Channel Myanmar

Ashton Kutcher

No Strings Attached (2011) 6.2
No Strings Attached (2011) No Strings Attached (2011) IMDb Rating (6.2) မင်းသမီး Natalie Portman နဲ့ မင်းသား Ashton Kutcher တို့ပါဝင်ထားပြီး အချစ်ရိုမန့်ရုပ်ရှင်တွေအကြောင်းပြောကြမယ်ဆိုရင် ချန်ထားလို့မရတဲ့ဇာတ်ကားလေးပါ။ အမ်မာ နဲ့ အာဒမ် တို့က သူငယ်ချင်းဆိုပေမယ့် သူငယ်ချင်းလိုလဲမဟုတ်ဘူး.... အတူအိပ်နေကြလို့ ချစ်သူတွေလားဆိုတော့လဲ မဟုတ်ပြန်ဘူး... တစ်ယောက်ယောက်က အဆင့်ပိုပြီး ချစ်မိမလာကြဖို့လဲ ၂ ယောက်လုံးက ကန့်သတ်ထားကြသေးတယ်.... ဒီလိုနဲ့ သူတို့နှစ်ယောက်သား ဘဝကို သင့်တော်သလိုဖြတ်သန်းနေရင်းနဲ့ ဘယ်အချိန်မှာ တစ်ယောက်ကိုတစ်ယောက်မလွန်ဆန်နိုင်တဲ့အထိ သံယောဇဉ်တွေ ငြိတွယ်ကြမလဲဆိုတာ....။ တခုခုကိုရယူလိုခြင်းမရှိပေမယ့် ပေးဆပ်ခြင်းသက်သက်တွေက အချစ်ဆိုတဲ့နှောင်ကြိုးတွေဖြစ်တည်လာတဲ့အခါမှာတော့....။ Comedy Romance ဇာတ်လမ်းလေးမလို့ ရိုမန့်သီးသန့်မဟုတ်ဘဲ ရီလဲရီနေရပါတယ်။ကြည့်ကြည့်ပါ.အကြိုက်တွေကြမှာပါ။File size…(1.8 GB) / (910 MB) Quality….BluRay 1080p/720p Format…mp4 Duration….01:47:58 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung
movie

No Strings Attached (2011)

2011
Open Season (2006) 6.1
Open Season (2006) သစ်တော နဲ့ နီးစပ်တဲ့ မြို့ငယ်လေး တစ်ခုမှာ ဘတ်ဂ် လို့ ခေါ်တဲ့တောခေါင်း အမျိုးသမီးငယ်လေးဟာ ဘုဂ် လို့ နာမည်ပေးထားတဲ့ဝက်ဝံကြီးတစ်ကောင်ကို ငယ်စဉ်ကတည်းက မွေးစားထားပါတယ်ဘုဂ် ဟာ သင်ရပြုရလွယ်ပြီး လိမ္မာရေးခြားရှိတဲ့ ဝက်ဝံကြီးတစ်ကောင်ဖြစ်လာပြီး သူ့သခင်မ နဲ့ အတူ နယ်မြိုကလေးမှာ လာလည်တဲ့ ဧည့်သည်တွေကိုဖျော်ဖြေလေ့ ရှိပါတယ်...တစ်ရက်မှာတော့ စည်းကမ်းမရှိတဲ့ မုဆိုးတစ်ယောက်ဟာ အမဲလိုက်ရာသီမစခင်မှာသမင်လေးတစ်ကောင်ကို ကားနဲ့ တိုက်လာပြီး ဘုဂ် တို့ ရှိတဲ့ မြို့လေးထဲ ရောက်အလာသနားတက်တဲ့ ဘုဂ် က သမင်လေး အီလီယော့ ကို ကယ်တင်ပေးလိုက်ပါတယ်ဒါပေမဲ့ ဘုဂ် ကယ်တင်ပေးလိုက်တဲ့ အီလီယော့ က တကယ့်ငမွေထိုးဖြစ်ပြီးတည်ငြိမ်နေတဲ့ ဝက်ဝံကြီး ဘုဂ် ရဲ့ ဘ၀ ကိုပါ ငါးပါးမှောက်အောင်လုပ်လိုက်တဲ့အခါဝက်ဝံကြီး ဘုဂ် ကို သခင်ဖြစ်သူက ရင်နာနာနဲ့ပဲ တောတွင်းထဲကို ပြန်လွှတ်ပေးလိုက်ရပါတော့တယ်လူယဉ်နေတဲ့ ဝက်ဝံကြီး ဘုဂ် ...
movie

Open Season (2006)

2006
What Happens in Vegas (2008)
What Happens in Vegas (2008)  ဗီးဂတ်စ်မှာ ဘာဖြစ်ခဲ့သလဲ ဆိုတဲ့ 2008ခုနှစ်ထွက် rom-com ရုပ်ရှင်မှာ မင်းသမီး Cameron Diaz နဲ့ မင်းသား Ashton Kutcher တို့ အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်။IMDb 6.1/10 ရထားပြီး Box Officeမှာလည်း $219.3 millionရရှိထားလို့ အတော်အသင့်အောင်မြင်တဲ့ ရုပ်ရှင်ဖြစ်ပါတယ်။ဇာတ်လမ်းအကျဥ်းကတော့ Vegasမှာ တစ်ညလုံးပျော်ပျော်ပါးပါးကဲခဲ့ပြီးနောက်မှာ Jack နဲ့ Joy နဲ့က မူးမူးရူးရူးနဲ့ လက်ထပ်မိခဲ့ကြပါတယ်။ နောက်နေ့မနက် လောင်းကစားစက်မှာ နှစ်ယောက်လုံး ဒေါ်လာ ၃မီလီယံ ပေါက်သွားခဲ့ပြီး ဘာတွေဖြစ်ကြမလဲ ဆက်ကြည့်ရှုရမှာပါ။ မင်းသားနဲ့ မင်းသမီးရဲ့ ဘုနဲ့ဘောက် ဟာသတွေနဲ့အတူ rom-com ချစ်သူတို့ အကြိုက်တွေ့စေမှာပါ။ File size…(2.1 GB)/(1.2 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:39:00 Genre...Comedy, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Hsu Hlyun 
movie

What Happens in Vegas (2008)

Dude, Where’s My Car? (2000) 5.5
Dude, Where’s My Car? (2000) Dude, Where's My Car? (2000) ======================အိမ်ကလူကြီးတွေနဲ့ အတူမကြည့်ရမယ့် PG-13 ဟာသကား ကောင်းလေးတစ်ခုတဲ့နော်။ Y2k vibe အပြည့်ရစေမယ့် 2000 ခုနှစ်ရဲ့ ဗန်းစကားတွေ၊ ဖက်ရှင်တွေ၊ အသုံးအဆောင်တွေ၊ ကလပ် ယဉ်ကျေးမှုတွေအားလုံးကတော့ မတွေ့ချင်မှအဆုံးပါပဲ။ ဇာတ်လမ်း အစကနေ အဆုံးအထိ လှိုင်နေအောင်ကြားရမယ့် နာမည်၂ခုကတော့ "ဂျက်စီနဲ့ ချက်စတာ" ဆိုတာပါပဲ။၁၀၉/၁၁၀ ပုလင်းတူဘူးဆို့ဘော်ဒါနှစ်ကောင် ဂျက်စီနဲ့ချက်စတာဆို ပြီး မူးလို့ရှူစရာတောင် များများစားစားမရှိ၊ လတ်လျားလတ်လျားလုပ် နိုင်တဲ့နေရာမှာ နာမည်ကြီးကြပါတယ်။ စာကြမ်းပိုးဒီဇိုင်းနဲ့ ဆေးခိုးချ လောက်တဲ့ရုပ်ရည်တွေဆိုတော့လည်း လက်ရှိစော်လေးနှစ်ယောက် ကလွဲလို့ တခြားဘယ်မိန်းကလေးမှ အဖက်လှည့်မလုပ်သည်ပေါ့။ ဒီလိုနဲ့ လူမှန်းသူမှန်းမသိအောင် မူးရူးသွားတဲ့တစ်ညကြောင့် ဂျက်စီနဲ့ချက်စတာ တို့ ကိုယ်တိုင်တောင်မမှတ်မိတဲ့ ပြဿနာတွေကို ပေါက်တန်းစေ့လိုက် ရှင်းရပါတော့တယ်။ညကလက်ဆော့မိတာတွေ ကြက်ပျောက်ငှက်ပျောက်ဖြစ်နေပေမယ့် မနက်ရောက်တယ်ဆို ကားကပျောက်၊ အလုပ်ကပြုတ်၊ စော်ကပစ်နဲ့ Surprise တွေဆိုတာ ဖြန်းခနဲ ဖြန်းခနဲပေါ့။ ကားထဲမှာ စော်လေးတွေ ကိုပေးဖို့ လက်ဆောင်ပါတယ်ဆိုတာကလွဲလို့ ဘာမှမမှတ်မိပေမယ့်လည်း အလုပ်မရှိအကိုင်မရှိဘဝရောက်ပြီမို့ မထူးဇာတ်ခင်းပြီး ကားရှာပုံတော် ထွက်ကြပါလေရော။ ကားပျောက်အကြောင်း ချောင်းပေါက်အောင်လိုက် စုံစမ်းတဲ့အခါမှာ ကြံရဆုံရမယ့် ဗရုတ်သုတ်ခတွေ၊ ပြေးမလွတ်မယ့်အမှု တွေကို အလှည့်အပြောင်းကောင်းကောင်းနဲ့ ကြည့်ရမှာပဲဖြစ်ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ...
movie

Dude, Where’s My Car? (2000)

2000
Your Place or Mine(2023) 6.7
Your Place or Mine(2023) Your Place or Mine(2023)*********************** Reese Witherspoon  နဲ့ Ashton Kutcher တို့ အဓိကပါဝင်ထားလို့ဒီကားက ကြည့်သင့်ပါတယ်..ပီတာနဲ့ဒက်ဘီတို့ ငယ်သူချင်းနှစ်ယောက် အကြောင်းတစ်ခုကြောင့် သူတို့ဝေးသွားကြပေမယ့် တစ်ယောက်ကိုတစ်ယောက် နားလည်ကြသလို အဆက်အသွယ်လဲ ပြတ်တယ်လို့မရှိပါဘူးဒက်ဘီက‌ ကလေးတစ်ယောက်အမေ Single Mom ပီတာကတော့ လူလွတ်တစ်ယောက်ပီပီသူ့အကြိုက်မိန်းကလေးတွေကိုလိုက်ရှာပေမယ့် တွဲတိုင်းခြောက်လမခံ ဒီလိုနဲ့တစ်နေ့ဒက်ဘီတစ်ယောက် ဘဝရှေ့ရေးအတွက် အဝေးတစ်နေရာကိုသွားပြီး ဒီဂရီတစ်ခုသွားယူဖို့ဆုံးဖြတ်လိုက်ပြီးသူ့ကလေးကိုလည်း အဲ့အတောအတွင်းမှာ ပီတာကလာပြီး ကြည့်ရှုစောင့်ရှောက်ပေးဖို့ အကြောင်းဖန်လာပါလေရော...အဲ့နောက်ပိုင်းကစပြီး သူတို့ငယ်သူချင်း နှစ်ယောက်ကြား ဘယ်လိုဆက်ပြီး ရှေ့ဆက်ကြမယ်ဆိုတာကိုတော့    File Size :(1.6GB)(703 MB) and (172MB) Quality : WEB-DL 1080P,720p Format…mp4 Duration…01:49:00 Genre : Comedy , Romance Subtitle : Myanmar Subtitle (Hard Sub) Translated by  Zwel Zan Aung Encoded by Phyo Pyae
movie

Your Place or Mine(2023)

Vengeance (2022) 7.0
Vengeance (2022) Vengeance (2022) ============== IMDb Rating - 7.0/10ဟာသ ဆန်းကြယ် သည်းထိတ်ရင်ဖို အမျိုးအစားရုပ်ရှင်ပါ။ ဘီဂျေ နိုဗက်က ကိုယ်တိုင် ဇာတ်ညွှန်းရေး ဒါရိုက်တာလုပ် မင်းသားလုပ်ပြီး ရိုက်ကူးထားတာပါ။ ဒဿနဆန်ဆန်ကားမျိုးပေါ့။ အစပိုင်းတော့ အတော်ကိုရယ်ရပါတယ်။နာမည်ကြီး ပေါ့ကတ်စ် ဂျာနယ်လစ် စာရေးဆရာ ဘန် ဟာ အချစ်ကို အယုံအကြည်မရှိဘဲ မိန်းကလေးတွေအများကြီးကို အပျော်တွဲတတ်တဲ့ လူတစ်ယောက်ပါ။ တစ်နေ့တော့ ညဘက်ကြီးသူ့ဆီကို ဖုန်းဝင်လာတယ်။ မင်းရဲ့ ရည်းစား အက်ဘ်လင်းသေပြီ ဈာပနကို လာပေးပါဆိုပြီး အက်ဘ် လင်းဆိုတဲ့မိန်းကလေးရဲ့အစ်ကိုက ဖုန်းဆက်လာတာပါ။ ဘန်က အက်ဘ် လင်းနဲ့ ၃ခါလောက်ပဲချိန်းဖူးတာဖြစ်ပြီး စိတ်ထဲတောင် သိပ်အမှတ်တရ မရှိလှပါဘူး။ဒါပေမဲ့ အက်ဘ်လင်းရဲ့မိသားစုက သူ့ကို အရေးကြီးပုဂ္ဂိုလ်လို အရေးတကြီး ဖိတ်နေတဲ့အတွက် လိုက်သွားလိုက်ပါတယ်။ နေရာက‌တော့ တက္ကဆက် ပြည်နယ်ထဲကိုမှ အတော်ခေါ်တဲ့ နေရာပါပဲ။ အဲဒီဈာပနအပြီးမှာတော့ အက်ဘ်လင်းအစ်ကိုက သူ့ညီမသေတာဟာ လူသတ်ခံရတာဖြစ်နိုင်တယ်၊ လူသတ်တရားခံကို အတူရှာပြီးလက်စားချေဖို့ ဘန့်ကိုပြောပါတယ်။ ဘန်ကတော့ ဒီမိသားစုရဲ့ အူကြောင်ကြောင် ရိုးရှင်းပုံကိုသာ ဇာတ်လမ်းအသံ ဖမ်းပြီး ပေါ့ကတ်စ်လွှင့်လိုက်ရရင် အရမ်းပေါက်မှာပဲဆိုပြီး လူသတ်မှုဆိုတာ မယုံပေမဲ့ အလိုက်သင့်လိုက်စုံစမ်းလိုက်ပါတယ်။အဲဒီမှာ သူသိလိုက်ရတာက ...
movie

Vengeance (2022)

2022
My Boss’s Daughter (2003) 5.0
My Boss’s Daughter (2003) My boss's daughter (2003) ===================မိုးအေးအေးနဲ့ ပေါ့ပေါ့ပါးပါးကြည့်လို့ရမယ့် Comedy, Romance ကားနဲ့ မိတ်ဆက်ပေးပါရစေ......တွန်ဆိုတဲ့ ရိုးသားကြိုးစားတဲ့ ဖိုးသခွားတစ်ယောက်က အလုပ်မှာ သူ့ဆရာရဲ့သမီး လီဆာ ကို ကြိတ်ကြွေနေပါတယ်။ တစ်ရက်ကျတော့ လီဆာက သူငယ်ချင်းပါတီသွားချင်လို့ တွန်ကို သူ့အဖေ တေလာရဲ့ အိမ်ကို စောင့်ပေးဖို့ အကူအညီတောင်းပါတယ်။ တွန်ကလည်း လီဆာနဲ့ အနေနီးဖို့အတွက် အိမ်စောင့်ပေးဖို့ကို သဘောတူခဲ့ပါတယ်။လီဆာ့အဖေ တေလာက အလုပ်မှာရော အိမ်မှာပါ စည်းစနစ်ကြီးတဲ့ သူတစ်ယောက်ပါ။ တွန်တစ်ယောက် အိမ်စောင့်နေတဲ့ညမှာပဲ ဗရုတ် သုတ်ခတွေဖြစ်ပြီး ပြဿနာတွေကို ဖြေရှင်းနိုင်ပါ့မလား လီဆာနဲ့ရော အမြန်ဆုံး နီးစပ်နိုင်ပါ့မလားဆိုတာ ဆက်လက်ကြည့်ရှူပေးပါဦး...... Comedy, Romance ကားလေးဖြစ်ပြီး . အတော်လေးကြည့်ကောင်းပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Parris ဖြစ်ပါတယ်)File Size..........(1.62 GB) / (750 MB) / (500 MB) Quality............BluRay 1080p / 720p / 480p Duration.........1Hr 26mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Comedy, Romance Translator.......Parris Encoder..........SWM 
movie

My Boss’s Daughter (2003)

2003
The Butterfly Effect (2004) 7.6
The Butterfly Effect (2004)   The butterfly effectButterfly effect ဆိုတာကတော့အသေးအမွှားလေးပြောင်းလဲလိုက်ရာကနေ ထင်မထားဘဲ ကြီးကြီးမားမားပြောင်းလဲကုန်တာမျိုးပါ။ Evan ဟာငယ်စဉ်တည်းက စိတ်ထိခိုက်စရာ တခုခုကြုံတွေ့ရတိုင်း blackout(မှတ်ဉာဏ်ပျောက်) သွားတတ်ပြီး ဖြစ်ပြီးတော့မှ သတိပြန်လည်လာတတ်ပါတယ်။ဆရာ၀န်တွေနဲ့သူ့အမေကတော့ စိတ်ရောဂါတစ်ခုလို့ထင်ပြီး သူ့မှတ်ဉာဏ်အတွက်အထောက်အကူဖြစ်စေဖို့ နေ့စဉ်မှတ်တမ်းရေးခိုင်းပါတယ်။သူကြီးပြင်းလာချိန်မှာတော့ ငယ်ငယ်ကရေးခဲ့တဲ့နေ့စဉ်မှတ်တမ်းကိုပြန်ဖတ်ရင် သူအရင်ကသတိလစ်နေခဲ့တဲ့အချိန်ကို ပြန်ရောက်သွားတာကို သိလိုက်ရပါတယ်။Evan ဟာအဲဒီအစွမ်းကိုအသုံးချပြီး သူနဲ့သူ့သူငယ်ချင်းတွေ ကြုံခဲ့ရတဲ့အတိတ်က တုန်လှုပ်စရာအဖြစ်အပျက်တွေကိုပြန်ပြင်ဖို့ ကြိုးစားပါတယ်။ဒါပေမယ့် Butterfly effect ဆိုတဲ့အတိုင်း ပြင်လိုက်တဲ့အခေါက်တိုင်းမှာ မလိုလားတဲ့အကျိုးဆက်တွေဖြစ်ပေါ်လာပါတယ်။ Evan တစ်ယောက်သူနဲ့သူချစ်ရသူတွေကို ကယ်တင်နိုင်ဖို့ ဘယ်လောက် စွန့်စားမလဲဆိုတာ ကြည့်ရှုရမှာပါ။Final destination ရုပ်ရှင်တွေရိုက်ခဲ့တဲ့ ဒါရိုက်တာ Eric Brass နဲ့J Mackye Gruber တို့ရိုက်ကူးထားပြီး Ashton Kutcher,Amy Smart, William Lee Scot တို့ပါဝင်ထားပါတယ်။Time travel ကိုစိတ်၀င်စားသူတွေအတွက် Cult-Classic ကားလေးပါ။ File size…(2.79GB)/(1.54Gb)/(779Mb) Quality….Webrip 1080p / 720p / ...
movie

The Butterfly Effect (2004)

Cheaper by the Dozen (2003) 5.9
Cheaper by the Dozen (2003) Cheaper By the Dozen (2003) =========================Cheaper By the Dozen ဆိုတာ Free Guy , Adam Project, Stranger Things တို့ကို ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ Shawn Levy ရဲ့ Comedy မင်းသားကြီး Steve Martin နဲ့ရိုက်ထားတဲ့အစောပိုင်းလက်ရာကောင်းတစ်ခုပါ။ မိသားစုနဲ့ကြည့်ရှုလို့ရတဲ့ Family , Comedy ကားလေးဖြစ်ပြီး Rating ကလည်း လူ ၁ သိန်းကျော်ပေးတဲ့ Voting မှာ 6/10 ရရှိထားပါတယ် ။ဇာတ်လမ်းအညွှန်းကတော့ တွန်နဲ့ ကိတ်ဘိတ်ကာဆိုတဲ့ ဇနီးမောင်နှံဟာ ကလေး ၈ ယောက်မွေးပြီး တွန်ကဘောလုံးနည်းပြနဲ့ ကိတ်ကစာရေးဆရာမအဖြစ် အိမ်ထောင်ဘဝကို လျှောက်လှမ်းရင်း ချီကာဂိုမှာ ကလေးတွေကို ပြုစုပျိုးထောင်မယ်ဆိုပြီး တွေးထားခဲ့ပါတယ်.. ဒါပေမယ့် ကလေးတွေ တစ်ယောက်ပြီးတစ်ယောက်မွေးလာတဲ့အခါမှာတော့ အလုပ်နဲ့မိသားစုတစ်ဖက်၊ အိမ်စရိတ် စားစရိတ်တွေက မြို့ပြမှာနေထိုင်ဖို့ အဆင်မပြေနိုင်မှန်း သိလာတဲ့အခါ ... သူတို့ရဲ့စိတ်ကူးအိမ်မက်တွေကို စွန့်လွှတ်ပြီး မစ်ဒ်လန်းဆိုတဲ့ ...
movie

Cheaper by the Dozen (2003)

Valentine’s Day (2010) 5.7
Valentine’s Day (2010) [Unicode]Valentine's Day270ADရောမမှာ ကလောက်ဒီးယပ်စ်ဆိုတဲ့ ဘုရင်အုပ်ချုပ်ခဲ့တဲ့အချိန်ကာလတစ်ခုရှိဖူးပါတယ်။ ကလောက်ဒီးယပ်စ်ဟာစစ်မက်ပြီး ရက်စက်တဲ့ ဘုရင်တစ်ပါးပါ။ သူ့လက်ထက်မှာ စစ်သားတွေကို စိတ်ပျံ့မလွင့်စေဖို့ လက်ထပ်ခြင်းကိုတားမြစ်ခဲ့ပါတယ်။ အဲ့ဒီတစ်ချိန်တည်းမှာပဲချစ်ခြင်းမေတ္တာကို ယုံကြည်တဲ့ စိန့် ဗယ်လ်လင်တိုင်းဆိုတဲ့ ဘုန်းတော်ကြီးတစ်ပါးလည်းရှိခဲ့ပါတယ်။လူတိုင်းကိတိတ်တဆိတ်လက်ထပ်ပေးတဲ့ ဗယ်လင်တိုင်းကိုအကျဉ်းသွင်းလိုက်ပါတယ်။ အကျဉ်းသွင်းခံရတဲ့ ဗယ်လ်လင်တိုင်းဟာ Feb 14 မှာ နှုတ်ဆက်စာရေးပြီးသေဆုံးသွားခဲ့ပါတယ်။ဒီရုပ်ရှင်ကတော့ ဗယ်လ်လင်တိုင်းဒေးမှာအချစ်ကစွန့်ပစ်သွားတဲ့။ ဗယ်လ်လင်တိုင်း‌ဒေးမှာအချစ်ကို တွေ့ရှိသွားတဲ့။ ဗယ်လ်လင်တိုင်းဒေးမှာ အချစ်ကို စွန့်ပစ်သွားတဲ့ လူတွေအကြောင်းပါ။ဒီရုပ်ရှင်က Fridayလိုမျိုး တစ်ရက်တည်းမှာဖြစ်နေတာတွေကို ရိုက်ပြသွားတဲ့ ရုပ်ရှင်မျိုးပါပဲ။ဒီရုပ်ရှင်ဟာ Ratingမကောင်းလှပေမယ့်Emotional ဖြစ်ပြီး Jessica Alba Anne Hathaway Emma Robertsတို့လိုမမတွေအပြင် Taylor Swift ၊Julia Robertတို့လို နာမည်ကျော်တွေပါ၀င်ထားတဲ့အတွက် ကြည့်ပျော်ပါတယ်။လူတစ်ဦးချင်း တစ်ယောက်ချင်းစီရဲ့အဖြစ်သနစ်ကလေးတွေကို ဆက်စပ်ပြီးV Day Themeထဲမှာ အီမိုရှင်နယ်ဖြစ်စေတဲ့အခန်းများများသုံးထားတဲ့ ဒီရုပ်ရှင်မှာ ဇာတ်ကောင်တွေရဲ့ မိုးလင်းက မိုးချုပ်Vdayတစ်ရက်တာ ဘယ်လိုပြီးဆုံးသွားလဲ တရိပ်ရိပ်ခံစားရမှာပါ။လူရဲ့တစ်နေ့တာဟာပြဿနာတွေနဲ့စပြီး ပြဿနာတွေနဲ့ပဲဆုံးတတ်တဲ့ သဘာ၀တော့ရှိပါတယ်။ ကျွန်တော်တို့ရဲ့ V dayကရောဘယ်လိုများပြီးဆုံးသွားပါသလဲဆိုတာဒီရုပ်ရှင်အပြီးသတ်မှာ တစိမ့်စိမ့်ပြန်တွေးကြည့်ရင် အတော်တဿဖွယ်ကောင်းပါတယ်။စကားမစပ်ဗျာ ဒီရုပ်ရှင်ရဲ့ ရသအပြည့်အ၀ကို ဒီညမှာပဲရနိုင်မှာပါ။File size__( 1.1 GB) Quality__Blu-720p IMDb ...
movie

Valentine’s Day (2010)

The Guardian(2006) 7.0
The Guardian(2006) The Guardian(2006)IMDb...7.0ကယ်ဆယ်ရေး ရေကူးသမားသမိုင်းတစ်လျောက်မှာ ထင်ရှားတဲ့ ဘန် ရန်ဒဲလ် ဟာကယ်ဆယ်ရေးအလုပ်ကိုအလွန်ခုံမင်ပြီး ရာထူးတိုးမယူဘဲ ပင်လယ်မှာ စွန့်စားရတာကိုပဲ အထူးနှစ်သက်သူတစ်ယောက်ပါ...လှိုင်းတံပိုးကြားမှာ သေမင်းနဲ့လက်တစ်ကမ်းအလိုရောက်နေတဲ့ ဒုက္ခသည်ကိုကယ်ရတာလည်းမလွယ်လှပါဘူး...ပုံမှန်စိတ်ပျောက်ဆုံးနေတတ်တဲ့အပြင် သဘာဝဘေးအန္တရယ်ကလည်း မျှော်လင့်မထားတဲ့နည်းမျိုးစုံကြုံတွေ့နိုင်တာကြောင့်ဘန် တို့အဖွဲ့အတွက် အတော်ခက်ခဲတဲ့အလုပ်ပါပဲ...သူဟာဒီကယ်ရေးအလုပ်ကို အချိန်ပေးလွန်းလို့ချစ်ဇနီးနဲ့တောင်ကွာရှင်း၇တဲ့အနေအထားရောက်ခဲ့ပါတယ်..တစ်နေတော့ ညဘက် သဘေ်ာတစ်စီးဒုက္ခရောက်တာကို အရေးပေါ်ကယ်ဆယ်ဖို့အကြောင်းဖန်လာတယ်...ဒီကယ်ဆယ်ရေးလုပ်တဲ့အချိန်မှာ ဒုက္ခသယ်တစ်ယောက်ကိုမကယ်နိုင်တဲ့အပြင်ရဟတ်ယာဉ်နဲ့ သူကလွဲလို့ကျန်တဲ့သူတွေ အသက်ဆုံးရှုံးသွားတယ်...ဒီဖြစ်ရပ်ဆိုးပြီးတဲ့နောက်မှာတော့ ဘန်အတွက်အပြောင်းအလဲတွေအများကြီးဖြစ်ပါတော့တယ်...ဒီဇာတ်ကားဟာ မင်းသားကြီး Kevin Costner ဉီးဆောင်ထားပြီး  Ashton Kutcher နဲ့ အခြားနာမည်ကြီးသရုပ်ဆောင်များစွာပါဝင်ထားပါတယ်...ဆုကြီးတစ်ဆုရရှိခဲ့သလို အခြားဆု(၄)ဆုအတွက်လည်းဆန်ကာတင်စာရင်းဝင်ခဲ့တယ်...အစမှ အဆုံးထိ တော်တော်ကြီးကိုကြည့်လို့ကောင်းတဲ့ ဇာတ်လမ်းတစ်ခုပါ..ခံစားကြည့်ကြပါဉီး...ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Thar Htet  ပဲဖြစ်ပါတယ်… File Size : (1.04 GB) and (442 MB) Quality : Blu-Ray 720p Format…mp4 Duration…02:19:00 Genre : Action, Adventure, Drama Subtitle : Myanmar Subtitle (Hard Sub) Translated by ...
movie

The Guardian(2006)

New Year’s Eve (2011) 5.7
New Year’s Eve (2011) နာမည်ကျော်သရုပ်ဆောင်တွေ ပါဝင်ထားတဲ့ New yearဇာတ်ကားလေးပါ။နှစ်စဉ်ကျင်းပနေကြ New Yorkရဲ့ Times Square Ball Dropပွဲကိုကျင်းပဖို့တာဝန်ယူထားတဲ့ အမျိုးသမီးတစ်ယောက်ရယ်၊New Yorkရဲ့ပါတီတစ်ခုကို အမီပြန်ရမယ့်ယောက်ျားတစ်ယောက်ရယ်၊ဖိအားတွေများတဲ့အလုပ်ကနေထွက်လိုက်တဲ့ မိန်းမတစ်ယောက်ရယ်၊ပစ္စည်းပို့တဲ့ကောင်လေးတစ်ယောက်ရယ် (Zac Efronလေး)၊ဆယ်ကျော်သက်သမီးချောလေးရဲ့ မိခင်တစ်ယောက်ရယ်၊နှစ်သစ်ကူးညမှာကလေးအစောဆုံးမွေးနိုင်ရင်ပိုက်ဆံရမယ့်စုံတွဲနှစ်တွဲရယ်၊ဆေးရုံမှာ ကင်ဆာကြောင့်သေခါနီးအဖိုးကြီးတစ်ယောက်ရယ်အပြင်တခြားဇာတ်ကောင်တွေလည်း ပါဝင်ထားပါတယ်။နှစ်သစ်ကူးမှာကြည့်လို့ရမယ့် ပေါ့ပေါ့းပါးပါးဇာတ်လမ်းလေးပါ။ File Size : ( 1 GB , 357 MB )Quality :  WEB-DL 720pRunning Time : 1 hr 53 minFormat : Mp4Genre :  Comedy , RomanceSubtitle : Myanmar ...
movie

New Year’s Eve (2011)

2011