Channel Myanmar

Anthony Hayes

Ned Kelly (2003) 6.4
Ned Kelly (2003)  ဗြိတိန်အင်ပါယာရဲ့အင်အားကြီးမားစပြုချိန် ၁၈ရာစုခန့်လောက်မှာ ဘုရင်မဗစ်တိုးရီးယားက ဂရိတ်ဗြိတိန်အပြင် အိုင်ယာလန်ကိုလည်း အုပ်စိုးခဲ့ရပါတယ်...အဲဒီအချိန်က အင်္ဂလိပ်ရဲတွေ အာဏာအင်အားလွှမ်းမိုးမှုကြီးနေတဲ့အချိန်ဖြစ်တော့ လူမျိုးရေးခွဲခြားတဲ့ရဲတစ်ချို့က အိုင်ယာလန်လူမျိုးတွေကို မြင်မြင်သမျှမဲပြီး အနိုင်ကျင့်တတ်ကြတယ်။ဒီလိုနဲ့ အိုင်ယာလန်သား နဒ်ကယ်လီက မိမိနဲ့ မိမိရဲ့ကယ်လီမိသားစုအပေါ် အကျင့်ပျက်ရဲဖစ်ပတ်ထရစ်ရဲ့ အကြိမ်ကြိမ်ဖိနှိပ်မှုကြောင့် ဝရမ်းပြေးတစ်ယောက်ဖြစ်လာရင်း လူမျိုးရေးခွဲခြားမှုတွေကို တွန်းလှန်ချင်စိတ်ကြောင့် ဂိုဏ်းဖွဲ့ပြီး ပုန်ကန်လှုပ်ရှားမှုတစ်ခု အစပြုဖို့ဖြစ်လာခဲ့တယ်။ အသက်အရွယ်ငယ်လွန်းပေမဲ့ မဟုတ်မခံလိုစိတ်ပြင်းထန်တဲ့ နဒ်က သူငယ်ချင်းဖြစ်သူဂျိုးဘန်ရ်၊ ညီဖြစ်သူ ဒန်ကယ်လီ၊ ဒန်ရဲ့သူငယ်ချင်းစတိဖ်ဟာ့တို့နဲ့ စုစုပေါင်း အိုင်ယာလန်သားလူငယ်၄ဦးပူးပေါင်းပြီး ပုန်ကန်မှုကို စတင်တော့တယ်။နဒ်ကယ်လီတို့ ဆန့်ကျင်ပုန်ကန်ခဲ့တာက ဗြိတိန်နေမဝင်အင်ပါယာအစပျိုးခါနီးခေတ်ရဲ့ဘုရင်မဗစ်တိုးရီးယားရဲ့အာဏာစက်ကိုပါ...။ လူအင်အားလက်နက်အင်အားမမျှတဲ့ပုန်ကန်ပွဲမှာ ရဲစွမ်းသတ္တိနဲ့ပြည့်စုံတဲ့ နဒ်ကယ်လီက ထယ်ထိုးတဲ့သတ္တပြားတွေကိုသံချပ်ကာအဖြစ်ကိုယ်လုံးပြည့်ပြုပြင်ဝတ်ဆင်ပြီး အင်္ဂလိပ်ရဲတွေကိုပြန်လည်တိုက်ပွဲဝင်ခဲ့တာကြောင့် Ned Kelly Suit of Armourဆိုပြီး ဗစ်တိုးရီးယားခေတ်သမိုင်းဝင်ရတနာတစ်ခုအဖြစ် မှတ်တမ်းတင်ခံခဲ့ရပါတယ်။ သမိုင်းဖြစ်ရပ်မှန်ဇာတ်ကားတစ်ကားဖြစ်ပြီး နဒ်ကယ်လီအဖြစ် သြစတေးလျသရုပ်ဆောင်Heath Ledger, သူငယ်ချင်းဂျိုးဘန်ရ်အဖြစ် Pirates of the Caribbeanရုပ်ရှင်ထဲက ဝေလ်တန်နာနဲ့ ရဲမှူးဟဲရ်အဖြစ်ကပ္ပတိန်ဘာဘိုဆာတို့ ...
movie

Ned Kelly (2003)

Danger Close: The Battle of Long Tan (2019) 6.8
Danger Close: The Battle of Long Tan (2019) Danger Close: The Battle of Long Tan (2019)၁၉၆၆ ခုနှစ် ဩဂုတ်လမှာ လောင်းတန်လို့ ခေါ်တဲ့ ဗီယက်နမ်တွေရဲ့ ရော်ဘာစိုက်ခင်းတစ်ခုထဲမှာ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။ ဩစတြေးလျနဲ့ နယူးဇီလန် နိုင်ငံက အတွေ့အကြုံမရှိသေးတဲ့ လူငယ် စစ်သား ၁၀၈ ယောက် နဲ့ အတွေ့ကြုံရှိတဲ့ မြောက်ဗီယက်နမ်နဲ့ ဗီယက်ကောင်း စစ်သား ၂၅၀၀ တို့ ရဲ့ တိုက်ပွဲပါ။မိုးထဲရေထဲ တိုက်ပွဲဖြစ်ပွားခဲ့တာဖြစ်ပြီး လက်နက်ခဲယမ်းတွေပါ ကုန်သွားတဲ့အခါမှာတော့ တိုက်ပွဲအတွေ့အကြုံ နုနယ်သေးတဲ့ လူငယ်လေးတွေ သူတို့ ဆက်ပြီး ယှဉ်သန်နိုင်ဖို့ ဘယ်လိုတွေ ကျားကုတ်ကျားခဲ ရှေ့ဆက်ရမလဲ?နယ်မြေကျွမ်းကျင်တဲ့ ဗီယက်ကောင်းတွေလက်ထဲ သားကောင်မဖြစ်သွားဖို့အတွက်ဆို သူတို့ ဘာဆက်လုပ်ကြမလဲ? ဆိုတာ ...File Size          : 2.6GB, 1.1GB, 637MB Quality    ...
movie

Danger Close: The Battle of Long Tan (2019)

2019
Animal Kingdom(2010) 7.2
Animal Kingdom(2010) Animal Kingdom(2010) အညွှန်း****************************IMDb..7.3.,,, Rt..95%ဒီကားဟာ အော်စကာ ဆန်ကာတင်တစ်ဆုစာရင်းဝင်ခဲ့သလိုအခြားဆု ၃၉ ဆုလည်းရရှိခဲ့ပါတယ်...မကောင်းမှုဆိုတာ ဆိတ်ကွယ်ရာမရှိဘူးဆိုတဲ့စကားရှိပါတယ်။ဘယ်သူမှမသိတောင် ကိုယ်လုပ်တဲ့ မကောင်းမှုတွေဟာ အရိပ်မည်းကြီးလိုခြောက်လှန့်ပြီး ဘာကိုကြောက်နေရမှန်းမသိ ကြောက်နေရတာမျိုးပါပဲ။ဒါပေမယ့် တချို့လူတွေကတော့ ကြောက်ရွံမှုတွေနဲ့အတူမကောင်းမှုတွေကို ထပ်ပြီး လုပ်မိတတ်ကြပါတယ်။ အမေတစ်ခုသားတစ်ခုပဲရှိတဲ့ ဂျေဆိုတဲ့ အသက်မပြည့်သေးတဲ့ကောင်လေးတစ်ယောက် သူ့အမေ ဆေးလွန်ပြီးဆုံးပါးသွားခဲ့လို့သူ့အဖွားတွေ သူ့ဦးလေးတွေဆီ သွားနေရဖို့ဖြစ်လာပါတယ်။သူမသိခဲ့တာက အဲ့ဒီလူတွေက ဒုစရိုက်မှုတွေကို ကျူးလွန် နေကြသူတွေဆိုတာပါပဲ။ပြီးတော့ တစ်ချိန်လုံး ကြောက်နေရသူတွေပေါ့။ဂျေတစ်ယောက် သူ့ရောက်သွားရတဲ့ ပတ်ဝန်းကျင်အသစ်မှာ ဘယ်လိုတွေ ကြုံတွေ့ရမလဲ။ ပတ်ဝန်းကျင်ဆိုတာက လူတစ်ယောက်ကိုဘယ်လောက်ထိလွှမ်းမိုးနိုင်လဲဆိုတာ ကြည့်ရှုကြရမှာဖြစ်ပါတယ်။File Size : (1.6GB) (552MB) and (162 MB) Quality : Blu-Ray1080p5.1Ch, 720p Format…mp4 Duration…01:53:00 Genre : Crime , Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Pyae Moe Han Encoded ...
movie

Animal Kingdom(2010)

Gold (2022)
Gold (2022) ဇက် အက်ဖရွန်ရဲ့ ရုပ်ရှင်အသစ်ထွက်ပါပြီ။ ရင်တထိတ်ထိတ်ကြည့်ရမယ် Thriller မျိုးပါပဲ။ ဒီဇာတ်ကားထဲမှာတော့ သူက စုတ်ပြတ်နေတဲ့ သေမထူးနေမထူး ဇာတ်ကောင်ပါပဲ။ အရမ်းဆိုးရွားတဲ့နေရာတစ်ခုကနေ ထွက်လာပြီး လူသူမနီးတဲ့မှော်ထဲမှာ အလုပ်လုပ်ဖို့ လာခဲ့တယ်။ ကန္တာရကြီးထဲကို ဖြတ်ပြီး ကားမောင်းပို့ပေးတဲ့ တက္ကစီသမားလို လူနဲ့ပေါ့။ ဒါပေမဲ့ သူအလုပ်လုပ်မယ် မှော်ထဲကိုမရောက်ခင်မှာပဲ လမ်းမှာ ရွှေကြောကြီးနဲ့ ရွှေတုံးတွေကို တွေ့လိုက်ရတော့တာပဲ။ လူနှစ်ယောက်အင်အားနဲ့မသယ်နိုင်လောက်အောင် ကြီးနေတာမို့ ကားသမားက ကရိန်းသွားငှားဖို့ ထွက်သွားရတယ်။ သူက ကန္တာရထဲမှာ တစ်ယောက်ထဲ ရွှေတုံးကြီးတွေကို ထိုင်စောင့်နေရပြီး လူတွေ ခွေးတွေ မြွေတွေနဲ့ ဒုက္ခမျိုးစုံကို ရင်ဆိုင်ရတော့တာပေါ့။ အဆုံးသတ်က ထင်ထားသလိုလည်းဟုတ်တယ်ပြောလို့ရသလို မဟုတ်ဘူးလို့လည်း ပြောလို့ရတယ်။ စိတ်ဝင်စားစရာ ဇာတ်ကားပါပဲ ကြည့်လိုက်ပါဦး။File size…(1 GB)/(500 Mb)/(250 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:37:00 Genre...Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. ...
movie

Gold (2022)

The Square (2008) 6.7
The Square (2008) မကောင်းမှုဆိုတာ ဆိတ်ကွယ်ရာမရှိတဲ့။ အဲဒီစကားကို ကျွန်တော်နားလည်တာကတော့ မကောင်းမှုဆိုတာ သူများတွေမသိအောင် ဖုံးကွယ်ထားလို့မရဘူးလို့ မဟုတ်ပါဘူး။ မကောင်းမှုကျူးလွန်ထားသူတစ်ယောက်ရဲ့ စိတ်ထဲမှာ သူလုပ်ခဲ့တဲ့ မကောင်းမှုရဲ့ ပဲ့တင်သံတွေကို ဆိတ်ဆိတ်နေအောင် တားလို့မရ မကောင်းတဲ့ မြင်ကွင်းတွေကို ဆက်ပြီးမမြင်နိုင်အောင် ကွယ်ထားလို့မရဘူးလို့ ပြောတာလို့ထင်ပါတယ်။ The Square (2008) ဇာတ်ကားလေးမှာ မကောင်းမှုတစ်ခုကို ကျူးလွန်မိတဲ့ Ray အဲဒီမကောင်းမှုက ခြောက်လှန့်တာကို ခံနေရပါတယ်။ သူကျူးလွန်မိတဲ့အပြစ်တွေကို ဖုံးဖိဖို့ကြိုးစားရင်း မကောင်းတာတွေပဲထပ်ဖြစ်လာပြီး မကောင်းတာတွေပဲထပ်လုပ်မိပြန်ပါတယ်။ အဲဒီလို လုပ်နေရင်း သူ့အတွက် တန်ဖိုးထားရတဲ့အရာတွေ တစ်ခုပြီးတစ်ခု ဆုံးရှုံးလာရပါတယ်။ သူ့အပြစ်ကို လူတွေမသိအောင် ဖုံးဖိနိုင်ပါမလား။ သူ့လုပ်ရပ်တွေက အဲဒီလိုလုပ်ရလောက်အောင်တန်လို့လား ဇာတ်ကားကိုကြည့်ပြီး ဆုံးဖြတ်ကြည့်လိုက်ကြပါတော့။ IMDB 6.7 ထိရရှိထားပြီးတော့ ဇာတ်လမ်း အစပိုင်းနည်းနည်းကျော်တာနဲ့ ဘာဆက်ဖြစ်မလဲဆိုတာကို ရင်တထိတ်ထိတ်နဲ့ စိတ်ဝင်တစားကြည့်ဖြစ်သွားမှာ သေချာပါတယ်။(အညွှန်းနဲ့ဘာသာပြန်သူကတော့ d3mon ဖြစ်ပါတယ်) File size__( 900 ...
movie

The Square (2008)

2008
Cargo (2017) 6.6
Cargo (2017) Cargo ဇာတ်ကားဟာ 2017ခုနှစ်ထွက် Drama, Horror ဇာတ်ကားအမျိုးအစားတစ်ကားပဲဖြစ်ပါတယ်။Ben Howling နဲ့ Yolanda Ramke ဆိုတဲ့ ဒါရိုက်တာနှစ်ဦးပူးတွဲရိုက်ကူးထားတဲ့ဇာတ်ကားဖြစ်ပြီး အဓိကဇာတ်ကောင်ဖြစ်တဲ့ Andy နေရာမှာ သရုပ်ဆောင်တဲ့သူကတော့Hobbit Trilogy မှာ Bilbo Baggins , BBC ကထုတ်လွှင့်ခဲ့တဲ့ Sherlock TV Series မှာ Sherlock Holmes ရဲ့မိတ်ဆွေကြီးဖြစ်တဲ့ Dr.John Watson နေရာမှာ သရုပ်ဆောင်ခဲ့ မင်းသားကြီး Martin Freeman ပါ။ဒါ့အပြင် Marvel Cinematic Universe မှာ Everett K. Ross ဆိုတဲ့ အစိုးရအေးဂျင့်တစ်ယောက်အနေနဲ့လည်း ပါဝင်သရုပ်ဆောင်ထားပါသေးတယ်။ဇာတ်လမ်းအကျဉ်း ========== Andy နဲ့ Kay ဇနီးမောင်နှံတွေဖြစ်ပြီးတော့ ၁နှစ်အရွယ်သမီးလေးRosie ကိုပါဖွားမြင်ထားပါသေးတယ်။သူတို့မိသားစုဟာ စက်လှေအိုကြီးတစ်စီးကိုစီးပြီး မြစ်ကြောင်းအတိုင်းစီးမျောနေခဲ့တာ အတော်ကြာပါပြီ။သူတို့ဟာ တစ်စုံတစ်ခုကိုကြောက်ရွံ့တာကြောင့် ထွက်ပြေးနေတဲ့ပုံစံပေါက်နေပြီး ပြဿနာတွေလည်း အများကြီးရှိနေပုံရပါတယ်။သူတို့ရဲ့ပြဿနာထဲမှာ ...
movie

Cargo (2017)

2017
The Light Between Oceans (2016) 7.2
The Light Between Oceans (2016)  ဒီဇာတ်ကားလေးက အရမ်းသနားဖို့ကောင်းသလို မိဘမေတ္တာကိုပြသတဲ့အတွက် ကြည့်တဲ့သူတွေရင်ကိုထိစေမဲ့ဒရာမာကားလေးပါစစ်ပွဲကြီးအပီးကို့ဘဝကိုစိတ်ဓာတ်ကျနေတဲ့စစ်သားဟောင်းတယောက်ဖြစ်တဲ့ သောမတ်စ်ရှာဘွန်းဟာလူတွေနဲ့ဝေးရာဖြစ်တဲ့ ဂျေးနက်စ်ဆိုတဲ့ကျွန်းကြီးပေါ်မှာမီးပြတိုက်စောင့်လုပ်ဖို့သွားခဲ့တယ်အဲ့ဒိအနီးနားမြို့လေးက အစ်စဘဲလ်ဆိုတဲ့မိန်းကလေးနဲ့ချစ်ကျွမ်းဝင်လက်ထပ်ခဲ့ပီး ကျွန်းကြီးပေါ်တူတူသွားနေခဲ့ကျတယ်ကလေးအရမ်းလိုချင်တဲ့သူမ ကိုယ်ဝန်ပျက်ကျပီးတဲ့နောက် သူတို့ကျွန်းပေါ်ကိုဘယ်ကမှန်းမသိတဲ့လှေလေးတစီးမျောလာခဲ့တယ်လှေထဲကလူသေအလောင်းတလောင်းနဲ့ အသက်ရှင်နေသေးတဲ့ မွေးကင်းစကလေးလေးကိုတွေ့ပီးတဲ့နောက် ဘာတွေဆက်ဖြစ်မယ်ဆိုတာကို မျက်ရည်လည်ရွှဲနဲ့ကြည့်ရမှာဖြစ်ပါတယ်(ဇာတ်လမ်းအညွှန်း နဲ. ဘာသာပြန်သူကတော့ khin Pyae Sone Kyaw ပဲဖြစ်ပါတယ်)  File Size : (850 MB) and (350 MB) Quality : Bluray 720p Running Time : 2hr 13minutes Format : Mp4 Genre : Drama, Romance Translated By Khin Pyae Sone Kyaw Encode By Thanhtike Zaw
movie

The Light Between Oceans (2016)

2016