Channel Myanmar

Antonio de la Torre

Dark Blue Almost Black (2006) 7.1
Dark Blue Almost Black (2006) IMDb 7.1% Rotten Tomatoes 70%rating လည်းကောင်း ကြည့်လို့လည်း ကောင်းမယ့် စပိန် dark/comedy ကားလေးဖြစ်ပါတယ်လိင်ဆက်ဆံခန်းတွေနဲ့ အသုံးအနှုန်း တချို့ပါတာမို့ မိသားစုနဲ့တော့ မကြည့်သင့်ပါဘူးဇာတ်လမ်းအကျဉ်းကတော့Jorge ဆိုတဲ့ လူငယ်လေးတစ်ယောက်က လူမမာအဖေကို ပြုစုပေးရပြီး စီးပွားစီမံဘွဲ့ကို ၇ နှစ်ကြာ ကြိုးစားယူထားပေမဲ့ အတွေ့အကြုံမရှိလို့ တံခါးစောင့်အလုပ်နဲ့ပဲ ဘဝ လမ်းဆုံးနေသူတစ်ယောက်ပါ ငယ်ငယ်ကတည်းက ကြိုက်ခဲ့တဲ့ crush လေးတစ်ယောက် ဂျာမနီမှာ ကျောင်းတက်ပြီး ပြန်လာပေမဲ့ သူ့စိတ်ထဲမှာတော့ ကောင်မလေးနဲ့ယှဉ်ရင် သိမ်ငယ်ရတယ်လို့ အမြဲခံစားရပါတယ်ထောင်ကျနေတဲ့ အစ်ကိုဖြစ်သူ အန်တိုနီယိုက ထောင်ထဲမှာ "Paula" ဆိုတဲ့ အကျဉ်းသူတစ်ယောက်နဲ့ ကြိုက်မိသွားပြီး ဒချိပါတော့တယ် Paula ရဲ့ရည်ရွယ်ချက်က ထောင်ထဲမှာ တခြားအကျဉ်းသူတွေ အနိုင်ကျင့်တာမခံရအောင် "မိခင်နှင့်ကလေး" အဆောင်ကို ပြောင်းခွင့်ရဖို့ ကိုယ်ဝန်ရချင်တာပါဒါပေမဲ့ ကံဆိုးချင်တော့ Jorge အစ်ကိုက မြုံနေပြီး သူ့ကောင်မလေးကို ကိုယ်ဝန်ရအောင်လုပ်ပေးဖို့ ညီဖြစ်သူ ...
movie

Dark Blue Almost Black (2006)

The Fury of a Patient Man (2016) 6.7
The Fury of a Patient Man (2016)  နောက်ပိုင်းထွက်တဲ့ ဇာတ်ကားသစ်တွေကောင်းတာရှားလို့Old but Gold ဇာတ်ကားဟောင်းတွေကိုပြန်ကြည့်ချင်တဲ့လူတွေအတွက်၂၀၁၆ ကထွက်ရှိခဲ့တဲ့ The Fury of a Patient Man ဆိုတဲ့ဇာတ်ကားလေးကိုတင်ဆက်ပေးလိုက်ပါတယ်။IMDb Rating 6.7 ရရှိထားပြီး ဇာတ်ကားနာမည်အတိုင်းပဲ သည်းခံစိတ်ရှိတဲ့လူတွေ ဒေါသထွက်လာရင်တကယ်မလွယ်ဘူးဆိုတဲ့ အကြောင်းကို အဓိကတွေ့ရမှာဖြစ်ပါတယ်။ဟိုဆေးဆိုတဲ့ လူတစ်ယောက်က မကြာခင်လက်ထပ်ရတော့မဲ့သူ့ရဲ့ချစ်သူကို ဆုံးရှုံးထားရတဲ့ လူဖြစ်ပြီး သူ့ရဲ့ချစ်သူက ဘဏ်ဓားပြတိုက်ခဲ့တဲ့လူတွေကြောင့် အသက်ဆုံးရှုံးခဲ့ရတာဖြစ်ပါတယ်။သူ့ချစ်သူကို သတ်ခဲ့တဲ့ အဲ့ဒီလူတွေထဲက တစ်ယောက်ဖြစ်တဲ့ ကူရိုဆိုတဲ့ လူတစ်ယောက် ထောင်ထဲကထွက်လာပြီးနောက်မှာ ဟိုဆေးကကူရို့ကို အသုံးချပြီးဘယ်လိုတွေပြန်လက်စားချေသွားမလဲဆိုတာကို ကြည့်ရမဲ့ဇာတ်ကားပဲဖြစ်ပါတယ်။ File size…1.89GB/ 769MB Quality…Blu-Ray 1080p 5.1 CH/ 720p Format…mp4 Duration….1h 32m Genre ….. Crime , Drama , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay
movie

The Fury of a Patient Man (2016)

Marshland (2014) 7.2
Marshland (2014)  MDB -7.2 Rotten Tomatoes - 92% အထိရထားတဲ့စပိန်ဇာတ်ကားကောင်းလေးနဲ့မိတ်ဆက်ပေးချင်ပါတယ်...ဇာတ်လမ်းအကျဉ်းက ပတ်ဒရိုဆွာရက်ဇ် ရဲတစ်ယောက်ဖြစ်ပြီးကအစိုးရကိုဝေဖန်တဲ့စာတစ်စောင်ရေးခဲ့တဲ့အတွက် မက်ဒရစ်မြို့ကနေ နယ်မြို့ကိုပြောင်းရွှေ့ခံလိုက်ရတယ်သူရောက်သွားတဲ့မြို့မှာ ကျောင်းသူအရွယ်မိန်းကလေးနှစ်ယောက်ပျောက်သွားတယ်ဆိုတဲ့အမှုက တိုင်ကြားချက်ရောက်လာတဲ့အတွက်ပက်ဒရိုနဲ့ သူရဲ့တွဲဖက်ဖြစ်တဲ့ ဟွမ်ရော့ဘ်လက်စ် တို့ကစုံစမ်းမှုကိုစတင်ကြပါတော့တယ်။ အရင်က ဒီလိုအလားတူအမှုမျိုးတွေရှိဆိုပေမယ့် ခံရသူတွေကသူတို့ရဲ့ဂုဏ်သိက္ခာထိခိုက်တယ်လို့ယူဆတဲ့အတွက် အမှုတွေပြီးပြတ်အောင်ဆောင်ရွက်နိုင်ခြင်းမရှိပါဘူး။ပျောက်သွားတဲ့မိန်းကလေးတွေရဲ့ ဖခင်ကနေ တဖြည်းဖြည်းလိုက်စုံစမ်းပေမယ့်လုံလောက်တဲ့သဲလွန်စတွေမရခဲ့ပါဘူး။ပျောက်ဆုံးပြီးသုံးရက်အကြာမှာ မိန်းကလေးတွေရဲ့ အလောင်းကိုမြစ်ထဲမှာစတင်တွေ့ရှိပြီးနောက်မှာတော့......  File size…1.68GB / 761MB Quality…Blu-Ray 1080p 5.1 CH/ 720p Format…mp4 Duration….1h 45m Genre ….. Action , Crime , Mystery Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Tin Myo Lwin
movie

Marshland (2014)

Stories Not to be Told (2023) 6.2
Stories Not to be Told (2023) Stories not to be told (2023)ကျွန်မတို့တွေဟာ ဘ၀ရဲ့တစ်ထောင့်တစ်ကွေ့မှာ မရည်ရွယ်ပေမယ့်လည်း အမှားသေးသေးကစလို့ ကြီးကြီးမားမားတွေထိ လုပ်မိတတ်ကြပါတယ်။ တစ်ခါတစ်လေမှာ ရှက်စရာကောင်းလွန်းလို့ ဘယ်သူ့ကိုမှလည်းမသိစေချင်၊ ကိုယ်တိုင်လည်းလုံး၀မေ့ပစ်ချင်ပေမယ့် ညအိပ်ခါနီးစိတ်ထဲပြန်ပြန်ပေါ်လာတတ်ပြီး စိတ်အနှောင့်အယှက်ပေးတတ်တဲ့ အဖြစ်အပျက်မျိုးတွေကို Stories not to be told လို့ခေါ်တဲ့ ဒီစပိန်ရုပ်ရှင်မှာ အသားပေးတင်ဆက်ထားပါတယ်။ဒီရုပ်ရှင်ထဲမှာ မတူညီတဲ့လူအမျိုးမျိုးရဲ့ မတူညီတဲ့ဇာတ်လမ်းငါးခုက လူတွေရဲ့ စိတ်ခံစားချက်ကို မထိန်းချုပ်နိုင်ပုံကို သရော်ထားပြီး သူ့နေရာမှာကိုယ်သာဆိုရင်ရော ဆိုတဲ့ စာနာစိတ်ကိုပါဖြစ်စေအောင် ရိုက်ပြထားနိုင်တာမို့ တကယ်ကို ခံစားကြည့်သင့်တဲ့ဇာတ်ကားကောင်းတစ်ခုဖြစ်ပါတယ်။အညွှန်း နဲ့ ဘာသာပြန်ကတော့ Jane ပဲ ဖြစ်ပါတယ်။Genre..... Action, Adventure, Comedy Quality…. 1080p | 720p File size… 1.4GB | 694MB Format… mp4 Duration….1h 40min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Jane Encoder ..... Aaron
movie

Stories Not to be Told (2023)

2023
Rated R (2008)
Rated R (2008) Rated. R (2008) ============ဣတ္ထိယတွေဟာ နားလည်ဖို့ခက်လှတယ်ရယ်လို့ ကျွန်တော်တို့ပုရိသတွေဟာ အမြဲညည်းလေ့ရှိကြတယ်မလား။ တကယ်တော့ ဒီအမျိုးသမီးလေးတွေဟာ ကျွန်တော်ထင်ထားသ‌လောက် ရောရှုပ်ထွေးမှုတွေပြည့်နှက်နေတာဟုတ်ပါ့မလား။ ပုရိသတွေဟာ ခေတ်အဆက်ဆက်မှာ ဖိုဝါဒီကိုလက်ကိုင်ပြုပြီး ဣတ္ထိယတွေကို ဖိနှိပ်အနိုင်ကျင့် သူတို့ရဲ့ကိုယ်ကျိုးအတွက်သာအသုံးပြုနေခဲ့ခြင်းတွေဟာ မှန်ကန်မှု ရှိနေပါရဲ့လား။ယနေ့ခေတ်ထိ နောက်နှစ်ပေါင်းသန်းချီထိ အပေါ်ယံသကာရည်ဖုံးထားလည်း အမြဲမှန်ကန်နေမယ့် သဘောတရားတစ်ခုဖြစ်တဲ့ ခွန်အားကြီးသူသာ နိုင်စတမ်းနဲ့ ခွန်အားနည်းသူတွေကို အနိုင်ကျင့်ခြင်းတွေ၊ ယောက်ျားတွေရဲ့အနိုင်ကျင့်တာထက် အမျိုးသမီးအချင်းချင်းကိုပင် မနာလိုမရှု့စိမ့်၊နိုင်စားမှုတွေဟာ ဒီကမ္ဘာမြေကြီးပေါ်မှာ လူသားမျိုးနွယ်တွေ အဆုံးမသတ်ခင် ပျောက်သွားနိုင်ကောင်းပါရဲ့။ကျွန်တော်တို့ပုရိသတွေ စနောက်လေ့ရှိတဲ့ အမျိုးသမီးလေးတွေရဲ့ လိုအင်ဆန္ဒတွေ၊ ကြုံတွေ့ရတဲ့အခက်အခဲတွေ၊ အမျိုးသမီးရယ်လို့ဖြစ်လာတာနဲ့ ရရှိလာတဲ့ ဒုက္ခတွေကို ကျွန်တော်တို့ဟာ တစ်ခါလောက်တောင် ဝင်ရောက်စာနာ ပေးဖူးခဲ့ပါရဲ့လား(ကိုယ့်ဒုက္ခမဟုတ်လို့ မစာနာပေးနိုင်တာကိုတော့ လူတိုင်းပြောတတ် ပါတယ် မိတ်ဆွေ)။ ကျွန်တော်တို့ဟာ ဘယ်လိုလူတွေဖြစ်ဖြစ် ဒီအမျိုးသမီးလေးတွေရဲ့ ပဋိသန္ဓေလွယ်ပေးခြင်းတွေကနေ ဖြစ်လာတဲ့သူတွေပဲမလို့ ကိုယ့်အမေ၊ ညီမ၊ အစ်မ၊ ချစ်ရသူမိန်းကလေးရယ်ကိုမှ တန်ဖိုးထားလေးစားထိုက်တဲ့အမျိုးသမီးတွေ၊ ကျန်တဲ့ အမျိုးသမီး‌တွေကိုအသုံးချစရာသက်သက်တွေ စိတ်ရှုပ်စရာတွေလို့မမြင်စေဘဲ လေးစားတန်ဖိုးထားသင့်ကြောင်း ရိုက်ပြထားတဲ့ စပိန်ကားကောင်းလေးကတော့ ယခုရုပ်ရှင်ကားလေးပဲဖြစ်ပါတယ်။ဒီရုပ်ရှင်ကို ဇာတ်ဆောင်မင်းသမီးချောသုံးလက်ကဦး‌ဆောင်ရိုက်ကူးထားပြီး တစ်နယ်တစ်ရပ်ကျေးမှလာတဲ့သူတို့တွေရဲ့မက်ဒရစ်မြို့ကြီးမှာ တွေ့ဆုံကြပုံ၊ မည်သို့မည်ပုံ သံယောဇဉ်တွယ်ကြပုံ၊ ကြုံတွေလာရတဲ့ဒုက္ခသုက္ခတွေနဲ့ လောက ဓံတရားတွေ၊ ဘဝမှာ တစ်ခါတလေ အောင်မြင်ပြီထင်ထားတဲ့သူတွေဟာ ကျရှုံးခြင်း ဆိုက်ရောက်သွားရပုံတွေ၊ အမျိုးသမီးတွေအပေါ် ဖိနှိပ်ချုပ်ခြယ်မှုတွေကို တွန်းလှန် ကြပုံတွေကို စုံလင်နေအောင်ကြည့်ရမယ့်ရုပ်ရှင်ကားလေးဖြစ်ပါတယ်။ comedy/ ...
movie

Rated R (2008)

2008
A Twelve-Year Night (2018) 7.5
A Twelve-Year Night (2018) A Twelve-Year Night (2018) ~ IMDb - 7.5/10, RT - 80% ~ဆယ်စုနှစ်ပေါင်းများစွာ ဒီမိုကရေစီနဲ့ရှင်သန်လာတဲ့ လူတွေမှာ ဘာတွေတွေးခေါ်နိုင်မလဲခင်ဗျား စဉ်းစားကြည့်။လူတစ်ယောက်မှာ လွတ်လပ်စွာရှင်သန်ခွင့်ဟာအရမ်းအရေးကြီးတယ်၊ ကိုယ်နေထိုင်တဲ့ လူ့အသိုက်အဝန်းအဖွဲ့အစည်းကိုယ်၌က လွတ်လပ်မှ ကိုယ့်အတွေးအခေါ်တွေဟာ လွတ်လပ်မယ်။ ဒီလိုပဲ အညမည သဘောအနေနဲ့ ကိုယ့်အတွေးအခေါ်တွေ လွတ်လပ်မှ ကိုယ့်အသိုက်အဝန်းလွတ်လပ်မယ်။ လွတ်လပ်မှုဟာ လုံခြုံမှုကိုဦးတည်တယ်၊ လုံခြုံမှုကနေမှ သန့်ရှင်းတိုးတက်တဲ့ အဖွဲ့အစည်းတစ်ခုနိုင်ငံတစ်ခုကို ဖော်ဆော်နိုင်မယ်။ဒီလိုသဘောတရားတွေဟာ ဒီမိုကရေစီနိုင်ငံသားတွေရဲ့စိတ်ထဲမှာစိမ့်ဝင်ထားပြီးသား။ ဥရုဂွေးနိုင်ငံဟာ ဆယ်စုနှစ်များစွာ ဒီမိုကရေစီနိုင်ငံအဖြစ် ရပ်တည်နေရာကနေ အာဏာရှင် လက်အောက်ကို ကျရောက်သွားတယ်။ ဒီလိုအာဏာသိမ်းမှုမျိုးကို လက်မခံနိုင်တဲ့ လူတွေဝိုင်းဝန်းတော်လှန်ကြပြီး တူပါမာရိုတော်လှန်ရေးဆီကိုဦးတည်သွားတော့တယ်။သို့ပေမဲ့ စိတ်မကောင်းစွာပဲ ရှုံးနိမ့်ခဲ့ရပြီး ကျန်ရစ်သူတွေကတော့ထောင်ကျခဲ့ပါတယ်၊ ဒီတော်လှန်ရေးကြီးကနေပြီး တစ်ချိန်မှာ ဥရုဂွေးနိုင်ငံရဲ့သမ္မတဖြစ်လာမယ့်သူ၊ အထက်လွှတ်တော်အမတ်ဖြစ်လာမယ့်သူတွေဟာ ထောင်ထဲမှာ ၁၂ နှစ်ကြာ တိုက်နန်းစံရတဲ့ အိမ်ရှေ့မင်းသားရာထူး ရခဲ့ကြပါတယ်။ဒီ ၁၂ ကြာကာလဖြတ်သန်းရပုံကို ...
movie

A Twelve-Year Night (2018)

2018
Che: Part Two (2008) 6.9
Che: Part Two (2008) Che: Part Two (2008)__________IMDb - 6.9/10   [ရသပြည့်ဝစွာ ခံစားနိုင်စေရန် Blu-Ray 1080p5.1ch,720p တို့ဖြင့်ပြည့်စုံစွာတင်ဆက်ပေးထားပါသည်.....] (Spoiler ဖြစ်မည်စိုးရိမ်သူများမဖတ်ဘဲ ဒေါင်းကြပါ..ကျွန်တော့်အမြင်ပြောရရင် ဒီအညွှန်းလေးဖတ်ပြီးကြည့်ရတာပိုပြီးပြည့်စုံမည်ဟု ထင်မြင်သောကြောင့် ထည့်သွင်းဖော်ပြပေးထားခြင်းဖြစ်ပါသည်....) (DatShin Movie Page မှ ကူးယူဖော်ပြသည်....)  (Unicode)၁၉၅၆ ခုနှစ် . . ။ ရွက်လှေလေး တစ်စီးဟာ ပင်လယ်ထဲမှာ တအိအိ ရွေ့နေတယ်။ လှေလေးက ခပ်သေးသေးပါပဲ။ တကယ်တန်း ဆန့်တာက ၁၂ လောက်ထိပဲ ဆန့်တာ။ လွန်ရောကျွန်ရော ၂၅ ယောက် ပေါ့။ ဒါပေမယ့် လှေပေါ်မှာ လူ အယောက် ၈၀ ထိ ပါလာတယ်။အဲ့ဒီရွက်လှေလေးဟာ တကယ့်အပြင်မှာ ရှိခဲ့ပါတယ်။ ရွက်လှေပေါ်က လူ အယောက် ၈၀ က လည်း တကယ် ရှိခဲ့ပါတယ်။ အခြားသူတွေတော့ မဟုတ်ပါဘူး။ နှောင်တစ်ချိန်မှာ တစ်ကမ္ဘာလုံးကို ကိုင်လှုပ်ပစ်တော့မယ့် ရဲဘော် ...
movie

Che: Part Two (2008)