ပြီးစောင့်နေဖို့ ခိုင်းလိုက်ပါတယ် ပြီးရင် ပြန့်ကျဲနေတဲ့အောတိုဘော့ တွေ ကို ပြန်လည်စုစည်းပြီး ရန်သူတွေကိုချေမှုန်းမယ့် အကြံနဲ့ပါ...ဒါပေမဲ့ ဘမ်ဘယ်ဘီး ကမ္ဘာကိုဦးတည်သွားတာ သိတဲ့ရန်သူတစ်ချို့က လိုက်လံရှင်းလင်းရင်း ကမ္ဘာမှာ ပထမဆုံးစက်ရုပ်စစ်ပွဲတွေ စတင်ဖြစ်ပွားပါတော့တယ်...အခြေအနေကို စောင့်နေရမယ့် ဘမ်ဘယ်ဘီး လဲ လိပ်ခုံးကားလေးတစ်စီးအဖြစ်ပြောင်းလဲပြီး အော်တိုမတ်ပရိုင်း တို့ ပြန်အလာကို စောင့်နေခဲ့ရင်း အချိန်ကြာသွားခဲ့ပါတယ်တစ်ရက်မှာတော့ သူ့အတွက် သံယောဇဉ် တွယ်ရမယ့် သူတစ်ယောက်ကို ပထမဆုံး စတွေ့ခဲ့ပါတယ်သူကတော့ ချာလီ ဆိုတဲ့ ဆယ်ကျော်သက် ကောင်မလေး တစ်ယောက်ပါချာလီကတော့ ကားတစ်စီးအပြင်းအထန်ရဖို့ ပိုက်ဆံစုနေသူဖြစ်ပြီးသူမ ဖခင် ထားခဲ့တဲ့ ကားအဟောင်းကြီးကို အချိန်မှန်မှန်ပြင်နေတက်သူပါတစ်ရက် ကားအဟောင်းဆိုင်မှာ ဘမ်ဘယ်ဘီး ကို စတွေ့ခဲ့ပြီးနောက်သူမ ဘဝထဲကို အချစ်ရဆုံးသူအဖြစ် ...
movie

Bumblebee (2018) Transformers 6

2018
4K HEVC
Innocent Blood (1992)
Innocent Blood (1992)  IMDB 6.2/10 ရထားတဲ့ Innocent Blood (1992)ဆိုတဲ့ Comedy/Horror သွေးစုတ်ဖုတ်ကောင်ကားလေးပါ.. စွဲမက်ဖွယ် ပြင်သစ် မင်းသမီး Anne Parillaud (La Femme Nikita)က သွေးစုတ်ဖုတ်ကောင်မလေးအဖြစ်၊ Anthony LaPaglia (Without a Trace)က ရဲအရာရှိ ဂျိုးအဖြစ်၊ ကွယ်လွန်သွားပြီဖြစ်တဲ့ မင်းသားကြီး Robert Loggia (Big) က Sallie The Sharkအဖြစ် ပါဝင် သရုပ်ဆောင်ထားကြပါတယ်..ဇာတ်လမ်းအကျဉ်း မာရီက ဆိုးသွမ်းတဲ့ယောကျ်ားတွေကိုပဲ အရောဝင် သွေးသောက်တတ်တဲ့၊ တစ်ကိုယ်တော် လှုပ်ရှားတတ်တဲ့ သွေးစုတ်ဖုတ်ကောင်မလေးပါ.. တစ်နေ့မှာတော့ သွေးစုတ်ဖို့ သားကောင်ရှာရင်း သူကိုက်လိုက်မိတဲ့ သားကောင်က မြို့ထဲက အဆိုးတကာ့အဆိုးထွဋ်ခေါင်ဆိုတဲ့ Sallie The Shark ဖြစ်နေခဲ့ပြီး.. ပြန်လည်ရှင်သန်နိုင်စွမ်းရှိတဲ့ သွေးစုတ်ဖုတ်ကောင်အစွမ်းတွေကို ရရှိသွားတဲ့ ဆယ်လီက တခြားလူတွေကိုပါ သွေးစုတ်ဖုတ်ကောင်အဖြစ်ပြောင်းပြီး မြို့ကို သိမ်းပိုက်ဖို့ကြိုးစားလာချိန်မှာတော့.. ကိုယ်ဇာတ်ကိုယ်မနိုင်ဘဲ ဆယ်လီ့ကို လက်စသိမ်းနိုင်ဖို့အရေး မာရီက အမျိုးမျိုးကြိုးစားရပါတော့တယ်.. ဒီလိုနဲ့ ဆယ်လီ့ကို ဖမ်းဆီးဖို့ကြိုးစားနေတဲ့ ရဲအရာရှိဂျိုးနဲ့ အမှတ်မထင်တွေ့ဆုံခဲ့ကြရာမှာတော့.. သွေးစုတ်ဖုတ်ကောင်နဲ့ လူသားရဲအရာရှိတို့နှစ်ယောက်ကြား ဘယ်လိုတွေဆက်ဖြစ်ကြမလဲ.. ရဲအရာရှိဂျိုးတစ်ယောက် ...
movie

Innocent Blood (1992)

Black Panther: Wakanda Forever (2022)
Black Panther: Wakanda Forever (2022) မာဗယ် Phase 4 ရုပ်ရှင်အသစ်တစ်ခုဖြစ်တဲ့ ဘလက်ပန်သာ-၂ ကို တင်ပေးထားပါပြီ။ဇာတ်လမ်းအညွှန်းအားလုံးပဲ ဘလက်ပန်သာရဲ့ မင်းသားကြီး ချက်ဒ်ဝစ်ခ် ဘို့စ်မန် ကွယ်လွန်သွားခဲ့တာကိုသိမှာပါ။ အဲဒီအတွက်လည်း မာဗယ်စတူဒီယိုက ဒီရုပ်ရှင်ထဲမှာ အမှတ်တရတွေ သေချာထည့်ပေးထားပါတယ်။ အခု ဆက်ကြည့်ရမှာကတော့ ဝါကန်ဒါမှာ အားအနည်းဆုံးအချိန်၊ ဘလက်ပန်သာ မရှိတော့သလို နောက်ထပ် ပေါ်လာဖို့လည်း နှလုံးသားပုံဆေးရွက်တွေ မီးရှို့ခံထားရတဲ့အချိန်မှာ ဘုရင်ကြီးတီချာလာရဲ့ မယ်တော် အာမွန်ဒါဟာ ဗိုင်ဘရေနီယံကို မက်မောနေကြတဲ့ ကမ္ဘာတစ်ခုလုံးကို ကြံ့ကြံ့ခံ ရင်ဆိုင်နေချိန်ပဲဖြစ်ပါတယ်။ အဲဒီအချိန်မှာပဲ ကမ္ဘာပေါ်က နိုင်ငံတိုင်းထက် အင်အားကြီးပြီး တိုးတက်နေတဲ့ နိုင်ငံအသစ်တစ်ခုနဲ့ ရင်ဆိုင်ဖို့ကြုံလာပါတော့တယ်။ ဝါကန်ဒါလိုပဲ ဗိုင်ဘရေနီယံတွေ ပိုင်ဆိုင်ပြီး သန္ဓေပြောင်းလူသားတွေနေထိုင်တဲ့ ရေအောက်မြို့တော် တာလိုကန်နဲ့ သူတို့ရဲ့ ခေါင်းဆောင် နေမော် (ခေါ်) ကုကုကန် ပါပဲ။ ပြီးတော့ နောက်ပိုင်းမှာ MCU villain အဖြစ်လာမယ့် ဗဲလ်၊ ...
movie

Black Panther: Wakanda Forever (2022)

IMAX 4K HEVC
Good Night Oppy (2022) 7.7
Good Night Oppy (2022) Good Night Oppy (2022)~ IMDb - 7.7/10, Rotten Tomatoes - 88% ~အင်္ဂါဂြိုဟ်ပေါ်မှာ ဂြိုဟ်သားနှစ်ကောင်ရှိတယ်ဗျ။ ကွိကွိကွကွ အသံတွေနဲ့ ရုပ်ဆိုးပန်းဆိုး ထိုးထိုးထောင်ထောင်ကောင်တွေပေါ့။ ကမ္ဘာပေါ်က လွှတ်လိုက်တဲ့ ကမ္ဘာသား ဂြိုဟ်သူမနှစ်ယောက်။"အခွင့်လမ်း" နဲ့ "စိတ်ဓာတ်" တဲ့။ အမွှာညီအစ်မနှစ်ယောက်ပေါ့။ "စိတ်ဓာတ်" က အကြီးမ၊ ပြဿနာမလေးပေါ့။ အငယ်မ "အခွင့်လမ်း" က မယ်ကံကောင်းလေး။ သူတို့က အင်္ဂါဂြိုဟ်လေ့လာရေးအတွက် နာဆာကလွှတ်လိုက်တဲ့ ဂြိုဟ်ပေါ်သွားယာဉ် (Rovers) လေးတွေပါ။အင်္ဂါဂြိုဟ်လို့ခေါ်တဲ့ ဂြိုဟ်နီကြီးကို ကမ္ဘာသားတွေ စိတ်ဝင်စားနေတာကြာပြီ။ ဂြိုဟ်ကြီး (၈) လုံးထဲမှာ (အခုတော့ ၈ လုံးပဲရှိတယ်လို့ ပြောတယ်ဗျ) အင်္ဂါဂြိုဟ်ပဲရွေးပြီး ဘာလို့စိတ်ဝင်စားကြတယ်မသိ။ ဇာတ်ကားတွေကလည်း အင်္ဂါဂြိုဟ်၊ နာဆာဂြိုဟ်သုတေသနကလည်း အင်္ဂါဂြိုဟ်။ ကဲပါလေ။ သူတို့က အင်္ဂါဂြိုဟ်ဆိုတော့လည်း လိုက်ဂါလိုက်ပါ့မယ်။အင်္ဂါဂြိုဟ်ပေါ်မှာ ရေရှိသလား... ...
movie

Good Night Oppy (2022)

2022
Wendell & Wild (2022) 6.5
Wendell & Wild (2022) Wendell & Wild (2022) ================= IMDb Rating - 6.5/10ဒီ အန်နီမေးရှင်းဇာတ်ကားလေးကတော့ The Nightmare Before Christmas တို့၊ Coraline တို့လို ဘယ်လောက်ပြန်ကြည့်ကြည့်မရိုး ရအောင် ဇာတ်အိမ်ကောင်းကောင်းနှင့် အမိုက်စား stop-motion animation တွေနဲ့ ဖန်တီးပုံဖော်ခဲ့တဲ့ Henry Selick ရဲ့ လက်ရာအသစ်‌ စက်စက်လေးပဲဖြစ်ပါတယ်။ဇာတ်လမ်းအညွှန်းမိဘတွေ ကိုယ့်မျက်စိရှေ့တင်ဆုံးပါးသွားတာကို မြင်ခဲ့ရတဲ့ ကတ် ဆိုတဲ့ ကလေးမလေးကို ကက်သလစ်‌ကျောင်းအုပ် ဖာသာတစ်ယောက်က သူ့ကျောင်းမှာခေါ်ထားလိုက်ပါတယ်။ ကတ်မှာ အနာဂတ်ကိုကြိုမြင်ရသလိုမျိုး စွမ်းအားတစ်ခုရှိကြောင်းကိုလည်း သူကျောင်းရောက်ရောက်ချင်းမှပဲ သတိထားမိသွားခဲ့ပါတယ်။ တစ်ချိန်တည်းမှာပဲ မကောင်းဆိုးဝါးတွေနေတဲ့ မြေအောက်ကမ္ဘာမှာ ဝန်ဒဲလ် နဲ့ ဝိုင်းလ် ဆိုတဲ့ မကောင်းဆိုးဝါးနှစ်ကောင်ရှိ တာပေါ့။ သူတို့က ငရဲအပျိုစင်ဆိုတဲ့အရာကိုလိုချင်နေကြတာ၊ အဲဒါကိုရရင် သူတို့ဆန္ဒပြည့်ဝမှာဖြစ်တဲ့အတွက် အရမ်းလိုချင်နေကြတာ။အဲဒါနဲ့ သူတို့နှစ်ယောက်က ကတ်အကြောင်းကိုသိသွားပြီး သူတို့ကို ငရဲအပျိုစင် ရအောင်လုပ်ပေးရင် ကတ်ရဲ့မိဘတွေကိုပြန်ရှင်အောင်လုပ်ပေးမယ်ဆိုပြီး ကတ်ကို အိပ်မက်သွားပေးသွားပြီး ကတ်ကိုစည်းရုံးတာပေါ့၊ ဒီလောက်ဆို ဘာဆက်ဖြစ်မလဲသိချင်သွားလောက်ပြီဆိုတော့ ကိုယ်တိုင်ပဲဆက်လက် ကြည့်ရှုပေးလိုက်ကြပါဦး။(ဒီဇာတ်လမ်းရဲ့အညွှန်းကို Khant Settမှ ရေးသားပေးပြီး၊ ဘာသာပြန်ပေးသူများကတော့ CM Team မှဖြစ်ပါတယ်)File Size..........(2.32 ...
movie

Wendell & Wild (2022)

2022
Gunpowder Milkshake (2021) 5.2
Gunpowder Milkshake (2021) Gunpowder Milkshake (2021)ဒီကားကတော့ ဂျွန်ဝစ် မိန်းမ ဗားရှင်းပဲ ပြောရမှာပါပဲ။ဂိမ်းအော့သရုန်းရဲ့ မင်းသမီးကြီးနဲ့ မစ်ချဲယိုတို့ပါဝင်ထားပြီး အဓိက မင်းသမီးကတော့ မာဗယ်ရဲ့ နီဗြူလာလေး ဖြစ်တဲ့ ကာရမ်ဂယ်လန် ပါပဲ။ ဒီထဲမှာတော့ ဆမ် လို့ ခေါ်တဲ့ လူသတ်သမားလေးပေါ့။ သူ့အမေက လူဆိုးဂိုဏ်းနဲ့ ပြဿနာဖြစ်ပြီး ခြေရာဖျောက်နေတဲ့ လူသတ်သမားမကြီးပါ။ တစ်နေ့တော့ သူ့အလုပ်ကနေ ကလေးမလေးတစ်ယောက်ထဲ ကျန်နေတာကို သနားလို့ ကယ်လာတယ်။ လူဆိုးခေါင်းဆောင်ရဲ့ သားကိုလည်း သတ်မိတယ်၊ဒီတော့ အုပ်လိုက်ကြီးနောက်ကလိုက်သတ်တယ်၊ သူ့အမေနဲ့ပေါင်းပြီး ပြန်သမတယ်ပေါ့...အက်ရှင်ကြမ်းကြမ်းကောင်းကောင်းလေးပါပဲ..... ကြိုက်ကြမှာပါ...အညွှန်းနဲ့ ဘာသာပြန်ကတော့ Mr.Anderson ပဲ ဖြစ်ပါတယ်။IMDb - 5.2/10File size....2 GB, 996 MB and 713 MB Quality….WEB-DL 1080p, 720p and 480 p Format…mp4 Duration….1h 54min Subtitle….Myanmar Subtitle (Hardsub) Translator ..... Mr.Anderson Encoder ..... August
movie

Gunpowder Milkshake (2021)

2021
Soul (2020) 8.3
Soul (2020)  IMDb Rating (8.3)/ Rotten Tomatoes (97%)ဂျိုးဂါဒင်နာ ဆိုတဲ့ အလယ်တန်းပြဂီတ ဆရာတစ်ယောက်မှာ ဂျပ်ဇ်ဂီတကို စင်မြင့်ပေါ်မှာ ဖျော်ဖြေချင်တဲ့အိမ်မက် ဟိုးငယ်ငယ်ကလေးကတည်းကရှိခဲ့ပါတယ်။ Half Note Club မှာ တစ်ခြား ဂျပ်ဇ် ပညာရှင်တွေကို အံ့သြသွားလောက်အောင် သူ့အရည်အချင်းကိုပြသနိုင်ပြီးတဲ့နောက်မှာ သူ့အိမ်မက်အတွက် ရောင်ခြည်လေးသန်းလာပါတော့တယ်။ အဲ့ဒီလိုအချိန်ကျမှ ရုတ်တရက် မတော်တဆမှုတစ်ခုနဲ့ သူ့ဝိဉာဉ်ဟာ ခန္ဓာကိုယ်ကနေ ဖယ်ခွာပြီး နောက်ဘဝကို ပြောင်းဖို့လောကထဲ ရောက်ရှိသွားတဲ့အခါ..။ တစ်သက်လုံးမက်လာတဲ့ အိမ်မက်တွေ ဆက်မက်ဖို့ မျှော်လင့်ချက်လေးကို ပျပျမြင်ရပြီဖြစ်တဲ့ ဂျိုးအတွက် နောက်ဘဝကို ပြောင်းဖို့အဆင်သင့်မဖြစ်သေးပါဘူး။ အဲ့ဒီဘုံကနေ လွတ်မြောက်ဖို့ သူအစွမ်းကုန်ကြိုးစားပါတော့တယ်။ မဖြစ်မနေဆိုသလိုပဲ သူ့အနေနဲ့ ကမ္ဘာပေါ်ကိုမစေလွှတ်ခင် ဝိဉာဉ်တွေကို ပင်ကိုယ်စရိုက် ဓလေ့တွေ ဉာဉ်တွေကို လေ့ကျင့်ပေးရတဲ့ နေရာတစ်ခုမှာ တွဲဘက်ကျလာတဲ့ ဝိဉာဉ်လေးတစ်ကောင်ကိုလေ့ကျင့်ပေးရဖို့ဖြစ်လာပါတယ်။ အဲ့ဒီဝိဉာဉ်လေးက လက်ပေါက်အကပ်ဆုံး ကမ္ဘာပေါ်ကိုပြန်မသွားချင်လို့ နည်းပေါင်းစုံနဲ့ ဒီဘုံမှာပဲကပ်တွယ်ဖို့ကြိုးစားနေတဲ့ ထူးထူးဆန်းဆန်းသတ္တဝါလေးဖြစ်နေတော့ သူမှာ အခက်အခဲပေါင်းစုံကြုံရတော့တာပါပဲ။ Studio က pixar ဆိုတော့ ...
movie

Soul (2020)

Avengers: Endgame (2019) MCU 8.8
Avengers: Endgame (2019) MCU Avengers: Endgame(2019)(function(f,b,n,j,x,e){})();IMDb...8.8,,,,,,Rotten.....95%ဇာတ်လမ်းအကျဉ်းကတော့ သိပ်ပြောစရာမလိုလှပါဘူး။အားလုံးလည်း သိနေကြမှာပါ။ Mad Titan ဖြစ်တဲ့ Thanos ဟာ စကြဝဠာကြီး အဓွန့်ရှည်ဖို့အနန္တကျောက်တုံးတွေကိုသုံးပြီး သက်ရှိ တစ်ဝက်တိတိ ဖျောက်ပစ်ခဲ့ပါတယ်။ဒီအဖြစ်ကို အဗန်ဂျာတွေ ဘယ်လို ပြန်ကယ်တင်မလဲ ဘယ်လို လက်စားချေမလဲဆိုတာ ဒီကားမှာ တွေ့ရပါတော့မယ်။အားလုံးအကြိုက်တွေ့ကြမှာ သေချာပါတယ်။အက်မင်တွေတော့ ရုံမှာ ၃ ခေါက်လောက်ကြည့်ပြီး ဒီဗားရှင်းကိုငါးခေါက်လောက်ကို ပြန်ကြည့်ဖြစ်လောက်အောင် ကြိုက်ပါတယ်။ ခံစားကြည့်ကြပါ။ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Little Neo ပဲဖြစ်ပါတယ်...... MCU ဇာတ်ကားအားလုံးကို  https://channelmyanmar.org/category/marvel-universe/ မှာ Download နိုင်ပါသည်။++++++++++++++++++++++++++++Marvel Cinematic Universe Intro=======================Marvel ထုတ်လုပ်ရေးမှ Marvel Cinematic Universe(MCU) ကို လွန်ခဲ့တဲ့ ၁၀ နှစ်က စပြီးတည်ဆောက်ခဲ့ပါတယ်။ ပထမဆုံး ဇာတ်လမ်းဖြစ်တဲ့ Iron Man-1 နဲ့ဖြစ်ပါတယ်။ နောက်ဆုံးအပိတ်ကတော့ Endgame (2019) ဖြစ်ပါတယ်။Marvel Universe မှာ Infinity ...
movie


2019
Black Panther (2018) MCU 7.8
Black Panther (2018) MCU 1080p BluRay 5.1 DTS Quality ဖြင့်  Marvel Cinematic Universe (MCU) Collection ကိုစုပေါင်းတင်ဆက်ပါသည်။MCU ဇာတ်ကားအားလုံးကို  https://channelmyanmar.org/category/marvel-universe/ မှာ Download နိုင်ပါသည်။++++++++++++++++++++++++++++Marvel Cinematic Universe Intro=======================Marvel ထုတ်လုပ်ရေးမှ Marvel Cinematic Universe(MCU) ကို လွန်ခဲ့တဲ့ ၁၀ နှစ်က စပြီးတည်ဆောက်ခဲ့ပါတယ်။ ပထမဆုံး ဇာတ်လမ်းဖြစ်တဲ့ Iron Man-1 နဲ့ဖြစ်ပါတယ်။ နောက်ဆုံးအပိတ်ကတော့ Endgame (2019) ဖြစ်ပါတယ်။Marvel Universe မှာ Infinity Stone လို့ ခေါ်တဲ့ စွမ်းအား အကြီးဆုံး ကျောက်တုံး(၆) လုံးရှိပါတယ်။ အဲဒီကျောက်တုံးတွေဟာ စကြဝဠာအနှံ့မှာ ပြန့်ကျဲနေတယ် ဆိုပါတော့။ ကျောက်တုံးတစ်တုံးချင်းစီမှာ သီးခြားအစွမ်းတွေ ရှိပြီး သာမာန်လူတွေ ကိုင်တွယ်သုံးစွဲဖို့ မဖြစ်နိုင်သလောက်ပါပဲ။ Infinity War ရဲ့ အဓိက ဗီလိန်ဖြစ်တဲ့ Mad titan ...
movie

Black Panther (2018) MCU

2018
Otherhood (2019) 6.1
Otherhood (2019) Otherhood ဆိုတဲ့ဇာတ်ကားလေးကတော့ ပေါ့ပေါ့ပါးပါးနဲ့ မိခင်မေတ္တာကို ဖော်ကြူးထားတဲ့ ဟာသဇာတ်ကားလေးပါ။ ကယ်ရို ဂျယ်လီယန် နဲ့ ဟယ်လန် တို့သုံးယောက်ဟာ အရမ်းချစ်ကြတဲ့ သူငယ်ချင်းတွေပါ။ သူတို့မှာ သားတစ်ယောက်စီ ရှိပြီးတော့ အဲ့ဒီသားသုံးယောက်ကလဲ အရမ်းချစ်ကြတဲ့ သူငယ်ချင်းတွေပါပဲ။ ဒါပေမဲ့ အဲ့ဒီသားသုံးယောက်ဟာ အရွယ်ရောက်လာတဲ့အခါ နယူးယောက်မြို့ကို ပြောင်းသွားပြီး သူတို့အမေတွေကို အဆက်အသွယ်သိပ်မလုပ်ကြတော့သောအခါ အမေသုံးယောက်ပေါင်းပြီး သားတွေနဲ့ပြန်လည်ပေါင်းစည်းရေး လုပ်ငန်းစပါတော့တယ်။ ဒီဇာတ်ကားလေးက သင့်နှလုံးသားကို နွေးထွေးအောင် လုပ်ပေး နိုင်တဲ့ ကားကောင်းလေးဖြစ်လို့ ကြည့်ကြည့်ဖို့နဲ့ အမေတွေကို ပြကြည့်ဖို့ တိုက်တွန်းပါရစေ။ ရုပ်ရှင်ကားကို Htet Wai Lwin က ဘာသာပြန်ပေးထားပြီး အညွှန်းကိုလဲ ကိုယ်တိုင်ရေးထားပါတယ်
movie

Otherhood (2019)

2019
Olympus Has Fallen (2013) 6.5
Olympus Has Fallen (2013) Olympus Has Fallen (2013)_______IMDb - 6.5/10  ကြည့်မိတာနဲ့ထိုင်ရာကမထပဲ ကြည့်ချင်နေမယ့်ဇာတ်ကားတစ်ကားကို Bluray 1080p 5.1 CH နဲ့ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်Mike ဟာ U.S. Army Ranger ကနေ သမ္မတ ကြီးရဲ့အထူးလုံခြုံရေး ခေါင်ဆောင် တစ်ယောက် ဖြစ်လာခဲ့ သူပါ။Mike ဟာ သမ္မတကြီးရဲ့ အထူးလုံခြုံရေး တာဝန်တင် မကပဲသမ္မတကြီးရော သမ္မတကြီး မသားစု နဲ့ပါ မိသားစု ဝင်တစ်ယောက် ကဲ့သို့ရင်းနှီး နေသူလဲ ဖြစ်ပါတယ်။ Christmas ညတစ်ည မှာတော့သမ္မတကြီးနဲ့ သူ့ရဲ့ မိသားစုတို့ ညစာ စားပွဲ တစ်ခု တတ်ရောက်ဖို့Mike က ဦးဆောင်ပြီး ထွက်ခွာ လာခဲ့ပါတယ်။Christmas ညတစ်ည ဖြစ်တာနဲ့ အညီ နှင်းတွေက အရမ်းကျ နေပြီးလေတွေလဲ အရမ်းတိုက် နေပါတယ်။ လေတွေလဲ အရမ်းတိုက် နေပါတယ်။ကားကို ...
movie

Olympus Has Fallen (2013)

2013
The Score(2001) 6.8
The Score(2001) The Score(2001)IMDb....6.8,,,,Rotten...73%ဒီကားထဲမှာပါတဲ့ အဓိကသရုပ်ဆောင် Robert De Niroနဲ့Edward Norton, တို့ကိုတော့ထွေထွေထူးထူးမိတ်မဆက်ပေးတော့ဘူး....ကျွန်တော်ကတော့Edward Norton ကို Primal Fear ကားထဲမှာပြောင်မြောက်တဲ့ သရုပ်ဆောင်ဟန်ကို လေးစားမိသွားတာ...Robert De Niro ကတော့ HEAT ဆိုတဲ့ကားထဲမှာ....နစ်ဆိုတဲ့လူတစ်ယောက်ဟာ တန်ဘိုးကြီးပစ္စည်းတွေကိုခိုးတဲ့နေရာမှာ သိပ်တော်တယ်...အစီအစဉ်ကောင်းတွေဆွဲတယ်...အဆက်အသွယ်ကောင်းတွေရှိတယ်...ခိုးခဲ့တဲ့ကိစ္စတိုင်းမှာလည်း အထိအခိုက် အသေအကျေမရှိအောင်ဂရုစိုက်တယ်....သူဟာ ဒီလုပ်ငန်းထဲမှာကျင်လည်နေတာ အတော်ကြာပြီ....တစ်နေ့မှာတော့ ဂျက်ဆိုတဲ့ကောင်လေးတစ်ယောက်က အချီကြီးချလို့ရမယ့် ပွပေါက်တစ်ခုလာပြောရင်းသူနဲ့ပူပေါင်းပါရစေလို့တောင်းဆိုတယ်...ဂျက်က လူငယ်ဆိုပေမယ့် အတော်ဉာဏ်များတယ်...သွေးလည်းဆူတယ်...သူတို့(၂)ယောက်ဘယ်လိုရှေ့ဆက်ကြမလဲ..ဘယ်လိုအခက်အခဲတွေ အနှောင့်အယှက်တွေပေါ်လာမလဲဆိုတာတော့......ကိုင်းပရိတ်သတ်ကြီးရေ ဒီကားက သူခိုးကားတွေထဲမှာ အတော်လေးကိုလန်းတယ်....၂၀၀၁ကဆိုပေမယ့် ကြည့်လို့ကောင်းနေဆဲပါ..မင်းသားကြီး (၂)လက်ကြောင့်လည်းပါမှာပေါ့လေ...ကိုင်းခံစားကြည့်လိုက်ပါဦးဗျို့...File Size : (850 MB) and (360 MB) Quality : Blu-Ray 720p Format…mp4 Duration…02:04:00 Genre : Crime, Drama, Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by SCRN Encoded by Phyo Pyae
movie

The Score(2001)

2001