Channel Myanmar

Ankur Bhatia

Bloody Daddy (2023) 8.9
Bloody Daddy (2023) Bloody Daddy (2023) ******************************** IMDb-8/10Kabir Singh, Fraziတို့နဲ့ နာမည်ကျော်တဲ့ မင်းသားချောရှာဟစ်ဒ်ကပူးရ်ရဲ့ လတ်တလောထွက်ရှိထားတဲ့ ဇာတ်ကားသစ်လေးပါ။ Frazi ထဲမှာ သတင်းစာတိုက်ဟောင်းက စက်တစ်လုံးနဲ့ ‌ငွေစက္ကူတုတွေ ထုတ်ပြီးမွှေသွားတဲ့ မင်းသားရှာဟစ်ဒ်ကပူးက ဒီထဲမှာလည်း ဆူမေးရ်အဖြစ် ကိုကင်းတအိတ်နဲ့ ပတ်မွှေဦးမှာပါ။ကိုဗစ်ကာလအခြေခံထားတဲ့ ဇာတ်လမ်းကောင်းလေးတွေထဲကမှ အခုတင်ဆက်ပေးမဲ့ အက်ရှင်ကားကလည်း ကိုဗစ်ကာလအတွင်းမှာ ဇာတ်အိမ်တည်ထားပါတယ်။ဇာတ်လမ်းအကျဉ်းဆူမေးရ် က မူးယစ်ထိန်းချုပ်ရေးဌာနက ဝန်ထမ်းတယောက်၊ မိန်းမနဲ့ကွဲနေပြီး သားဖြစ်သူနဲ့အတူတူ နေနေပေမဲ့ သားနဲ့ကလည်း သိပ်မတည့်။ အလုပ်တူဘော်ဒါတယောက်နဲ့ မူးယစ်ဂိုဏ်းတခုက ကိုကင်းတွေသယ်လာတဲ့ကားကို ဖြတ်ခုတ်လိုက်တာ ဂိုဏ်းခေါင်းဆောင်က သူ့သားကို ပြန်ပေးဆွဲပြီး သူယူသွားတဲ့ ကိုကင်းအိတ်နဲ့ ပြန်လဲခိုင်းပါတယ်။သူ့ကို အဂတိတိုက်ဖျက်ရေးဌာနက အရာရှိအာဒီတီကလည်း မသင်္ကာတာနဲ့ နောက်ကနေလိုက်စုံစမ်းနေတယ်။အတူလုပ်ခဲ့တဲ့ ဘော်ဒါကလည်း သစ္စာဖောက်သွားတော့ အဲလိုတွေကြားထဲကနေ မင်းသားဆူမေးရ်တယောက် သားဖြစ်သူကို ကယ်တင်နိုင်မှာလား သူ့ကိုပဲ ရဲတွေက ဖမ်းသွားမလားဆိုတာ ကြည့်ရမှာပါ။ (အညွှန်းနဲ့ဘာသာပြန်သူတွေကတော့ chiclon3,Sai,Thaik San,Bpl,Yunni တို့ပဲဖြစ်ပါတယ်) File size…2.21GB / 940MB Quality…1080p WEBDL  / 720p Format…mp4 Duration….2h 1mins Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by chiclon3~Sai~Thaik San~Bpl~ Yunni
movie

Bloody Daddy (2023)

2023
Operation Mayfair (2023) 6.3
Operation Mayfair (2023) Operation Mayfair ( 2023 ) ========================= IMDb 7.3/10 အသစ်ထွက်ထားတဲ့ အိန္ဒိယ မှုခင်း၊ သည်းထိတ်ရင်ဖိုရုပ်ရှင်မိုက်မိုက်လေးတစ်ခုကို ချန်နယ်မြန်မာကနေ တင်ဆက်ပေးချင်ပါတယ်။မေဖဲရ်လူသတ်ကောင်ဆိုတဲ့ လူသတ်သမားဟာ ချောပေ့၊ လှပေ့ဆိုတဲ့ အရွယ်ကောင်း မိန်းကလေးတွေကိုမှ ရွေးပြီးသတ်တတ်ပါတယ်။ သူက လူသတ်ရင် ပစ်မှတ်မိန်းကလေးကို မျက်လုံးအောက်မှာ မျက်ရည်ပုံစံ အနက်ရောင်ဆေးရည်တွေသုတ်တယ်၊ နောက်ကျောကိုကြာပွတ်နဲ့ရိုက်ပြီး သေသွားရင်လည်း အလောင်းကနေ လက်ညှိုးကို ဖြတ်ယူသေးတယ်။ အဲဒီ မေဖဲရ်လူသတ်သမားဟာ ခြေရာဖျောက်သွားခဲ့ပြီး သုံးနှစ်နေမှ ပစ်မှတ်အသစ်နဲ့အတူ ပြန်ပေါ်လာခဲ့ပါတယ်။စုံထောက် အာမာဆင်းဂ်ကတော့ အဲဒီလူသတ်သမားကို ဖမ်းဖို့ကြိုးစားခဲ့ပေမဲ့ မမိခဲ့တာကြောင့် စိတ်ဖိအားတွေနဲ့ စုံထောက်ဘဝကနေ အနားယူပြီး အောက်စ်ဖို့ဒ်တက္ကသိုလ်မှာ ပါမောက္ခလုပ်နေတဲ့သူပါ။ လူသတ်သမား ပြန်ပေါ်လာတဲ့နောက်မှာတော့ ပါမောက္ခအအမရ်ဆင်းဂ်လည်း မပြီးပြတ်သေးတဲ့အမှုအတွက် စုံထောက်အဖွဲ့ထဲကို ပြန်ဝင်ပြီး လူသတ်သမားကို မိအောင် ကြိုးစားဖမ်းဖို့ဖြစ်လာပါတော့တယ်။ဒီ Operation Mayfair ဆိုတဲ့ရုပ်ရှင်ဟာဆိုရင် မြင်နေကျအတိုင်း ပရိသတ်ဘက်က လူသတ်သမားဘယ်သူဆိုတာကို သိဖို့ကြိုးစားရတာမျိုးမဟုတ်ဘဲ လူသတ်သမားကို သိသိကြီးနဲ့ စုံထောက်တွေ ဖမ်းဖို့ကြိုးစားနေတာကို အသည်းတယားယား ကြည့်ရှုရမှာပါ။ ရုပ်ရှင်က ဇာတ်လမ်းအစကတည်းက Thriller vibe အပြည့်နဲ့ ဆွဲခေါ်သွားမှာဖြစ်လို့ မှုခင်းကားကြိုက်တဲ့ ပရိသတ်တွေအတွက် ...
movie

Operation Mayfair (2023)

2023
Haseena Parkar (2017) 5.0
Haseena Parkar (2017) ဘောလီဝုဒ် ပရိတ်သတ်တွေအတွက် Biography ကားကောင်းတစ်ကား တင်ဆက်ပေးလိုက်ပါတယ် မွန်ဘိုင်းမြို့ရဲ့ ဂိုဏ်းစတားတစ်ဦးဖြစ်တဲ့ ဒါဝူဒ် အေဗရာဟင်ရဲ့ ညီမဖြစ်သူ ဟစီနားပါကရ်ရဲ့ အထ္ထုပ္ပတ္တိကို ရိုက်ကူးထားတာ ဖြစ်ပါတယ်။အဓိကသရုပ်ဆောင်အနေနဲ့ မင်းသမီး ရှရ်ဒါးကပူးရ်က သရုပ်ဆောင်ထားပြီး အရင်က သူ့သရုပ်ဆောင်မှုတွေကို သိပ်သဘောမတွေ့ခဲ့ပေမယ့် ဒီကားထဲမှာ တော်တော်လေး နှစ်ခြိုက်မိပါတယ်လူတွေလက်ခံထားတဲ့ စကားပုံအတိုင်း ဒီပုတ်ထဲက ဒီပဲ ဆိုတဲ့ အယူအဆတွေနဲ့ ဂိုဏ်းစတား ဒါဝူဒ်ရဲ့ ဒုစရိုက်မှုမှန်သမျှအတွက် ညီမဖြစ်သူ ဟစီနားကို သံသယဝင်ကာ စစ်ဆေးမေးမြန်းဖို့အတွက် အကြိမ်ကြိမ် ရဲစခန်းက ခေါ်လို့ အသွားအလာလုပ်ခဲ့ရပါတယ်နောက်ဆုံးထွက်သက်အထိ တရားရုံးနဲ့အိမ် ကူးကလန်ခက်ရင်း သေဆုံးခဲ့ရတဲ့ ဖြစ်ရပ်မှန် အကြောင်းအရာကို ပုံဖေါ်တင်ဆက်ထားတာ ဖြစ်ပါတယ်။ဟစီနားဆိုတာ မွေးချင်းညီကိုမောင်နှမများတဲ့ သာမန်မိသားစုလေးတစ်စုက ကောင်မလေးတစ်ယောက် အထက်က အစ်ကိုနှစ်ယောက်နဲ့ အသက်ချင်းသိပ်မကွာတော့ ပိုနီးစပ်သလို သံယောဇဉ် ပိုရှိတာပေါ့အစ်ကိုကြီးဆုံး ဒါဝူဒ်က မှောင်ခိုနဲ့ဒုစရိုက်အလုပ်တွေ လုပ်ပြီး ဂိုဏ်းစတား ဖြစ်လာခဲ့တယ်အချိန်ကြာလာတာတော့ ရဲတပ်ဖွဲက ပစ်ခတ်ဖမ်းစီးမှုတွေရှိလာတော့ တခြားနိုင်ငံကူးသွားခဲ့တယ်ဒါပေမဲ့ ဟစီနားကတော့ အိမ်ထောင်ကျပြီး သူ့ယောက်ျားနဲ့ အဆင်ပြေပြေဘဝလေးနဲ့ ပျော်ရွှင်စွာဖြတ်သန်းနေတယ်ဘာသာရေးအဓိကရုဏ်းတွေဖြစ်ပြီး ဗုံးပေါက်ကွဲမှုတစ်ခုမှာ ဟစီနားအစ်ကိုကို တရားခံဖြစ်သတ်မှတ်ပြီး ရဲစခန်းက စစ်ဆေးဖို့ ...
movie

Haseena Parkar (2017)

2017