Channel Myanmar

Anvar Khalilulaev

Project Gemini (2022) 3.6
Project Gemini (2022) Project Gemini(2020)စတီဗင်ဟော့ကင်းက "လူသားတွေ ရေရှည်အသက်ရှည်ရပ်တည်နိုင်ဖို့အတွက်ဆိုရင် ကမ္ဘာကြီးကို စွန့်ခွါနိုင်မယ့် နည်းလမ်းကို ရှာဖွေကြရမယ်" လို့ ပြောခဲ့ဖူးပါတယ်တဲ့လူသားတွေရဲ့ နှိပ်စက်ညှင်းပန်းမှုကြောင့်ဖွက်ဖွက်ညက်ညက်ကြေနေတဲ့ ကမ္ဘာကြီးပေါ်မှာ လူသားမျိုးနွယ်တွေ ဆက်လက်ရပ်တည်နိုင်ဖို့ မဖြစ်နိုင်တော့တဲ့ အခြေအနေနဲ့ ရင်ဆိုင်လာရပါတယ်အပင်တွေကို အဓိကထားတိုက်ခိုက်တဲ့ ဗိုင်းရပ်စ်ပိုးတစ်မျိုးကြောင့် ကမ္ဘာဂြိုလ်ပေါ်က အပင်တွေ လျော့နည်းလာပြီး ကမ္ဘာ့လေထုထဲက အောက်ဆီဂျင်ပမာဏဟာ အဆိုးဆုံးအခြေအနေကို ထိုးကျသွားမယ့်အရေးနဲ့ ရင်ဆိုင်နေရပါတယ်အဲဒီအချိန်မှာပဲ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက သက်ရှိတွေကို ဖန်တီးခဲ့တယ်လို့ ယူဆရတဲ့ ရုပ်ကြွင်းနှစ်ခုကို အခြေခံထားတဲ့ Project Gemini ဆိုတဲ့ ပရောဂျက်ဟာ လူသားမျိုးနွယ်အတွက် နောက်ဆုံး မျှော်လင့်ချက်ဖြစ်လာပါတော့တယ် အဲဒီပရောဂျက်အရ စက်လုံးလို့ အမည်ပေးထားတဲ့ အဲဒီပစ္စည်းကို သိပ္ပံပညာရှင်တစ်သိုက်က အာကာသထဲ သယ်ဆောင်သွားပြီး လူသားတွေ ရှင်သန်နေထိုင်နိုင်မယ့် ဂြိုလ်တစ်ခုကို ရှာဖွေဖို့ ကြိုးပမ်းကြပါတော့တယ်ဒါပေမဲ့ အာကာသစနစ်ထဲကို သွားတဲ့ လမ်းကြောင်းက ပြောင်းလဲသွားပြီး ဘယ်နေရာမှန်းမသိတဲ့ ဂြိုလ်ပတ်လမ်းတစ်ခုထဲကို ရောက်ရှိသွားပါတော့တယ်အာကာသစနစ်ကို သွားတဲ့ လမ်းကြောင်းက ဘာလို့ပြောင်းလဲသွားတာလဲ သူတို့ သယ်ဆောင်လာတဲ့ စက်လုံးနဲ့ ဂြိုလ်က ဘယ်လိုဆက်စပ်မှုတွေရှိနေတာလဲ သိပ္ပံပညာရှင်တွေရော ကမ္ဘာမြေပေါ်ကို ပြန်လည်ခြေချနိုင်မလား လူသားမျိုးနွယ်အတွက် သမိုင်းမှတ်တိုင်တစ်ခုကို စိုက်ထူသွားနိုင်မလား ...
movie

Project Gemini (2022)

2022
Balkan Line(2019) 6.6
Balkan Line(2019) Balkan Line(2019) (unicode)စစ်ကားကောင်းမို့ BLU-RAY 1080P5.1CH ပါပြုလုပ်ပေးထားပါတယ်... ဒီဇာတ်လမ်းက ၁၉၉၉ ခုနှစ် ဆားဘီးယား ကို ဗုံးကျဲခံရတဲ့ အကြောင်းကို အခြေခံပြီး ရိုက်ကူးထားတာပါ၊ ဗုံးကျဲမှု ဖြစ်ပွားအပြီးမှာ အယ်လ်ဘေးနီးယန်း သူပုန်တွေက ဆလာတီနာ လေဆိပ်ကို သိမ်းပိုက်ထားပါတယ်၊ ငြိမ်းချမ်းရေးတပ်ဖွဲ့တွေ ဒေသကို ပြန်လည်ထိန်းသိမ်းဖို့အတွက် ဆာဘီးယားကို လာကြဖို့ ရှိနေတဲ့အတွက် မဟာဗျူဟာအရ အရေးပါတဲ့ အဆိုပါလေဆိပ်ကို ပြန်ပြီး ခြေကုပ်ယူနိုင်ဖို့အတွက် ရုရှားအထူးတပ်ဖွဲ့ တာဝန်ပေးခံရတဲ့အခါ ..... ပြောရရင်ဒီလိုထိန်းသိမ်းထားဖို့က ပြန်လမ်းမဲ့စစ်ဆင်ရေးလို့တောင် နာမည်ပေးလို့ရပါတယ်... ဒီလေဆိပ်ကိုကာကွယ်ဖို့ကလည်း လူနည်းစုသာ တာဝန်ပေးခံရတဲ့အပြင် အရေးပေါ် စစ်ကူပေးဖို့လည်း မလွယ်ကူပါဘူး.... လူနည်းစုဖြစ်တဲ့ အထူးတပ်ဖွဲ့လေးက ဒီလျှို့ဝှက်စစ်ဆင်ရေးကို အောင်မြင်အောင် လုပ်နိုင်ပါ့မလားဆိုတာ ရုပ်ရှင်ထဲ မှာ ဆက်လက် ကြည့်ရှုကြရအောင်ပါ .... စစ်ကားကောင်းကြိုက်သူတို့ လက်မလွှတ်သင့်ပါကြောင်း သတင်းကောင်းပါးပါရစေ..... ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ SCRN ပဲဖြစ်ပါတယ်..File Size : (2.44GB)(1.17GB) Quality : Blu-Ray 1080p ...
movie

Balkan Line(2019)

2019