Channel Myanmar
Anthony Mackie
Avengers: Endgame (2019) MCU 8.8
Avengers: Endgame (2019) MCU Avengers: Endgame(2019) IMDb...8.8,,,,,,Rotten.....95% ဇာတ်လမ်းအကျဉ်းကတော့ သိပ်ပြောစရာမလိုလှပါဘူး။ အားလုံးလည်း သိနေကြမှာပါ။ Mad Titan ဖြစ်တဲ့ Thanos ဟာ စကြဝဠာကြီး အဓွန့်ရှည်ဖို့ အနန္တကျောက်တုံးတွေကိုသုံးပြီး သက်ရှိ တစ်ဝက်တိတိ ဖျောက်ပစ်ခဲ့ပါတယ်။ ဒီအဖြစ်ကို အဗန်ဂျာတွေ ဘယ်လို ပြန်ကယ်တင်မလဲ ဘယ်လို လက်စားချေမလဲဆိုတာ ဒီကားမှာ တွေ့ရပါတော့မယ်။ အားလုံးအကြိုက်တွေ့ကြမှာ သေချာပါတယ်။ အက်မင်တွေတော့ ရုံမှာ ၃ ခေါက်လောက်ကြည့်ပြီး ဒီဗားရှင်းကို ငါးခေါက်လောက်ကို ပြန်ကြည့်ဖြစ်လောက်အောင် ကြိုက်ပါတယ်။ ခံစားကြည့်ကြပါ။ ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Little Neo ပဲဖြစ်ပါတယ်......   MCU ဇာတ်ကားအားလုံးကို  https://channelmyanmar.org/category/marvel-universe/ မှာ Download နိုင်ပါသည်။ ++++++++++++++++++++++++++++ Marvel Cinematic Universe Intro ======================= Marvel ထုတ်လုပ်ရေးမှ Marvel Cinematic Universe(MCU) ကို လွန်ခဲ့တဲ့ ၁၀ နှစ်က စပြီးတည်ဆောက်ခဲ့ပါတယ်။ ပထမဆုံး ဇာတ်လမ်းဖြစ်တဲ့ Iron Man-1 နဲ့ဖြစ်ပါတယ်။ နောက်ဆုံးအပိတ်ကတော့ Endgame (2019) ဖြစ်ပါတယ်။ Marvel Universe မှာ Infinity ...
8.8
IMDB: 8.8/10 360,133 votes
movie
Avengers: Endgame (2019) MCU
2019
Blu-Ray 1080p 5.1 CH
Point Blank (2019) 5.7
Point Blank (2019) Netflix ရဲ့ အက်ရှင် ကားအသစ်တင်ပေးထားပါတယ်။ မင်းသားကတော့ Avengers တွေထဲက Falcon ပါပဲ။ ဒီဇာတ်လမ်းမှာတော့ သူက သူနာပြု ပေါလ် ပါ။ ပေါလ်မှာ ကလေးမွေးခါနီး မိန်းမတစ်ယောက်ရှိပါတယ်။ လူသတ်ပြီး ဒဏ်ရာနဲ့ ဝရမ်းပြေးတစ်ယောက်ကို ပေါလ်ရဲ့ ဆေးရုံမှာ ရဲတွေက လာပို့ထားချိန် ပေါလ်ရဲ့ မိန်းမကို တရားခံရဲ့ ညီက ပြန်ပေးဆွဲသွားပါတယ်။ ပြီးတော့ သူ့အစ်ကိုကို ကယ်ထုတ်လာပေးဖို့ အကြပ်ကိုင်တဲ့အချိန်မှာ ပေါလ်တစ်ယောက် မထင်ထားဘဲ ဒုစရိုက်အဖွဲ့တွေနဲ့ ရဲတွေရဲ့ ကြားမှာ ညှပ်ပါတော့တယ်။ ပေါလ် နဲ့ ဝရမ်းပြေးအေ့ဘ်တို့ စွန့်စားခန်းတွေကို ကြည့်လို့ကောင်းအောင် ရိုက်ထားတာပါပဲ။   (Littleneo ဘာသာပြန်ပေးထားပါတယ်)   File Size : (1.40 GB) , (700 MB) and (350 MB) Quality : NF WEB-DL (1080p ...
5.7
IMDB: 5.7/10 2,346 votes
movie
Point Blank (2019)
2019
NF WEB-DL 1080p/720p
Avengers: Infinity War (2018) MCU 8.7
Avengers: Infinity War (2018) MCU 1080p BluRay 5.1 DTS Quality ဖြင့်  Marvel Cinematic Universe (MCU) Collection ကိုစုပေါင်းတင်ဆက်ပါသည်။ MCU ဇာတ်ကားအားလုံးကို  https://channelmyanmar.org/category/marvel-universe/ မှာ Download နိုင်ပါသည်။ ++++++++++++++++++++++++++++ Marvel Cinematic Universe Intro ======================= Marvel ထုတ်လုပ်ရေးမှ Marvel Cinematic Universe(MCU) ကို လွန်ခဲ့တဲ့ ၁၀ နှစ်က စပြီးတည်ဆောက်ခဲ့ပါတယ်။ ပထမဆုံး ဇာတ်လမ်းဖြစ်တဲ့ Iron Man-1 နဲ့ဖြစ်ပါတယ်။ နောက်ဆုံးအပိတ်ကတော့ Endgame (2019) ဖြစ်ပါတယ်။ Marvel Universe မှာ Infinity Stone လို့ ခေါ်တဲ့ စွမ်းအား အကြီးဆုံး ကျောက်တုံး(၆) လုံးရှိပါတယ်။ အဲဒီကျောက်တုံးတွေဟာ စကြဝဠာအနှံ့မှာ ပြန့်ကျဲနေတယ် ဆိုပါတော့။ ကျောက်တုံးတစ်တုံးချင်းစီမှာ သီးခြားအစွမ်းတွေ ရှိပြီး သာမာန်လူတွေ ကိုင်တွယ်သုံးစွဲဖို့ မဖြစ်နိုင်သလောက်ပါပဲ။ Infinity War ရဲ့ အဓိက ဗီလိန်ဖြစ်တဲ့ Mad titan ...
8.7
IMDB: 8.7/10 395,069 votes
movie
Avengers: Infinity War (2018) MCU
2018
Blu-Ray 1080p 5.1 CH
Miss Bala (2019)
Miss Bala (2019) ဒီကားလေးကတော့ plot twist များတဲ့ အက်ရှင်ဇာတ်လမ်းတွေကြိုက်နှစ်သက်သူတို့ စိတ်တိုင်းကျစေမယ့်ကားကောင်းလေးပါ။ အမေရိကန်-မက်ဆီကန် ကပြားမလေးဂလော်ရီရာဟာ သာမန်မိတ်ကပ်ပညာရှင်တစ်ယောက် သူမအချစ်ဆုံးသူငယ်ချင်းဆူဇူးရဲ့အလှမယ်ပြိုင်ပွဲအတွက် ကူညီပေးဖို့ရောက်လာပါတယ်။ အမှတ်မထင်ပစ်ခတ်တိုက်ခိုက်မှုတွေကြားမှာပျောက်ဆုံးသွားတဲ့ သူငယ်ချင်းကိုပြန်လည်ရှာဖွေမယ့်ဇာတ်အိမ်မျိုးပေါ့။ အားနွဲ့တဲ့မိန်းကလေးတစ်ယောက်အနေနဲ့ ကြုံတွေ့လာမယ့် အန္တရာယ်တွေ နိုင်ငံရေးရှုပ်ထွေးမှုကြား ရှင်သန်နိုငပါ့်မလားဆိုတာကတော့ CM Fan များ ဆက်လက်ကြည့်ရှုလိုက်ကြပါအုံး ဘာသာပြန် နဲ့ အညွှန်းကတော့ Hnyot Myet Wunn ဖြစ်ပါတယ်
IMDB: /10 votes
movie
Miss Bala (2019)
Real Steel (2011) 7.1
Real Steel (2011) ဒီရုပ်ရှင်ကားကို ကြော်ငြာတွေ့ကတည်းက ကြည့်ချင်ခဲ့တာပါ… ကြည့်ချင်ရတဲ့ အဓိက အချက်ကတော့ ၂ ချက်ရှိပါတယ်… ၁ ချက်က Hugh Jackman က မင်းသားဖြစ်တာ တစ်ကြောင်း… နောက် ၁ချက်ကတော့ ရုပ်ရှင်ကားတွေမှာ အဓိက ကလေးသရုပ်ဆောင်လေးတွေပါရင် ကျွန်မက သဘောကျပါတယ်… အထူးသဖြင့် သရုပ်ဆောင်ကလေးက ချစ်ဖို့ကောင်းရင် ကြည့်ချင်ပါတယ်… ဇာတ်လမ်းအကျဉ်းကတော့ ၂၀၂၀ ခုနှစ်မှာ စက်ရုပ်တွေကို လူတွေအစား boxing ကစားခိုင်းပြီး လောင်းကစားလုပ်ကြတာ ခေတ်စားလာခဲ့ပါတယ်… ချားလီး(စ်) ဟာ ယခင်က လက်ဝှေ့သမားဟောင်းတစ်ယောက်ဖြစ်ခဲ့ပြီး ခုအခါမှာတော့ တရားမ၀င် စက်ရုပ်လက်ဝှေ့ပွဲမှာ ယှဉ်ပြိုင်ရင်း အရှုံးတွေများကာ အကြွေးတွေဝိုင်းဝိုင်းလည်နေသူ တစ်ဦးဖြစ်ပါတယ်… သူပိုင်တဲ့ Ambush ဆိုတဲ့ စက်ရုပ်ကြီးဟာ Ricky ဆိုတဲ့လူပိုင်တဲ့ Black Thunder ကျွဲနဲ့ ပြိုင်တိုက်ခိုက်ရင် ရှုံးခဲ့လို့ အကြွေးတွေတင်တဲ့ အချိန်အတွင်းမှာပဲ သူ့ဆီကို သူ့ အရင် ရည်းစား ဆုံးပါးသွားကြောင်း အကြောင်းကြားခြင်းခံရတဲ့အပြင် သူ့မှာ သူမထားခဲ့တဲ့ ၁၁နှစ်အရွယ် သားတစ်ယောက်အတွက် အုပ်ထိန်းခွင့်ရှိနေတယ်လို့ သိရပါတယ်… ထိုကလေးငယ်ကို သူ့အရင်ရည်းစားရဲ့ အစ်မဖြစ်သူ (ကလေးရဲ့ အဒေါ်ဖြစ်သူ)က မွေးစားချင်သဖြင့် အုပ်ထိန်းခွင့်ကို ...
7.1
IMDB: 7.1/10 280,999 votes
movie
Real Steel (2011)
2011
BluRay 720p
IO (2019) 4.7
IO (2019) ဒီနေ့ခေတ်လူသားတွေရဲ့ အသက်ရှင်နေထိုင်ပုံ စားသောက်ပုံနဲ့အသုံးအဆောင်ပစ္စည်းတွေဟာ ကျွန်တော်တို့ရဲ့ကမ္ဘာမြေကြီးကိုများစွာ ထိခိုက်ပျက်စီးစေပါတယ် ဒီဇာတ်ကားက လူသားအများစုဟာ ပျက်စီးနေပြီဖြစ်ပြီး အဆိပ်သင့်နေတဲ့လေထုကြောင့် လူသားတွေ နေထိုင်လို့မရတော့ဘူး ယာယီ လွန်းပျံယာဉ်တွေအသုံးပြုပြီး အာကာသထဲထွက်ကာလူနေလို့ရမဲ့ ဂြိုလ်ကို စူးစမ်းရှာဖွေနေကြပါတယ် ဒါပေမဲ့လည်း ဆမ်ဝယ်လ်ဒန် တစ်ယောက်ကတော့ သူ့အဖေရဲ့ထင်မြင်ချက် မှန်ကန်တယ်ဆိုတာကိုသက်သေပြဖို့ ကမ္ဘာမြေမှာ ကျန်ရစ်ခဲ့ပြီး သုတေသနဆက်လုပ်ကာပြောင်းလဲသွားတဲ့ ကမ္ဘာမြေကြီးမှာ လူသားတွေ ပြန်လည်ရှင်သန်ရပ်တည်နိုင်ဖို့ နည်းလမ်းတွေရှာဖွေနေတဲ့အကြောင်းရိုက်ကူးထားတာဖြစ်ပါတယ်   (ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Scrn ဖြစ်ပါတယ်)   File Size : (700 MB) and (350 MB) Quality : NF WEB-DL 720p Running Time : 1hr 36min Format : Mp4 Genre : Adventure, Drama, Romance Subtitle : Myanmar Subtitle (Hard Sub) Source : 1080p.NF.WEBRip.DD5.1.x264-CM Translated by Scrn Encoded by Thanhtike Zaw
4.7
IMDB: 4.7/10 6,091 votes
movie
IO (2019)
2019
The Hate U Give (2018) 6.8
The Hate U Give (2018) ဒီတစ်ခါ CM ပရိတ်သတ်ကြီးအတွက် တင်ဆက်ပေးမှာကတော့ Rating 6.9 ရရှိထားတဲ့ The Hate U Give ဆိုတဲ့ လူမဲတွေအကြောင်း ဇာတ်ကားလေးဖြစ်ပါတယ် ဟိုက်စ်ဥယျာဉ်ဆိုတဲ့ လူမဲတွေအများဆုံးနေထိုင်တဲ့ နယ်မြေမှာ စတားဆိုတဲ့ လူမဲကောင်မလေးတို့ မိသားစုနေထိုင်ကြပါတယ် သူ့အမေက သူတို့ မောင်နှမတွေကို လူမဲတွေရဲ့ပြသနာတွေထဲပါမှာစိုးလို့ လူဖြူတွေပဲတက်တဲ့ မြို့ကကိုယ်ပိုင်ကျောင်းမှာပဲ ထားခဲ့ပါတယ် တစ်နေ့တော့ စတားနဲ့ သူ့ငယ်သူငယ်ချင်းကယ်လီတို့ ပါတီတစ်ခုကပြန်အလာ လမ်းမှာလမ်းစည်းကမ်းဖောက်လို့ ရဲကတားခဲ့ပါတယ် အဲ့မှာရဲနဲ့ကတောက်ကစဖြစ်ပြီး ရဲကကယ်လီမှာ သေနတ်ရှိတယ်အထင်နဲ့ သေနတ်နဲ့ပစ်လိုက်တာ ကယ်လီသေသွားခဲ့ပါတယ် စတားက ဒီအမှုရဲ့တစ်ဦးတည်းသော မျက်မြင်သက်သေဖြစ်နေတဲ့အခါ... သတ်လိုက်တဲ့ရဲက လူဖြူဖြစ်နေတဲ့အပြင် အပြစ်ပေးမခံရတဲ့အတွက် လူမျိုးရေးအဓိကရုဏ်းဖြစ်တဲ့အထိ ရှုပ်ထွေးသွားတဲ့အခါ... စတားက အမှုအကြောင်းပြောရင်း မူးယစ်ရာဇာကင်းအကြောင်းကိုပါ ဖော်ထုတ်မိသွားတဲ့အခါ... ဘာတွေဆက်ဖြစ်ပြီး ဘယ်လိုတွေ ဆက်ဖြေရှင်းသွားမယ်ဆိုတာကို ကြည့်ရှုလိုက်ပါဦး ဒီကားမှာဆိုရင် လူမဲတွေကဘယ်လိုတွေ ခွဲခြားဆက်ဆံခံခဲ့ရတယ်ဆိုတာတွေကို တွေ့မြင်ရမှာပါ ဇာတ်လမ်းဆုံးသွားရင်တော့ ရင်ထဲမှာ တစ်ခုခုကျန်နေခဲ့မှာသေချာပါတယ်နော်...   File ...
6.8
IMDB: 6.8/10 6,548 votes
movie
The Hate U Give (2018)
2018
8 Mile 7.1
8 Mile ဒီဇာတ်ကားကတော့ 2002 နှစ်မှာ ထွက်ရှိခဲ့ပြီး Rap God ဖြစ်တဲ့ Eminem ရဲ့ ဘဝဇာတ်လမ်း အကြောင်းဖြစ်ပြီး ဒါရိုက်တာ Curtis Hanson က ရိုက်ကူးပုံဖော်ထားပါတယ်။ Rating တွေ အနေနဲ့က တော့ IMDb မှာ 7/10 ၊ Rotten Tomatoes မှာ 76% နဲ့ Metacritic မှာတော့ 77% ရရှိထားပါတယ်။ ဆုတံဆိပ်တွေအနေနဲ့ဆိုရင်လည်း Lose Yourself တေးသီချင်းနဲ့ အကောင်းဆုံးဂီတ၊ မူရင်းသီချင်း အဖြစ် အော်စကာ ၁ ဆု ရရှိခဲ့သည့်အပြင် အခြားဆုပေါင်း ၁၀ ခုကိုလည်း ဆွတ်ခူးနိုင်ခဲ့ပါတယ်။ ဒါ့အပြင် ဆုပေါင်း ၁၉ ခုအတွက် စကာတင်စာရင်းမှာလည်း ပါခဲ့ပါသေးတယ်။ Biography တစ်ခုဖြစ်ပြီး ဒီလောက်ထိ rating တွေ၊ ဆုတံဆိပ်တွေ ဆုပ်ကိုင်ထားနိုင်တာက အတော်လေးအောင်မြင်တယ် ဆိုရ မှာပါ။ ဇာတ်လမ်းအသွားကတော့ သူ့တစ်ဘဝလုံးလိုလို ရုန်းကန်နေရတဲ့ လူငယ် rapper လေးတစ်ယောက်က သူ့ရဲ့ နောက်ဆုံးအခွင့်အလမ်းတစ်ခုကို စမ်းချင်နေတာပါ။ ဒါပေမယ့် ...
7.1
IMDB: 7.1/10 217,612 votes
movie
8 Mile
2002
Blu-Ray 720p
Eagle Eye (2008) 6.6
Eagle Eye (2008) အေးအေးနေတတ်တဲ့ ကော်ပီ ကူးတဲ့ အလုပ်သမား ဂျယ်ရီရှော တယောက် က အမေရိကန် လေ တပ်ကနေ ထွက်ခဲ့သူဖြစ်ပါတယ်၊ သူနဲ့ အရမ်းတူတဲ့ သူ့အကို အီသန်ရှော ဟာ ရုတ်တရက် ဆုံးပါးသွားတဲ့နောက် မှာ သူ့အရမ်း ပြောင်းလဲသွားပါတယ်။ အိမ်လခတောင် မှန်မှန်မပေးနိုင်တဲ့ ဂျယ်ရီရှော ရဲ့ ဘဏ်အကောင့်ထဲမှာ ဒေါ်လာ ၇ သိန်း ကျော်ရောက်ရှိလာပါတယ်။ အိမ်ပြန်ရောက်တဲ့အခါမှာတော့ သူ့အခန်းထဲမှာ လက်နှက်တွေ ၊ ခဲယမ်းမီးခြောက်တွေနဲ့ ပစ္စည်း ပစယတွေ မဖိတ်ခေါ်ဘဲ ရောက်ရှိလာပါတယ်။ သူသိပ်အံ့အားသင့်သွားတဲ့အချိန်မှာဘဲ သူ့လက်ကိုင်ဖုံးကို တဦးတယောက် က လှမ်းခေါ်ပါတယ်။ ကိုင်လိုက်တဲ့အခါမှာတော့ ဂျယ်ရီ့ အိမ့်ကို နောက် ၄ မိနစ်အတွင်း မှာဘဲ FBI က ၀င်ရောက်စီးနင်းတော့ မှာ ဖြစ်တယ်ဆိုတဲ့အကြောင်း ၊ ဒါကြောင့် အခုဘဲ လွတ်အောင်ပြေးဖို့နဲ့ ပြေးဖို့နေရာကို ညွှန်ကြားပါတော့တယ်။ ဂျယ်ရီတယောက် မယုံမရဲဖြစ်နေစဉ်မှာဘဲ ၄ မိနစ်ပြည့်သွားတဲ့အတွက် FBI ကနေ တရားမ၀င်လက်နှက်တွေ သိုလှောင် ထားတဲ့ ဂျယ်ရီ့ကို ၀င်ရောက်ဖမ်းစီးပါတော့တယ်။ သူနဲ့တချိန်ထဲမှာဘဲ ...
6.6
IMDB: 6.6/10 162,898 votes
movie
Eagle Eye (2008)
2008
Bluray 1080P
Detroit (2017) 7.5
7.5
IMDB: 7.5/10 12,665 votes
movie
Detroit (2017)
2017
Gangster Squad (2013) 6.7
Gangster Squad (2013)   ဒုတိယကမ္ဘာစစ်ပြီးတော့  အမေရီကန်ဟာ ကိုရီးယားပြည်တွင်းစစ်ကို ဝင်ပါတယ် ၊ နောက်ကျူးဘားအရေးကြောင့် ရုရှားနဲ့ စစ်ဖြစ်မလိုလိုအထိ ဖြစ်ခဲ့တယ် ။ ပြည်ပအရေးတွေ ဝင်ရောက်စွက်ဖက်တာများလာတယ် ပြီးတော့ ကမ္ဘာစစ်ဒဏ်ကိုလည်း တော်တော်ထိထားတော့ မိမိ ပြည်တွင်းအုပ်ချုပ်ရေးဘက်ကို ကောင်းကောင်းမလှည့်ကြည့်နိုင်တော့ဘူး ။ အဲသလိုတွေ ပြည်တွင်း အုပ်ချုပ်ရေးဘက် ပေါ့လျော့ခဲ့လို့ အမေရီကန်ပြည်သူတွေဟာ လူဆိုးဂိုဏ်းတွေရဲ့ ဒုက္ခပေးခြင်းကို တော်တော်ခံခဲ့ရတယ် ။ ဂျွန်ဒီလင်ဂျာလို ပြည့်သူရန်သူ နံပါတ်-၁ လို့ ကြေငြာရတဲ့အထိ လူဆိုးတွေ ပေါ်ထွက်လာတယ် ။ ဒီရုပ်ရှင်က ၁၉၄၉ ခုနှစ် အမေရီကန်ရဲဌာနတွေ ၊ တရားရေးဌာနတွေ အကျင့်ပျက်ခြစားပြီး မကောင်းမှုပြုရာတွေကို အခြေခံပြီး ရိုက်ကူးထားတယ် ။ လော့အိန်ဂျလိစ်မြို့မှာ  လောင်းကစားရုံ ၊ ပြည့်တန်ဆာအိမ် ၊ မူးယစ်ဆေးအရောင်းအဝယ်စသဖြင့် မကောင်းမှုမှန်သမျှအကုန်လုံး ထိန်းချုပ် လုပ်ကိုင်နေတဲ့ ဂိုဏ်းစတား တစ်ယောက်ရှိတယ် ။ သူက အရင်တုန်းက လက်ဝှေ့လောက က လူ ၊ ...
6.7
IMDB: 6.7/10 182,949 votes
movie
Gangster Squad (2013)
2013