Channel Myanmar

Arié Elmaleh

Persepolis (2007)
Persepolis (2007) Persepolis (2007)IMDb rating - 8/10French-Iranian ဝတ္ထုရေးဆရာ “Marjane Satrapi” က၂၀၀၀ခုနှစ်မှာ ကိုယ်တိုင်ရေးအတ္ထုပ္ပတ္တိဖြစ်တဲ့ “Persepolis” ကိုစာအုပ်ထုတ်ဝေခဲ့ပါတယ်။ ဒီဇာတ်လမ်းကတော့ ၂၀၀၇ခုနှစ်မှာထွက်ရှိခဲ့တဲ့film adaptation ဖြစ်ပါတယ်။ သူ့ဘဝခရီးအနိမ့်အမြင့်အတက်အကျအကြောင်းတွေ ကြည့်ရမယ်ဆိုတာထက်အဓိကထူးခြားနေတဲ့အချက်က သူဟာ အီရန်နိုင်ငံသူတစ်ဦးပါ။သူတွေ့ကြုံခဲ့ရတဲ့ အီရန်နိုင်ငံရဲ့နိုင်ငံရေးအခြေအနေတွေနဲ့ယှဉ်ပြီးသူ့ဘဝ ဘယ်လိုကြုံတွေ့ခဲ့ရလဲဆိုတာကို ပုံဖော်ရိုက်ကူးထားပါတယ်။အီရန်နိုင်ငံရဲ့စစ်ပွဲတွေနဲ့၊ အကျိုးဆက်အရ အီရန်ပြည်သူတွေနှစ်ရှည်လများစွာ ဆင်းရဲဒုက္ခတွင်းကျရတာတွေကို မီးမောင်းထိုးပြထားပါတယ်။အီရန်အစိုးရရဲ့ဖိနှိပ်ချုပ်ချယ်မှုတွေနဲ့ ပြည်သူတွေ ခေါင်းမထောင်နိုင်အောင်ပြားပြားဝပ်ခဲ့ရတာတွေ၊ နေ့ရက်တိုင်းမှာကြောက်လန့်စိတ်နဲ့နေရတာတွေကို ပုံဖော်ပြသထားပါတယ်။ အီရန်နိုင်ငံမှာ လူသားအရင်းအမြစ်တွေ၊ လူ့အခွင့်အရေးတွေဆုံးရှုံးရတဲ့အကြောင်းကိုသူ့ကိုယ်တွေ့ဖြစ်ရပ်တွေနဲ့ပြသထားပါတယ်။အထူးသဖြင့် အစ္စလာမ်မစ်ဘာသာရေးအစွန်းရောက်တွေကအမျိုးသမီးတွေအပေါ် ဘယ်လောက်ထိချုပ်ချယ်ဖိနှိပ်လဲဆိုတာတွေကမ္ဘာသိအောင်ချပြထားပါတယ်။ ဇာတ်လမ်းအကျဉ်းသူဟာ နိုင်ငံရေးစိတ်အားထက်သန်တဲ့မိသားစု၊မဟုတ်မမှန်တာကိုရပ်ထိုင်ကြည့်မနေနိုင်တဲ့ မိသားစု၊လူသားဆန်တဲ့ပညာတတ်မိသားစုကနေ မွေးဖွားလာတဲ့သူပါ။ အီရန် နိုင်ငံ ရဲ့ ခေတ်ဆိုးစနစ်ဆိုးမှာ မွေးဖွားလာခဲ့တော့ ကျောင်းစတက်တဲ့အချိန်တည်းကမင်းစိုးမင်းညစ်ကိုသစ္စာရှိဖို့ မှိုင်းတိုက်ခံခဲ့ရတယ်။အသက်ငယ်ငယ်လေးနဲ့ အစ္စလာမ်မစ်တော်လှန်ရေးနဲ့ တွေ့ကြုံခဲ့တယ်။အစ္စလာမ်မစ် ဘာသာရေးအစွန်းရောက်အီရန် အစိုးရရဲ့ ဖိနှိပ်ချုပ်ချယ်မှုမှာ မဟုတ်မမှန်တာကိုခေါင်းငုံ့မခံနိုင်၊ထုတ်ဖော်ပြောတတ်တဲ့ Marjane ကိုသူ့မိဘတွေက ပညာကောင်းကောင်းသင်နိုင်ဖို့ဩစတီးယား၊ ဗီယင်နာမြို့ကို ပို့လိုက်ကြရတယ်။နိုင်ငံရပ်ခြားမှာ ယဉ်ကျေးမှုမတူတဲ့လူမျိုးတွေကြားအသက်ငယ်ငယ်နဲ့ အီရန်နိုင်ငံဖွားမိန်းကလေးတစ်ယောက်အနေနဲ့ရပ်တည်နေနိုင်ဖို့ သူကြိုးစားခဲ့ရတယ်။ Animation အနေနဲ့ရိုက်ကူးထားတာဖြစ်ပါတယ်။Oscar ဆုအတွက် ဇကာတင်ရွေးချယ်ခံခဲ့ရပြီးတခြားဆုတွေအများကြီးရရှိထားပါတယ်။ဗဟုသုတတွေ အပြည့်ပေးစွမ်းမယ့်ဇာတ်လမ်းဖြစ်တာမို့လက်မလွှတ်ဘဲ ...
movie

Persepolis (2007)