Channel Myanmar

Artjom Gilz

Trunk: Locked In (2023) 5.5
Trunk: Locked In (2023)  ဒီတစ်ခါ ဂျာမန်စကားပြော ရုပ်ရှင်တစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ်။ ဒီဇာတ်ကားကို သည်းထိတ်ရင်ဖိုဇာတ်လမ်းကောင်းတွေရိုက်ကူးပြီး ရုပ်ရှင်ပွဲတော်တွေမှာnomination တွေများစွာ ရထားတဲ့ ဂျာမန်လူမျိုး ဒါရိုက်တာမာ့ခ်ရှီးဆာက ရိုက်ကူးထားတာပါ။ ကလောက်စထရိုဖိုဘီယားရှိတဲ့သူတွေအတွက်ဆိုရင်တော့ ဒီလိုရုပ်ရှင်မျိုးက တကယ့်အိပ်မက်ဆိုး တစ်ခုလိုဖြစ်နေမှာပါ။ ဇာတ်လမ်းအကျဉ်း**************မယ်လီနာဆိုတဲ့ ကောင်မလေးတစ်ယောက် ရည်းစားနဲ့ခရီးထွက်သွားခဲ့တယ်။ သူသတိရလာချိန်က မောင်းနေတဲ့ကားတစ်စီးရဲ့ နောက်အဖုံးထဲမှာ ရောက်နေပါပြီ။မေ့ဆေးထုံဆေးတွေ အပေးခံထားရပြီးတော့ ခြေထောက်တွေလှုပ်မရပြုမရနဲ့ သတိထားမိချိန် ကျောက်ကပ်တစ်လုံးပါ အထုတ်ခံထားရတာ သိလိုက်ရတယ်. သွေးတစိမ့်စိမ့်ထွက်နေတဲ့ ဒဏ်ရာရထားပြီးတော့ အကူအညီမဲ့နေတဲ့ မယ်လီနာတစ်ယောက်ကံကောင်းတာက သူ့လက်ကိုင်ဖုန်းက သူနဲ့အတူ ရှိနေသေးတာပါပဲ။အစ်မဖြစ်သူကို ဖုန်းဆက်ပြီး အကူအညီတောင်းပေမယ့်မယုံကြည်ဘဲ နောက်ပြောင်နေတာထင်ပြီး အရေးမလုပ်ပါဘူး။မယ်လီနာ တစ်ယောက် ဒီလိုအခြေအနေကနေ လွတ်မြောက်အောင်လုပ်မလဲ။ သူဒီလိုဖြစ်ခဲ့တာကရော ဘယ်သူ့ကြောင့်လဲ။ဇာတ်ကားတစ်ခုလုံးက ကားနောက်ဖုံးတစ်ခုအောက်မှာပြီးသွားသလို ဆိုပေမယ့် ကြည့်ရှုသူကို ဇာတ်ကောင်နဲ့အတူလိုက်ပါစီးမြော ထိတ်လန့်ခံစားမှု ပေးနိုင်တဲ့ ဇာတ်ကားကောင်းလေးတစ်ကားလို့ ဆိုပါရစေ။ File size…1.61GB / 661MB Quality…WEB-DL 1080p 5.1 CH/ 720p Format…mp4 Duration….1h 36m Genre ….. ...
movie

Trunk: Locked In (2023)

Faraway(2023) 6.7
Faraway(2023) Faraway(2023)**************Zeynep ဆိုတဲ့အမျိုးသမီးဟာ သူ့အမေ ဆုံးသွားလို့ စိတ်ထိခိုက်နေရတာပါ....အဲ့ဒီလို အချိန်မှာတောင် သူ့ယောကျာ်းဖြစ်သူက သူ့ဘေးနာမှာမရှိနေပေးဘဲကောင်မလေးငယ်ငယ်နဲ့ ဖောက်လွှဲဖောက်ပြန် လုပ်ခဲ့ပါတယ်... ကံကောင်းတာ တစ်ခုက သူမ အမေက သူမအတွက် ကျွန်းတစ်ကျွန်းမှာအိမ်တစ်လုံးဝယ်ထားပေးခဲ့ပါတယ် အမေဆုံးတာတစ်မျိုး ယောကျာ်း ဖောက်ပြန်တာကတစ်ကြောင်းနဲ့ သူဟာ အဲ့ဒီကျွန်းပေါ်ကို ထွက်သွားဖို့ ဆုံးဖြတ်ခဲ့ပါတော့တယ်... အဲ့ဒီကျွန်းက အိမ်မှာ လူတစ်ယောက်လည်းရှိနေပါတယ် အဲ့ဒီလူကရောဘယ်လိုလဲ ကျွန်းပေါ်မှာ အဲ့ဒီလူနဲ့ရော ဘာတွေဆက်ဖြစ်ကြမှာလဲဆိုတာကတော့...File Size :(2.1GB)(935MB) and (221MB) Quality : NF.WEB-DL1080P,720p Format…mp4 Duration…01:49:00 Genre : Comedy, Romance, Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Eric Encoded by Phyo Pyae
movie

Faraway(2023)

TÁR (2022) 8
TÁR (2022) Tar (2022)ဒီဇာတ်ကားနာမည်က "Tar" "တာ" လစ်ဒီရာတာ လစ်ဒီရာက ဂီတလောကရဲ့အကျော်အမော်တစ်ယောက် ဘာလင်သံစုံတူရိယာဝိုင်းရဲ့ ဂီတမှူးတစ်ယောက်၊ သူ့ကိုလူတွေက"လစ်ဒီရာ" ဒါမှမဟုတ်"တာ" ဆိုတာထက် သူ့ရဲ့ဂုဏ်ပုဒ် "ပါရဂူဂီတမှူး" လို့လေးစားသမှုနဲ့ခေါ်ဆိုကြသူ။ဇာတ်လမ်းအဖွင့်မှာပဲ လစ်ဒီရာတာဖြေပေးတဲ့အင်တာဗျူးတစ်ခုမှာ သူ့ရဲ့အောင်မြင်မှုပေါင်းများစွာအပြင် ကိုယ်ရေးကိုယ်တာရောဂီတပိုင်းဆိုင်ရာရော ထူးချွန်ထက်မြက်မှုတွေကို ငြင်းမရအောင်မြင်ရဦးမှာပါ။ လစ်ဒီရာတာက တစ်ရက်တော့ဂျူလီယာ့ဒ်မှာ ဂီတလက်ချာတစ်ခုပေးခဲ့တယ်။ အဲဒီမှာကျောင်းသားတစ်ယောက်ကို ဘာ့ခ်ရဲ့တေးသွားတွေကိုကြိုက်နှစ်သက်လားမေးတော့ ကျောင်းသားကဘာ့ခ်ကို သူ့ကိုယ်ရေးကိုယ်တာပိုင်းကိုသဘောမကျတာကြောင့် သူ့ဂီတကိုလဲခံစားလို့မရပါဘူးတဲ့။ လစ်ဒီရာကဒီကျောင်းသားကို ဂီတကိုကောင်းမကောင်းစံသတ်မှတ်ချက်မှာ ဂီတဖန်တီးသူရဲ့ဘဝဖြစ်တည်မှု အကောင်းအဆိုးအမှားအပြစ်တွေနဲ့မဝေဖနဘဲ ဂီတအဖြစ်သာခံစားဖို့တိုက်တွန်းပေးခဲ့ပါတယ်။ ဒီနေရာမှာ လစ်ဒီရာ့အယူအဆက ပိုသင့်လျော်တယ်ထင်ရပေမယ့် ဘယ်အတိုင်းအတာထိလဲ။ ကိုယ်သဘောကျတဲ့ဂီတပညာရှင်တစ်ယောက်က အကျင့်စာရိတ္တတွေသိပ်ပျက်ပြားလွန်းနေရင်ရော ဒါမှမဟုတ်ခွင့်လွှတ်လို့မရနိုင်တဲ့အပြစ်ကိုကျူးလွန်လာရင်ရော ဒီခေတ်မှာသိပ်အားကောင်းတဲ့အရွေ့ဖြစ်တဲ့ Cancel Culture ဝင်လာသင့်လား။ ဒီဇာတ်လမ်းမှာ လစ်ဒီရာတာရဲ့ ပါရမီထူးချွန်မှုတွေနောက်ကို ကိုယ်ကျင့်တရားကအမှီမလိုက်နိုင်တော့တဲ့တစ်ချိန်မှာ သူ့ရဲ့ရုန်းကန်ရမှုတွေကို မှားတယ်မှန်တယ်ဝေဖန်မှုမရှိပဲ အလွှာလွှာအထပ်ထပ်နဲ့ သိမ်မွေ့အားကောင်းစွာပဲဖော်ပြထားလို့ ကိုယ်တိုင်သာကြည့်ပြီးအဖြေရှာရမယ့်ပုစ္ဆာတစ်ပုဒ်လိုပါပဲ။ လစ်ဒီရာတာကိုအသက်သွင်းထားတဲ့ မင်းသမီး Kate Blanchett ရဲ့ အော်စကာတန်းဝင်လို့ပြောနေကြတဲ့ သရုပ်ဆောင်မှုတွေကြောင့်လဲ "Tar" က လက်မလွှတ်သင့်တဲ့ဇာတ်ကားကောင်းပါပဲအညွှန်း နဲ့ ဘာသာပြန်ကတော့ Rashida ပဲ ဖြစ်ပါတယ်။Genre..... Drama, Music Quality…. 1080p | 720p | 480p File size… 1.3GB | ...
movie

TÁR (2022)