Channel Myanmar

April Grace

A Good Day to Die Hard (2013) Die hard 5 5.3
A Good Day to Die Hard (2013) Die hard 5 ခရစ်စမတ်နဲ့ နယူးရီးယားပိတ်ရက်တွေမှာ အက်ရှင်ပရိတ်သတ်တွေ ဘာရုပ်ရှင်ကြည့်ကြမလဲဆိုရင် မင်းသားကြီး Bruce Willis ရဲ့  John McClane ဇာတ်ကောင်ပါဝင်တဲ့ Die Hard ဇာတ်ကားတွေကိုပဲ အားလုံးကတော့ ညွှန်းကြမှာပါ။ Die Hard ရုပ်ရှင်က စုစုပေါင်း ၅ ကားထွက်ရှိခဲ့ပြီး ဇာတ်ကားအားလုံးကို ဒီမှာ https://channelmyanmar.org/?s=die+hard ကြည့်ပါ။Die Hard 1 နဲ့ 2 မှာတော့ John McClane တစ်ယောက် ခရစ်စမတ်ပိတ်ရက်လေးမှာ ဇနီးသည်လေး Holly Gennaro နဲ့ Chill ဖို့ တက်ကြွစွာ ဇနီးသည်ကိုလာတွေ့ပေမယ့် ပြသနာပေါင်းသောင်းခြောက်ထောင်နဲ့ကြုံရပြီး သူမပါလို့မရတော့တဲ့ပြသနာတွေမလို့ ကိုယ်တိုင်ပါဝင် ကယ်တင်ရပုံတွေကို ကြည့်ရှုရမှာပါ။ Die Hard 3,4,5 တွေကတော့ ခရစ်စမတ်ပိတ်ရက်နဲ့ သူ့ရဲ့ဇနီး Holly Gennaro တို့နဲ့ တိုက်ရိုက်မပတ်သက်တော့ပေမယ့် သူတို့ရဲ့ သားနဲ့သမီးနဲ့ဆက်စပ်တာတွေ ဗီလိန်တွေက ဆက်စပ်နေတာတွေနဲ့ ရှေ့ကရုပ်ရှင်ကားတွေနဲ့ဆက်စပ်မှုတော့ရှိနေပါတယ်။Die Hard နဲ့ပတ်သက်ရင်တော့ John ...
movie

A Good Day to Die Hard (2013) Die hard 5

2013
Extended
The Hunger Games: Mockingjay – Part 2 (2015) 6.6
The Hunger Games: Mockingjay – Part 2 (2015) The Hunger Games: Mockingjay - Part 2 (2015)IMDb Rating (6.5) / Rotten Tomatoes (70%)ကတ်နစ်တို့တော်လှန်ရေးကိုနယ်မြေတိုင်းပါဝင်ဆောင်ရွက်ဖို့လိုအပ်တာကြောင့် နယ်မြေ၂ကို ကတ်နစ်တို့အနေနဲ့ စည်းရုံးသိမ်းသွင်းဖို့လိုအပ်လာပါတယ်။ ကတ်နစ်ရဲ့ဘေးနားမှာအမြဲရှိနေပေးခဲ့တဲ့ဂေးလ်မှာ အရင်နဲ့မတူညီတဲ့စိတ်တွေကိုလဲ ကတ်နစ်တစ်ယောက်မြင်လာပါတော့တယ်။ ကတ်ပီတယ်ရဲ့မြှပ်ကွယ်တဲ့ထားတဲ့ဗုံးတွေ လက်နက်တွေကို ရှာဖွေတဲ့ရှေ့တန်းကိုကတ်နစ်ရောက်လာပြီးတော့ တခြားသောတပ်ဖွဲ့ဝင်တွေနဲ့ ပူးပေါင်းဆောင်ရွက်ပြီးတော့ စနိုးကိုဖြုတ်ချဖို့အတွက်ကြိုးစားကြပါတော့တယ်။ဒါပေမယ့် အချိန်တွေကြာလာလေလေ ကတ်ပီတယ်ရဲ့လက်နက်တွေကြားမှာပါဝင်တဲ့တပ်ဖွဲ့ဝင်တွေရဲ့ အသက်တွေပေးလိုက်ရလေလေနဲ့ပဲ နောက်ဆုံးအချိန်ထိ ကတ်နစ်တို့တောင့်ခံပြီးတော့ စနိုးကိုရင်ဆိုင်သွားနိုင်ပါ့မလား။တကယ်လို့ သူတို့အနေနဲ့ စနိုးတို့တည်ရှိနေတဲ့ ကတ်ပီတယ်ကိုရင်ဆိုင်တိုက်ခိုက်ပြီးသွားတဲ့အချိန်မှာ အောင်နိုင်သူတွေဖြစ်ကြတဲ့ ကတ်နစ်အဲဗာဒင်းနဲ့ ပီတာမယ်လော့ခ် ၊ဂေးလ်တို့ရဲ့သုံးပွင့်ဆိုင်အချစ်ဇာတ်လမ်းကရော နောက်ဆုံးဘယ်လို့အဆုံးသတ်သွားနိုင်မလဲဆိုတာကို ကြည့်ရှုရမှာဖြစ်ပါတယ်။အိမ်မက်ဆိုးတွေဟာလူတိုင်းမှာရှိကြပါတယ်။ ဒီအိမ်မက်ဆိုးတွေဟာ ဘယ်တော့မှထွက်ခွာသွားကြမှာ မဟုတ်ဘူးဆိုတာကိုလဲ သိကြမှာပါ ဒီတော့ ဒါကိုဘယ်လိုရင်ဆိုင်ရမလဲဆိုတာကိုပဲ.......။The Hunger Games ဇာတ်ကားအားလုံးကို ဒီမှာ https://channelmyanmar.org/?s=the+hunger+games ကြည့်ပါ။File size…(3 GB)/(1.2 GB)/(900 MB) Quality…BluRay 4K HEVC/1080p HEVC/720p Format…mkv/mp4 Duration….02:16:56 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung Translated by Myo Nyunt
movie

The Hunger Games: Mockingjay – Part 2 (2015)

2015
4K HEVC
Constantine (2005) 7.0
Constantine (2005) Constantine (2005)_______IMDb - 7.0/10  ဒီနေ့တင်ပေးမယ့် ဇာတ်ကားကတော့ CM ပရိတ်သတ်တို့ ဂွတ်ရှယ်အကြိုက်တွေ့မယ့်ဇာတ်ကားပါပဲ မက်ထရစ်နဲ့ speed စတဲ့ ဇာတ်ကားတို့အပြင် မကြာသေးခင်ကထွက်ထားတဲ့ John Wick ဇာတ်ကားတို့ရဲ့သရုပ်ဆောင် ကမ္ဘာကျော်မင်းသား Keanu Reeves ရဲ့ ခပ်မိုက်မိုက်ဇာတ်ကားတစ်ကားပါ 2005 ခု နှစ်မှာထွက်ရှိထားပြီး ဒါရိုက်တာ Francis Lawrence က ရိုက်ကူးပြီး ဒေါ်လာ သန်း ၁၀၀ အကုန်အကျခံကာရိုက်ကူးခဲ့တာ ရုပ်ရှင်အတွက် ပြန်ရတဲ့ငွေကတော့ ဒေါ်လာ သန်း ၂၃၀ ပဲဖြစ်ပါတယ် IMDb Rating မှာလည်း 7.0 ရရှိထားပါတယ်.. ဇာတ်လမ်းပုံစံကတော့ ဂျွန်ကွန်စတန်တင်းဟာ နတ်ဆိုးတွေကိုအမဲလိုက်တဲ့သူတစ်ဦးဖြစ်ပါတယ်.. မကောင်းဆိုးဝါးတွေ..ကြားထဲမှာပဲ သူ့ဘဝကိုရှင်သန်ပြီး..သူလုပ်ခဲ့တဲ့ အရာတွေကြောင့်သူသေရင် ငရဲကိုသာ သွားရလိမ့်မယ်ဆိုတာကို သူကိုယ်တိုင်လည်းသိပါတယ်..ဆေးလိပ်အရမ်းသောက်တာကြောင့် အဆုတ်တခုလုံးစုတ်ပြတ်သတ်နေပြီး သေဖို့အချိန်ကလည်းနီးကပ်နေပါပြီ..ကွန်စတန်တင်းဟာ သူသေရင် ငရဲအစားကောင်းကင်ဘုံကို တက်ရဖို့အတွက်..စွန့်စားမှုတခုကို အမြဲတမ်းလိုက်ရှာပြီး လုပ်ဖို့ကြိုးစားနေပါတယ်..သူ့ရဲ့ဝိဉာဉ်ဟာငရဲနဲ့ပဲသက်ဆိုင်တယ်လို့ မကောင်းဆိုးဝါးတွေကလည်း ယူဆတဲ့အတွက် သူ့ကိုအမျိုးမျိုးသတ်ဖို့ကြိုးစား..စိတ်အနှောက်အယှက်ပေးနေကြပါတယ်. တစ်နေ့မှာ ကိုယ့်ကိုကိုယ်သတ်သေသွားတဲ့ အမျိုးသမီးတစ်ယောက်ရဲ့ညီမဖြစ်သူကို မကောင်းဆိုးဝါး နတ်ဆိုးတွေလိုက်လံနှောက်ယှက်တဲ့အခါမှာ..ဂျွန်ဟာ အဲ့အမျိုးသမီးဘက်ကနေ ကူပါတော့တယ်.. ကောင်းကင်တမန် ..နဲ့..နတ်ဆိုးတွေ..အပြင်..နတ်ဆိုးဘုရင် လူစီဖာ နဲ့ပါ..ပါဝင်ပတ်သတ်မှုတွေနဲ့အတူ ဂျွန် ကွန်စတန်တင်းရဲ့ စွန့်စားမှုတွေ..ခပ်မိုက်မိုက်ရိုက်ချက်တွေကို ဆက်လက်ရှုစားကြပါFile ...
movie

Constantine (2005)

2005
Voyagers (2021) 5.3
Voyagers (2021) Voyages (2021)IMDb - 5.3ကမ္ဘာကြီးပူနွေးလာမှု မိုးခေါင်ရေရှားမှုလူဦးရေတိုးပွားလာသည်နဲ့အမျှ အစာရေစာမလုံလောက်မှုတို့တွေကြောင့်လူသားတွေဟာ စကြဝဠာထဲမှာ လူတွေ နောက်ထပ် အဆက်ရှင်နိုင်မယ့် ဂြိုဟ်တွေကို ရှာဖွေကပါတော့တယ်အဲ့ဒီ ဂြိုဟ်ကို ၂၀၆၃ မှာ တွေ့ရှိလာပါတော့တယ်။ဂြိုဟ်သစ်ကို ရောက်ဖို့ အနှစ် ၈၀ ကျော်ကြာ အာကာသ ခရီးရှည်ထွက်ရတော့မယ့်အချိန်မှာကမ္ဘာမြေလွမ်းစိတ်တွေ မဖြစ်ရအောင် ဇီ၀သိပ္ပံနည်းနဲ့ ကလေးအယောက် ၃၀ မွေးဖွားပြီးဒီခရီးရှည်အတွက် အကောင်အထည်ဖော်ပါတော့တယ်အနှစ် ၈၀ ကျော်ကြာတဲ့ ခရီးရှည်ဖြစ်တဲ့အတွက်ကြောင့် ဒီပထမမျိုးဆက်ဟာ ယာဉ်ပေါ်မှာပဲ မျိုးဆက်သစ်တွေ မွေးဖွားပြီးသူတို့ရဲ့ မြေးတွေ တစ်နည်းအားဖြင့် တတိယမျိုးဆက်ကလေးတွေကျမှ ဂြိုဟ်သစ်ပေါ်ကို အခြေချနိုင်မှာဖြစ်ပါတယ်။သို့ပေမယ့် လမ်းခရီးမှာ အဖွဲ့ ခေါင်းဆောင်သေသွားတဲ့အခါ......အဖွဲ့သားတွေ သွေးကွဲတဲ့အခါ.......ဒီ ခရီးရှည်ကြီးဟာ ဆုံးခန်းတိုင် အောင်မြင်ပါ့မလား.....မင်းသားကြီး Johnny Depp ရဲ့ သမီးဖြစ်သူ Lily Rose Depp အပါအ၀င် မင်းသားချော Tye Sheridan တို့က အဓိကပါ၀င်သရုပ်ဆောင်ထားပြီးပရိသတ်ကို ဆွဲခေါ်သွားနိုင်တဲ့ ...
movie

Voyagers (2021)

2021
A.I. Artificial Intelligence(2001) 7.1
A.I. Artificial Intelligence(2001) A.I. Artificial Intelligence(2001)အညွှန်း ***********************************(နင်းကန်ကောင်းတဲ့ကားမို့ HEVC 1080p 5.1, 720pတို့ဖြင့်ပြန်လည်တင်ဆက်ပေးထားပါသည်...) IMDb....7.1,,,,Rotten....73 ဒါရိုက်တာ Steven Spielberg ဆိုတာနဲ့ ခင်ဗျားတို့ ဒီကားကိုနည်းနည်းတော့စိတ်ဝင်စားသွားမယ်ထင်တယ်....ဒီကားရိုက်တော့ သူကိုယ်တိုင်လည်း အော်စကာ ဆန်ကာတင်အဆင့်ပါခဲ့တယ်...ကျွန်တော်တို့တွေဟာ ရုပ်ရှင်ကြည့်သက်ရင့်လာတာနဲ့အမျှ ဇာတ်ကားကြည့်တဲ့နေရာမှာ အစပိုင်းနည်းနည်းကြည့်ပြီးတာနဲ့တစ်ကားလုံးမဟုတ်တောင်  ရှေ့ဆက်ဖြစ်နိုင်ခြေရှိတဲ့ဟာတစ်ချို့ကိုမှန်းဆနိုင်ပါတယ်...ဒါပေမယ့် ဒီကားကိုကြည့်မိရင် ခင်ဗျားတို့ ထင်ထားတာတခြားစီဖြစ်သွားနိုင်တယ်..ဘာလို့ဆို ၁၀မိနစ်လောက်စထားတဲ့ plotတစ်ခုဟာနောက်တစ်နေရာရောက်တော့ ခင်ဗျားတို့လုံးဝထင်မထားတဲ့ရှုထောင့်တစ်ခုကိုချိုးကွေ့လိုက်တယ်.....အချိုးအကွေ့ပေါင်းများစွာနဲ့ဒီကားကိုတည်ဆောက်ထားတယ်...ဒါကြောင့်လည်း Steven Spielberg ဟေ့ဆိုပြီးနာမည်ကြီးတာနေမယ်...ပြီးတော့ကျွန်တော်ပဲ စဉ်းစားဉာဏ်နဲ့ရေးသားမှုပိုင်းညံလေသလားမသိ ဒီကားကိုအညွှန်းဘယ်လိုရေးရမှန်းမသိဘူး...ကောင်းလားလို့မေးရင်တော့ ပြန်ဖြေလို့ရတယ်....ကျွန်တော်တို့တွေလေထဲကအောက်ဆီဂျင်ကိုရှူကြတယ်...တစ်ယောက်ယောက်က လေဘယ်မှာလဲပြဆိုရင် လက်ဆုပ်လက်ကိုင်ပြလို့မရဘူး...ဒီတော့လေမရှိဘူးလားဆိုတော့မဟုတ်ပြန်ဘူး လေဟာနေရာတိုင်းမှာရှိတယ်...ဒီလိုပဲ ဒီကားရဲ့ကောင်းကွက်ကဘာလဲ ဘယ်နေရာဘယ်အပိုင်းကကောင်းတာလဲ music ပိုင်းလား plotပိုင်းလား ..သရုပ်ဆောင်ပိုင်းလား နည်းပညာပိုင်းလား..ဆိုတော့ လေရှိလားဆိုတဲ့မေးခွန်းကိုဖြေသလိုပြန်တုန့်ပြန်ရမယ်ထင်တယ်....အယ် ဒေါင်းမဲ့သူတွေအတွက် ဆင်ခြင်လို့ရအောင်ပြောလို့ရတာတော့တော့ရှိတယ် ..အမိုက်စားအက်ရှင်ခန်းတွေ ...ဘီကီနီဝတ်အလှအပတွေ....၁၅၀၀ဖွဲ့ romantic ဆန်အကွက်တွေ မပါဘူး...File Size…(2.9GB) and (1.4GB) Quality…HEVC 1080p 5.1, Blu-Ray 720p Format…mkv Duration…02:26:00 Subtitle…Myanmar Subtitle(Hardsub) Encoder…..Phyo Pyae Translated by Honest ...
movie

A.I. Artificial Intelligence(2001)

2001
HEVC 1080p 5.1
I Am Legend (2007) 7.2
I Am Legend (2007) I Am Legend 2007==============#UnicodeIMDb Rating 7.2/10 ထိရရှိထားတဲ့ နာမည်ကျော် သရုပ်ဆောင် Will Smith ပါဝင်သရုပ်ဆောင်ထားတဲ့ I am Legend(2007) ဇာတ်ကားကို တော်တော်များများကြည့်ဖူးကြမှာပါ။ ဒါပေမဲ့ ဒီဇာတ်ကားက နောက်ထပ် ဇာတ်သိမ်းတစ်မျိုးနဲ့ ထပ်ထွက်သေးတယ်ဆိုတာကိုတော့ သိပ်မသိကြပါဘူး။ ဇာတ်လမ်းကတော့ ပုံစံတူတူပါပဲ။ ကမ္ဘာတစ်ခုလုံးကို ဗိုင်းရပ်ပျံ့နှံ့သွားပြီး သူတစ်ယောက်တည်းကျန်နေခဲ့တာပါ။ ဗိုင်းရပ်ကို ကုသဖို့ နည်းလမ်းရှာနေရင်း သူ့ရဲ့ နောက်ဆုံး အဖော်အဖက်ဖြစ်တဲ့ ခွေးလေး ဆမ် သေသွားတဲ့အချိန်မှာ သူ့ကိုသူ သတ်သေဖို့ ကြိုးစားခဲ့ပါတယ်။ သေလုဆဲဆဲမှာ အမျိုးသမီးတစ်ယောက်လာရောက် ကယ်တင်တာကိုခံခဲ့ရပါတယ်။ ကမ္ဘာပေါ်မှာ သူတစ်ယောက်တည်း ကျန်ခဲ့တာ မဟုတ်ဘူးဆိုတာကို သိလာရပါတယ်။ ဒီအမျိုးသမီးက ဘာလို့သူ့ဆီကိုရောက်လာတာလဲ။ ဘာတွေဆက်ဖြစ်ကြမယ်ဆိုတာက ပထမဇာတ်ကားနဲ့ ကွဲသွားမှာပါ။ Rating ကတော့ IMDb 7.2 ချင်း တူတူပါပဲ။ Quality – 1080P, ...
movie

I Am Legend (2007)

2007
Joker (2019) 8.5
Joker (2019) Joker (2019) IMDb - 8.5/10________Rotten - 68% Won 2 Oscars. Another 92 wins & 199 nominations  (Unicode) IMDb....8.5,,,,,Rotten...68% DC comic တွေထဲက ဇာတ်ကောင်တစ်ကောင်ကို အခြေခံထားတဲ့ ရုပ်ရှင်ပါ။ ဂျိုကာကိုဆို စူပါဟီးရိုး ဖန်တိုင်း သိကြမှာပါ။ ခေတ်အဆက်ဆက် လင်းနို့လူသား ရုပ်ရှင်တွေမှာအကောင်းဆုံးဗီလိန်တွေထဲက တစ်ယောက်အဖြစ် ပါနေကျပါပဲ။ ဒီကားကတော့ အရင်ဂျိုကာတွေ လင်းနို့လူသားတွေရဲ့ ဇာတ်လမ်းနဲ့ မဆက်စပ်ပါဘူး။ အာသာဖလက်ဆိုတဲ့ သာမန်လူတစ်ယောက်ကနေ ဂျိုကာဆိုပြီးဘယ်လိုဖြစ်လာလဲ ဆိုတာကို ဇာတ်ညွှန်းအသစ်နဲ့ ပြသထားတာပါ။ လက်ရှိ အအောင်မြင်ဆုံးနဲ့ ဝင်ငွေအကြမ်းဆုံး R rated ရုပ်ရှင်ပါ။ သရုပ်ဆောင်၊ ဒါရိုက်တာ အကုန်ကောင်းမွန်တဲ့အရှိန်ရယ်၊ ခေတ်အဆက်ဆက် ရှိလာခဲ့တဲ့ ပရိသတ်တွေရဲ့ အရှိန် ၂ ခုလုံးပေါင်းမိသွားတာပါပဲ။ စူပါဟီးရိုးဖန်တွေရော ရုပ်ရှင်ကောင်းကြိုက်တတ်တဲ့ သူတွေရော သဘောကျကြမှာပါ။ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Littleneo ပဲဖြစ်ပါတယ်.... File Size : (2.0 GB) and (950 MB) Quality : Blu-Ray (1080p 5.1, 720p) Running ...
movie

Joker (2019)

2019
Finding Forrester(2000) 7.3
Finding Forrester(2000) Finding Forrester(2000) IMDb….7.3,,,Rotten….74 Finding Forrester(2000) ဇာတ်ကားကိုကြည့်ပြီးတဲ့အချိန်မှာ ကျွန်တော် Good Will Hunting (1997)ဇာတ်ကားကို သွားသတိရနေတယ်… တစ်ခုခုတော့ဆက်နွယ်နေရမယ်ဆိုပြီး စုံစမ်းကြည့်တော့…(၂)ကားလုံးရဲ့ ဒါရိုက်တာက Gus Van Sant ဖြစ်နေတယ်… ဆိုတော့ Good Will Hunting (1997) ကိုကြည့်ဖူးတယ်ဆိုရင်  ဒီကားက သဘောတရားတော့တူပေမယ့် ပေးချင်တဲ့ Message တွေတော့အတော်များများကွဲပါတယ်…(၂)ကားလုံးက ခမ်းနားတဲ့အလှတရားတွေပိုင်ဆိုင်ထားကြပါတယ်.. လူမဲကောင်လေးတစ်ယောက်ရှိတယ်..သူ့နာမည်က ဂျမား…ဆင်းရဲတဲ့အပြင် အဖေနဲ့အမေကလည်းကွဲနေရှာတယ်…မအေနဲ့အကိုနဲ့အတူနေတယ်… ကျောင်းတက်တယ်..သူငယ်ချင်းတွေနဲ့ဘတ်စကတ်ဘောဆော့တယ်…စာအုပ်တွေဖတ်သလို နုတ်စာအုပ်လေးတွေထဲမှာလည်း သူ့အမြင်လေးတွေချရေးလေ့ရှိတယ်… သို့ပေမယ့် ဒီလူမဲလေးဟာ သူမတူတဲ့ ဦးဏှောက်တော့ရှိတယ်…တစ်ခါလောက်ဖတ်ဖူးရုံနဲ့မှတ်မိသလို ဥာဏ်ကြီးရှင်တစ်ယောက်လို ဖြန့်ကျက်တွေးတောနိုင်စွမ်းလည်းရှိတယ်.. ဒီကောင်လေးက တစ်ဦးတည်းအထီးကျန်လျှို့ ဝှက်စွာနေထိုင်နေတဲ့ အဖိုးကြီး ဝီလီယမ် ဖော်ရက်စတာနဲ့ ခင်မင်မိတယ်…တစ်ချိန်ထဲမှာပဲ သူ့ရဲ့အရည်အချင်းကြောင့်  ပုဂ္ဂလိကကျောင်းက ရွေးချယ်ခဲ့တဲ့အတွက် စိန်ခေါ်မှုအသစ်တွေစတင်ကြုံတွေ့ပါတော့တယ်.. ကိုင်း စပွိုင်လာ မလုပ်သင့်ဆုံးဇတ်ကားစာရင်းထဲမှာပါလို့ ဒီလောက်ပဲတော်ပါရစေနော်.. ဒီကားကို  ကျွန်တော်တို့ ဂျိန်းစ်ဘွန်းမင်းသားကြီး  Sean Connery  နဲ့ Rob Brown က အဓိက သရုပ်ဆောင်ထားပါတယ်.. ဆုပေါင်း(၅)ဆုလည်း ရရှိခဲ့သလို အခြားဆု(၁၃)ဆုလည်း ဆန်ကာတင်စာရင်းဝင်ခဲ့တယ်… ဇတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Aye Mon Kyaw ဖြစ်ပါတယ်… File Size : (1.15GB) and (425 ...
movie


2000
Whiplash (2014) 8.5
Whiplash (2014) Whiplash (2014) IMDb - 8.5/10_____Rotten- 94%Won 3 Oscars. Another 91 wins & 144 nominations.   ကြားဖူးတာလေးတစ်ခုရှိတယ်…တရုပ်ကြီးတစ်ယောက်နဲ့မြန်မာအမျိုးသမီးတစ်ယောက်နဲ့အိမ်ထောင်ကျသတဲ့….အိမ်ထောင်ရေးကအဆင်ပြေတယ်ဆိုပေမယ့် တရုတ်ကြီးက သူ့မိန်းမကိုမကျေနပ်တဲ့အချိန်ရှိတယ်….အဲ့ဒါက ဂရိတ်ဦးဖိုးစိန်ကြောင့်ပဲ...ဦးဖိုးစိန်ကြီးလာကတဲ့အချိန်ဆို သူ့မိန်းမက ဘာအလုပ်ပဲရှိရှိ ဖျက်ပြီး သွားကြည့်တာကိုး..တရုပ်ကြီးက တစ်ခါလည်းမဟုတ် နှစ်ခါလည်းမဟုတ်ဆိုတော့ အတော်တင်းသတဲ့…တစ်နေ့တော့ သူ့မိန်းမ ဘာလို့အဲ့လောက်ကြည့်ချင်ရတာလဲဆိုတာသိချင်တာနဲ့ ဦးဖိုးစိန်ကပြတဲ့ပွဲကိုလိုက်ကြည့်သတဲ့...ဦးဖိုးစိန်ကြီးက မင်းသမီးတွေနဲ့ကတာကိုး….ဆိုင်းဝိုင်းကလည်းမြိုင်ဆိုင်…ဦးဖိုးစိန်ကြီးကလည်း မင်းသမီးတွေကြားမှာ လှပစွာကနေသတဲ့..တရုတ်ကြီးအနေနဲ့မြန်မာ့ဆိုင်းဝိုင်းရယ် မင်းသားမင်းသမီးအကရယ်ကိုသိပ်နားမလည်ဘူး…ဒါပေမယ့် ကြည့်နေရင်း လူကမြူးလာတော့ မနေနိုင်မထိုင်နိုင်ထပြောသတဲ့…အမလေး ဦးဖိုးစိန်ကြီးနဲ့ကတဲ့မင်းသမီးသာဖြစ်လိုက်ချင်သတဲ့…အနုပညာဆိုတာဒါပဲနေမယ်….  ကျွန်တော်ဘာလို့ဒါတွေပြောနေလဲဆိုတော့ jazz  drummer ကောင်လေးတစ်ယောက်ကိုရိုက်ပြထားလို့ပါ..ခင်ဗျားတို့တော့မသိဘူး..ကျွန်တော်က jazz အမျိုးအစားနဲ့စိမ်းလွန်းလှတယ်…ဒါပေမယ့်ဒီကားထဲမှာတော့ Miles Teller ရဲ့ အမူအရာတွေ ဒရမ်တီးတဲ့ပုံတွေကြောင့်ရယ်လား J.K. Simmons ရဲ့အားပါပြင်းထန်လွန်းတဲ့ ဟန်ပန်တွေကြောင့်လား တီးဝိုင်းတစ်ခုလုံးရဲ့အသံတွေကြောင့်လားမသိ jazz ဂီတအမျိုးအစားထဲကိုစီးမျောသွားတယ်..ဒီကားက ကျော်ကြားတဲ့ drummer သမားဖြစ်အောင်ကြိုးစားနေတဲ့ကောင်လေးတစ်ယောက်အကြောင်းကိုရိုက်ပြထားတာပါ ..ကြားဖူးသလောက် တူရိယာတွေတီးခတ်တဲ့သူတွေကို ရုပ်ရှင်ရိုက်တဲ့နေရာမှာ  piano သမား ဂစ်တာသမားတွေကပြသနာသိပ်မရှိဘူးတဲ့…ဘာလို့ဆိုတီးကွက်တွေပြတဲ့နေရာမှာ view ကိုအစားထိုးဖို့လွယ်ကူပါသတဲ့….ဒရမ်သမားကြတော့အဲ့ဒီလို view ပြဖို့မလွယ်ကူပါသတဲ့….ဒီဇာတ်ကားရဲ့အဓိကသရုပ်ဆောင်  Miles Teller ကတော့ ...
movie

Whiplash (2014)

2014
Bean (1997) 6.3
Bean (1997) ကဲ ဒီတစ်ခါတော့ ပရိသတ်ကြီးအတော်များများ သဘောကျ ချစ်ခင်ကြတဲ့ မင်းသားကြီး ရိုဝင် အက်ကင်ဆန် ရဲ့ အထိမ်းအမှတ်ဇာတ်ကောင် Mr.Bean ရဲ့ ပေါက်ကားတစ်ကားကို တင်ပေးလိုက်ပါတယ်။ ၁၉၉၇ မှာထွက်ခဲ့တဲ့ ဒီကားကို အတော်များများ ကြည့်ဖူးကြမှာ မှန်ပေမယ့် ရုပ်သံအရည်အသွေးကောင်းကောင်း မြန်မာစာတန်းထိုးနဲ့ မရှိသေးတဲ့ အတွက် တင်ဆက်ပေးလိုက်ရခြင်းဖြစ်ပါတယ်။ဘဝမှာ မမျှော်လင့်ပဲ ဘယ်လိုအခက်အခဲတွေ ကြုံတတ်တယ်...မိသားစုဆိုတာ လူတစ်ယောက်အတွက် ဘယ်လောက်အရေးပါတယ်ဆိုတာရယ်...တာဝန်ယူတတ်တဲ့စိတ်ဟာ လုပ်ငန်းခွင်မှာ ဘယ်လောက်အဓိက ကျတယ်ဆိုတာတွေကို ဟာသတွေအများကြီးနဲ့ ချပြထားတာဖြစ်ပါတယ်ပန်းချီပြခန်းတစ်ခုမှာ အလုပ်လုပ်နေတဲ့ Mr.Bean တစ်ယောက် မထင်မှတ်ပဲ အမေရိကန်နိုင်ငံသို့ လုပ်ငန်းကိစ္စဖြင့် စေလွှတ်ခံရပြီး သူ့ရဲ့ထုံးစံအတိုင်း အလွဲတွေ ပေါက်ကရတွေ လုပ်မိပုံကို ရိုက်ကူးပြသထားပါတယ်။ ဒေါ်လာသန်းချီ တန်တဲ့ ပန်းချီကားကို ဘယ်သို့ဘယ်ပုံ ဖျက်ဆီးမိလဲဆိုတာ ရယ် Mr.Beanအနေနဲ့ သူ့အမှားတွေကို ပြန်လည်ချေဖျက်ပြပြီး မထင်မှတ်တာတွေ လုပ်ပြနိုင်မလား ဆိုတာ စိတ်ဝင်စားဖို့ ကောင်းလှ သလို လူတစ်ယောက်မှာ မိသားစုနဲ့ တာဝန်ယူစိတ်ဟာ ဘယ်လောက်အရေးပါတယ်ဆိုတဲ့ သင်ခန်းစာကိုပါ ကောင်းကောင်းကြီးပေးစွမ်းနိုင်ခဲ့တဲ့ ...
movie

Bean (1997)

1997