Channel Myanmar

Arjo Atayde

Love Lockdown (2020) 6.9
Love Lockdown (2020) Love Lockdown (2020) ၁၆နှစ်အောက်မကြည့်သင့်တဲ့ကားဖြစ်ပါတယ်လော့ဒေါင်းထဲက အချစ် ...... လော့ဒေါင်းကာလမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ကိစ္စတွေကို ရိုက်ထားတဲ့ကားပါ ဇာတ်လမ်း ၃ ခုကို ချိတ်ဆက်ပြီး ရိုက်ထားတာမို့ ဇာတ်အခင်းအကျင်းကလည်း တော်တော်လေး လှပါတယ်။ဇာတ်လမ်းအစမှာ မယားငယ်နဲ့ လော့ဒေါင်းမိတာကို မယားကြီးမသိအောင် နေနေတဲ့ ယောကျာ်းတစ်ယောက်ရဲ့ ဇာတ်လမ်းနဲ့ စတင်ထားပါတယ်။ နောက်ဇာတ်လမ်းနှစ်ခုကတော့ ဒါနဲ့ ဆက်စပ်ရင်းနဲ့ ဘာတွေဖြစ်ကြမလဲဆိုတာကို ကြည့်ရမှာပါ။မယားကြီး မယားငယ်နဲ့ နှစ်စင်ထောင်တတ်တဲ့ ဘီးကြဲတွေအတွက်လည်း ရှောင်ရန်ဆောင်ရန် လေ့လာမှတ်သားနည်းနာအဖြာဖြာပါပါတယ်ဇာတ်လမ်းကတော့ လော့ဒေါင်းကာလမှာ လူတွေက ပထမတော့ အနားရလို့ပျော်ကြပြီး ကြာလာတဲ့အခါမှာ မွန်းကြပ်တဲ့ဒါဏ်မခံစားနိုင်တော့ လုပ်မိလုပ်ရာလုပ်ကြတဲ့အခါ ..... သန်ရာသန်ရာလုပ်ကြတဲ့အခါ ...... ဘာတွေဖြစ်လာလဲဆိုတာကိုရိုက်ပြထားတာပါရုပ်ရှင်ဆိုပေမယ့် အပြင်မှာဖြစ်လေ့ဖြစ်ထရှိတာတွေကိုပဲရိုက်ထားတာမို့ ဇာတ်လမ်းကို ကြည့်ရင်းနဲ့ အတူတူစီးမျောခံစားပြီး ဇာတ်နောက်ကို ပါမှန်းမသိ ပါသွားမယ့် ဇာတ်ကားမျိုးပါ။ တော်တော်လေးမိုက်ပါတယ်။ယောင်္ကျားနဲ့မိန်းမကြားမှာရှိတဲ့ စိတ်နေစိတ်ထား ..... မေတ္တာတရား ..... လိင်စိတ်သာယာမှု ..... စိတ်အမှောင်တွေ ..... အစရှိသဖြင့်ပါတာမို့ ကြည့်ဖို့ တိုက်တွန်းချင်ပါတယ်တိုက်တွန်းရတာကတော့ ဘော်ဒါတို့အတွက် မင်းသမီးလေးတွေက အကိတ်အချောြဖစ်နေတာလည်း တစ်ကြောင်းပါထမင်းစားရင် အစပ်ပါမှ သဘောကျကြတာ မဟုတ်လား? အချစ်ဇာတ်လမ်းကြည့်ရင်လည်း အစပ်ကလေး ...
movie

Love Lockdown (2020)

2020
Stranded(2019) 7.0
Stranded(2019) Stranded(2019)IMDB rating – 7.5(unicode)တစ်ယောက်နဲ့ တစ်ယောက် တစ်နေ့တာ တစ်ခဏတာ တွေ့ဆုံမှုက အချစ်စစ်ကိုဖြစ်ပေါ်စေလား Relationship တစ်ခုမှာ တစ်ယောက်ကိုတစ်ယောက် ခံစားချက်တွေ ဦးစားပေးမှုတွေက ဘယ်လောက်တောင်အရေးပါလဲ စတဲ့မေးခွန်းတွေကို ဒီ ဖီလစ်ပိုင်အချစ်ဇာတ်ကားလေးက ဖြေပေးသွားမှာပါ ဖီလစ်ပိုင်မှာ မုန်တိုင်းတွေတိုက်နေတဲ့တစ်နေ့မှာ ဂျုလီယာဆိုတဲ့ ကောင်မလေးကို အလုပ်သွားဖို့လဲ အာရုံကျနေပါတယ် အဲ့ဒါကြောင့် သူ့ချစ်သူ ဗွန်ကို မိုးတွေ လေတွေ ကြားမှာ ကုမ္ပဏီကို လိုက်ပို့ခိုင်းပါတယ် အဲ့လိုကုမ္ပဏီကိုရောက်တော့ ကုမ္ပဏီက မုန်တိုင်းကြောင့်နေ့တစ်ဝက်ပဲအလုပ်လုပ်ရမယ်လို့စာထုတ်လိုက်ပါတယ် ဒါပေမယ့် ဂျုလီယာ တစ်ယောက်တည်းသာလုပ်နိုင်မယ့်အလုပ်ကိုပေါ်လာခဲ့ပါတယ် ဒီလိုနဲ့ ဂျုလီယာက သူတစ်ယောက်တည်း ကုမ္ပဏီမှာပဲ အလုပ်လုပ်မယ် ညနေလောက်မှ သူ့ချစ်သူကိုလာခေါ်ခိုင်းမယ် အဲ့လိုစီစဉ်ထားပါတယ် ဒီလိုနဲ့ကျန်းမာရေးအစားသောက်တွေကို Delivery လိုက်ပို့ပေးတဲ့ ခပ်ချောချောကောင်းလေ စပန်ဆာ က သူ့ရုံခန်းကို အစားအသောက်လာပို့ပါတယ် ဒါပေမယ့် မှာထားတဲ့ရုံးခန်းကိုရောက်တော့ မှာထားတဲ့သူကိုမတွေ့ဘဲ ဂျုလီယာ တစ်ယောက်တည်းကိုသာတွေ့ပါတယ် အဲ့ဒါနဲ့သူလဲ မှာထားတာကိုထားခဲ့ပြီးပြန်ဖို့လုပ်ခဲ့ပါတယ် အောက်ကိုရောက်သွားတော့ ကုမ္ပဏီအစောင့်က တံခါးကိုပိတ်ပြီးပြန်သွားပါတယ် ...
movie

Stranded(2019)

Buy Bust (2018) N/A
Buy Bust (2018) BuyBust (2018)ဒီဇာတ်လမ်းကတော့ ပြီးခဲ့တဲ့ သြဂုတ်လကမှ ရုံတင်ခဲ့တဲ့ ဖိလစ်ပိုင်အက်ရှင်ဇာတ်ကြမ်း အသစ်စက်စက်ပါ။ ဇာတ်ကြမ်းလို့ဆိုနိုင်ပေမဲ့ မင်းသမီးကို အသားပေးထားတာမို့ မြင်နေကျ မင်းသားဟီးရိုးလုပ်တဲ့ အက်ရှင်ကားတွေနဲ့တော့ နည်းနည်းကွာမှာပါ။ ဇာတ်လမ်းကျောရိုးက လက်ရှိဖိလစ်ပိုင်ရဲ့ နာမည်ကျော် မူးယစ်ဆေးနှိမ်နင်းရေးတိုက်ပွဲကြီးကို အခြေခံထားတယ်ဆိုရင်လည်း မမှားပါဘူး။ဇာတ်လမ်းမှာ ဖိလစ်ပိုင်မူးယစ်ဆေးဝါးနှိမ်နင်းရေး အထူးတပ်ဖွဲ့က အဖွဲ့တစ်ဖွဲ့ဟာ ဖမ်းဆီးရခက်တဲ့ နာမည်ကျော် မူးယစ်ရာဇာတစ်ယောက်ရဲ့ စခန်းကို ဝင်စီးပြီး မူးယစ်ရာဇာကိုပါ ဖမ်းဆီးမယ့် စစ်ဆင်ရေးတစ်ခု အစပြုခဲ့ကြပါတယ်။ စစ်ဆင်ရေးနာမည်က Buy-Bust...သူလျိုတစ်ယောက်ရဲ့ အကူအညီနဲ့ ဝင်စီးဖို့ ထွက်လာတဲ့ သူတို့အဖွဲ့ဟာ စစ်ဆင်ရေးအစမှာပဲ ထောင်ချောက်ဆင်ခံရပြီဆိုတာ သိလိုက်ရပါတယ်။ အချိန်ယူပြီးစနစ်တကျလေ့ကျင့်ထားခဲ့ကြတဲ့ သူတို့အဖွဲ့ဝင်တွေ ဘယ်လိုရင်ဆိုင်တိုက်ခိုက်ကြမလဲ၊ ကျွမ်းကျင်ထက်မြတ်တဲ့ မန်နင်းဆိုတဲ့ အဓိကဇာတ်ကောင် အမျိုးသမီးတပ်ဖွဲ့ဝင်ကရော ဘယ်လိုတွေ ရုန်းကန်ရှင်သန်သွားမလဲ၊ မူးယစ်ရာဇာရဲ့ အာဏာစက်ထဲရောက်နေတဲ့ ဒေသခံတွေနဲ့ရော ဘယ်လို ပဋိပက္ခဖြစ်ကြမလဲ၊ သူတို့ဘက်က အကျင့်ပျက်ခြစားနေတဲ့ သူလျိုကရော ဘယ်သူဖြစ်မလဲ၊ နောက်ဆုံး ဘယ်သူတွေ အသက်ရှင်ကျန်ရစ်ခဲ့မလဲ ...
movie

Buy Bust (2018)

2018