Channel Myanmar

Arthur Angel

My First Summer (2020) 6.7
My First Summer (2020) My First Summer (2020)မိန်းကလေးနှစ်ယောက်ရဲ့ ချစ်ခြင်းမေတ္တာကို လှပစွာရိုက်ကူးထားတဲ့GL ရုပ်ရှင်ကားလေးဖြစ်ပြီး Rotten tomato လည်း 89% ရထားပါတယ်။မိခင်ရဲ့ထိန်းချုပ်မှုအောက်မှာ ကြီးပျင်းလာခဲ့ရပြီး လောကကြီးအကြောင်းဘာမှနားမလည်တဲ့ အသက် ၁၆ နှစ်အရွယ်ကောင်မလေး ကလော်ဒီရာ…မျက်စိရှေ့မှာတင် အမေရေနစ်သေဆုံးသွားတာကြောင့် နေ့ရက်တိုင်းကိုစိတ်ဒဏ်ရာတွေနဲ့ တစ်ယောက်တည်း ကျော်ဖြတ်နေရတဲ့ အချိန်မှာရွယ်တူ ၁၆ နှစ်အရွယ် တက်တက်ကြွကြွနေတတ်တဲ့ ကောင်မလေး ဂရေ့စ်နဲ့တွေ့ခဲ့ပါတယ်။အထီးကျန်ပြီး အလင်းရောင်မရှိ အုံ့မှိုင်းနေတဲ့ ကလော်ဒီရာရဲ့ဘဝကိုဂရေ့စ်တစ်ယောက်က ပျော်ရွှင်မှုနဲ့ အလင်းရောင်လေးတွေပေးခဲ့ပါတယ်။နေ့စဉ် အတူတူအချိန်ဖြုန်းကြရင်းနဲ့ ကောင်မလေးနှစ်ယောက်ကြားမှာသံယောစဉ်ကတစ်ဆင့် ချစ်ခြင်းမေတ္တာပေါ်ပေါက်လာပုံလေးကိုလှလှပပလေး ရိုက်ကူးပြထားတဲ့ အပြင် ချစ်ခြင်းမေတ္တာဟာဝမ်းနည်းမှုတွေကို ကုစားပေးနိုင်ပြီးတော့မထင်မှတ်တဲ့နေရာမှလည်း ချစ်ခြင်းမေတ္တာဖြစ်ပေါ်လာနိုင်ကြောင်းကိုရိုက်ကူးပြထားတဲ့ ဇာတ်ကားကောင်းလေးတစ်ကားဖြစ်တာမလို့ ကြည့်ပြီးရင်လုံးဝနောင်တရမှာမဟုတ်တာမလို့GL သဘောကျတဲ့သူတွေအတွက်တော့ကားကောင်းလေးတစ်ကားဖြစ်မှာပါ File size…    8.7 GB / 2.2 GB /  989 MB Quality… Web-DL 4K /1080p / 720p Format… mp4 ...
movie

My First Summer (2020)

Red Dog (2011) 7.4
Red Dog (2011) Red Dog (2011)~ IMDb - 7.4/10, Rotten Tomatoes - 83% ~လူသားတွေမှာ soul (ဝိညာဉ်) ဆိုတာ ရှိပါသတဲ့။ သူက ရုပ်လုံးရယ်လို့မရှိဘဲ အ‌ဖြူရောင်အလင်းလုံးသပ်သပ်ရယ်ပါ။ သူက ခန္ဓာစဲတဲ့အခါမှာ ကိုယ်ခန္ဓာကိုစွန့်ခွာလို့ ကောင်းကင်ဘုံကို ခိုဝင်ရောက်ရှိပါသတဲ့။ ဝမ်းနည်းစရာကောင်းတာကတော့ တိရစ္ဆာန်လေးတွေမှာ ဝိညာဉ်မရှိရှာပါဘူး။ သူတို့ဟာ သေဆုံးချိန်မှာ ဒီအတိုင်းပျောက်ကွယ်သွားကြပါသတဲ့။ဝိညာဉ်ရှိပါတယ်ဆိုတဲ့ လူသားတွေကြားမှာ၊ ခွင့်လွှတ်ခြင်းကိုခံရပြီး သုခဘုံမှာ ခိုဝင်ရမယ်ဆိုတဲ့ လူသားတွေကြားမှာ ခွေးတစ်ကောင်ဟာ မွန်မြတ်ခြင်းကို လမ်းပြသွားလေရဲ့။ သစ္စာတရား၊ မေတ္တာတရား၊ တွယ်တာမှု စတဲ့ ကောင်းခြင်းတရားတွေကို လူသားတွေသိအောင် သင်ကြားပေးခဲ့သူပေါ့။ သူဟာ တောရိုင်းခွေးတစ်ကောင်ရယ်ပါ။ ဩစတေးလျရဲ့ အနီသွေးလွှမ်းတဲ့မြေပေါ်က နီညိုရောင်ခွေးတစ်ကောင်ပါပဲ။ဒီဇာတ်ကားဟာ ခွေးချစ်သူတွေ မျက်ရည်မခိုင်ရင် မကြည့်သင့်ပါဘူး။ ဂျပန်ခွေးလေး ဟာချီကို ရဲ့ ဇာတ်လမ်းက ကမ္ဘာကို ကိုင်လှုပ်ပြီးနောက်ပိုင်း သူ့ဇာတ်လမ်းကိုမှီးလို့ ဇာတ်ကားတွေ ...
movie

Red Dog (2011)

2011
West of Sunshine(2017) 7.3
West of Sunshine(2017) West of Sunshine(2017) IMDb...6.7,,,Rotten..84% ဒီဇာတ်ကားလေးကတော့ IMDb 6.7 နဲ့ Rotten 84 ရထားတဲ့ West of Sunshine ဆိုတဲ့ ဇာတ်ကားလေးပဲဖြစ်ပါတယ် ဒီကားလေးမှာ အလုပ်တစ်ဖက်နဲ့ တစ်ရက်အတွင်းဆပ်ရဖို့ အကြွေးပူနေတဲ့ကြားထဲ ကျောင်းပိတ်ရက်ရောက်နေတဲ့ သားကိုထိန်းဖို့အလှည့်ကျတော့ သားကိုခေါ်ပြီး အကြွေးဆပ်ဖို့အဆင်ပြေအောင် သရုပ်ဖော်ထားတဲ့ အဖေနေရာမှာ Damian Hill ကသရုပ်ဆောင်ပြီးတော့ သားဖြစ်သူနေရာမှာတော့ Ty Perham က သရုပ်ဆောင်ထားပါတယ် ဖခင်ဖြစ်သူDamian Hill တစ်ယောက် အလုပ်က တစ်ဖက် ကြွေးတွေကလည်းရှိနေပြန်.....သားအပေါ်လည်း တာဝန်ကျေချင်ပေမယ့် သူ့အတွက် ထင်သလောက်ခရီးမပေါက်.... ဒါကြောင့် သားဖြစ်သူနဲ့ဆက်ဆံရေးဟာ  ကောင်းမွန်တဲအခြေအနေတော့မဟုတ်ဘူး... အလုပ်တစ်ဖက် သားတစ်ဖက်နဲ့ လှုပ်ရှားရင်း အကြွေးဆပ်ဖို့ ပိုက်ဆံအဆင်ပြေအောင် နည်းမျိုးစုံနဲ့လိုက်ရှာရင်း သားနဲ့အဆင်ပြေအောင် ဘယ်လိုတွေပြောဆိုဆက်ဆံရသလဲဆိုတာ ပုံဖော်ထားတာဖြစ်ပါတယ်..... အိုဗာအိုက်တင်တွေနဲ့မဟုတ်ပဲ တစ်ကားလုံးသဘာဝကျကျပုံဖော်ထားတဲ့ သားအဖနှစ်ယောက်ရဲ့တစ်နေ့တာလေးက ဘယ်လိုရသတွေပေးမလဲဆို ဆက်လက်ကြည့်ရှုလိုက်ရအောင်.... ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Yoon Wah Wah Theint ပဲ ဖြစ်ပါတယ်.... File Size : (850 MB) and ...
movie

West of Sunshine(2017)

2017