Channel Myanmar

Angelica Panganiban

I Love You Goodbye (2009) 5.8
I Love You Goodbye (2009) I Love You, Goodbye (2009)သင်ဟာ လူ ၂ ယောက်ကို တစ်ပြိုင်နက်တည်းချစ်မိဖူးတယ်ဆိုရင်တောင် တစ်ယောက်တည်းကိုပဲ ပိုင်ဆိုင်ခွင့်ရှိတဲ့အခါ ရွေးရခက်တဲ့အဖြစ်မျိုး ကြုံခဲ့ဖူးမှာပါ။ Nobody loves me ဆိုတဲ့ FA လေးတွေအတွက်တော့ မျက်ရည် ၂ စက်ပေါ့။လစ်ဇဲလ်ဆိုတဲ့ မိဘမဲ့‌မိန်းကလေးက ချို့တဲ့တဲ့ဘဝမှာ ကြီးပြင်းလာရပေမဲ့ အချစ်ရှားနေတဲ့ ကျွန်တော်တို့လိုမဟုတ်ဘဲ သူမှသူဖြစ်နေတဲ့ ယောက်ျားနှစ်ယောက်ရှိပါတယ်။အရာရာပြီးပြည့်စုံတဲ့ Mr. Perfect Sugar daddyကြီး အေဒရီယန် ဟာ သမီးတစ်ယောက်ရှိတဲ့ မုဆိုးဖိုတစ်ယောက် အင်မတန်အောင်မြင်တဲ့ တက်လမ်းအပြည့်နဲ့နှလုံးခွဲစိတ်ဆရာဝန်တစ်ယောက်၊ မင်းတွက်ဆို ဓားတောင်ကျော်ပြီး မီးပင်လယ်ဖြတ်မဲ့ လမင်းကြီးကိုတောင် ခူးဆွတ်ပေးချင်နေတဲ့လူနဲ့နောက်တစ်ယောက်ကတော့ ဘဝသမားလေး ဂယ်ရီ၊ ၄ နှစ်တာချစ်ခဲ့ကြတဲ့ချစ်သူတွေဖြစ်ပြီး လက်ထပ်ပြီးဘဝတည်ဆောက်ဖို့တောင် ရည်ရွယ်ခဲ့ရပေမဲ့ အပျော်စီးသင်္ဘောမှာ အတူအလုပ်လုပ်ဖို့ ရည်ရွယ်ပြီးမှ လစ်ဇဲလ်ကို သစ်စိမ်းချိုးချိုးပြီး ထားပစ်ခဲ့သူ အသဲခွဲသမားလေးပေါ့။ဒါပေမဲ့ လစ်ဇဲလ်ကတော့ ဝတ္ထုထဲက ကောင်မလေးများလို အရာရာပြီးပြည့်စုံတဲ့ သကြားဖေဖေထက် အသဲခွဲသွားတဲ့ဂယ်ရီကို ပိုချစ်ပါသတဲ့။ဒါပေမဲ့ အေဒရီယန်မှာလည်း အဆင့်အတန်းကွာခြားလွန်းလို့ အမြင်မကြည်တဲ့အမေရယ်၊ အဖေကိုလုယူသွားလို့ ရန်သူလိုသဘောထားနေတဲ့ ...
movie

I Love You Goodbye (2009)

2009
Love Lockdown (2020) 6.9
Love Lockdown (2020) Love Lockdown (2020) ၁၆နှစ်အောက်မကြည့်သင့်တဲ့ကားဖြစ်ပါတယ်လော့ဒေါင်းထဲက အချစ် ...... လော့ဒေါင်းကာလမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ကိစ္စတွေကို ရိုက်ထားတဲ့ကားပါ ဇာတ်လမ်း ၃ ခုကို ချိတ်ဆက်ပြီး ရိုက်ထားတာမို့ ဇာတ်အခင်းအကျင်းကလည်း တော်တော်လေး လှပါတယ်။ဇာတ်လမ်းအစမှာ မယားငယ်နဲ့ လော့ဒေါင်းမိတာကို မယားကြီးမသိအောင် နေနေတဲ့ ယောကျာ်းတစ်ယောက်ရဲ့ ဇာတ်လမ်းနဲ့ စတင်ထားပါတယ်။ နောက်ဇာတ်လမ်းနှစ်ခုကတော့ ဒါနဲ့ ဆက်စပ်ရင်းနဲ့ ဘာတွေဖြစ်ကြမလဲဆိုတာကို ကြည့်ရမှာပါ။မယားကြီး မယားငယ်နဲ့ နှစ်စင်ထောင်တတ်တဲ့ ဘီးကြဲတွေအတွက်လည်း ရှောင်ရန်ဆောင်ရန် လေ့လာမှတ်သားနည်းနာအဖြာဖြာပါပါတယ်ဇာတ်လမ်းကတော့ လော့ဒေါင်းကာလမှာ လူတွေက ပထမတော့ အနားရလို့ပျော်ကြပြီး ကြာလာတဲ့အခါမှာ မွန်းကြပ်တဲ့ဒါဏ်မခံစားနိုင်တော့ လုပ်မိလုပ်ရာလုပ်ကြတဲ့အခါ ..... သန်ရာသန်ရာလုပ်ကြတဲ့အခါ ...... ဘာတွေဖြစ်လာလဲဆိုတာကိုရိုက်ပြထားတာပါရုပ်ရှင်ဆိုပေမယ့် အပြင်မှာဖြစ်လေ့ဖြစ်ထရှိတာတွေကိုပဲရိုက်ထားတာမို့ ဇာတ်လမ်းကို ကြည့်ရင်းနဲ့ အတူတူစီးမျောခံစားပြီး ဇာတ်နောက်ကို ပါမှန်းမသိ ပါသွားမယ့် ဇာတ်ကားမျိုးပါ။ တော်တော်လေးမိုက်ပါတယ်။ယောင်္ကျားနဲ့မိန်းမကြားမှာရှိတဲ့ စိတ်နေစိတ်ထား ..... မေတ္တာတရား ..... လိင်စိတ်သာယာမှု ..... စိတ်အမှောင်တွေ ..... အစရှိသဖြင့်ပါတာမို့ ကြည့်ဖို့ တိုက်တွန်းချင်ပါတယ်တိုက်တွန်းရတာကတော့ ဘော်ဒါတို့အတွက် မင်းသမီးလေးတွေက အကိတ်အချောြဖစ်နေတာလည်း တစ်ကြောင်းပါထမင်းစားရင် အစပ်ပါမှ သဘောကျကြတာ မဟုတ်လား? အချစ်ဇာတ်လမ်းကြည့်ရင်လည်း အစပ်ကလေး ...
movie

Love Lockdown (2020)

2020