Channel Myanmar

Arswendi Nasution

Anwar: The Untold Story (2023)
Anwar: The Untold Story (2023) Anwar : The Untold Story [2023]နိုင်ငံတိုင်း နိုင်ငံတိုင်းတွင် အကျင့်ပျက်ခြစားမှုဟူသည်ကား ရှိကြစမြဲပင်...ဒီဇာတ်လမ်းမှာတော့ ယခုအခါ မလေးရှား ဝန်ကြီးချုပ်ဖြစ်နေပြီဖြစ်တဲ့ အန်ဝါ အီဘရာဟင်ရဲ့ နိုင်ငံရေးလှုပ်ရှားမှုဇာတ်ကြောင်းကို ပြန်ပြောင်း ရိုက်ပြထားတာပဲ ဖြစ်ပါတယ်... နိုင်ငံရေးဆန္ဒပြပွဲတွေ... အုပ်ချုပ်သူတွေရဲ့ မလျော်ဩဇာသုံးပြီး ဖမ်းဆီးမှုတွေ... နိုင်ငံရေးသမားတွေအတွက် ထောင်ဆိုတာ အိမ်သဖွယ်ဖြစ်ခဲ့ရတာတွေ... စီးပွားရေးသမား ခရိုနီတွေ ကြီးစိုးထားတဲ့ မလေးနိုင်ငံရေးလောက... စတာတွေကို အန်ဝါ တစ်ယောက် ဘယ်လို ပြုပြင်ပြောင်းလဲသွားမလဲ... လူထုအားကို ဘယ်လို အရယူသွားမလဲ... အမြစ်တွယ်နေပြီဖြစ်တဲ့ ယန္တရားကြီးက သူ့ကို ဘယ်လိုဖိနှိပ်သွားမလဲ.... ဥပဒေဆိုတာ ဘယ်လို လက်တစ်လုံးခြားပြီး လုပ်လို့ ရသလဲ... ဓမ္မနဲ့ အဓမ္မမှာ အချိန်တွေ ကြာပါစေဦးတော့ အချိန်တန်ရင် ဓမ္မတရားကသာလျှင် ပေါ်ထွန်းစမြဲပဲဆိုတာကို ရှုစားသွားရမှာပဲ ဖြစ်ပါတယ်အညွှန်း နဲ့ ဘာသာပြန်ကတော့ Tun Aung Kyaw ပဲ ဖြစ်ပါတယ်။Genre..... Biography, Drama, History Quality…. 1080p | 720p File size… 1.2GB ...
movie

Anwar: The Untold Story (2023)

2023
Mantra Surugana (2023)
Mantra Surugana (2023)  အင်ဒိုသရဲကားဖြစ်တာမို့ ထိတ်လန့်စရာတွေကွင်းကွင်းကွက်ကွက်မြင်ရဦးမှာပါ...၊ဇာတ်လမ်းနာမည်က "စူရူဂါနာမန္တန်"တဲ့ဒီမန္တန်ဟာ အငြိုးကြီးတဲ့အမျိုးသမီးတစ်ယောက်ကသူ့ရန်သူတွေကိုကျိန်စာတိုက်ခဲ့တဲ့မန္တန်ပါ...။ရန်သူတွေတင်မကဘဲ ရန်သူရဲ့ မိန်းမတွေ၊ သမီးတွေကိုဆွေစဥ်မျိုးဆက်တိုင် အသက်သေဆုံးအောင် ကျိန်စာတိုက်ခဲ့တာပါ...။ဇာတ်လမ်းလေးကဘယ်ကစလဲဆိုတော့ တန်ထရီဟာစကောလားရှစ်ရတော့ တက္ကသိုလ်ကျောင်းသူဆောင်ကိုပြောင်းလာခဲ့ပါတယ်...။တန်ထရီမှာက ပရလောကနဲ့ဆက်သွယ်နိုင်တဲ့ အမြင်မျိုးရှိလေတော့ ရောက်ရောက်ချင်းမှာပဲ အဆောင်မှာ ဝိုးဝိုးဝါးတားအရိပ်တွေမြင်ရ အသံတွေကြားရ စိတ်မသိုးမသန့်ဖြစ်ရတယ်ပေါ့....နောက်မှသိလာရတာက ဒီအဆောင်မှာပဲ ကောင်မလေးတစ်ယောက်နဲ့ ကောင်လေးတစ်ယောက် ပျောက်ချင်းမလှပျောက်သွားဖူးတယ်...။သေလားရှင်လားမသိရ အလောင်းလည်းမတွေ့ရ‌ပေါ့...။တန်ထရီရဲ့ အကြားအမြင်အာရုံနဲ့အတူ ပျောက်သွားတဲ့လူနောက်လိုက်ရှာရင်း ဘယ်လိုကြောက်စရာပုံပြင်တွေတွေ့ရမလဲဘယ်လိုနတ်ဆိုးတွေနဲ့ကြုံဦးမလဲဆိုတာတော့ ကိုယ်တိုင်ပဲခံစားလိုက်ပါဗျာ...။ File size…910MB / 449MB Quality…WEB-DL 1080p / 720p Format…mp4 Duration….1h 38m Genre ….. Action , Drama , History Subtitle….Myanmar Subtitle (Hard Sub) Encoder….Horror Translated by Themes
movie

Mantra Surugana (2023)

Khanzab (2023) 4.7
Khanzab (2023) ကြမ်းလွန်းလို့ ကြည့်ခွင့်တောင်ပိတ်ရတယ်လို့နာမည်ကြီးနေတဲ့ ဖြစ်ရပ်မှန်အင်ဒိုသရဲကားတစ်ကားတင်ဆက်ပေးချင်ပါတယ်1998 တုန်းက Banyuwangi ဆိုတဲ့အင်ဒိုကမြို့လေးတစ်မြို့မှာဖြစ်ခဲ့တဲ့ အောက်လမ်းပညာအကြောင်း အခြေခံရိုက်ကူးထားတာပါ သရဲကားစစ်စစ်ရှာဖွေနေသူတွေအတွက်တော့ အကြိုက်တွေ့စေမှာအမှန်ပါပဲရှင်။။Khanzab (စေတန်) ဆိုတာက ဝတ်ပြုချိန်မှာ ခြောက်လှန့်တတ်တဲ့ နတ်ဆိုးဝိညာဉ်ပါ မျက်စိရှေ့တင်ပဲ ဖခင်ဖြစ်သူက ခေါင်းဖြတ်အသတ်ခံလိုက်ရလို့ အမုန်းတရားတွေ ကလဲ့စားတွေနဲ့ကြီးပြင်းလာခဲ့တဲ့ ရေဟာယူတစ်ယောက် ဖခင်အသတ်ခံလိုက်ရတဲ့ မွေးရပ်မြေကိုပြန်ဖို့အကြောင်းဖန်လာခဲ့တယ် သူ(မ)ဖခင်ဆုံးတော့ ဝတ်ပြုကျောင်းအဖြစ်လှူခဲ့တဲ့‌တစ်နေရာရှိပါတယ် ဒါပေမဲ့အဲဒီနေရာက ရှယ်ကိုအခြောက်အလှန့်ကြမ်းတာပါ Khanzab တွေကို တစ်စုတစ်စည်းတည်းတွေ့မြင်ရတဲ့နေရာဆိုလည်းမမှား ဝတ်ပြုတဲ့‌လူတွေကို နေ့နေ့ညညမရွေး အခြောက်အလှန့်ကြမ်းတဲ့နေရာပေါ့ ရေဟာယူဒီနေရာကိုပြန်ရောက်တော့ ဝတ်ပြုရင်းသူ(မ)ကိုယ်တိုင်တောင်မသိလိုက်ဘဲ ဒီဝိညာဉ်တွေကို သူ့ခန္ဓာကိုယ်ထဲဆင့်ခေါ်မိပြီး လောက၂ခုကိုချိတ်ဆက်တဲ့ ကြိုးတစ်ခုဖြစ်လာချိန်မှာတော့.... သူ(မ)နဲ့ မြို့ထဲကလူတွေဘယ်လိုအန္တရာယ် အခြောက်အလှန့်ကြမ်းကြမ်းတွေ တွေ့ကြုံရမလဲဆိုတာကိုတော့ ဆက်လက်ကြည့်ရှုလိုက်ပါရှင်(အညွှန်းနဲ့ဘာသာပြန်ကတော့ Yunni ဖြစ်ပါတယ် ) File size…(1.4 GB)/(640 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:45:00 Genre...Horror, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Yunni
movie

Khanzab (2023)

3: Alif Lam Mim (2015) 7.1
3: Alif Lam Mim (2015) 3.Alif Lam Min [2015]IMDB (7.1/10)အင်ဒိုနီးရှားဟာ ဘာသာရေးဂိုဏ်းဂဏ ကွဲပြားမှုတွေကြောင့် အကြမ်းဖက်မှုတွေ ပဋိပက္ခတွေနဲ့ အပြင်းအထန်ရင်ဆိုင်ရပြီး နောက်မှာ လူထုဟာ တော်လှန်ရေးတစ်ရပ် ကျင်းပကာ ဘာသာရေးကို အဓိကထောက်တိုင်အဖြစ်ကနေ ဖယ်ရှားပစ်လိုက်ကြပါတယ်... ဒီလို ဖယ်ရှားလိုက်တဲ့အခါ ကျန်ရှိတဲ့ ယုံကြည်ကိုးကွယ်သူတွေကိုလည်း အစိုးရက နှိမ်နှင်းဖို့ ကြိုးစားပါတော့တယ်... ဘာသာရေးနဲ့ သက်ဆိုင်သူတွေကို ရာဇဝတ်မှုမျိုးစုံတပ်ပြီး ရှင်းလင်းလာပါတယ်... ဒီလိုအရှုပ်အထွေးကြီးထဲမှာ တိုင်းပြည်အတွက် နိုင်ငံအတွက် ဘာမဆိုလုပ်ပေးမယ့် ရဲတပ်ဖွဲ့ဝင် အာလစ်ဖ်က အသုံးချခံ ဖြစ်လာပါတော့တယ်... ဒီလိုနဲ့ တစ်ရက် သူ့ရည်းစားဟောင်း လာရာစ်နဲ့ ပြန်ဆုံပြီး မရှေးမနှောင်းမှာပဲ လာရာစ် အလုပ်လုပ်ကိုင်ရာ ကန်ဒီကဖေးမှာ ဗုံးပေါက်ကွဲပါတော့တယ်... အာလစ်ဖ်ကိုယ်တိုင်လည်း ရှိနေခဲ့တာမို့ ဒီဗုံးကွဲမှုရဲ့ လက်သည်တရားခံဟာ အစ္စလာမ်ကျောင်းသားလေးတွေကြောင့်လို့ အာလစ်ဖ် ထင်မှတ်သွားပါတယ်.... တကယ်တော့ အဖြစ်မှန်ဟာ ထင်သလောက် ရိုးစင်းမနေဘဲ ရှုပ်ထွေးပွေလီမှုတွေ အများကြီး ရှိလို့နေပါတယ်... ဒီလိုအဖြစ်ကြီးကို အာလစ်ဖ်တစ်ယောက် ဘယ်လိုရင်ဆိုင်သွားမလဲ ရှုစားရမှာပဲ ဖြစ်ပါတယ်အညွှန်း နဲ့ ဘာသာပြန်ကတော့ ...
movie

3: Alif Lam Mim (2015)

2015
The Forbidden Door (2009) 6.6
The Forbidden Door (2009)  IMDB - 6.6ဒီဇာတ်ကားလေးက ဘန်ကောက်နိုင်ငံတကာရုပ်ရှင်ပွဲတော်မှာnomination 2 ကြိမ်ဝင်တဲ့ဇာတ်ကားလေးဖြစ်သလို ၂၀၁၀ အင်ဒိုနီးရှားနိုင်ငံရဲ့အကောင်းဆုံးရုပ်ရှင်ဆုကိုရထားတာဖြစ်ပါတယ်။စုံတွဲတွေမှာ သေချာအစီအစဉ်ဆွဲပြီး ကလေးယူကြသူတွေရှိသလိုကိုယ်တိုင်က မလိုချင်ဘဲကလေးရသွားတဲ့အခါ ကလေးအပေါ် သဘောထားတွေကnegative ဆန်တာတွေရှိနေမှာပါ။ တစ်ချို့က ကိုယ်ဝန်ဖျက်ပစ်တယ်။တစ်ချို့တစ်ပါးသူလက်ထဲကိုထည့်လိုက်တယ်။ဒါပေမယ့် တစ်ချို့ကျတော့ အညှင်းဆဲခံ ။ စိတ်အဖြေအဖျောက်ခံသက်သက်ကလေးကိုမွေးထားကြပါတယ်။ ဒီကလေးမွေးလာတာကိုက ဂြိုလ်ဆိုးသဖွယ်ခံယူထားတဲ့မိဘတွေလည်းရှိကြတယ်။အကျိုးရလာဒ်အနေနဲ့ကတော့ စိတ်ဒဏ်ရာပေါင်းများစွာနဲ့ ဒီကလေးဟာကြီးပြင်းလာခဲ့ရတာပဲ။ ဒီလိုအဖြစ်အပျက်တွေက ရာခိုင်နှုန်းနည်းတယ်ဆိုပေမယ့်လောကကြီးထဲမှာရှိနေသေးတယ်ဆိုတာကို တစ်နည်းတစ်ဖုံရိုက်ပြထားတဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ဂမ်ဘီယာက အနုပညာရှင်တစ်ယောက်ဖြစ်ပြီး သူထုလုပ်ထားတဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီးရုပ်ထုတွေဟာ လူတကာကြိုက်လောက်အောင် အသက်ဝင်လွန်းတဲ့အတွက်နာမည်ကြီးလှပါတယ်။ သူ့မှာဇနီးချောလေးတစ်ယောက်ရှိပြီး အချစ်ဆုံးသူငယ်ချင်းနှစ်ယောက်လည်းရှိတယ်။သူ့ရုပ်ထုတွေကို ပြခန်းမှာပွဲလုပ်ပြီး ဂမ်ဘီယာနဲ့ အရမ်းရင်းနှီးတဲ့ အစ်ကိုဂျင်မီကရောင်းချပေးတယ်။ ဂမ်ဘီယာရဲ့အမေကတော့ သူတို့ကိုကလေးယူဖို့အမြဲတိုက်တွန်းနေတယ်၊တစ်နေ့မှာ ဂမ်ဘီယာဆီကို ကယ်ပါဦး ဆိုတဲ့စာသားကိုသူတို့အိမ်ရှေ့မှာလာရေးသွားတယ်။ဒီအတိုင်းကလေးတွေလက်ဆော့ပြီးရေးတယ်လို့ပဲထင်သွားတယ်။ နောက်တော့သူငယ်ချင်းတွေနဲ့တွေ့လည်း ဒီစာသား ဒီစကားသံတွေကို တစ်နည်းမဟုတ်တစ်နည်းမြင်ရကြားလာရတဲ့အခါဂမ်ဘီယာလည်း အဖြေစရှာပါတော့တယ်....   File size…2.35GB / 1.12GB Quality…Blu-Ray 1080p / 720p Format…mp4 Duration….1h 55m Genre ….. Horror , Mystery , ...
movie

The Forbidden Door (2009)

Balada Si Roy (2023) 7.4
Balada Si Roy (2023) Balada Si Roy (2023)******************* လောကဓံရဲ့အနိမ့်အမြင့်အခက်အခဲတွေကို အလူးအလဲခံနေရပေမဲ့ မလျော့သောစိတ်ဓာတ်ခွန်အားတွေနဲ့အတူမတရားဘက်တော်သားတွေကို မကြောက်မရွံ့ပြန်တိုက်ခိုက်ရဲတဲ့ ရွိုက် (Roy) ဆိုတဲ့ကောင်လေးတစ်ယောက်ရဲ့ဘဝကိုပုံဖော်ရိုက်ကူးတာတဲ့ အင်ဒိုနီးရှားဇာတ်ကားကောင်းလေးတစ်ကားကို မိတ်ဆက်ပေးချင်ပါတယ်..ရွိုက် (Roy) ဟာ ဘဝကို ပေါ့ပေါ့ပါးပါးနဲ့ ပျော်ရွှင်စွာဖြတ်သန်းနေတဲ့ ဆယ်ကျော်သက်ကျောင်းသားလေးတစ်ယောက်ဖြစ်ပြီးသူ့မှာ အရမ်းချစ်ရတဲ့ဆိုးတူကောင်းဖက်ရှိနေပေးတဲ့ ဂျိုး (Joe) လို့ခေါ်တဲ့ခွေးလေးတစ်ကောင်ရှိပါတယ် ...နိုင်ငံရေးလှုပ်ရှားသူတစ်ဦးဖြစ်တဲ့ သူ့အဖေဆုံးသွားပြီးနောက်ပိုင်းမှာ ရွိုက် (Roy) နဲ့သူ့အမေဟာ ဆန်ရန်ဆိုတဲ့မြို့ကို ပြောင်းရွေ့လာခဲ့ပါတယ်.. ဆန်ရန်အထက်တန်းကျောင်းမှာသာမက ဆန်ရန်မြို့မှာပါ ဗိုလ်ကျနေတဲ့ အကြီးအကဲတစ်ဦးရဲ့သားဒူလန် (Dullah) နဲ့ ရွိုက် (Roy) တို့ဟာ ပြဿနာတစ်ခုဖြစ်ပွါးရာမှ ရွိုက် (Roy) ဟာ သူ့အချစ်ဆုံးခွေးလေး ဂျိူး (Joe) ကို ဆုံးရှုံးခဲ့ရပါတယ်..မိသားစုရဲ့အုတ်တံတိုင်းဖြစ်တဲ့ဖခင်ကိုဆုံးရှုံးထားရတဲ့အပြင် ဆိုးတူကောင်းဖက်ခွေးလေးကိုပါလက်လွှတ်လိုက်ရတဲ့ ရွိုက်(Roy) တစ်ယောက် ဘယ်လိုနာကျည်းချက်တွေနဲ့ ပြန်လည်တုံ့ပြန်မလဲ…… သူ့အဖေကရော ဘာအတွက်ကြောင့် အသက်ဆုံးရှုံးခဲ့ရသလဲ…… ဆန်ရန်မြို့ရဲ့ နောက်ကွယ်မှာရော ဘယ်လိုအကြောင်းတရားတွေရှိနေသလဲ……..ဆိုတာကို ဇာတ်ကားထဲမှာ ရှာဖွေကြည့်လိုက်ရအောင်နော်....     File Size      ...
movie

Balada Si Roy (2023)

Ngeri-Ngeri Sedap (2022) 8.0
Ngeri-Ngeri Sedap (2022) Ngeri-Ngeri Sedap (2022)************************သား ၃ ယောက်နဲ့ သမီး ၁ ယောက်မွေးထားတဲ့ လင်မယား ၂ ယောက်... သား ၃ ယောက်ကိုအကောင်းဆုံးပညာရေးရဖို့ တခြားမြို့တွေမှာ ကျောင်းထားခဲ့ရာကစလို့ သားယောက်ျားလေးတွေဟာလက်တွေ့ကျကျ စဉ်းစားတွေးခေါ်တတ်ပြီး ကိုယ်ဖြစ်ချင်တာကိုပဲ လုပ်ကြရာကနေ မိဘအိမ်ကို ပြန်မလာခဲ့ကြတာ၁၀ နှစ်နီးပါး ရှိသွားခဲ့တယ်။ ဒီလိုနဲ့ပဲ အဘွားဖြစ်သူရဲ့ မင်္ဂလာအခမ်းအနားကို မိသားစုစုံစုံလင်လင်ကျင်းပဖို့အတွက် သား ၃ ယောက်ကို လင်မယား ၂ ယောက် ဘယ်လို လှည့်ဖြားပြီး အိမ်ကို ပြန်လာအောင် ခေါ်ကြမလဲ...သူတို့ ချက်ချင်း မပြန်သွားအောင် ဘယ်လိုလုပ်ကြမလဲဆိုတာကို စိတ်ဝင်စားဖွယ် ကြည့်ရှုရမှာပဲဖြစ်ပါတယ်။ တစ်ခါတစ်လေကျ သားသမီးရဲ့ ပျော်ရွှင်မှုဟာ မိဘရဲ့ စိတ်တိုင်းကျ မဖြစ်နိုင်သလို, မိဘရဲ့ စိတ်တိုင်းကျဆန္ဒဟာလည်းသားသမီးကို မပျော်စေတာမျိုးတွေ ကြုံတွေ့ရတတ်ပါတယ်။ မိသားစုတစ်ခုမှာ ဒီလိုမျိုး စိတ်သဘောထားမတိုက်ဆိုင်မှုတွေ ဖြစ်လာတဲ့အခါတစ်ဖက်ဖက်က အလျှော့ပေးမှသာ ပျော်ရွှင်တဲ့ မိသားစုမျိုး ...
movie

Ngeri-Ngeri Sedap (2022)

Two Blue Stripes (2019) 7.8
Two Blue Stripes (2019)  Original Title – Dua Garis Biru Genre – Drama IMDB – 7.8/10 ရုပ်ရှင်နာမည်က အပြာရောင်မျဉ်းလေး ၂ ချောင်းတဲ့၊ဒီ အပြာရောင်မျဉ်းလေး ၂ ချောင်းဆိုတာ တချို့အတွက်နိဗ္ဗာန်ဖြစ်သွားနိုင်သလို တချို့အတွက်လည်း ငရဲလိုမျိုးဖြစ်သွားစေနိုင်တဲ့အရာတစ်ခုပါ၊ ဟုတ်ပါတယ် ကိုယ်ဝန်စစ်ဆေးတံက အပြာရောင်မျဉ်းလေး ၂ ချောင်းကို ပြောတာပါ။ဒီ အင်ဒိုနီးရှားကားလေးက လိင်ကိစ္စပညာပေးအနေနဲ့ရောမိဘအုပ်ထိန်းမှုတွေကိုရော ပညာပေးချင်တဲ့ ကားကောင်းလေးတစ်ကားပါ။ သူတို့နိုင်ငံက ပေးအပ်တဲ့ ရုပ်ရှင်ဆုတွေလည်းတော်တော်များများ ရရှိထားတာကို တွေ့ရပါတယ်။ အသက် ၁၇အရွယ် စုံတွဲလေးတစ်တွဲ အရာအားလုံးကို မေ့လျောပြီးကမ္ဘာကြီးကို မမှုပဲ သိပ်ချစ်ကြတယ်ပေါ့ မိဘတွေရဲ့မအားလပ်မှု အချိန်မပေးနိုင်မှုရဲ့ ပေါ့လျော့မှုအောက်မှာ ဒီကလေးနှစ်ယောက်ဟာ အရွယ်မတိုင်ခင် ချစ်သူရည်းစားတွေ ကြုံလာရမယ့်စည်းတစ်ခုကို ငယ်ငယ်ရွယ်ရွယ် အကာအကွယ်မရှိ ကျူးလွန်မိလိုက်ကြပါတော့တယ်။ နောက်ဆက်တွဲ ဘာဖြစ်မလဲဆိုတာလူတိုင်းသိပါတယ် ကလေးမလေး ကိုယ်ဝန်ရှိလာမယ် အဲဒါကိုနှစ်ဖက်မိဘတွေ သိသွားကြပြီး ပြဿနာတွေ ကြုံလာကြတယ်ပေါ့၊ကောင်လေးဖက်က ဆင်းရဲတယ် ...
movie

Two Blue Stripes (2019)

Autobiography (2022) 7.4
Autobiography (2022) Autobiography (2022)အင်ဒိုနီးရှားမှာ Best Original Screenplay ဆုရခဲ့ပြီး ကျန် ၇ဆုဆန်ကာတင် စာရင်းဝင်ခဲ့တဲ့ အင်ဒိုကားလေးတင်ဆက်ပေးလိုက်ပါတယ်။ ဒါ့အပြင်ကို ဗင်းနစ် ရုပ်ရှင်ပြပွဲမှာပါ ဆုတွေရခဲ့ပါသေးတယ်။အင်ဒိုနီးရှားဟာ အနှပညာလောကမှာ အရှေ့တောင်အာရှကို ဖောက်ထွက်ဖို့ကြိုးနေတယ်ဆိုတာ ဒီရုပ်ရှင်မှာတွေ့နိုင်ပါတယ်။ ဇာတ်လမ်း နာမည်လေးကလဲ မြန်မာလိုဆို "ကိုယ်တိုင်ရေး ရာဇဝင်" ပေါ့။ ဇာတ်လမ်းဟာလဲ နာမည်နဲ့အတော်လိုက်တာကို တွေ့ရမှာပါ။ဇာတ်လမ်းအကျဉ်းလေးကတော့ စစ်တပ်မှဗိုလ်ချုပ်ကြီးဟောင်း တစ်ယောက် နိုင်ငံရေးလောကထဲဝင်ပြီး ရွေးကောက်ခံကိုယ်စားလှယ်ဖြစ်ဖို့ မီးမှန်မှန်ရဖို့ရေး ရေအားလျှပ်စစ်စက်ရုံတွေဆောက်မယ်ပေါ့။ ဒါပေမဲ့ သူက လူတွေကိုကူညီချင်သလိုနဲ့ အာဏာသုံးပြီးလုပ်တတ်တဲ့ အာဏာရှင်ကြီးတစ်ယောက်ပါ။ တနေ့ သူ့တပည့်တစ်ယောက်ရဲ့ သားကို သူ့အတွက်လက်တိုလက်တောင်းခိုင်းဖို့ ခေါ်လိုက်ပါတယ်။ အစကတော့ အကြောင်းမသိသေးလို့ လေးစားအားကျနေခဲ့ရာမှ နောက်ကွယ်ကအဖြစ်မှန်တွေသိပြီးနောက် အဲဒီ အာဏာရှင်လူဆိုးကြီး လက်အောက်က ဘယ်လို လွှတ်အောင်ပြေးပြီး ကိုယ့်ရာဇဝင်ကို ရေးမလဲဆိုတာ ဆက်လက်ကြည့်ရှုလိုက်ကြပါဦး။အညွှန်း နဲ့ ဘာသာပြန်ကတော့ K.Hein ပဲ ဖြစ်ပါတယ်။Genre..... Drama, Mystery, Thriller Quality…. 1080p | 720p | 480p File size… 1.3GB ...
movie

Autobiography (2022)

2022
Gundala (2019) 7.2
Gundala (2019) ဒီကားလေးကတော့ စူပါဟီးရိုးဖန်တွေအတွက် 2019 တုန်းက ထွက်ရှိထားတဲ့ အင်ဒိုနီးရှားစူပါဟီးရိုးဇာတ်ကားလေးပါ။BumiLangit စတူဒီယိုကနေထုတ်လုပ်တာဖြစ်ပြီး BumiLangit Cinematic Universe(BCU) ရဲ့ ပွဲဦးထွက် စူပါဟီးရိုးကားလည်းဖြစ်ပါတယ်။ဒီနှစ်ပိုင်းအတွင်းမှာ BCU ကနေ နောပ်ထပ် Sequals တွေထပ်ထွက်ဖို့ရှိပါသေးတယ်။ဇာတ်လမ်းအကျဉ်းကတော့.... ဆောက်လုပ်ရေးကုမ္ပဏီကြီးတစ်ခုဟာ အောက်ခြေဝန်ထမ်းတွေကို အလုပ်တွေဖိခိုင်း၊ အချိန်ပိုတွေလုပ်ခိုင်းပြီးလစာတွေကိုကျတော့မစို့မပို့သာပေးပြီး အချိန်အကြာကြီးခေါင်းပုံဖြတ်နေခဲ့ပါတယ်။အဲဒီလို အမြတ်ကြီးစားခေါင်းပုံဖြတ်တဲ့ ဆောက်လုပ်ရေးကုမ္ပရဲ့အထက်လူကြီးတွေကို သည်းမခံနိုင်တော့တဲ့အဆုံး တစ်နေ့မှာတော့အလုပ်သမားတွေဟာစုဖွဲ့ပြီး ဆန္ဒပြဖို့လုပ်ပါတော့တယ်။အဲဒီဆန္ဒပြတဲ့အုပ်စုထဲမှာ ဆန်ချာကာဆိုတဲ့ကောင်လေးတစ်ယောက်ရဲ့ အဖေလည်းပါပါတယ်။ဆန်ချာကာ ဆိုတာကတော့ မွေးကတည်းက ထူးခြားတဲ့စွမ်းအားနဲ့မွေးဖွားလာတဲ့ကလေးလေးပါ။သူဟာ မိုးကြိုးတွေကနေခွန်အားတွေပြန်ယူနိုင်ပြီး ရန်သူတွေကိုလည်း လျှပ်စီးတွေနဲ့ ပစ်နိုင်တဲ့အစွမ်းရှိပါတယ်။ပြီးတော့ သူ့စွမ်းအားတွေထုတ်နေတုန်းမှာဆိုရင် သူ့လက်ထဲကိုင်ထားတဲ့အရာဝတ္တုနဲ့ အမျိုးအစားတူတဲ့ပစ္စည်းတွေဟာ ကွဲကြေပျက်စီးနိုင်ပါတယ်။ဒါပေမယ့် ဆန်ချာကာလေးဟာ သူ့မှာစွမ်းအားရှိနေတာကို မသိရှာပါဘူး။ဆန်ချာကာရဲ့အဖေတို့ဟာ ဆန္ဒပြရင်းမတော်တဆဖြစ်ပြီး ငွေနဲ့မက်လုံးအပေးခံထားရတဲ့ တခြားစက်ရုံဝန်ထမ်းတစ်ယောက်ရဲ့လက်ချက်နဲ့ သေသွားခဲ့ရပါတယ်။အဖေမရှိတော့တဲ့နောက်ပိုင်းမှာ ...
movie

Gundala (2019)

2019
Ashiap Man (2022) 5
Ashiap Man (2022) Ashiap Man (2022)"ကောင်လေး ရေပို့ပေးပါဦး" "အဆင်သင့်ပဲဗျို့" "ကောင်လေး ခေါင်မိုးလေးပြင်ပေးပါဦး" "အဆင်သင့်ပဲ"လူတွေကိုကူညီဖို့ဆိုရင် အသင့်လူသား(Ashiap Man)က အမြဲတမ်းအဆင်သင့်ရှိနေပါတယ်။ ငယ်ငယ်လေးတည်းက မိဘရဲ့ဆုံးမသွန်သင်မှုကြောင့် လူတကာကိုကူညီတတ်သူ၊ သာမန်လူတစ်ယောက်လို ဉာဏ်ရည်ဉာဏ်သွေးမျိုးမရှိပေမယ့် ကိုယ်ချစ်တဲ့သူတွေကိုတော့ အမြဲတမ်းကာကွယ်ပေးချင်တဲ့သူ၊ လူစွမ်းကောင်းဖြစ်ဖို့ကိုရူးသွပ်ပြီး သူ့ရဲ့အစွမ်းတွေနဲ့ လူတွေကိုကူညီဖို့အမြဲတမ်းအဆင်သင့်ရှိနေသူ အသင့်လူသားတစ်ဖြစ်လည်း ဇူးဟာဆိုရင် ငယ်ရွယ်စဉ်ကတည်း အများအကျိုးကိုသယ်ပိုးဖို့ ဆန္ဒပြင်းပြခဲ့သူပါ။သူကိုယ်တိုင် ဆန္ဒပြင်းပြသလိုပဲ သူ့တစ်ရွာလုံးဟာဆိုရင်လည်း သူ့အပေါ်ယုံကြည်ကိုးစားပြီး ချစ်ခင်ခြင်းကိုခံရသူတစ်ယောက်လည်းဖြစ်ပါတယ်။ ဒါပေမယ့် တစ်နေ့မှာတော့သူတို့နေတဲ့ရွာကို မိန်းကလေးတစ်ယောက်ရောက်လာပြီး အဲ့ဒီမိန်းကလေးကို ဇူးတစ်ယောက်သဘောကျမိပါတော့တယ်။ တစ်ဖက်မှာလည်း သူတို့ရွာနေရာမှာ အိမ်ရာစီမံကိန်းကိုအကောင်အထည်ဖော်ဖို့ ရွာသားတွေကိုဖိအားပေးနှင်ထုတ်ခံရတဲ့အခါမှာတော့ အမြဲတမ်းအဆင်သင့်ရှိခဲ့တဲ့အသင့်လူသား ဘယ်လိုမျိုးရွာကိုကာကွယ်ပေးသွားမလဲ။ဒီမိန်းကလေးရဲ့နောက်ကြောင်းကရော ဘာတွေရှိနေမလဲ?ဇူးတစ်ယောက် လူစွမ်းကောင်းဖြစ်ဖို့ ကြိုးစားပုံတွေ သူ့ရဲ့ရပ်ရွာကို ဘယ်လောက်အထိချစ်တယ်ဆိုတာတွေ သူချစ်တဲ့သူတွေအတွက် ဘယ်လောက်အထိအသင့်ရှိလဲဆိုတာတွေကို ပေါ့ပေါ့ပါးပါးမိသားစုရုပ်ရှင်တစ်ခုအဖြစ် ကြည့်ရှုခံစားရမယ့် အင်ဒိုနီးရှားဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။(ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်က APP ပါ။)File Size          : 1.8GB, 806MB, 422MB Quality      ...
movie

Ashiap Man (2022)

2022
Ben & Jody (2022) 5.4
Ben & Jody (2022) Ben & Jody (2022) ဘန်ကတော့ သူ့ရဲ့  မွေးရပ်ဇာတိလေးမှာပဲ အေးအေးလူလူနဲ့ ကော်ဖီလုပ်ငန်းလေး လုပ်ကိုင်နေတဲ့ သူတစ်ယောက်ပါ။တစ်နေ့မှာတော့ ကုမ္ပဏီကြီးတစ်ခုက ဘန်တို့ ရွာသားတွေ လယ်သမားတွေရဲ့  မြေတွေကို အတင်းအဓမ္မ သိမ်းယူဖို့ ပြင်ဆင်နေတယ်ဆိုတာကို သိလိုက်ရတဲ့အတွက် ဘန်က လယ်သမားတွေကို ဦးဆောင်ပြီး ဆန္ဒပြ ဆန့်ကျင်ခဲ့ပါတယ်။ဒီလိုတွေဖြစ်ပြီး သိပ်မကြာလိုက်ပါဘူး ဘန် ကို ကုမ္ပဏီက ငှားထားတဲ့ လူမိုက်တွေက ရိုက်နှက်ပြီး ဖမ်းဆီး ထားလိုက်ပါတော့တယ်။ ဘန်လိုပဲ အခြား ဖမ်းဆီး ရီုက်နှက်ခံရတဲ့ ရွာသားတွေကလည်း အများကြီး ... တစ်နေ့မှာတော့ ဘန် တစ်ယောက် သူ့ရဲ့ ကော်ဖီဆိုင်ဖွင့်ပွဲကို မရောက်လာလို့ ဆိုပြီး ဘန်ရဲ့ သူငယ်ချင်း ဂျိုဒီက ရွာကို လာပြီး အကျိုးအကြောင်း စုံစမ်းမေးမြန်းတော့မှ ဖြစ်ကြောင်းကုန်စင် သိသွားပြီး ဘန်နဲ့ အဖမ်းခံထားရတဲ့ လူတွေကို ကယ်တင်ဖို့ ကြိုးစားတဲ့အခါ ...
movie

Ben & Jody (2022)

2022
Akhirat: A Love Story (2021)
Akhirat: A Love Story (2021) Akhirat : A Love Story (2021)ဒီတစ်ခါမှာတော့ ကြည်နူးဆွတ်ပျံ့ဖွယ် အင်ဒိုနီးရှား ဇာတ်လမ်းလေး တစ်ပုဒ်ကို တင်ဆက်ပေးလိုက်ပါတယ်အစ္စလာမ်ဘာသာကို သက်ဝင်ယုံကြည်တဲ့ မိသားစုမှာ မွေးဖွားလာတဲ့ Mentari ဆိုတဲ့ ကောင်မလေးတစ်ယောက်နဲ့ ခရစ်ယာန်ဘာသာကို အလေးအနက်ထား ကိုးကွယ်တဲ့ မိသားစုက Timar ဆိုတဲ့ ကောင်လေးတစ်ယောက်တို့ ဘာကန့်သတ်ချက်မှ မရှိတဲ့ ချစ်ခြင်းမေတ္တာဆိုတဲ့ ခေါင်းစဉ်အောက်မှာ ချစ်ကျွမ်းဝင်မိခဲ့ကြပါတယ်ဘာသာတရားကို အလေးအနက်ထားကြတဲ့ နှစ်ဖက်အသိုင်းအဝိုင်းကြားမှာ သူတို့ရဲ့ ချစ်ခြင်းမေတ္တာကို လှလှပပ ပုံဖော်နိုင်ကြပါ့မလားကိုယ့်ရဲ့ အိပ်မက် မိသားစု အရာအားလုံး နဲ့ ချစ်ခြင်းမေတ္တာ ဒီနှစ်ခုထဲက တစ်ခုကိုရွေးချယ်ရဖို့ ဖြစ်လာတဲ့အခါမှာ ဘယ်လိုတွေ ရှေ့ဆက်ကြမလဲချစ်ခြင်းမေတ္တာကို ဘက်ပေါင်းစုံကနေ လှလှပပလေး ပုံဖော်ရိုက်ကူးထားတာဖြစ်လို့ ကြည်နူးဆွတ်ပျံ့ဖွယ်ရာ လွမ်းမောဖွယ်ရာ ကြည့်ရှူခံစားနိုင်မယ့် ဇာတ်ကားလေးပဲဖြစ်ပါတယ်အညွှန်း နဲ့ ဘာသာပြန်ကတော့ Roman NoX ပဲ ဖြစ်ပါတယ်။Genre.....Drama, Fantasy, Romance Quality….WEB-DL 1080p and 720p and 360p File size…1.57GB and ...
movie

Akhirat: A Love Story (2021)

2021
Crazy Awesome Teachers 2020 6.1
Crazy Awesome Teachers 2020 ကမ္ဘာပေါ်မှာ သူအချစ်ဆုံးက ပိုက်ဆံနဲ့ အမုန်းဆုံးက ကျောင်းဆရာတွေ လို့ခံယူထားတဲ့ Mr.Taat ။ မမျှော်လင့်ဘဲ အငှားကျောင်းဆရာ အလုပ်လည်းလုပ်လိုက်ရတယ် ။ ကျောင်း၀န်ထမ်းတွေရဲ့ လစာတွေ အကုန်ခိုးခံ လိုက်ရတဲ့အချိန်မှာတော့ သူ အဲ့ပိုက်ဆံတွေကိုပြန်ရှာဖို့ ကြိုးစားပေးမှာလား သူကိုယ်တိုင်ကလည်း ပိုက်ဆံမက်တဲ့သူဆိုဖြစ်နေတော့ သူခိုးတွေနဲ့ပဲ ပေါင်းကြံမလားဆိုတာကိုတော့ ဇာတ်လမ်းထဲမှာ ဆက်လက်ရှုစားကြည့်ပါဦးခင်ဗျာ.... Netflix မှာ ထွက်ထားတာပူပူ‌နွေးနွေးရှိသေးတဲ့ ဇာတ်လမ်းကောင်းလေးဖြစ်ပြီး Gading Marten , Dian Sastrowardoyo ,Faradina Mufti တို့ကအဓိက သရုပ်ဆောင်ထားပါတယ် ဇာတ်ကားလေးက မိဘနဲ့ သားသမီးကြားက ပြသာနာလေးတွေ ဆရာတွေရဲ့ဘ၀ ဆရာနဲ့ တပည့်တွေကြားက မေတ္တာ စတာတွေကို ဟာသ‌နှောပြီး တင်ဆက်ပြသထားလို့ တကယ်ကိုကောင်းတဲ့ ရသစုံခံစားရတဲ့ ဇာတ်ကားတစ်ကားပါ..... ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Nay Oo Lwin ပဲဖြစ်ပါတယ် File Size   ...
movie

Crazy Awesome Teachers 2020

Impetigore (2019) 7.3
Impetigore (2019) ဒီကားက​တော့ အင်ဒိုသရဲကားပါ ကျိန်စာ​တွေ, အောက်လမ်း​တွေ, ​မှော်​တွေ, ရုပ်​သေးပညာ​တွေနဲ့ ပတ်သတ်ပြီးစိတ်ဝင်စားတဲ့သူ​တွေဆိုရင် ဒီကားကလက်မလွတ်သင့်တဲ့ကားပါ မင်းသမီးနဲ့သူ့သူငယ်ချင်းတို့က အထည်​ရောင်းတဲ့စီးပွား​ရေးလုပ်ဖို့ အတွက်၂​ယောက်သား​ရှိသမျှ​ငွေအကုန်ရင်းလိုက်ကြတယ် ကံဆိုးစွာနဲ့ ဂျင်းမိပြီး သူတို့မှာထားတဲ့အထည်​တွေက Qualityအရမ်းညံ့​တော့ဘယ်သူမှမဝယ်ကြဘူး အဲ့မှာ၂​ယောက်လုံးမွဲပြာကျ​နေတဲ့အချိန် မင်းသမီးကသူ့မိဘ​တွေ​နေခဲ့တဲ့ရွာမှာအ​မွေပြန်သွား​တောင်းမယ်ဆိုပြီး သူငယ်ချင်း၂​ယောက်သားဆုံးဖြတ်လိုက်ကြတယ် ရွာကလည်း​တော်​တော်ကို​ဝေးပြီး လူ​တော်​တော်များများမသိတဲ့ရွာကြီးပါ သူတို့အဲ့ရွာလည်း​ရောက်​ရောရွာကြီးက​ခြောက်ကပ်​နေပြီ ကြက်သီးထစရာအပြည့်နဲ့သူတို့ကိုကြိုဆို​နေပါတယ် ​ အဲ့က​နေစပြီး မင်းသမီးသူအ​မွေရမယ့်ဟာကိုစုံစမ်းရင် းသူ့သူငယ်ချင်းနဲ့အတူ အဲ့ရွာက​နေလွတ်မှာလား မလွတ်ဘူးလားဆိုတာ ကြည့်ကြပါဦးလို့... File Size - 1.14 gb Quality - web-dl 1080p Subtitle -  burmese Translator - Dolly Encoder - Thit San Khant
movie

Impetigore (2019)

2019
One Day We’ll Talk About Today (2020) 8.0
One Day We’ll Talk About Today (2020) " တစ်နေ့ ကျ ငါတို့ အားလုံး ဒီနေ့အကြောင်းကို ပြန်ပြောဖြစ်ကြအုံးမယ် " ခုတလော ရုပ်ရှင်ကောင်းကောင်း မကြည့်ရတာ ကြာပြီ ရုပ်ရှင်ငတ်နေတာပေါ့လေ ဒီလို နဲ့ Netflix က အာရှ ရုပ်ရှင်တွေထဲ အင်ဒိုနီရှား နဲ့ မလေးရှား ရုပ်ရှင်တွေ လိုက်မွှေ ကြည့်မိတယ် အဲ့ဒီ ထဲက မှ ဒီရုပ်ရှင်ကားကို ကြည့်မိတဲ့ အချိန် ရင်ထဲ ဒိန်းကနဲ ဖြစ်သွားတယ် ရုပ်ရှင်က ဘာမှ သိပ်မဟုတ်ဘူး ထင်ရတယ် ရိုးရိုးရှင်းရှင်းလေး ပါ ဒါပေမဲ့ အဲ့ဒီရိုးရှင်းတာကိုက ကိုယ်တွေကို ရင်ခုန်စေတာပဲ... ဒီရုပ်ရှင်ကတော့ အချစ် နဲ့ ပတ်သက်တာပါ ရိုမန့် မဟုတ်ပါဘူး မိသားစု အချစ်ပါ ဇတ်လမ်းထဲမှာတော့ မိသားစု ၅ ယောက်ပေါ့ အဖေ အမေ နဲ့ သားကြီး သမီးလတ် သမီးငယ် မိသားစု တစ်ခု အကြောင်းပေါ့ သားကြီးက အန်ကာဆာ တဲ့ သမီးလတ် က အော်ရိုရာ သမီးငယ်လေးကတော့ အာဝမ် ဒီမိသားစု က အင်ဒိုနီရှားနိုင်ငံရဲ့ မွတ်စလာမ် မိသားစု ကို ပြထားတယ် သေချာ ဘာသာရေးတွေ လူမျိုးရေးတွေ ဖယ်ပြီး ...
movie

One Day We’ll Talk About Today (2020)

2020