Channel Myanmar

Ash Lee

Marmaduke (2010)
Marmaduke (2010) Marmaduke (2010) ==================ဒီခေတ်မှာ ခွေးမချစ်တဲ့သူဆိုတာရှားပါတယ်။ပေါက်စနကောင်လေးတွေကအစ အယ်စတုံကောင်ကြီးတွေအထိအမျိုးစုံ ဆိုဒ်စုံတွေကို ‌တယုတယမွေးပြီးသားသမီးအရင်းလို ချစ်ပေးကြတာပဲမလား။ တခါတလေကျ သူတို့စိတ်ထဲငါတို့ကိုဘယ်လိုတွေးနေမလဲ၊ ဘယ်လိုမြင်လဲဆိုတာသိချင်စိတ်လေးဖြစ်မိကြမှာပါ။  ဒီဇာတ်ကားမှာတော့ Great Dane မျိုးနွယ် မာမဒုခ်ဆိုတဲ့ခွေးလေးကအဓိကဇာတ်ဆောင်အနေနဲ့ပါ၀င်ထားပြီးComputer Animation နဲ့ သူတို့အတွေးတွေစကားပြောတာတွေကို ရိုက်ကူးပြထားတဲ့ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။ ကျောင်းအသစ်ကိုပြောင်းတာဖြစ်ဖြစ်၊ နေရာအသစ်ကိုပြောင်းတာဖြစ်ဖြစ်၊အလုပ်အသစ်ရတာဖြစ်ဖြစ်၊ အစမှာ ကြောင်တောင်တောင်နဲ့ ၀င်ဆံ့ဖို့မနည်းကြိုးစားရတဲ့အဖြစ်မျိုး ကြုံဖူးကြမှာပါ။ ဒီလိုမျိုးပဲ ခွေးလေးတွေဟာလည်း ပတ်၀န်းကျင်အသစ်ကိုရောက်တဲ့အခါအနီးနားက ရှိနှင့်ပြီးသားခွေးတွေထဲ၀င်ဆံ့ဖို့ ကြိုးစားရပါတယ်။ ဖေးလ် နဲ့ ဒက်ဘီဆိုတဲ့လင်မယားမှာ ဘာဘရာနဲ့ ဘရိုင်ယန်ဆိုတဲ့သားသမီးနှစ်ယောက်နဲ့ မာမဒုခ်ဆိုတဲ့ ခွေးတစ်ကောင်ရှိပါတယ်။သူတို့ဟာ ကန်းဆက်မှာနေထိုင်ကြပြီး ပျော်ရွှင်တဲ့မိသားစုလေးတစ်ခုဖြစ်ပါတယ်။မာမဒုခ်ဟာ Great Dane မျိုးနွယ်ဖြစ်တာကြောင့်သူ့ရဲ့အရွယ်အစားဟာ သာမာန်ခွေးတွေထက် ပိုပြီးကြီးပါတယ်။ တစ်ရက်မှာတော့ ဖေးလ်ဟာ အလုပ်ကိစ္စနဲ့ကယ်လီဖိုးနီးယားကိုပြောင်းရမယ့်အခြေအနေဖြစ်လာတော့မိသားစုကပါ လိုက်ပြောင်းရတော့မှာပါ။ကယ်လီဖိုးနီးယားရောက်တော့ သူတို့တွေအပြင်မာမဒုခ်ကပါ ၀င်ဆံ့ဖို့ ရုန်းကန်ရပါတော့တယ်။ဒီလိုရုန်းကန်နေရင်းမှ ပန်းခြံမှာဗိုလ်ကျ‌နေတဲ့ဘော့စ်ကိုဆိုတဲ့ခွေးခေါင်းဆောင်ရဲ့ ရည်းစားဖြစ်တဲ့ဂျက်စဘဲလ်ဆိုတဲ့ ခွေးမလေးကိုမှ သဘောကျမိသွားတဲ့အခါမှာမာမဒုခ်နဲ့‌ဘော့စ်ကိုတို့ရဲ့အားပြိုင်မှုတွေ၊ နေရာသစ်မှာအဆင်ပြေဖို့ကြိုးစားရပုံတွေ၊ မိသားစုအတွင်းရေးပြဿနာတွေကိုဟာသလေးပါနှောပြီး ကြည့်ရမှာဖြစ်တဲ့အတွက်ခွေးချစ်သူတွေသာမက မိသားစုနဲ့ ‌အေးဆေးအနားယူချင်သူတွေDrama ကြိုက်သူတွေပါ သဘောကျမယ့်ဇာတ်ကားလေးတစ်ကားဖြစ်မှာ သေချာပါတယ်။ File size…   2 GB ...
movie

Marmaduke (2010)

2010
Spontaneous (2020) 6.5
Spontaneous (2020) Spontaneous (2020)================IMDb Rating - 6.5/10 ဘဝမှာ ကံဆိုးမိုးမှောင်မှုတွေနဲ့ ကြုံတွေ့ရတဲ့အခါ သင်သာဆိုရင် ထိပ်တိုက်ရင်ဆိုင်မလား? ရှောင်ဖယ်နေမလား?သေချာတာတစ်ခုကတော့ ဖြစ်မလာသေးတဲ့ အနာဂတ်ကြိုတွေးရင်း စိတ်သောကရောက်နေမယ်ဆိုရင် လူဖြစ်ရှုံးရချည်ရဲ့......ဒီကားအကြောင်းပြောရမယ်ဆိုရင် ကျောင်းတစ်ကျောင်း ဘယ်ကနေ ဘယ်လိုဖြစ်လာမှန်းမသိတဲ့ ပေါက်ကွဲမှုတွေဖြစ်ပြီးကျောင်းသားအတော်များများ သေကြေ ပျက်ဆီးကြပါတယ်။ ဘာကြောင့်လဲဆိုတာကို ဘယ်သူမှ မသိပါဘူး။ ဇာတ်ကားပြီးဆုံးတဲ့အထိ ဘာကြောင့်ဖြစ်လဲဆိုတာကို ခင်ဗျားလည်း သိမှာမဟုတ်ပါဘူး။ဒါဆို ဘာသိလိုက်မှာလဲ......မျက်စိတမှိတ်အတွင်း အသက်ဘေးအန္တရာယ်တဲ့ ရင်ဆိုင်နေရတဲ့အချိန် ကိုယ်ချစ်တဲ့သူတွေနဲ့ ဘဝကိုဘယ်လိုမျိူး ရှေ့ဆက်ဖြတ်သန်းကြလဲ.....အသက်ရှင်ဖို့အတွက် ဘယ်လိုတွေ ကြိုးစားရုန်းကန်ကြလဲ.....ခင်ဗျားဆိုရင်ကော ဘာဆက်လုပ်မလဲ၊ ဒီဇာတ်ကားက rating 6.5 ရှိပြီး rotten tomatoes 98% ထိရထားတာပါ။Aaron Starmer ရေးတဲ့ Spontaneous စာအုပ်ကို အခြေခံထားပြီး ၂၀၁၆မှာ ရောင်းအားအကောင်းဆုံးဖြစ်ခဲ့ပါတယ်။ တစ်ကားထဲမှာပဲ Romance, comedy , Sci-fi ပေါင်းစုံပြီး ရသမျိုးစုံ ခံစားနိုင်မှာ အသေအချာပါပဲ.......(ဒီဇာတ်လမ်းရဲ့ ...
movie

Spontaneous (2020)

2020
Death Note (2017) 6.7
Death Note (2017)  ဒီနာမည်နဲ့ ဂျပန်ကားကိုတော့ မသိတဲ့ ရုပ်ရှင်ပရိသတ်အတော်ရှားမှာပါ။အခုတင်ပေးထားတာကတော့ Netflix က ပြန်လည်ရိုက်ကူးတဲ့ အမေရိကန် death note ပါ။ဇာတ်လမ်းကျောရိုးအနေနဲ့တော့ ဆင်တူပါတယ်။Light ပါမယ်၊ L ပါမယ်၊ပန်းသီးကြိုက်တဲ့ သေခြင်းနတ်ဘုရား ပါမယ်ပေါ့။အရင်ဇာတ်လမ်းမှာ မပါတဲ့ လှည့်ကွက်အသစ်တွေနဲ့ ရိုက်ကူးထားပါတယ်။ကျွန်တော့်အမြင်ပြောရရင်တော့ အရင်ဇာတ်လမ်းထက် ညံ့တဲ့ လှည့်ကွက်အသစ်တွေနဲ့ အရင်ဇာတ်လမ်းထဲ ညံ့တဲ့ ဇာတ်သိမ်း ပါဝင်တယ်ပဲ ပြောရမှာပါပဲ။အရင် Death Note ရဲ့ တစ်ဝက်လောက်ပဲ အဆင့်မှီအောင် ရိုက်ကူးနိုင်ခဲ့ပါတယ်။ဒါပေမယ့် Death Note ကို ကြိုက်နှစ်သက်သေးသူတွေ အမေရိကန်ဗားရှင်းကို မြည်းစမ်းကြည့်ချင်သူတွေအတွက် တင်ပေးထားလိုက်ပါတယ်။ရုပ်ရှင်ဆိုတာ ကိုယ့်အမြင်နဲ့ကိုယ် ခံစားတာမို့ ကြိုက်တဲ့သူတွေလည်း ကြိုက်ပါလိမ့်မယ်။မြည်းစမ်းကြည့်နိုင်ပါတယ်။ (ဘာသာပြန်သူတွေကတော့ Scrn နဲ. Little Twinlay ပါ) File Size ...
movie

Death Note (2017)

2017