Channel Myanmar

Ari Folman

Waltz with Bashir(2008) 7.0
Waltz with Bashir(2008) Waltz with Bashir(2008)***********************၁၉၈၂ ခုနှစ် ဇွန်လမှာ အစ္စရေးဟာ လက်ဘနွန်နိုင်ငံကိုကျူးကျော်စစ်စတင်ခဲ့စဉ်ကအကြောင်းတွေပြန်လည်ဖော်ထုတ်ထားတဲ့ဖြစ်ရပ်မှန်နောက်ခံဇာတ်ကားဖြစ်ပါတယ်။ Ari Flomanဟာထိုစစ်ပွဲမှာ အစ္စရေးဘက်ကတိုက်ခိုက်ခဲ့သူဖြစ်ပြီးလက်ရှိမှာ ရုပ်ရှင်ဒါရိုက်တာတစ်ယောက်ဖြစ်ကာ စစ်ပွဲနဲ့ပတ်သက်တာတွေကို သူမမှတ်မိနိုင်ဖြစ်နေပါတယ်။ တစ်နေ့မှာသူငယ်ချင်းဖြစ်သူ ဘော့ဇ်က သူ့အိပ်မက်အကြောင်းပြောပြတော့လွန်ခဲ့တဲ့နှစ်နှစ်ဆယ်က စစ်ပွဲမှာဖြစ်ပျက်ခဲ့တာတွေကိုရေးရေးမြင်လာပါတယ်။ စစ်ပွဲမှာ သူဘာတွေလုပ်ခဲ့လဲ၊ဘယ်တွေရောက်ခဲ့လဲဆိုတာကို ပြန်လည်ရှာဖွေဖို့မိတ်ဆွေတွေဆီလိုက်မေးတဲ့ ပုံစံမျိုးနဲ့ဇာတ်အိမ်တည်ထားပါတယ်။ ဘာလို့လိုက်မေးရသလဲ ဒီဇာတ်ကားကိုသူဘာကြောင့်ထုတ်လုပ်ရသလဲဆိုတော့အဲ့အချိန် အဲ့စစ်ပွဲမှာဖြစ်ပျက်ခဲ့ပြီး ဘာစီရင်ချက်မှမရှိခဲ့တဲ့ လက်ဘနွန်ဒုက္ခသည်စခန်းတွေက အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုတွေကို မီးမှောင်းထိုးပြချင်လို့ပါပဲ။ ဇာတ်လမ်းအဆုံးမှာထိုအချိန်ကရိုက်ကူးခဲ့တဲ့ video footageလေးနဲ့အဆုံးသတ်ထားပါတယ်။File Size : (1.5GB) and (575MB) Quality : Blu-Ray  1080P, 720p Format…mp4 Duration…01:30:00 Genre : Biography, Animation Subtitle : Myanmar Subtitle (Hard Sub) Translated by Themes Encoded by Phyo Pyae
movie

Waltz with Bashir(2008)

Where Is Anne Frank (2022)
Where Is Anne Frank (2022)   Anne Frank ရဲ့ဇာတ်လမ်းကိုတော့တော်တော်များများသိကြမယ်ထင်ပါတယ်။မသိသူတွေအတွက်ကတော့ Anne Frank ဆိုတာဒုတိယကမ္ဘာစစ်ဖြစ်တုန်းက ဟော်လန်မှာနေတဲ့ဆယ်ကျော်သက်အရွယ်ဂျုးမိန်းကလေးတစ်ယေက်ပါ။ နာဇီတွေဟော်လန်ကိုသိမ်းပိုက်အပြီးမှာတော့ သူတို့ရဲ့လူမျိူးတုန်းသတ်ဖြတ်မှုဟာ Anneတို့အနားကိုရောက်ရှိလာပါတယ်။ဒါနဲ့Anne တို့မိသားစုဟာ Anne အဖေအလုပ်ရဲ့အပေါ်ထပ်လျှို့ဝှက်တိုက်ခန်းမှာ အခြားဂျုးမိသားစုတစ်ခုနဲ့တူတူသွားပုန်းကြပါတယ်။ပုန်းနေရတဲ့နှစ်နှစ်ကျော်ကာလအတွင်းမှာ Anne ဟာသူ့ရဲ့ အတွေ့အကြုံအခက်အခဲတွေကို ဒိုင်ယာရီရေးပြီးမှတ်တမ်းတင်ခဲ့ပါတယ်။Anne တို့ဟာနောက်ဆုံးမှာတော့ကံမကောင်းရှာပဲ နာဇီတွေကရှာတွေ့သွားပြီး အားလုံးကိုအရှေ့ဘက်မှာရှိတဲ့ Concentrate Camp တွေကိုပို့လိုက်ပါတယ်။Anne ရဲ့အဖေ Otto Frank ကလွဲရင်ဘယ်သူမှအသက်ရှင်လျက်ပြန်မလာနိုင်ခဲ့ပါဘူး။Otto ဟာရုံးက၀န်ထမ်းတစ်ယောက်ကပေးလို့ Anne ရဲ့ဒိုင်ယာရီပြန်ရပြီး တခြားလူတွေကိုဝေမျှပေးနိုင်ဖို့ ဒိုင်ယာရီကိုစာအုပ်ထုတ်‌ဝေဖို့ဆုံးဖြတ်ခဲ့ပါတယ်။ အခုချိန်မှာတော့ Diary of Anne Frank ဟာကမ္ဘာမှာနာမည်အကြီးဆုံးစာအုပ်တစ်အုပ်ဖြစ်နေပါပြီ။ဒီကားလေးကတော့ Anne Frank ရဲ့ဇာတ်ကြောင်းကိုကွန့်မြူးထားတာမျိုးပါ။Anne ဟာဒိုင်ယာရီရေးတိုင်း သူ့ရဲ့စိတ်ကူးထဲကသူငယ်ချင်းဖြစ်သူ Kitty ဆီ စာရေးပြီးရင်ဖွင့်တဲ့ပုံနဲ့ရေးတတ်ပါတယ်။ယခုခေတ်မှာ Anne ရဲ့ဒိုင်ယာရီက မှင်စွန်းသွားပြီး စာလုံးတွေကနေတဆင့် တကယ်ကောင်မလေးတစ်ယောက်အဖြစ် Kitty ဟာအသက်၀င်လာပါတယ်။သူက ဒိုင်ယာရီထဲကဖြစ်ရပ်တွေကိုပဲမှတ်မိပြီး အခုခေတ်မှာ သူငယ်ချင်းဖြစ်သူ Anne ကိုရှာနိုင်ဖို့ကြိုးစားပါတယ်။ဒီကားလေးမှာ Anne ရဲ့ဒိုင်ယာရီထဲကအဖြစ်အပျက်တချို့ရော Kitty ...
movie

Where Is Anne Frank (2022)