Channel Myanmar

Arnold Chun

My True Fairytale (2021) 6.3
My True Fairytale (2021) My True Fairytale (2021) ================== IMDb Rating - 6.3/10ဒီဇာတ်ကားလေးရဲ့ဒါရိုက်တာဖြစ်သူ D.Mitry ဟာ ကားအက်ဆီးဒင့် တစ်ခုမှာ သူ့ရဲ့၁၇နှစ်အရွယ်သမီးလေးကိုဆုံးရှုံးလိုက်ရပါတယ်။ My True Fairytale ဆိုတဲ့ဇာတ်ကားလေးဟာ သူ့ရဲ့ဆုံးသွားတဲ့ သမီးလေးအတွက် ရည်ရွယ်ပြီး ရိုက်ကူးခဲ့တာပါ။ ဒီဇာတ်ကားလေးထဲမှာ ဒါရိုက်တာဟာ သူ့ရဲ့ နောင်တတွေနဲ့ ပြန်ပေးဆပ်ချင်မှုတွေကို တစ်ထောင့်တစ်နေရာကနေထည့် သွင်းပုံဖော်ထားတာဖြစ်ပါတယ်။အဓိကဇာတ်ဆောင် အန်ဂျီနဲ့ သူ့bffနှစ်ယောက်ဟာ ကားအက်ဆီးဒင့်တစ်ခု ဖြစ်သွားခဲ့ပါတယ်။ ဒါတကယ့်အပြင်ကအတိုင်းပါပဲ။ သူ့သူငယ်ချင်းနှစ်ယောက်က ဒဏ်ရာကြီးကြီးမားမားမရပေမယ့် အန်ဂျီကတော့ ပျောက်ချင်းမလှပျောက်ပြီး လုံးဝရှာမတွေ့တော့ပါဘူး။ ဒါဟာဇာတ်လမ်းတစ်ခုလုံးရဲ့ကျောရိုးပါ။ ဒါရိုက်တာ အတွက် တကယ့်လက်တွေ့အပြင်မှာ သူ့အတွက် သူ့သမီးလေးဟာ ခန္ဓာကိုယ်ပဲ ပျောက်သွားတာဖြစ်ပြီး သူ့ရင်ထဲမှာအမြဲရှင်သန်နေတယ်ဆိုတာ ပြချင်လို့ဖြစ်ပါ လိမ့်မယ်။အန်ဂျီဟာ စူပါဟီးရိုးဖြစ်ချင်ပြီးကမ္ဘာကြီးကို ကယ်တင်ချင်နေတဲ့သူတစ်ယောက်ပါ။ ဒါပေမယ့် သူကယ်တင်ချင်တဲ့ကမ္ဘာကြီးဆိုတာ ဘာကိုပြောတာလဲ။ အန်ဂျီဘယ်လို ကယ်တင်မှာလဲ။ သူဘာတွေကိုပြန်ပြင်ချင်တာလဲ။ ဖခင်တစ်ယောက်ရဲ့ လွမ်းဆွတ် တမ်းတခြင်းတွေနဲ့ ပြည့်နှက်‌နေတဲ့ဒီဇာတ်ကားလေးထဲမှာ ဒါရိုက်တာဟာ အရွယ်မတိုင် ခင်သေဆုံးသွားရတဲ့ သမီးလေးရဲ့ဆန္ဒတွေကို နည်းလမ်းတစ်မျိုးလေးနဲ့ ရိုက်ကူးပုံဖော် ထားတာကို ကြည့်ရှုခံစားရမှာပါ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Ngwe Zin ဖြစ်ပါတယ်)File Size..........(936 MB) / (368 ...
movie

My True Fairytale (2021)

2021
Bullet Train (2022) 7.5
Bullet Train (2022) Bullet Train (2022)ဒီရုပ်ရှင်ကိုတော့ အကုန်ကြည့်ချင်ကြမယ်ထင်တယ်။ ဘရက်ပစ်ကြီးရဲ့ အက်ရှင်၊ဟာသကောင်းပါ။ ဇာတ်လမ်းကောင်းကောင်း၊ အက်ရှင်ကောင်းကောင်း၊ ရိုက်ချက်လှလှတွေနဲ့ တင်ဆက်ထားပါတယ်။ ဒါရိုက်တာကလည်း Atomic Blond ကိုရိုက်ပြီး John Wick ကို Producer လုပ်ခဲ့တဲ့ David Leitch ပါပဲ။IMDb Rating(7.5) ထိ ရရှိထားသလို တကယ်လဲ ကြည့်ကောင်းတဲ့ရုပ်ရှင်တစ်ကားပါ။ဇာတ်လမ်းအကျဉ်းဘရက်ပစ်ကတော့ ကြေးစားဟောင်းတစ်ယောက်ဖြစ်ပြီး စိတ်ဒဏ်ရာတွေကို ဆရာဝန်ပြရင်းအနားယူနေတဲ့လူတစ်ယောက်ပါပဲ။ တစ်နေ့မှာတော့ သူအလုပ်ပြန်စလုပ်ဖို့ လွယ်တဲ့အလုပ်လေးတွေပေးပါလို့ အလုပ်တောင်းတော့ သူ့ကို ရထားပေါ်က ပစ္စည်းလေးတစ်ခု သယ်ပြီး ပြန်ဆင်းလာဖို့ ဆိုပြီး အလုပ်လွယ်လွယ်တစ်ခုပေးလိုက်ပါတယ်။ ဒါပေမဲ့ ကံဆိုးပြီး ဂျပန်ရဲ့အကြီးဆုံးဂိုဏ်းခေါင်းဆောင်ရယ် လူသတ်သမားတွေ ကြေးစားတွေ အကြံမျိုးစုံနဲ့ အကြောင်းမျိုးစုံနဲ့ ကျည်ဆံရထားပေါ်ရောက်လာတဲ့လူမျိုးစုံကို ရင်ဆိုင်ရတဲ့အခါ တလွဲတွေကြားထဲမှာ အသက်ရှင်ဖို့ ရုန်းကန်ရပါတော့တယ်...အညွှန်း နဲ့ ဘာသာပြန်ကတော့ Mr.Anderson ပဲ ဖြစ်ပါတယ်။Genre..... Actjon, Comedy , Tbriller Quality…. 4K HEVC | 1080p | ...
movie

Bullet Train (2022)

2022
4K HEVC