Channel Myanmar

Annie Corley

The Bridges of Madison County (1995) 7.6
The Bridges of Madison County (1995) The Bridges of Madison County (1995)~ IMDb - 7.6/10, RT - 90%, Meta - 69% ~အိုင်အိုဝါပြည်နယ်၊ မက်ဒီဆင် စီရင်စုက တောမြို့လေးရဲ့ ယာခင်းတစ်ခုမှာ ပျော်ရွှင်နေတဲ့ မိသားစုလေးတစ်စုရှိပါတယ်။ စစ်ပြန်လယ်သမားခင်ပွန်းရယ်၊ အီတလီမှာ စစ်ထွက်ရင်း ဖူးစာဆုံခဲ့တဲ့ ဇနီးသည်တစ်ယောက်ရယ်၊ သားနဲ့သမီးရယ် ယာစိုက်ရင်း နွားမွေးရင်း မိသားစုဘဝလေးမှာ ကိုယ်စီရှင်သန်နေကြတာပေါ့။ အဲဒီမှာပဲ ခင်ပွန်းနဲ့ သားသမီးနှစ်ယောက်က ဇနီးသည်ကို ထားခဲ့ပြီး အီလီနွိုက် ပြည်နယ် ကျေးလက်နွေရာသီပွဲကို မွေးထားတဲ့ နွားထီးလှလှကြီး ပြိုင်ပွဲသွင်းဖို့ လေးရက်ကြာခရီးထွက်သွားပါတယ်။ အဲဒီမှာပဲ ခရီးသွားဓာတ်ပုံဆရာတစ်ယောက် လမ်းဝင်မေးရင်းကနေ ဆင့်ကဲ ဆင့်ကဲ ဖြစ်ရပ်များနဲ့အတူ အချစ်တစ်ခု ပေါက်ဖွားလာခဲ့တဲ့ လေးရက်ကြာ အချစ်ဇာတ်လမ်းပေါ့။ခင်ပွန်းလည်းမသိ၊ သားသမီးတွေလည်း မသိပဲ လေးရက်ကြာချစ်ဇာတ်လမ်းကို သေသည်အထိ ဖုံးကွယ်ခဲ့ပြီး သေဆုံးပြီးနောက်မှာမှ ...
movie

The Bridges of Madison County (1995)

1995
Monster (2003) 7.3
Monster (2003) IMDb Rating (7.3) / Rotten Tomatoes (81%)ဒီဇာတ်ကားက အမေရိကန်မှာ လူ ၇ ယောက်ကိုသတ်ဖြတ်ခဲ့တဲ့ Serial Killer ပြည့်တန်ဆာမ Aileen Wuornos အကြောင်းကိုရိုက်ကူးထားတဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းဖြစ်ပါတယ်...အယ်လင်းအဖြစ် မင်းသမီး Charlize Theron မှ အကောင်းဆုံးသရုပ်ဆောင်ထားပြီး အကယ်ဒမီဆုပါ ရရှိခဲ့တာပါ။၂၀၀၃ ခုနှစ်ရဲ့ ရုပ်ရှင်ဆုပေးပွဲအမျိုးမျိုးမှာ အကောင်းဆုံးအမျိုးသမီးဇာတ်ဆောင်ဆုအဖြစ်Charlize Theron အနေနဲ့ ဆုတွေအများကြီးရရှိခဲ့သလို သူ့ရဲ့ရုပ်ဖျက်ထားတဲ့သရုပ်ဆောင်ချက်တွေက သက်ဝင်လွန်းပါတယ်။ဘဝဆိုတာ ရှည်လျားကောက်ကွေးပြီး အလှည့်အပြောင်းများလှတာမို့...လိုတာမရ၊ ရတာမလိုတဲ့အပြင် စိတ်ကူးနဲ့လက်တွေ့တစ်ထပ်တည်းမကျတာတွေ တစ်ပုံကြီးပါ ..အယ်လင်းဟာ ငယ်ငယ်က နာမည်ကျော်စတားတစ်ယောက်ဖြစ်ချင်ခဲ့ပေမဲ့အကြောင်းအမျိုးမျိုးကြောင့် ပြည့်တန်ဆာတစ်ယောက်ဖြစ်လာခဲ့ရပါတယ် ..လောကကြီးကိုစိတ်ကုန်လာချိန်မှာတော့ ကိုယ့်ကိုယ်ကိုယ်သတ်သေဖို့လုပ်ရင်းဆဲလ်ဘီဆိုတဲ့လိင်တူချစ်သူကောင်မလေးနဲ့ဆုံတွေ့ခဲ့ပြီး သူတို့နှစ်ယောက်ချစ်ကြိုက်မိသွားကြတယ် ..အချစ်ရေးနောက်မှာ ငွေရေးကြေးရေးကလည်းကပ်ပါလာစမြဲပါပဲ ..အယ်လင်းဟာ ပြည့်တန်ဆာအလုပ်ကိုလုပ်ပြီး ဆဲလ်ဘီကိုထောက်ပံ့ခဲ့ပေမယ့်မတော်တဆဖြစ်ရပ်တစ်ခုကြောင့် ပြည့်တန်ဆာအလုပ်ကိုနားလိုက်ရတဲ့အခါမှာတော့.......။ဖြစ်ရပ်မှန်တို့မည်သည် စိတ်ကူးယဉ်ဇာတ်လမ်းတွေထက် ပိုမွန်းကြပ်တတ်တာမျိုးပဲ...လူတိုင်းဟာ ဘဝကိုအကောင်းဆုံးတည်ဆောက်ချင်ကြပေမယ့် ဘဝဆိုတာ ဘုရားသခင်ချစ်ခင်တဲ့အထဲ မပါဝင်ပါဘူး။ဟုတ်တယ်..ဘုရားသခင်က ကြွေအံကစားတယ်...ကံကြမ္မာဆိုတာ ဖြစ်ချင်ရာဖြစ်တတ်တဲ့ ဘုရားသခင်ရဲ့ ...
movie

Monster (2003)