Channel Myanmar

Anthony Heald

The Ballad of Little Jo (1993) 6.7
The Ballad of Little Jo (1993)  လူလတ်ဘဝမှာ ယောကျ်ားတစ်ယောက်လိုနေထိုင်ခဲ့တယ်... သေကာမှ မိန်းမတစ်ယောက်ဖြစ်နေမှန်းသိရတော့တယ်။ ၁၉ရာစုလောက်က ဖြစ်ရပ်မှန်ဇာတ်ကြောင်းတစ်ခုကို စိတ်ကူးစိတ်သန်းယူပြီး ရိုက်ကူးထားတဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းဂျို့စ်ဖင်းမော်နက်ဟန်ဆိုတဲ့ သူဌေးသမီးက ဓာတ်ပုံဆရာနဲ့ကြိုက်ခဲ့ပြီး တရားမဝင်ကလေးတစ်ယောက်ရခဲ့တယ်။ အဲဒီခေတ်က ၁၉ရာစုဆိုတဲ့အတိုင်း အမျိုးသားတွေကအခွင့်ထူးခံဘဝမျိုးနဲ့နေရပြီး အမျိုးသမီးတွေရဲ့ဘဝကတော့ လူချမ်းသာမျိုးရိုးမှမဟုတ်ရင် သိပ်ပြီးမလုံခြုံလှပါဘူး။ တရားမဝင်ကလေးရခဲ့တဲ့ ဂျို့စ်ဖင်းအပေါ် အဖေဖြစ်သူရဲ့အမျက်ကြောင့် ဂျို့စ်ဖင်းက အိမ်ကနေထွက်လာခဲ့ရတယ်။ အိမ်ခြေရာမဲ့မိန်းကလေးအဖြစ်နဲ့သွားလာရင်း မလုံခြုံလာတာကြောင့် နောက်ဆုံးမှာ ယောကျ်ားလေးအဖြစ်အသွင်ပြောင်းပြီး ဂျိုးမော်နက်ဟန်အဖြစ်နဲ့ သတ္တုတွင်းတူးတဲ့မြို့လေးကိုရောက်လာခဲ့ပါတော့တယ်။  File size…(3.1 GB)/(1.5 GB) Quality….Blu-Ray 1080p / 720p Format…mp4 Duration….02:01:00 Genre...Drama, Romance, Western Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Su Eaindra
movie

The Ballad of Little Jo (1993)

Deep Rising (1998) 6.1
Deep Rising (1998) Deep Rising (1998)မူလဘူထ Phoenix ဖြစ်ခဲ့တဲ့အပြင် Bond Girl ပါ ဖြစ်ခဲ့ဖူးတဲ့ မမ Famke Janssen ပါဝင်ထားပြီး သူ့ခေတ်သူ့အခါမှာတော့ CGI တွေပီပြင်လွန်းလို့ ကြည့်ရှုသူများကြိုက်နှစ်သက်ခဲ့ကြတဲ့ ဇာတ်ကားကောင်းလေးတစ်ကား တင်ဆက်ပေးလိုက်ပါတယ်။ဒီဇာတ်ကားမှာတော့ မင်းသားဖီနီဂန်ဟာ ပိုက်ဆံရရင်ပြီးရော ဘာမှဂရုမစိုက်ဘူးဆိုတဲ့ ဆောင်ပုဒ်ကို ဆွဲကိုင်ပြီး လူတစ်စုကို သူ့စက်လှေပေါ်တင်ဆောင်လာခဲ့တယ်။ ဘယ်ကို မောင်းနေမှန်းမသိ မောင်းပေးရင်း သူ့စက်လှေပေါ်မှာ အဲ့လူတွေက တော်ပီဒိုတွေ တင်ဆောင်လာတာကို သိလိုက်ရတယ်။သူတို့မောင်းစေချင်တဲ့နေရာ ရောက်ခါနီးမှာတော့ Speed Boat တစ်စင်းကို တိုက်မိသွားတယ်။ အနီးအနားမှာ ဇိမ်ခံသင်္ဘောတစ်စင်းကို တွေ့လိုက်ရတော့ အကူအညီတောင်းဖို့ စဉ်းစားလိုက်ပါတယ်။ ကံဆိုးချင်တော့ သူခေါ်လာပေးတဲ့လူတစ်စုဟာ အဲဒီဇိမ်ခံသင်္ဘောကို အနုကြမ်းစီးမယ့် အုပ်စု ဖြစ်လို့နေပါတယ်။ သူတို့ သင်္ဘောပေါ် ရောက်ချိန်မှာတော့ မျှော်လင့်ထားသလို မဟုတ်ဘဲ လူတွေအားလုံး ပျောက်ဆုံးနေပါတော့တယ်။အကြောင်းရင်းကိုရှာဖွေကြရင်း သူတို့ချည်းပဲ ရှိနေတာမဟုတ်ဘူးဆိုတာ သိလိုက်ရချိန်မှာတော့...(ဒီဇာတ်ကားနဲ့အညွှန်းကို ...
movie

Deep Rising (1998)

1998
Accepted (2006) 6.4
Accepted (2006) 2006 ခုနှစ်ကထွက်ရှိခဲ့ပီး IMDb rating 6.4 ရရှိထားတဲ့​ကျောင်းသားကား​လေးကိုခံစားကြည့်ကြရ​အောင်ပါ။​ကောလိပ်​ကျောင်းတွေဟာ အထက်တန်း​ကျောင်းသားဘဝ က​နေအမှီအခိုကင်းကင်းရပ်တည်နိုင်တဲ့ ဘဝ​တွေဆီ​ရောက်​အောင်သွားကြရာမှာမဖြစ်မ​နေဖြတ်​ကျော်ကြရတဲ့အရာပါ။ ဒါ​​တွေကြောင့်ပဲ ​ကောလိပ်ဝင်ခွင့်​တွေဟာ နိုင်ငံ​တော်​တော်များများမှာ​တော့လူငယ်​တွေအတွက်အိပ်မက်ဆိုးလိုဖြစ်​​နေတာပါပဲ။society က သတ်မှတ်ထားတဲ့စံညွှန်း​တွေ​ကလည်း​ကောလိပ်​​ကျောင်း​ကောင်း​ကောင်းတက်​ရောက်​ရေးဖိအား​တွေ​ပေးကြပါတယ်။ဒီဇာတ်ကားထဲမှာလည်း ​ကျောင်းဝင်ခွင့်​တွေ အကြိမ်ကြိမ်ပယ်ခံရတဲ့လူငယ်​လေး​တွေ ဟာ ကြံမိကြံရာကြံကြရင်းသတ်မှတ်ချက်​ဘောင်​တွေကို ချိုးဖြတ်ဖို့ဖြစ်လာကြပါတယ်။လူငယ်​တွေကို အကန့်အသတ်မဲ့ ပျံသန်းခွင့်​ပေးလိုက်ရင်အံ့အားသင့်စရာ​တွေဖြစ်လာနိုင်တယ်ဆိုတာပြထားတာပါ။ ​ပညာ​ရေးစနစ်ကြီးရဲ့အလွဲ​တွေကို​ထောက်ပြထားပြီးမူဝါဒ​တွေကိုလည်းသ​ရော်ထားပါ​သေးတယ်။ဒါ့အပြင် ​နောက်ခံသီချင်း​လေး​တွေကလည်း အမိုက်စား​လေး​တွေဖြစ်တဲ့အတွက်အဲ့ဒီခုနှစ်ဝန်းကျင်က ​ကျောင်းတက်ကြသူ​တွေဆို အတိတ်ကိုပြန်လွမ်းမိသွားနိုင်သလို Gossip girls တို့ Age of Adaline တို့ထဲကမင်းသမီး​ချော Blake Lively ရဲ့ နုနုနယ်နယ်တက်ကြွတဲ့အလှ​ကိုလည်းခံစားနိုင်ပါတယ်။ဒါ​​ကြောင့် ကြည့်သင့်တဲ့ကား​လေးဖြစ်လို့ ခံစားကြည့်ကြပါဦး။ File size…  2.1 GB /  840 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 33m Genre .....  Comedy Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated ...
movie

Accepted (2006)

2006
Kiss of Death(1995) 7.0
Kiss of Death(1995) Kiss of Death(1995)******************ဒီဇာတ်ကားကတော့ ပရိတ်သတ်အချစ်တော် မာသာဖာသာကြီး Samuel L.Jackson နဲ့ မင်းသားကြီး Nicolas Cage တို့ အပြင်မင်းသားကြီး David Caruso, Stanley Tucci နဲ့ မင်းသမီး Helen Hunt, Kathryn Erbe တို့ပါဝင်သရုပ်ဆောင်ထားတဲ့ မှုခင်းစုံထောက်ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။ဒုစရိုက်လောကကနေအနားယူပြီး မိသားစုနဲ့ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းနေတဲ့ ဂျင်မီကင်မာတင်ကို ဝမ်းကွဲညီအစ်ကိုဖြစ်သူက ဒုစရိုက်မှုတစ်ခုနဲ့ပတ်သတ်ပြီး ကူညီပေးဖို့အကူအညီလာတောင်းတဲ့အခါ ပရဟိတစိတ်ဓာတ်ပိုင်ရှင် ကင်မာတင်အနေနဲ့ မနေနိုင်မထိုင်နိုင်လိုက်ကူညီပေးမိပါတယ်။ ကူညီရင်းနဲ့ပဲ အလွဲလွဲအချော်ချော်တွေဖြစ်ကာ ကင်မာတင်အနေနဲ့ထောင်နန်းစံသွားရပါတော့တယ်။ ထောင်ကထွက်ပြီးရင် ကောင်းကောင်းမွန်မွန်နေထိုင်နိုင်ဖို့အတွက် ကင်မာတင်အနေနဲ့ လူဆိုးခေါင်းဆောင်းတစ်ယောက်ကို စုံစမ်းထောက်လှမ်းပေးဖို့ ရဲတွေနဲ့အပေးအယူတွေလုပ်တဲ့အခါ...ငွေကြေးဥစ္စာနဲ့ အာဏာပါဝါက ဥပဒေအရေးမှာပါဝင်ပတ်သတ်နေပုံ... ရာထူးအာဏာအတွက် ဥပဒေကိုဘယ်လို လက်တစ်လုံးခြားကစားနေသလဲဆိုတာကို ခံစားကြည့်ရှုရမယ့် ဇာတ်ကားကောင်းတစ်ကားပဲဖြစ်ပါတယ်File Size :(2.1GB) (980 MB) and (268 MB) Quality : Blu-Ray1080p, 720p Format…mp4 Duration…01:41:00 Genre : Crime, Drama , Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by APP Encoded by ...
movie

Kiss of Death(1995)

8MM(1999) 7.0
8MM(1999) 8MM(1999)***********အဖော်အချွတ်နဲ့ ကြမ်းတမ်းတဲ့သတ်ဖြတ်ခန်းအချို့ပါတဲ့အတွက်ကြောင့်မိသားစုနဲ့အတူကြည့်မယ်ဆိုရင်သတိထားစေလိုပါတယ်...မင်းသားကြီး နစ်ကိုလပ်ကေ့ခ်ျခေါင်းဆောင်ပါဝင်ထားတဲ့ neo-noir psychological thriller အမျိုးအစားရုပ်ရှင်ကားတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဂျိုကင်းဖီးနစ်၊ ဂျိမ်းစ်ဂန်ဒိုလ်ဖနီတို့ဇာတ်ပို့အနေနဲ့ သရုပ်ဆောင်အားဖြည့်ထားပြီး ဒါရိုက်တာဂျိုးရှမက်ချာ ရိုက်ကူးထားတာဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ တွမ်ဝဲ့လ်စ်တစ်ဖြစ်လဲ နစ်ကိုလပ်ကေ့ခ်ျဟာ ချမ်းသာကြွယ်ဝတဲ့မုဆိုးမတစ်ဦးဖြစ်တဲ့ မစ္စစ်ခရစ်ရှင်ရဲ့ရှေ့နေဖြစ်သူ မစ္စတာလောင်းဒေးလ်ရဲ့ဆက်သွယ်ပေးမှုကြောင့်ခရစ်ရှင်မိသားစုစံအိမ်ကြီးကို ရောက်လာခဲ့ရပါတယ်။ မစ္စစ်ခရစ်ရှင်ရဲ့ အမျိုးသားဖြစ်သူ မစ္စတာခရစ်ရှင်ဟာမကြာသေးမီကမှ ကွယ်လွန်သွားခဲ့တာဖြစ်ပြီး သူရဲ့ကိုယ်ပိုင်စာကြည့်ခန်းထဲမှာမီးခံသေတ္တာတစ်လုံးကို ပဟေဠိဆန်ဆန်ချန်ထားခဲ့ပါတယ်။သော့နံပါတ်ကို မစ္စတာခရစ်ရှင်တစ်ဦးသာသိတာကြောင့် သူဆုံးပါးသွားတဲ့အခါကျန်ရစ်သူမိသားစုဟာ မီးခံသေတ္တာကိုလူငှားဖွင့်ပြီး စစ်ဆေးကြည့်ခဲ့ပါတယ်။အဲ့ဒီအခါမှာ မစ္စစ်ခရစ်ရှင်အနေနဲ့ ထူးဆန်းဖွယ်ဖလင်လိပ်တစ်ခုကိုတွေ့ရပြီး ဖွင့်ကြည့်တဲ့အခါမှာတော့အဆိုပါဖလင်ဟာ မိန်းမငယ်လေးတစ်ယောက်ကို ဖဖွယ်မရာပြုပြီး သတ်ပြတာကိုရိုက်ထားတဲ့ လူသတ်ညစ်ညမ်းကားမျိုးဖြစ်တယ်ဆိုတာကို အော်ဂလီဆန်ဖွယ်စိတ်မချမ်းသာစွာ တွေ့လိုက်ရပါတယ်။ အဆိုပါကိစ္စနဲ့ ပတ်သက်ပြီး ကိုယ်ရေးကိုယ်တာအမှုတွေကို ထောက်လှမ်းရာမှာသိုသိပ်ပြီး ထူးချွန်တဲ့ အလွတ်တန်းစုံထောက် တွမ်ဝဲ့လ်စ်အကြောင်းကို မစ္စတာလောင်းဒေးလ်ကတစ်ဆင့် သိရပြီးဆက်သွယ်ခေါ်ယူလိုက်ရခြင်းဖြစ်ပါတယ်။ မစ္စစ်ခရစ်ရှင်ရဲ့ မေတ္တာရပ်ခံမှုအရ တွမ်ဝဲ့လ်စ်အနေနဲ့အဆိုပါရုပ်ရှင်မှာရိုက်ပြထားတဲ့ စိတ်မသက်သာဖွယ်လူသတ်ပြကွက်ဟာအစစ်အမှန်ဟုတ်မဟုတ် စုံစမ်းပေးဖို့ မတတ်သာပဲ လက်ခံလိုက်ရတဲ့နောက်……။ တွမ်ဝဲ့လ်အနေနဲ့ ရုပ်ရှင်ထဲမှာပါတဲ့ မိန်းကလေးဟာ တကယ်အသတ်ခံရတာ ဟုတ်၊မဟုတ် ဖော်ထုတ်နိုင်ပါ့မလား… သူ ဘယ်လိုအခက်အခဲတွေနဲ့ ...
movie

8MM(1999)

The Client(1994) 7.0
The Client(1994) The Client(1994) အညွှန်း*********************IMDb...7.0,,,, Rt.. 80% ဒီကားဟာ အတော်လေးနာမည်ကြီးခဲ့တဲ့ကားဖြစ်ပြီး ကျွန်တော်တို့ရဲ့ Men In Blackထဲက ဘိုးတော်ကြီးTommy Lee Jonesလည်း ပါဝင်သရုပ်ဆောင်ထားပါတယ်.... ညီအစ်ကိုနှစ်ယောက်ဟာ တောထဲမှာ ဆော့ကစာနေရင်းရှေ့နေတစ်ယောက် သေကြောင်းကြံတဲ့အမှုမှာ မျက်မြင်သက်သေဖြစ်သွားခဲ့ပါတယ်။ဒီရှေ့နေသတ်သေမှုဟာ လွှတ်တော်အမတ်တစ်ယောက်ပျောက်ဆုံးမှုနဲ့ ပတ်သက်နေတဲ့အတွက်အဲဒီရှေ့နေမသေခင် နောက်ဆုံးမြင်လိုက်ရတဲ့ ကလေးနှစ်ယောက်ထဲကအကြီးကောင် Markဟာမီဒီယာတွေနဲ့ မာဖီးဟားအဖွဲ့ရဲ့ ပစ်မှတ်ဖြစ်လာပါတယ်။ ဒါ့အပြင် အမတ်လောင်းပျောက်ဆုံးမှုကိုလိုက်နေတဲ့ ရှေ့နေကြီးRoyအတွက်လည်း မြို့တော်ဝန်ဖြစ်ရေးအတွက်ဒီအမှုနိုင်ဖို့က အရေးပါနေတာကြောင့် မျက်မြင်သတ်သေMarkကို မေးခွန်းတွေ အစ်အောက်ဖို့ ကြိုးစားပါတယ်။ဒီတော့ လူလည်လေးMarkဟာ မပြောသင့်တာတွေပြောရင် အသတ်ခံရမယ်လို့မာဖီးယားတွေခြိမ်းခြောက်ခံထားရတဲ့အတွက် အခြေအနေအရပ်ရပ်ကို ရှောင်ရှားနိုင်ဖို့အတွက်ရှေ့နေတစ်ယောက် ငှားရမ်းပါတော့တယ်။ ဒီတော့ Markနဲ့ ရှေ့နေတွေကြား ဘာဆက်ဖြစ်မလဲ၊မာဖီးယားတွေလက်ထဲက ဘယ်လိုရှောင်ရှားမလဲ၊ လွှတ်တော်အမတ်ပျောက်ဆုံးမှုနဲ့ရောဘယ်လိုပတ်သက်နေလဲဆိုတာ ရင်ခုန်စိတ်လှုပ်ရှားစွာ ကြည့်ရမှာပဲ ဖြစ်ပါတယ်ခင်ဗျာ။ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Jane ပဲဖြစ်ပါတယ်..File Size : (2.38GB)(812MB) and (262MB) Quality : Blu-Ray1080P5.1Ch, 720p Format…mp4 Duration…01:59:00 Genre : Crime ...
movie

The Client(1994)

Proof of Life(2000) 7.0
Proof of Life(2000) Proof of Life(2000) အညွှန်း***********************ဒီဇာတ်ကားကတော့ အက်ရှင်ဇာတ်ကားတွေကို အရိုက်များတဲ့ ဒါရိုက်တာကြီး Taylor Hackord ရိုက်ကူးထားပြီး သရုပ်ဆောင်တွေအနေနဲ့ Russell Crowe, David Morse,Meg Ryan နဲ့ Pamela Reed တို့က အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်။တယ်ရီသွန်း(Russell Crowe) ဟာ ပြန်ပေးဆွဲခြင်း ညှိနှိုင်းရေးသမားတစ်ဦးဖြစ်တယ်..သူဟာ ထူးချွန်တဲ့သူဆိုပေမဲ့ တစ်ခါတစ်ရံ ဓားစာခံအသက်ရှင်ရေးဦးစားပေးပြီးစီစဉ်ထားတဲ့အတိုင်းမလုပ်ဘဲ သူစိတ်ကူးပေါက်ရာလုပ်တတ်တဲ့အကျင့်ဆိုးတစ်ခုတော့ရှိတယ်..တောင်အမေရိကမှာ ရေကာတာဆောက်ချင်နေတဲ့ပီတာဘိုးမန်း(David Morse)  ဟာ အကြမ်းဖက်အဖွဲ့ရဲ့ပြန်ပေးဆွဲခြင်းကို ခံခဲ့ရတယ်..အဲ့ဒီနောက်ပြန်ပေးဆွဲခြင်းညှိနှိုင်းရေးသမားဖြစ်သူ တယ်ရီသွန်း(Russell Crowe) တစ်ယောက်အန္တရယ်များလွန်းလှတဲ့အခြေအနေကြားထဲက ဘယ်လိုကယ်တင်သွားမလဲဆိုတာတွေကိုတော့....File Size : (3.0GB)(1.1GB) and (356MB) Quality : Blu-Ray1080p5.1ch ,720p Format…mp4 Duration…02:15:00 Genre : Action , Crime , Drama Subtitle : Myanmar Subtitle (Hard Sub) Translated by APP Encoded by Phyo Pyae
movie

Proof of Life(2000)

Red Dragon (2002) 7.2
Red Dragon (2002) Red Dragon (2002)================IMDb Rating - 7.2/10#Unicodeခေါင်းစားပြီး စိတ်ပညာမှုခင်းဇာတ်ကားတွေကြိုက်တဲ့လူတွေအတွက်တော့ အကြိုက်ဖြစ်စေမယ့်ဇာတ်ကားတစ်ခုပါ အဓိက ဇာတ်ကောင်နှစ်ယောက်ဖြစ်တဲ့ Anthony Hopkin & Edward Nortonတို့နှစ်ယောက်ရဲ့ Chemistry မိမိနဲ့ သရုပ်ဆောင်မှုတွေကို တဝကြီးကြည့်ရမှာပါ။ဇာတ်လမ်းအညွှန်း ******** ဝယ် ဂရေဟမ်ဟာ FBI Agent တစ်ယောက်ဖြစ်ပြီး မှုခင်းတွေစုံစမ်းတဲ့နေရာမှာ သူမတူတဲ့ ဖြတ်ထိုးဉာဏ်တွေးခေါ်မှုတွေအမှုပေါင်းများစွာကို ဖော်ထုတ်ခဲဲ့တဲ့လူတစ်ယောက်ပါ။ မှုခင်းစုံစမ်းရေးတွေမှာသူ့ကိုကူညီနေတဲ့ စိတ်ပညာရှင် ဟန်နဘယ် လက်တာဆိုတာ FBI ကိုအိပ်ကပ်ထဲထည့်ထားပြီး တစ်ဖက်မှာလူပေါင်းများစွာကို သွေးအေးအေးနဲ့သတ်ပြီး ခန္တာဗေဒကိုလေ့လာနေတဲ့ ကြောင်သူတော်တစ်ယောက်လို့ပြောရမယ် ။ အကြောင်းစုံကိုသိသွားတဲ့ ဂရေဟမ်က ဟန်နဘယ်လက်တာကို ဖမ်းဆီးဖော်ထုတ်နိုင်ခဲ့ပြီးသူ့ရဲ့ FBI Agent ဘဝကိုလည်း ပြည်ဖုံးကားချလိုက်ပါတော့တယ် ။ နှစ်ပေါင်းများစွာကြာတဲ့အခါ ကိစ္စတွေကမပြီးသွားပဲ လက်တာလိုမျိုး အရမ်းထူးခြားတဲ့ စိတ္တဇလူသတ်သမားတစ်ယောက်ပေါ်လာခဲ့တာကြောင့်ဂရေဟမ် , လက်တာ နှစ်ယောက်ပေါင်းကာ အဲ့ဒီလူသတ်ကောင်ကို ထပ်မံဖမ်းဆီးရပါတော့တယ်။ အခန်းတိုင်းမှာ လျှိ့ကွက်လေးတွေရှိနေပြီး Genius ...
movie

Red Dragon (2002)

2002
A Time to Kill(1996) 7.4
A Time to Kill(1996) A Time to Kill(1996)IMDb....7.4အသက်(၁၀)နှစ်အရွယ် လူမဲကောင်မလေးတစ်ယောက်ဟာ ဈေးဝယ်ပြီးပြန်လာတယ်.... ဒီကလေးမလေးအိမ်ကိုပြန်ရောက်မသွားရှာဘူး....လူရမ်းကား (၂)ယောက်ဟာ ခေါင်းကိုဘီယာဗူးနဲ့ပစ်ပေါက်ပြီးကားပေါ်တင်ခေါ်ကာ မုဒိမ်းကျင့်တ ယ်...နည်းလမ်းမျိုးစုံနဲ့ ရက်စက်စွာနှိပ်စက်ခဲ့တယ်..... အသက်ပြင်းတယ်လို့ဆိုရမလားမသိ ဒီကောင်မလေး အသက်ရှင်နေခဲ့တယ်... မိဘတွေအတွက် ဖြေမဆည်နိုင်အောင်ခံစားကြေကွဲနေတယ်... ဒီလိုနဲ့ဖခင်ဖြစ်သူဟာ ရှေ့နေတစ်ယောက်ဆီသွားခဲ့တယ်... " ရှေ့နေကြီး ကျွန်တော်ကျဉ်းထဲကြတ်ထဲရောက်နေတယ်ဗျာ.... မနှစ်ကလည်း လူမဲကောင်မလေးတစ်ယောက်ကို လူဖြူ(၄)ယောက်က မုဒိမ်းကျင့်တယ်..သူတို့ထောင်မကျတဲ့အပြင် လမ်းပေါ်မှာအေးအေးလူလူ လမ်းလျှောက်နေခဲ့တယ်မဟုတ်လား ရှေ့နေကြီး" " ကျွန်တော် ဘယ်လိုကူညီရမလဲဗျ" ဆိုတဲ့ရှေ့နေကြီးရဲ့အမေးစကားကို ဖခင်ဖြစ်သူက ကြွေကွဲစွာပြန်ဖြေရှာတယ်... " ရှေ့နေကြီးမှာလည်း သမီးတစ်ယောက်ရှိတာပဲဗျာ... ခင်ဗျားဆိုရင်ရော ဘာလုပ်မလဲ"တဲ့......... တကယ့်ကိုကောင်းမွန်တဲ့ကားမို့ ဘာတွေဖြစ်မလဲဆိုတာကို ခံစားကြည့်လိုက်ပါဦး.... သရုပ်ဆောင်တွေကလည်း တကယ့်နာမည်ကြီးသရုပ်ဆောင်တွေဖြစ်သလို IMDbလည်း 7.4 တောင်ရရှိထားလို့ ထွေထွေထူးထူးတော့ညွှန်းဆိုမနေတော့ပါဘူး... သက်ငယ်မုဒိမ်းမှုဆိုတာ တကယ့်ကိုစက်ဆုတ်စရာပါပဲ....နောက်ဆက်တွဲအနေနဲ့ ရက်စက်စွာ နှိပ်စက်သတ်ဖြတ်ဖို့ဝန်မလေးတဲ့သူတွေ... လူ့အသိုင်းအ၀န်းမှာ တကယ့်ကိုမရှိသင့်တဲ့ အရိုင်းဆန်တဲ့လူသားတွေ... ဒီလိုအဖြစ်အပျက်မျိုး ကျွန်တော်တို့နိုင်ငံမှာလည်း မကြာခဏ ကြားနေရတယ်.... ဖမ်းဆီးဖို့ရာ အကြောင်းအမျိုးမျိုးကြောင့်လွတ်နေပြီး ကျွန်တော်တို့အားလုံးရော မိဘတွေရော စိုးတထင့်ထင့်နေရတဲ့အချိန် ဘယ်လောက်တောင်များနေပြီလဲ..File Size : (1.1GB) and (482 MB) Quality : Blu-Ray 720p Format…mp4 Duration…02:22:00 Genre : Crime,Drama,Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by Scarlett May Encoded by ...
movie

A Time to Kill(1996)

1996