Channel Myanmar

Annu Kapoor

Dry Day (2023) 8.3
Dry Day (2023) Dry Day (2023) "ခြောက်ကပ်ကပ်နေ့များဆီသို့..." Crackdown(2022)စီးရီးထဲက မင်းသမီးချော ရှရှီယာပေလ်ဂွန်ကာနဲ့ ကားရိုက်ကျဲတဲ့ မင်းသား ဂျစ်တန်ဒရာကူးမားတို့ရဲ့ ဘောလိ၀ုဒ် အချစ်ဟာသဇာတ်လမ်းလေးကို တင်ဆက်ပေးလိုက်ပါတယ်။Dry Dayဆိုတာ အိန္ဒိယမှာ အရက်ရောင်းချခွင့်တားမြစ်တဲ့နေ့။ဒါပေမဲ့ သောက်လို့တော့ရတယ်ထင်ပါရဲ့။ သောက်ပြီဟေ့ဆိုရင် နှစ်ပင် သုံးပင်လိမ်အောင်သောက်တဲ့ ဂန်နူးကူးမား။ မနက် အိပ်ယာကနိုးပြီဆိုရင်တော့ ကျွတ်တသပ်သပ်နဲ့ နောက်မသောက်တော့ပါဘူး နှစ်ပင်မလိမ်တော့ပါဘူးလို့ ဘုရားတပြီး ကျိန်တဲ့သူ။ အမူးပြေရင် ထန်းနို့မော့ကြည့်ဆိုတာလိုပဲ အရှိန်လေးကျပြီဆိုတာနဲ့ အရက်ဆိုင်ဝင်တော့တာပါပဲ။ ဒီလိုအရက်သမားကို အဖေကျောင်းဆရာကြီးရဲ့စကား နားမထောင်ဘဲ တည့်မတ်ပေးလို့ရမှာပါဆိုပြီး ယူခဲ့မိတဲ့ လင်ဆိုးမယားလေးကတော့ နီရ်မာလာ။ဘာအလုပ်မှမယ်မယ်ရရ မလုပ်ဘဲ သောက်သောက်စားစား လူမင်းသားလုပ်နေတဲ့ယောကျ်ားဖြစ်သူကြောင့် ကလေးမယူပါဘူးလို့ ဆုံးဖြတ်ထားတဲ့ကြားက ကိုယ်ဝန်လွယ်ရပါရော။ စိတ်တိုတိုနဲ့ပဲ ယောကျ်ားဖြစ်သူကို တော် သောက်သုံးကျရင်ကျ မကျလို့ကတော့ ဒီကိုယ်ဝန်ဖျက်ချမှာလို့ ကြိမ်းပါတော့တယ်။ ကလေးလိုချင်သူ ယမကာလုလင်လေး မောင်ဂန်နူးတစ်ယောက် ဘာလုပ်လဲဆိုတော့ သူနဲ့ကျေးဇူးမကင်းတဲ့ နိုင်ငံရေးသမားကြီးအကူအညီနဲ့ အမတ်ဖြစ်ဖို့ကြံပါရောလား။ အမတ်လောင်း အရက်သမားဂန်နူးပေးတဲ့ကတိက ဒီမြို့နယ်တခွင် အရက်ကင်းစင်ရမယ်တဲ့။အဲဒီမှာပဲ ကြုံတွေ့လာတဲ့ အတိုက်အခိုက် အယှဉ်အပြိုင်တွေရယ် အရက်သမားတစ်ယောက်က သူပေးတဲ့ကတိကိုတည်နိုင် အကောင်အထည်ဖော်နိုင်မလားဆိုတာရယ်တော့ ဆက်လက်ကြည့်ရှုခံစားကြပါဦး။(အညွှန်းနဲ့ဘာသာပြန်ကတော့ ...
movie

Dry Day (2023)

2023
Rules Ranjann (2023) 6.9
Rules Ranjann (2023) Rules Ranjan (2023) "ငယ်ချစ်ဦးနှင့် ပြန်လည်တွေ့ဆုံခြင်း" IMDb 6.9ရုံးပိတ်ရက်မှာ အမောပြေရယ်မောလို့ရမယ့် ပေါ့ပေါ့ပါးပါး rom-com တစ်ကားဖြစ်ပါတယ် Telugu သရုပ်ဆောင်တွေဖြစ်ကြတဲ့ Kiran Abbavaram နဲ့ Neha Shetty တို့ ပါဝင်သရုပ်ဆောင်ထားပါတယ်ဇာတ်လမ်းအကျဥ်းကတော့ မန်နိုရန်ဂျန် ဆိုတဲ့ ရိုးရိုးအေးအေး အင်ဂျင်နီယာ ဘွဲ့ရလေးတစ်ယောက်က မွန်ဘိုင်းက ဆော့ဖ်ဝဲလ်ကုမ္ပဏီ တစ်ခုမှာ အလုပ်ရသွားပါတယ် တစ်ရုံးလုံးက သူ့ကို ဟင်ဒီစကားမတတ်လို့ ဝိုင်းအနိုင်ကျင့်ကြပြီး တစ်နေ့မှာတော့ အဲလက်ဆာ ဆိုတဲ့ AI စက်ကလေးရဲ့ အကူအညီနဲ့ ဟင်ဒီလို နားလည်ဖို့ ကြိုးစားပါတယ် အဲလက်ဆာရဲ့ အကူအညီနဲ့ ဆော့ဖ်ဝဲလ်မိတ်ဆက်ပွဲတစ်ခုမှာ မသမာမှုတစ်ခုကို အများရှေ့ ဖော်ထုတ်လိုက်နိုင်တာကြောင့် ရာထူးတိုးသွားပြီး သာမန် ရိုးရိုးအအ ဝန်ထမ်းလေး ရန်ဂျန်ကနေ ဘော့စ်ကပါ ကြောက်ရတဲ့ စည်းစနစ်ကျတဲ့ စာအုပ်ကြီးရန်ဂျန် ဖြစ်လာပါတော့တယ်အရာရာကို စည်းနဲ့ကမ်းနဲ့ လှေနံဓားထစ်လုပ်တတ်တဲ့ ရန်ဂျန်တစ်ယောက် တစ်နေ့မှာတော့ ကျောင်းတုန်းက ကြိတ် crush ...
movie

Rules Ranjann (2023)

2023
Dream Girl 2 (2023) 6
Dream Girl 2 (2023) Dream Girl 2 2023 (လုံးရာကပြားချင်ယောင်ဆောင်တဲ့ ဘုန်းကညာတစ်ပါး)IMDB (6/10) ရရှိထားပြီး ဘတ်ဂျက် ၃၅ ကုဋေရင်း ကုဋေ ၁၄၀ ထိပြန်အမြတ်ထွက်ခဲ့တဲ့ ပထမကားထဲကမင်းသားအာရူရှမန် ဂူရာနားနဲ့ student of the year ဒီပီကားရဲ့လေးပွင့်ဆိုင်ဖောက်ပြန်ရေးဇာတ်ကား Gehraiyann ထဲက မင်းသမီးချောလေး အန်နယာပန်ဒေးတို့ ဦးဆောင်ပါဝင်ထားတဲ့ ဇာတ်ကားသစ်လေးကို တင်ဆက်ပေးလိုက်ပါတယ်ဇာတ်လမ်းအကျဉ်းလေးကတော့ ခေါင်းစဉ်အတိုင်းပါပဲ ကာရမ်ကနတ်ဘုရားပူဇော်ပွဲတွေမှာ ဖျော်ဖြေပေးတဲ့သူတစ်ယောက်ပါ သု့ပါပါဂျက်ဂျိကတော့ အိမ်တိုင်ပါချွတ်ပေါင် အကြွေးပတ်လည်ဝိုင်းနေတဲ့ အဖေလိမ္မာလေးပေါ့…သားက ယောင်ချာချာအလုပ်မရှိ အဖေက အကြွေးတောထဲနစ်နေပေမဲ့ နှစ်ယောက်သားကတော့ အေးဆေးပါပဲ ကာရမ်ရဲ့ကောင်မလေးက ရှေ့နေမလေးတစ်ယောက်ဖြစ်ပြီး ချမ်းသာတဲ့မိသားစုကပါ အဲ့ကနေ သူ့သားကိုတင်တောင်းမဲ့ ခန်းဝင်ပစ္စည်းတွေနဲ့ အကြွေးတွေဆပ်မယ်လို့ အကြံကြီးပေမဲ့ ကောင်မလေးရဲ့အဖေက အိမ်လာလည်ပြီး ကာရမ်တို့သားအဖရဲ့ အခြေအနေမှန်ကိုသိသွားတော့ သမီးနဲ့သဘောမတူတော့ပါဘူးသမီးနဲ့တူအောင်တန်အောင် ခြောက်လအတွင်း အိမ်ခြံအလုပ်ငွေသားပြနိုင်မှ ပေးစားမယ်ဆိုလို့ မစ္စတာကာရမ်လဲ ပိုက်ဆံမြန်မြန်ရအောင် ကြံရာမရ လုံးရာကပြားချင်ယောင်ဆောင်ပြီး | ဘားတွေမှာ သီချင်းလိုက်ဆိုပါတော့တယ်ဘာတွေဘယ်လိုဆက်ဖြစ်မလဲ ချစ်သူနှစ်ဦးရော ပေါင်းစပ်နိုင်ကြမလား လိုအပ်တဲ့အရာတွေကိုရော ခြောက်လအတွင်းရမလား ...
movie

Dream Girl 2 (2023)

2023
Dream Girl (2019) 7.5
Dream Girl (2019) (Unicode)"ဟဲလို ____ပူဂျားစကားပြောနေပါတယ်ရှင့်"ဖုန်းမြည်သံကြားလို့ ကိုင်လျက်သား ဖြစ်တဲ့အခါ ဒီ အဖြေစကားနဲ့ ထူးရတယ်။ဖုန်းခေါ်သူ အများစုက ပုရိသ တွေဖြစ်ပြီး တစ်ဖက်မှာတော့ ပူဂျား ဆိုတဲ့ နတ်ပျိုမယ်လေးက လက်ခံ စကားပြောရတယ်။ဒါဟာ Friendship call center အခန်းထောင့်တစ်နေရာရဲ့ ဇာတ်ဝင်ခန်းလေး။ပြောရရင် ပူဂျား ဆိုတာက ဖုန်းနံပါတ်တစ်ခုပိုင်ရှင်။ ပူဂျားကလည်း အသံချိုသာတယ်။ ချွဲတယ်။များသော အားဖြင့် စကားလက်ခံပြောဖူးသူ တိုင်း ကြွေတဲ့ သူပေါ့။အစကတော့ ပူဂျားနေရာမှာ ကောင်မလေးတစ်ယောက်က လက်ခံစကားပြောတယ်။ဒါပေမဲ့ တစ်နေ့မှာ အဲ့ကောင်မလေးက ရုံးမလာဘူး ။ အဲ့မှာ ဖုန်းဆက်သူတွေ နဲ့ ပွဲပေါ့ ။ဖြစ်ချင်တော့ ကရမ် ဆိုတဲ့ ငနဲလေးက အဲ့ ရုံးကို မယောင်မလည် အလုပ်လာလျှောက်တယ်။ အစကတော့ ...
movie

Dream Girl (2019)

2019
Raincoat (2004) 7.7
Raincoat (2004) Raincoat (2004) *************** ဒိဇာတ်ကားလေးကတော့ ကမ္ဘာ့အလှဆုံးမင်းသမီးတစ်ယောက်လို့ တင်စားခံရတဲ့ အက်ရှ်ဝါးရိယားရွိုင်နဲ့ မင်းသားကြီး အာဂျေးဒေ့ဗ်ဂန်းဒ်တို့ ပါဝင် သရုပ်ဆောင်ထားကြတဲ့ Romance/Dramaအမျိုးအစား ဘောလိဝုဒ်ဇာတ်ကားတစ်ကားဖြစ်ပြီး IMDb ratingကလည်း 7.7အထိ ရရှိထားပါတယ်။ဇာတ်လမ်း အကျဉ်း မာနိုးဂ်ျနဲ့ နီရူးတို့ဟာ တစ်ချိန်က တစ်ယောက်နဲ့ ‌တစ်ယောက်ချစ်ခင်စုံမက်ခဲ့ကြတဲ့ သမီးရည်းစားတွေ ဖြစ်ကြပါတယ်။ တစ်နေ့မှာတော့ နီရူးဟာ ပစ္စည်းဥစ္စာ ပေါကြွယ်ဝတဲ့သူတစ်ယောက်နဲ့ လက်ထပ်တော့မှာဖြစ်ကြောင်းနဲ့ သူ့ကို မေ့လိုက်ဖို့အတွက် မာနိုးဂ်ျကို ဖွင့်ပြောလာပါတော့တယ်။အချိန်အတော်အတန် ကြာပြီးတဲ့နောက်မာနိုးဂ်ျနဲ့ နီရူးတို့ ပြန်လည်ဆုံတွေ့ကြရာဝယ်.... လွမ်းစွတ်တမ်းတမှုတွေ နောင်တတွေနဲ့ ပြန်ဆုံကြရတဲ့သူတို့နှစ်ယောက်ရဲ့ ဘဝကဘယ်လိုတွေဖြစ်နေပြီလဲ ပြန်ရောပြောင်းလဲနိုင်ဦးမှာလား... အရမ်းနောက်ကျသွားပြီလား... ဆိုတာတွေကိုတော့ ဇာတ်ကားထဲမှာပဲ ကြည့်ရှုပေးကြပါလို့ ...သရုပ်ပေါ်လွန်းလှတဲ့သူတို့ရဲ့ သရုပ်ဆာင်မှုတွေနဲ့ ရိုးရှင်းပြီး ထိရောက်တဲ့ဇာတ်လမ်းဇာတ်အိမ်တွေကြောင့် ကြည့်ဖူးသမျှ လူတွေမမေ့နိုင်တဲ့ဇာတ်ကားလေးတစ်ကား ဖြစ်တာမလို့ ဘောလိဝုဒ်ပရိတ်သတ်များ လုံးဝ လက်မလွှတ်သင့်ပါကြောင်း... ဘာသာပြန်သူတွေကတော့ Thaik San,Intelligenceနဲ့ Soe Kalayarတို့ပဲ ဖြစ်ပါတယ်။ File size…2.9GB / 830MB Quality…1080p WEB DL / 720p Format…mp4 Duration….1h 57m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Thaik San ~ ...
movie

Raincoat (2004)

2004
Mere Desh Ki Dharti (2022) 7.9
Mere Desh Ki Dharti (2022) Mere Desh Ki Dharti(2022) ဆိုတဲ့ အန္ဒိယဟာသ ဒရာမာလေးဟာ ကြည့်ရှူသူတိုင်းကို စိတ်ကျေနပ်မှုပေးမယ့် ဇာတ်ကားကောင်းလေးပါပဲ။ ကျွန်တော်တို့ လက်တွေ့ဘဝတွေမှာလိုမျိုးပဲ သင့်တော်တဲ့အလုပ်ဆိုတာ လူတိုင်းမရနေတဲ့ အကြောင်းလေးကို ဇာတ်အိမ်တည်ထားပြီး ပေါ့ပေါ့ပါးပါး ဟာသဆန်ဆန် ကြည့်ရှုရင်း အမောပန်းပြေရမယ့် ဇာတ်ကားလေးပါ။ အာဂျေးနဲ့စမီးရ် ဟာ လစာနည်းတဲ့ အင်ဂျင်နီယာတွေဖြစ်ကြပြီး သက်ဆိုင်ရာလုပ်ငန်းခွင်မှာ အဆင်ပြေရုံလေးရုန်းကန်နေကြရပါတယ်။ အာဂျေးက လစာနည်းပါး၍ ချစ်သော ဖခင်ရဲ့ ဆူပူမှုတွေကြောင့် စိတ်ညစ်နေရသူဖြစ်ပြီး ကိုယ်ပိုင်လုပ်ငန်းလေးတည်ထောင်ချင်နေသူဖြစ်ပါတယ်။ ကိုယ်ပိုင်လုပ်ငန်းအတွက် လိုအပ်တဲ့ငွေကြေးကို ရှာဖွေရင်း လုပ်နိုင်သမျှ အားလုံးကိုလုပ်နေရသူပါ။ ဒါပေမယ့်လဲ လိုအပ်တဲ့ ငွေရေးကြေးရေးဟာ ရှာမရဘဲ အရာအားလုံးက တလွဲဖြစ်ဖို့ပဲ ဖန်တီးလာပါတယ်။ တစ်ချိန်ထဲမှာပဲ စမီးရ်ဟာ ဆိုရင် ကုမ္မဏီမှာ ရာထူးကောင်းပေမယ့် ယောက္ခမလောင်း အထင်ကြီးလောက်တဲ့ နေရာမှာရှိမနေတဲ့အတွက် ချမ်းသာတဲ့ သူ့ရဲ့ရည်းစားကောင်မလေးနဲ့ ဆက်ဆံရေးအဆင်မပြေလှပါဘူး။ ရှားပါးလှတဲ့ ရာထူးတိုးအခွင့်ရေးကို စောင့်မျှော်နေရင်း ရာထူးတိုးဟာ သူအတွက်မဟုတ်ဘူးဆိုတာ သိလိုက်ရပါတော့တယ်။ ဒါနဲ့သူငယ်ချင်းနှစ်ယောက် တခြားရွာတစ်ခုမှာ သတ်သေကြမယ်ဆိုပြီး တိုင်ပင်ပြီးထွက်ခွာသွားရာမှ ဘဝမှာ မထင်မှတ်ထားတဲ့အပြောင်းလဲတွေနဲ့ကြုံရပါတော့တယ်။ သတ်သေမှုမအောင်မြင်ဘဲ အဲဒီရွာလေးမှာပဲ ပိတ်မိနေပြီး တလွဲတွေဖြစ်နေတဲ့ ရွာသားတွေရဲ့ ဘဝကို ဝင်ရောက်ပြင်ဆင်ပေးဖို့ဖြစ်လာခဲ့ပါတော့တယ်။ ရွာမှာရှိနေတဲ့ လယ်သမားတွေရဲ့ သေဆုံးမှုနောက်ကွယ်က အကြောင်းအရာကို လိုက်လံရှာဖွေဖြေရှင်းရင်း ကြုံတွေ့ရတဲ့ အဖြစ်အပျက်တွေကို ဟာသလေးနှောပြီးရိုက်ကူးထားတဲ့ ဇာတ်လမ်းကောင်းလေးပဲဖြစ်ပါတယ်။ File ...
movie

Mere Desh Ki Dharti (2022)

2022
Chehre (2021) 7.5
Chehre (2021) Chehre (2021) အညွှန်း********************IMDb...7.5ဒေလီသွားရာ ဖြတ်လမ်းတစ်နေရာတစ်ခုပါ။ တောင်ပေါ်လမ်းဖြစ်သည့်အလျောက် သစ်ပင်များဖြင့် အုံ့ဆိုင်းနေသော လမ်းကျဉ်းလေးတစ်ခုရှိတယ်.... အဲ့ဒီနေ့မှာ နှင်းမုန်တိုင်းများ ပြင်းထန်နေပြီး နှင်းခဲနှင်းမိုးတွေလည်း လမ်းပေါ် ပြည့်နှက်နေတယ်။မစ္စတာမီဟ်ရာတစ်ယောက် မောင်းနှင်လာသော BMWကားအကောင်းစား တစ်စီးနှင့် ဒီလမ်းအတိုင်း ဖြတ်မောင်းလာစဉ် လမ်းပေါ်သို့ လဲကျလာသော သစ်ပင်အားကံကောင်းထောက်မစွာ ကပ်ရှောင်ကွင်းနိုင်ခဲ့တယ်။ဒါပေမဲ့ ရှေ့ဆက်ဖို့ရာအတွက်တော့ သူ့အတွက် ခက်ခဲလှပါတယ်။အနီးအနားသို့ ရောက်လာတဲ့ သူတစ်ယောက်ရဲ့ အကူအညီနဲ့ သူဟာ တည်းခိုရာ အိမ်တစ်ခုကို ရောက်သွားခဲ့ပါတယ်။ကယ်ဆယ်ခဲ့တဲ့သူတွေနဲ့ မိတ်ဆက်စကားလက်ဆုံကြရာမှာဉပဒေအရာရှိတစ်ဦးဖြစ်နေတယ်...မစ္စတာ မီဟ်ရာအတွက် ဥပဒေလောကနဲ့ မနီးစပ်ပေမဲ့ သူတည်းခိုရာဝန်းကျင်က ရှေ့နေတွေ တရားသူကြီးတွေနဲ့ စကားလက်ဆုံ ကျဖို့ အကြောင်းဖန်လာခဲ့ပါတော့တယ်။အဲ့ဒီကနေ တဆင့် ဥပဒေနှံ့စပ်သူ လေးယောက်ရဲ့ အန္တရယ်များတဲ့ ကစားပွဲထဲကို သူ စိတ်မပါဘဲ ဝင်ပါကစားဖို့ဖြစ်သွားခဲ့တယ်။ဘယ်လို ကစားပွဲဖြစ်မလဲ၊ ဘယ်လောက်ထိ ခက်ခဲမလဲ၊ ဥပဒေတွေကြားမှာ ရှင်သန်သူတွေရဲ့ကြား လုပ်ငန်းရှင်တစ်ယောက် ဘယ်လို အခက်ကြုံမလဲဆိုတာကိုတော့.......File Size :(2.23GB) (1.3GB) and (537 MB) Quality : WEB-DL1080P.HEVC.5.1CH,  720p Format…mp4 Duration…02:19:00 Genre : Mystery , Drama ,Thriller Subtitle : Myanmar Subtitle ...
movie

Chehre (2021)

HEVC 1080p 5.1
Suraj Pe Mangal Bhari(2020) 6.0
Suraj Pe Mangal Bhari(2020) Suraj Pe Mangal Bhari (2020) ****************************IMDb...6.0မဒူမန်ဂလ်ရာနေး ဆိုတဲ့သူဟာ မင်္ဂလာကိစ္စနဲ့ပတ်သက်ပြီး စုံစမ်းထောက်လှမ်းရေး လုပ်ပေးတဲ့ သူတစ်ယောက်ပါ။ သမီးရှင်တွေက သူတို့သမီးနဲ့ ပေးစားမဲ့သူက သင့်တော်လား မသင့်တော်ဘူးလားဆိုတာကိုသိရဖို့အတွက် မဒူမဂန်လ်ရာနေးကို အလုပ်အပ်ကြပါတယ်။ မန်ဂလ်က ရုပ်ဖျက်ပြီး သတို့သားလောင်းရဲ့ အကြောင်းကိုစုံစမ်းပြီး ကောင်းရင် ကောင်းသလိုမကောင်းရင် မကောင်းသလို သက်သေအထောက်အထားနဲ့တကွ သမီးရှင်ကိုတင်ပြရပါတယ်...များသောအားဖြင့် သိတဲ့အတိုင်း ယောင်္ကျားလေးဆိုတာမျိုးက မကောင်းမှုတစ်ခုခုကိုမွေ့လျော်နေတတ်တာမို့မန်ဂလ်ကြောင့်  ပျက်သွားတဲ့ လက်ထပ်ပွဲတွေမနည်းပါဘူး...ကြာလာတော့ ပွဲပျက်တာကိုတောင်ပျော်ချင်ချင်ဖြစ်လာပါတယ်...ဒီလိုနဲ့ နောက်သတို့သားလောင်း စုံစမ်းပေးဖို့ လာအပ်ပါတယ်...ထုံးစံအတိုင်းစုံထောက်ကြီး မန်ဂလ်ကြောင့် ပွဲပျက်သွားလေရဲ့...အရင်လိုပဲ အေးဆေးလေးပြီးသွားမယ်လို မန်ဂလ်ထင်ခဲ့တာကအမှားကြီးမှားတာပါပဲ...ဘာလို့ဆို ပွဲဖျက်ခံရတဲ့သတိုးသားလောင်းဟာ ဒီကိစ္စရဲ့ရင်းမြစ်ကိုစုံစမ်းတော့တရားခံဟာမန်ဂလ်ကြောင့်သိသွားတဲ့အခါမှာတော့ နည်းမျိုးစုံနဲ့လက်တုံပြန်ပါတော့တယ်..ဒီကားက ဟာသ အချစ်ကားလေးပါ ..ရယ်လည်းရယ်ရသလို ဇာတ်လမ်းလေးလည်းကောင်းပါတယ်...မင်းသမီးလေးလည်းလှပါတယ်...ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Thaik Sanပဲဖြစ်ပါတယ်...File Size :(1.22GB) and (471MB) Quality : WEB-DL 720p Format…mp4 Duration…01:48:00 Genre : Comedy Subtitle : Myanmar Subtitle (Hard Sub) Translated ...
movie

Suraj Pe Mangal Bhari(2020)

Khandaani Shafakhana (2019) 4.0
Khandaani Shafakhana (2019) Khandanni Shafakhana (2019) ======================== ဟိုတလောက FB ပေါ်မှာ ပွဲဆူသွားစေခဲ့တဲ့ “Sex Education” ဆိုတဲ့ ခေါင်းစဉ်လေးကို မှတ်မိကြတယ်မလား   ဒီဇာတ်ကားလေးဟာ လူတွေ “Sex Education” ကိုတကယ်ပဲလိုအပ်သလား မလိုအပ်ဘူးလားဆိုတာကို   မီးမောင်းထိုးပြသွားတဲ့ ဇာတ်ကားကောင်းလေးတစ်ခုပါ   ဒီဇာတ်ကားထဲမှာတော့ အိန္ဒိယနိုင်ငံသားတွေဟာ သူတို့ရဲ့ ယဉ်ကျေးမှုကို   ဘယ်လောက်ထိအလေးထားကြလဲဆိုတာကို ကွင်းကွင်းကွက်ကွက်ရိုက်ပြထားပါတယ် တော်တော်လည်းကြမ်းကြပါတယ်   ဘယ်လောက်ကြမ်းသလဲဆိုရင် တီဗီမှာလိင်မှုကိစ္စနဲ့ပတ်သတ်တဲ့   ကြော်ငြာတစ်ခုကိုထည့်လိုက်မိတဲ့ မားမားဂျီးဆိုတဲ့သမားတော်တစ်ယောက်ဟာ   ၂၅နှစ်တိတိ သူအလုပ်လုပ်လာခဲ့တဲ့ဆေးကုမ္ပဏီကနေ   မဆိုင်းမတွအလုပ်ထုတ်ခံလိုက်ရပါတယ် နောက်ဆုံး အသတ်ခံရတဲ့အထိဖြစ်သွားခဲ့ပါတယ်   ဖြစ်ချင်တော့ သူ့ရဲ့သေတမ်းစာအရ မားမားဂျီးဟာ သူ့ရဲ့တူမလေးဖြစ်သူ   ဘေဘီဘင်ဒီ ကို သူပိုင်တဲ့လိင်ဆေးကုသခန်းကို အမွေပေးသွားခဲ့ပါတယ်   သတ်မှတ်ချက်အရ ဘေဘီဘင်ဒီဟာ ဆေးခန်းမှာခြောက်လတိတိအလုပ်လုပ်မှသာ   အမွေကိုလုံးဝပိုင်ဆိုင်ခွင့်ရမှာဖြစ်ပါတယ်   Sex ဆိုတဲ့ စကားလုံးကိုပြောရင်တောင် ရွံ့ရှာတဲ့အကြည့်နဲ့ကြည့်ကြတဲ့ နိုင်ငံမှာ   မိန်းကလေးတစ်ယောက်က လိင်ဆေးကုသခန်းမှာ အလုပ်လုပ်တယ်ဆိုရင်   ဘယ်လောက်တောင်ပြောဆိုကြမလဲဆိုတာကို တွေးစရာမလိုပါဘူး   ဒါပေမယ့်ဘေဘီဘင်ဒီဟာ လက်ခံလိုက်ပါတယ် ဘာဖြစ်လို့လဲဆိုတော့ ရှင်းပါတယ် ပိုက်ဆံမရှိလို့ပါ   မကြာခင်မှာ အိမ်ကလည်းအကြွေးမဆပ်နိုင်လို့ အပိုင်သိမ်းခံရတော့မယ်   ရှိတဲ့မောင်လေးကလည်း ဘာအလုပ်မှမလုပ်တဲ့ငပျင်း အဲ့တော့ ကံကောင်းပြီးရလာတဲ့   အမွေကိုလက်ခံလိုက်ဖို့ကလွဲပြီး သူ့မှာရွေးချယ်စရာမရှိပါဘူး   အဲ့ဒီတော့ ဘေဘီဘင်ဒီတစ်ယောက် ဘယ်လိုပြဿနာတွေကိုဘယ်လိုရင်ဆိုင်ဖြေရှင်းမလဲ   လူမှုအဖွဲ့အစည်းတစ်ခုလုံးမှာစွဲညှိနေတဲ့ရှေးအယူအဆတွေကို ဘယ်လိုပြောင်းလဲမလဲဆိုတာကို   တခွီခွီနဲ့ရယ်ပြီး ကြည့်ရမှာဖြစ်ပါတယ် ရသလည်းစုံပါတယ် တကယ့်ဇာတ်လမ်းကောင်းတစ်ပုဒ်ပါ   ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Thet ...
movie

Khandaani Shafakhana (2019)

Khuda Haafiz(2020) 8.1
Khuda Haafiz(2020) Khuda Haafiz(2020)************** IMDb 8.1ရရှိထားတဲ့Action Thriller ဇာတ်ကား ကားတစ်ကားဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း ဆမီရ်​ချောင်ဒရီနဲ့ နာရ်ဂိရှ်​ချောင်ဒရီတို့ကို မိဘာတွေက ဝတ္တရားရှိတဲ့အတိုင်းလက်ထပ်​ပေးလိုက်ကြပါတယ်။ နာရ်ဂိရှ် ချောင်ဒရီဟာ အကြောင်းအမျိုးမျိုးကြောင့်အလုပ်ထွက်လိုက်ရပြီး ဆမီရ်ချောင်ဒရီကလည်းလုပ်ငန်းအခွင့်အလမ်း​တွေပိတ်သွားတာ​ကြောင့် နှစ်ယောက်စလုံးက နိုင်ငံခြားမှာအလုပ်သွားလုပ်ဖို့ဆုံးဖြတ်လိုက်ကြတယ်။ အလုပ်လျှောက်တဲ့အခါ နာရရ်ဂိရှ်ကအလုပ်အရင်ရသွားပြီး ဆမီရ်က ကျန်နေတာ​ကြောင့် နာရ်ဂိရှ်ကိုတစ်ယောက်တည်းနိုင်ငံခြားလွှတ်ဖို့စိတ်မချပေမယ့် လွှတ်လိုက်ရပါတယ်။ နာရ်ဂိရှ် ချောင်ဒရီကနိုင်ငံခြားရောက်ပြီးတဲ့နောက်ဖုန်းခေါ်လာခဲ့​ပေမယ့်အလုပ်မရဘဲတစ်ခြားတစ်နေရာကိုခေါ်သွားနေကြကြောင်း သူ့ကိုနှိပ်စက်နေကြကြောင်း နဲ့လာပြန်​ခေါ်ဖို့အတွက်ဆမီရ်ကို​ပြော​တော့ ဆမီရ်တစ်ယောက် နာရ်ဂိရှ်ဟာ အကြီးအကျယ်အန္တရယ်တောထဲရောက်နေပြီကိုသိတဲ့အခါမှာတော့.... ဘာတွေဆက်ဖြစ်ကြမယ်ဆိုတာကိုတော့ ဇာတ်ကားထဲမှာပဲကြည့်ရှုပေးကြပါလို့.....ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Thaik San ပဲဖြစ်ပါတယ်....File Size : (1.03  GB) and (380 MB) Quality : WEB-DL 720p Format…mp4 Duration…02:10:00 Genre : Action , Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by Thaik San Encoded by Phyo Pyae
movie

Khuda Haafiz(2020)

Missing (2018) N/A
Missing (2018) ဒီတစ်ခါတော့ Channel Myanmarပရိသတ်ကြီးအတွက်ဘောလိဝုကားကောင်းကောင်းလေးတစ်ကားတင်ဆက်ပေးချင်ပါတယ်။ဇာတ်လမ်းလေးနာမည်ကတော့ Missing (2018) ပါ။အချစ် ဟာသ ကားတွေနဲ့ငြီးငွေ့နေတဲ့ ပရိသတ်ကြီးအတွက် ဒီ Drama Thriller အမျိုးအစား ကားလေးကအကြိုက်တွေ့စေမှာပါ။Ratingအနေနဲ့ကလဲ Imdb Rating 6.2/10 လောက်ရထားတာဆိုတော့ ကုလားကားတစ်ကားအနေနဲ့မဆိုးဘူးလို့ပဲ ဆိုရမှာပါ။ဇာတ်လမ်းအကျဉ်းလေးကိုလဲ အားလုံးမြည်းစမ်းကြည့်ရအောင်တင်ဆက်ပေးချင်ပါသေးတယ်။အေးအေးလူလူ အပန်းဖြေခရီးထွက်လာတဲ့မိသားစုတစ်စု...ဖခင်ဖြစ်သူ Sushantရယ် မိခင်ဖြစ်သူ Aparnaရယ် သုံးနှစ်အရွယ်သမီးလေး Titli တို့ကပင်လယ်ကမ်းခြေတစ်ခုကိုအလည်အပါတ်ရောက်ရှိနေတာပါ။အဲ့ဒီခရီးစဉ်မှာပဲ သမီးလေး Titli ကအပြင်းဖျားပါတော့တယ်။ဒီလိုနဲ့ နောက်တစ်နေ့မနက်မှာ အပြင်းဖျားနေတဲ့ကလေးလေး ပျောက်ချင်းမလှပျောက်ဆုံးသွားပါတော့တယ်။နယ်မြေရဲတွေကိုသတင်းပို့တိုင်ချက်ဖွင့်သော်ငြား အခြေအနေထူးမလာခဲ့ပါဘူး။အဲ့အချိန်မှာပဲ တစ်ယောက်နဲ့တစ်ယောက်သံသယတွေဝင်ကာအခြေအနေတွေက တစ်စတစ်စတင်းမာလာခဲ့ပါတယ်။ဒီကလေးပျောက်ဆုံးသွားမှုအပေါ်ဘေးလူတွေဝိုင်းသုံးသပ်မှုတွေနဲ့ ဒီပျောက်ဆုံးမှုဟာသွေးရိုးသားရိုးရောဟုတ်ပါသလား?ဘယ်သူ့ပယောဂကြောင့်များပျောက်ဆုံးသွားခဲ့တာလဲ?ပြန်ရောတွေ့ပါ့မလား?စတဲ့သို့လောသို့လောမေးခွန်းတွေနဲ့ အဆုံးအထိ စိတ်ဝင်တစားကြည့်ရှူသွားရမယ့်ကားလေးတစ်ကားပါ။ဒီကားလေးရဲ့ နာမည်ကတော့ Missing (2018)ဖြစ်ပြီး CMပရိသတ်ကြီးအတွကိတင်ဆက်ပေးလိုက်ရပါတယ်။ (ဘာသာပြန်သူကတော့ d3mon ပါ) File Size : (999 MB) and (400 MB) Quality : WEB-DL 720p Running Time : 2hr 0min Format ...
movie

Missing (2018)

2018
7 Khoon Maaf (2011) 6.2
7 Khoon Maaf (2011) မိန်းမတိုင်းဟာ တစ်သက်မှာ တစ်ခါတော့ သူတို့ ယောက်ျားတွေကို သတ်ပစ်ဖို့ စဉ်းစားဖူးတယ် တဲ့ .....ခင်ဗျားဟာ အိမ်ထောင်သည်ဆိုရင် ခင်ဗျားရဲ့မိန်းမကို မေးကြည့်ပါ ။ အနည်းဆုံး တစ်ကြိမ်တော့ ခင်ဗျားကို သတ်ဖို့ နည်းလမ်းတစ်ခုတော့ သူစဉ်းစားဖူးလိမ့်မယ်တဲ့ .....ကဲ .. ဒါဆို ဘာလို့ ခင်ဗျား အခုထိ အသက်ရှင်နေလဲ သိလား?"ကလေး"ကလေးတစ်ယောက်လောက် ရလိုက်ရင် မိန်းမတွေဟာ ယောက်ျားကို ပိုပြီး သည်းခံလာနိုင်လာတယ်တဲ့ ... ဒါကြောင့် ခင်ဗျား အခုချိန်အထိ အသက်ရှင်နေတာပေါ့ .....ဆူဆန်နာ အန်နာမရင်း ဂျိုဟန်နာ ဆိုတဲ့ သူဌေးမ တစ်ယောက် ယောက်ျား ၆ ယောက်ထိ ယူခဲ့တယ် အကုန်သေကုန်တယ် ။တကယ်တော့ ဆူဆန်နာဟာ သူ့ဘဝသက်တမ်း တစ်လျှောက်လုံး ထာဝရအချစ်ကို ရှာဖွေခဲ့တာပါ ၊ အရမ်းအထီးကျန်ခဲ့ရပါတယ် ။ သူ မွေးကင်းစအရွယ်မှာပဲ သူအမေ ဆုံးပါးသွားခဲ့တယ် ။ ပြီးတော့ သူအရွယ်မရောက်ခင်မှာဘဲ သူ့အဖေ ...
movie

7 Khoon Maaf (2011)

2011
Darr (1993) 7.9
Darr (1993)   Bollywood ရဲ့ King Khan လို့ လူသိများတဲ့ ရှာရွတ်ခန်း(SRK) ရဲ့ အကောင်းဆုံး ဇာတ်ရုပ်ကို ပြောပါဆိုရင် ဗီလိန်ဇာတ်ရုပ်ပဲ ပြောရလိမ့်မယ်။ အိန္ဒိယမှာ SRK နှင့် အမီတာဘချမ်း တို့ဟာ ပရိတ်သတ်အပေါ် လွှမ်းမိုးနိုင်လွန်းလို့ သူတို့ တော်ရုံ ဗီလိန် ဇာတ်ရုပ် သိပ်မရိုက်ကြဘူး ပရိတ်သတ် အတုယူ မှားမှာ ကြောက်လို့။ ဒီဇာတ်ကားမှာဆိုလည်း SRK က ရည်စား အိမ်ထောင် ရှိပြီးသား မိန်းကလေး တစ်ယောက်ကို စိတ္တဇ ဆန်ဆန် တဖက်သတ် ချစ်ရတဲ့ ဗီလိန် နေရာက သရုပ်ဆောင်ရပေမယ့် သူ့ သရုပ်ဆောင်ချက်တွေက ပရိတ်သတ် အမြင်မှာ ဗီလိန် မဟုတ်ပဲ ဟီးရိုးဖြစ်စေခဲ့ပါတယ်။ ============================================ "မင်းခံစားနေရတာတွေကို တစ်ယောက်ယောက်ကို ရင်ဖွင့်လိုက်ရင် မင်းရင်ထဲက ဝန်ထုပ်ဝန်ပိုးတွေ လျော့သွားမှာပေါ့" "ဝန်ထုပ်ဝန်ပိုး" "သူ့ ...
movie

Darr (1993)

1993
Oh My God 2: Dharam Sankhat Mein (2015) 6.3
Oh My God 2: Dharam Sankhat Mein (2015) Oh My God 2: Dharam Sankhat Mein (2015) IMDb - 6.3/10_____Rotten - 29%   ဒီဇာတ်ကားလေးကတော့ IMDB-6.3 ရှိထားပြီး မိသားစုကြား ချစ်ခြင်းမေတ္တာနဲ့ ဘာသာတရားတို့၏ စစ်မှန်သည့်ငြိမ်းချမ်းရေးအကြောင်း ညွန်းဆိုထားသည့်ဇာတ်ကားကောင်းလေးပါ။ Oh My God 2 အဖြစ်လည်း ခေါ်ဝေါ်ကြပါသေးသည်။ဇာတ်လမ်းအကျဉ်း မစ္စတာဒရမ်ပါးလ် ဟာ ဘာသာမဲ့တစ်ဦးဖြစ်ပြီး အစ္စလာမ် ဘာသာကို မျက်မုန်းကျိုးနေခဲ့သူတစ်ဦး ဖြစ်နေခဲ့ပါတယ်။သို့သော် သူရဲ့မိသားစုဝင်တွေကတော့ နီးလ်ဘာသာကို လေးနက်သက်ဝင်ခဲ့သူတွေ ဖြစ်နေကြပါတယ်။ တစ်နေ့မှာတော့ ဒရမ်ပါးလ် ရဲ့သား အာမစ်ကတော့ ရှရပ်ဆိုသည့် မိန်းကလေးနှင့် စေ့စပ်ပေးရန် တောင်းဆိုခဲ့သည်။ ထို့ပြင် ရှရပ်တို့ဘက်မှ ဒရမ်ပါးလ်ကို ဘာသာရေးကိုင်းရှိုင်းသော ဖခင်ကောင်းအဖြစ် တွေ့မြင်လာစေရန်ပါ တောင်းဆိုခဲ့ပြန်ပါသည်။ မမျှော်လင့်တဲ့တစ်ရက်မှာတော့ ဒရမ်ပါးလ်ဟာ မွေးစားအမေရဲ့ စာချုပ်လေးကို တွေ့ရှိခဲ့ပြီး သူကိုယ်တိုင်ပင် အစ္စလာမ်မျိုးရိုးဖြစ်နေကြောင်း သိရှိခဲ့ရသည်။ သူ၏ ...
movie

Oh My God 2: Dharam Sankhat Mein (2015)

2015