Channel Myanmar

Aoi Yuki

Short Peace (2013) 6.8
Short Peace (2013) Short Peace (2013) ============== IMDb Rating - 6.8/10ဂျပန်ရှေးဟောင်းဒဏ္ဍာရီပုံပြင်တွေကို Anime ပုံစံနဲ့ကြည့်ချင်တဲ့ သူတွေအတွက် လုံးဝရှယ်ဖြစ်နေတဲ့ Anime တစ်ခုနဲ့မိတ်ဆက် ပေးပါမယ်။Code Geass, Gintama, Inuyasha, Colourful တို့လို Anime တွေရဲ့ပဲ့ကိုင်ရှင် Studio Sunrise ရဲ့လက်ရာဖြစ်တဲ့အပြင် IMDb Rating 6.8/10 ရထားတာမို့ အတော်လေးမိုက်ပါတယ်။ "Short Peace" ဆိုတဲ့ Anime လေးထဲမှာ သူ့နာမည်အတိုင်း ပုံပြင်တို လေးပုဒ်ပါပါတယ်။ ၃ပုဒ်က ဂျပန်ရှေးဟောင်းပုံပြင်တိုလေးတွေ ဖြစ်ပြီး နောက်ဆုံးကတော့ ကမ္ဘာပျက်ခေတ်က စစ်ပွဲဇာတ်လမ်းတို လေးပါ။ဂျပန်ဒဏ္ဍာရီပုံပြင်တို‌(၃)ပုဒ်ကတော့ - ဆုခုမိုဂါမိ (ရှေးပစ္စည်းဝိညာဉ်)၊ ဟိနော့ယောဂျင်း(မီးသတိပေး)နဲ့ ဂမ်ဘို ဖြစ်ပါတယ်။ နောက်ဆုံးကတော့ စစ်ကားပေါ့ဗျာ။Animation Art Style ကလည်း တစ်ပုဒ်နဲ့တစ်ပုဒ်မတူဘဲ အတော်လေး လည်းလှပါတယ်။ ဇာတ်လမ်းတိုတစ်ပုဒ်ချင်းစီကလည်း စိတ်ဝင်စားစရာ ကောင်းတာမို့ တစ်ကားလုံးပျင်းချိန်ကိုမရှိပါဘူး။ Japan Anime Fan မဟုတ်တဲ့သူတွေကိုတောင် အကြိုက်တွေ့စေမှာဖြစ်လို့ Anime fan တွေ အတွက်ဆိုရင်တော့ အတိုင်းထက်အလွန်ပေါ့ဗျာ။ ကြည့်ရှုခံစားလိုက်ကြ ပါဦး။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Ngwe ...
movie

Short Peace (2013)

2013
Doraemon: Nobita’s Treasure Island (2018) 6.5
Doraemon: Nobita’s Treasure Island (2018) Doraemon: Nobita's Treasure Island (2018) ------------------------------------------------------------------- အခုတစ်ခေါက်မှာတော့ 2018 ခုနှစ်မှာ ထွက်ခဲ့တဲ့ ၃၈ကားမြောက် ဒိုရေမွန်ဇာတ်ကားလေးနဲ့မိတ်ဆက်ပေးပါရစေ။ ဒီဇာတ်လမ်းလေးက ၁၈၈၃ခုနှစ်ကထွက်ရှိခဲ့တဲ့ Treasure Island ဝတ္ထုကိုအခြေခံရိုက်ကူးထားပြီး Your Name Anime ရဲ့ ထုတ်လုပ်သူ Genki Kawamura ထုတ်လုပ်ထားတာပဲဖြစ်ပါတယ်။ဇာတ်လမ်းအကျဥ်းလေးကတော့ ပင်လယ်ဓားပြပုံပြင်တွေဖတ်ပြီး ရတနာကျွန်းရှာဖို့ရူးသွပ်နေတဲ့ နိုဘီတတစ်ယောက် သတင်းမီဒီယာကနေ အမည်မသိကျွန်းတစ်ခုပေါ်လာကြောင်း ကြေညာချိန်မှာတော့ ရတနာသွားရှာချင်စိတ်တွေ တဖွားဖွားပေါ်ပေါက်လာပါတော့တယ်။ဒါကို သူငယ်ချင်းတွေက ဝိုင်းလှောင်ကြတော့ စိတ်တိုတိုနဲ့ကျွန်းကို တွေ့အောင်ရှာမယ်လို့အလောင်းအစားပြုလုပ်ပြီး ထုံးစံအတိုင်း ဒိုရေမွန်ကိုအကူညီတောင်းပါတယ်။ ဥပေက္ခာမပြုနိုင်တဲ့ ဒိုရေမွန်ကလည်း နိုဘီတအလိုကျအတိုင်း အဲဒီကျွန်းကို သွားဖို့ဆုံးဖြတ်လိုက်တဲ့အချိန်မှာတော့ ပင်လယ်ဓားပြတွေနဲ့ ဘယ်လိုစခန်းသွားရမလဲ ဘယ်လိုမျိုးရင်ဆိုင်ကျော်ဖြတ်သွားမလဲဆိုတာကို ရင်ခုန်စွာနဲ့ကြည့်ရှုခံစားပေးကြပါဦးနော်။ File size…1.7GB / 894MB Quality…1080p BluRay / 720p Format…mp4 Duration….1h 48m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Haruko
movie

Doraemon: Nobita’s Treasure Island (2018)

2018
A Silent Voice: The Movie (2016) 8.1
A Silent Voice: The Movie (2016) Silent Voice 2016 ------------------------ ကျွန်တော်တို့အားလုံး ကျောင်းသားဘ၀နဲ့ ပက်သက်တဲ့ အမှတ်တရတွေ ရှိကြမှာပါ။။ကျွန်တော်လဲ ရှိခဲ့ဖူးပါတယ်။။ ဒါပေမယ့် အမှတ်တရကောင်းတော့ မဟုတ်ခဲ့ပါဘူး။ကျွန့်တော့်ရဲ့ အမှတ်တရကို မသန်စွမ်း(နားမကြားမလေး)နဲ့ပဲ စရမှာပေါ့။သူ့ရဲ့ကျောင်းသားသစ် မိတ်ဆက်ပွဲမှာ တမူထူးတဲ့ မိတ်ဆက်ပုံကြောင့် ကျွန်တော်အာရုံစိုက်မိခဲ့ပါတယ်။ သူမိတ်ဆက်ပုံက တွေတွေလေးငေးနေရင်းကနေ လွယ်အိတ်ထဲက စာအုပ်ကို ထုတ်ပြီး သူဟာ အကြားအာရုံမကောင်းကြောင်းနဲ့ သူကို ဒီစာအုပ်လေးကနေ ဆက်သွယ်ခင်မင်စကားပြောပေးဖို့ အပြုံးမှိန်မှိန်လေးနဲ့ မိတ်ဆက်ခဲ့လို့ပါ။ သူ့ရဲ့ လူတကာပေါ်ကောင်းချင်ပြီး အမြဲတမ်း အပြုံးလေးနဲ့ ဆက်ဆံပုံကို ကျွန်တော်က ဟန်ဆောင်တယ်ထင်ပြီး အမြဲနှောင့်ယှက်ဒုက္ခပေးခဲ့ပါတယ်။တနေ့မှာတော့ ကျွန်တော့်ရဲ့စနှောက်မှုတွေက ကျွန်တော့်ရဲ့ဘ၀တစ်ခုလုံးကို ဇောက်ထိုးမိုးမျှော်ဖြစ်စေခဲ့ပါတယ်။အဲ့ဒါက သူ့ရဲ့နားအကြားအကူနားကြပ်တွေကို လွှင့်ပစ်မိတာခဲ့ပါ။ အဲ့နားကြ့ပ်တွေက ဈေးကလဲကြီးပြီး ၈ခုထိကိုကျွန်တော် လွှင့်ပစ်မိတာကြောင့် သူ့အိမ်ကနေ တဆင့် ကျနော်တို့အတန်းဆီပါ ရောက်လာပြီး သူလဲကျောင်းပြောင်းပြီး ကျွန်တော်လဲ ဆရာတွေရဲ့စစ်ဆေးမှူမှာ အမြဲနှောင့်ယှက်တတ်တဲ့ ကျွန်တော်ကို အားလုံးက အပြစ်ပုံချခဲ့ပါတယ်။အနိုင်ကျင့်ယုတ်မာတဲ့လူတစ်ယောက်အဖြစ် ပတ်၀န်းကျင်ရဲ့ ဖယ်ကျဉ်ခြင်းလဲ ခံရပြီး ...
movie

A Silent Voice: The Movie (2016)

Your Name (2016) 8.5
Your Name (2016) Your Name (2016) =============================== (Kimono Na wa) ဒီကားကတော့ မသိတဲ့သူမရှိသလောက်ကို ရှားပါလိမ့်မယ်... ကမ္ဘာအနှံ့အောင်မြင်မှုတွေရခဲ့ပြီး Your Name ကြောင့် Anime ပရိသတ် ဖြစ်လာကြတဲ့သူတွေဒုနဲ့ဒေးပါပဲ... ဒါပေမဲ့ အခုထိမကြည့်ရသေးတဲ့သူတွေ ရှိနေနိုင်သေးတာကြောင့် နည်းနည်းလောက် ပြန်ညွှန်းပါရစေ... ဇာတ်လမ်းအစမှာ သဘာဝလွန်ဖြစ်ရပ်ဆန်းနဲ့ စတယ်...တိုကျိုမှာနေတဲ့ အထက်တန်းကျောင်းသားလေး တာချီဘာနာ တကိ နဲ့ အိတိုမိုရိ ဆိုတဲ့ နယ်မြို့လေးက မိယမိဇု မိဆုဟ ဆိုတဲ့ ကောင်မလေးတို့ဟာ ခန္ဓာကိုယ်ချင်းလဲသွားကြသတဲ့...အမှန်က ခန္ဓာကိုယ်လဲတယ်ဆိုတာထက် စိတ်ချင်းလဲသွားတယ်ဆို ပိုမှန်ပါတယ်... ဒါကို သူတို့တွေက အိပ်မက်လို့ ထင်နေကြပေမယ့် တကယ်ဖြစ်နေမှန်းသိတဲ့အခါမှာတော့ သူတို့နှစ်ယောက်လုံး ဒီအဖြစ်ဆန်းကြီးကို အဖြေရှာဖို့ ကြိုးစားကြပါတော့တယ်..ဒါပေမဲ့ ပြသနာက ခန္ဓာကိုယ်ချင်း(စိတ်ချင်း)လဲတာတင် မဟုတ်ပဲ သူတို့နှစ်ယောက်ရဲ့အချိန်တွေပါ လွဲနေတယ်ဆိုတာကို သိလိုက်ရတဲ့ အခါမှာတော့.... ဒီအချိန်လွဲတယ်ဆိုတဲ့ကိစ္စကြီးက ကြည့်ရတာနည်းနည်းတော့ ရှုပ်နိုင်တယ်... မြင်အောင်ပြောပြရရင် အခုလက်ရှိ ပစ္စုပန်အချိန်နဲ့ ဟိုးအရင်အတိတ်အချိန် နှစ်ခု ထိပ်တိုက်တွေ့တဲ့သဘောပါပဲ... ဒါကို ဇာတ်ကားထဲမှာ ပြန်ပြီးရှင်းပြထားတာကို တွေ့ရမှာပါ... ဒီလို ထူးဆန်းမှုတွေနဲ့ ဆွဲဆောင်ထားတဲ့ ဒီဇာတ်ကားလေးက ကျွန်တော်တို့ကို တစ်ခုပြောသွားသေးတယ်ခင်ဗျ "မှတ်ဉာဏ်တွေဟာ မေ့ပျောက်ဖို့လွယ်ပေမယ့် နှလုံးသားကတော့ အမြဲအမှတ်ရနေမှာပါ" ကျွန်တော်တို့ ...
movie

Your Name (2016)

2016
Weathering with You (2019) 7.5
Weathering with You (2019) Weathering With You (2019)****************************( 天気の子 )သဘာဝ ၏ ရင်သွေးငယ်"နေရောင်ခြည်ကို မမြင်ရတော့ရော ဘာဖြစ်လဲ?? ကောင်းကင်ပြာကြီးထက် နင့်ကို ပိုပြီး လိုချင်တယ်" ~Morishima Hodakaဒါက ၁၆ နှစ်သားကောင်လေးတစ်ယောက်ရဲ့ မိုက်ရူးရဲစကားတစ်ခွန်း... ဒီစကားတစ်ခွန်းကပဲ ကမ္ဘာကြီးတစ်ခုလုံးကို ပြောင်းလဲပစ်လိုက်တယ်ဆိုရင် သင် ယုံနိုင်မလား...?? ဟုတ်ပါတယ် ဟိုဒါကာ ဆိုတဲ့ကောင်လေးကတော့ တကယ်ကို အဲ့ဒီစကားနဲ့အညီ လုပ်ချသွားခဲ့ပါတယ်ကိုယ်ချစ်ရသူနဲ့ ကမ္ဘာကြီးတစ်ခုလုံးကို ဘယ်ဟာကိုရွေးမလဲ ဆိုရင် မိုက်ရူးရဲဆန်ဆန်နဲ့ပဲ ကိုယ့်ရဲ့ချစ်သူကို ရွေးကြမှာပါကျွန်တော်တို့လည်း အဲ့ဒီ ၁၆ နှစ်သားကောင်လေးလို မိုက်ရူးရဲဆန်ခဲ့ဖူးကြတယ်မလား?ဒီဇာတ်ကားလေးကို ကြည့်ပြီး အဲ့ဒီခံစားချက်လေးကို ပြန်အသက်သွင်းလိုက်ကြရအောင်...အရင်ဆုံးပြောချင်တာက ဒီကားကို အားလုံးလိုလိုကြည့်ပြီးလောက်ကြပါပြီ Cam Version ကနေစလို့ ထပ်ထွက်တဲ့ WebRip အထိပေါ့ ဒါကိုမှ ထပ်ထွက်တဲ့ အကြည် Blue-ray မှာ ကွာလတီအပြည့်နဲ့ပြန်ခံစားလို့ရအောင် သိမ်းချင်လဲသိမ်းထားလို့ရအောင် ထပ်လုပ်ပေးတဲ့သဘောပါပဲ။ ဘာကွာသွားလဲဆိုရင် ကြည့်သာကြည့်ကြည့်ပါလို့ပဲပြောပါရစေ။ မိုးစက်မှုံလေးတွေကအစ နေ‌ရောင်ခြည်အဆုံး ကာလာစုံလွန်းလို့ပါ ဖြစ်နိုင်ရင် တီဗွီနဲ့သာကြည့်ပါ။ဆိုတော့ ဇတ်လမ်းကိုတော့ ...
movie

Weathering with You (2019)