Channel Myanmar

Assa Sylla

The Visitor from the Future (2022) 6
The Visitor from the Future (2022) The Visitor from the Future (2022)~ IMDb - 6/10, Rotten Tomatoes - 82% ~အချိန်ခရီးသွားသီအိုရီတွေ အချိန်ခရီးသွားတာတွေ၊ Timeline အပြောင်းအလဲတွေကို စိတ်ဝင်စားတဲ့လူတွေအတွက် ရုပ်ရှင်ကားသစ်ကြီးထွက်ရှိလာပါပြီ။ Sci-fi/Comedy ကားပေမဲ့ Rotten Tomatoes မှာ ၈၂ရာခိုင်နှုန်း ရထားတာဆိုတော့ အထာကျကျအခွီဖောက်ထားတဲ့ ရုပ်ရှင်လို့တော့ ပြောလို့ရပါတယ်။ အချိန်ခရီးသွားပြီး အနာဂတ်မှာဖြစ်လာမယ့် ကပ်ဘေးတစ်ခု မဖြစ်အောင်တားတာကိုကြည့်ရင်း အချိန်လမ်းကြောင်းမှာ ဘယ်လိုအပြောင်းအလဲတွေ ဖြစ်လာမလဲ တွေ့ကြရမှာပါ။အနာဂတ်မှာ အဏုမြူဓာတ်ပေါင်းဖိုကြီးပေါက်ကွဲသွားလို့ တိမ်တွေဟာ ဓာတ်သင့်သွားပြီး အဆိပ်သင့်တိမ်တိုက်တွေဖြစ်လာပါတယ်။ ဒီတိမ်တွေရဲ့ လမ်းကြောင်းကလူတွေဟာ သေဘေးကိုရင်ဆိုင်ရတော့မှာပါ။ ပြောရရင် တစ်ကမ္ဘာလုံး လူမျိုးသုဉ်းတော့မယ့် အန္တရာယ်ကို ကြုံရတော့မှာပါ။ ဒီတော့ အနာဂတ်က လူကောင်းသူကောင်းတွေဟာ အတိတ်ကိုသွားပြီး အဏုမြူဓာတ်ပေါင်းဖိုကြီး မပေါက်ကွဲအောင်လုပ်ဖို့ တားဖို့ကြိုးစားကြပါတယ်။ ဒါပေမဲ့ ဒီလောကမှာလည်း မာဗယ်ရဲ့ TVA ...
movie

The Visitor from the Future (2022)

2022
In His Shadow(2023) 6.7
In His Shadow(2023) In His Shadow(2023)********************Ibrahim ဆိုတဲ့ကောင်လေးဟာ တစ်ဦးတည်းသောသားလေးမို့ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းနေရတဲ့ ကလေးတစ်ယောက်ပေါ့... ဒါပေမယ့် တစ်နေ့မှာတော့ သူ့ရဲ့အပျော်တွေအားလုံး ပျောက်ဆုံးရမယ့်နေ့ ရောက်ရှိလာပါတယ် ...Osumane ဆိုတဲ့ သူ့ရဲ့အဖေဟာ ခရီးတစ်ခုထွက်သွားရာကနေ ပြန်အလာမှာ မိန်းမမတစ်ယောက်ကို ခေါ်လာခဲ့ပါတယ်...အဲ့ဒီမိန်းမဟာ သူ့ရဲ့မိထွေး သူ့အဖေရဲ့ နောက်မိန်းမပေါ့... အဲ့ဒီကတည်းက ပြဿနာတွေတက်နေခဲ့ပေမယ့် သူ့ရဲ့မိထွေးက ကလေးမွေးလာတဲ့ အခါမှတော့သူဟာ ဖခင်မေတ္တာကို ရသင့်သလောက်မရနိုင်တော့ပါဘူး... အဲ့ဒီလိုပြဿနာတွေကြောင့် လုပ်မိလုပ်ရာ လုပ်ရာကနေ လူမိုက်နီးပါးကိုဖြစ်လာပါတော့တယ်..ဒါကိုသိသွားတဲ့ သူ့အဖေက သူ့ကို အိမ်ပေါ်ကနေဆင်းခိုင်းလိုက်ပါတယ်... အိမ်ပေါ်ကနေ ဆင်းသွားပြီးတော့ သူဘာတွေဆက်လုပ်မလဲ.. သူ့မိထွေးကမွေးတဲ့သူ့အဖေတူအမေကွဲညီလေးနဲ့ရော ဘယ်လိုဆက်ဆံရေးတွေ ရှိမလဲဆိုတာကိုတော့...File Size :(1.2GB) and (553MB) Quality : WEB-DL1080P5.1Ch, 720p Format…mp4 Duration…01:48:00 Genre : Crime , Drama , Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by Eric Encoded by Phyo Pyae
movie

In His Shadow(2023)

The Last Mercenary (2021) 7.0
The Last Mercenary (2021) The Last Mercenary (2021)===================IMDb Rating - 7.0/10 ဒီနေ့အတွက် အားလုံးပဲသိကြတဲ့ မင်းသားကြီး ဗန်ဒိန်းရဲ့ ကားသစ်ကိုတင်ဆက်ပေးပါမယ်။ဇာတ်လမ်း အကြမ်းဖျဥ်းလေးညွှန်းရရင် ဗန်ဒိန်းက လျှို့ဝှက်အေးဂျင့်တစ်ယောက်ဖြစ်ပြီးအစိုးရရဲ့ လျှို့ဝှက်မစ်ရှင်ကို ဦးစီးပြီးဆောင်ရွက်ခဲ့တာဖြစ်ပြီး အဲ့ မစ်ရှင်ကိုပဲ အစိုးရက လူသိမခံစေချင်တာကြောင့်အေးဂျင့်တစ်ဖွဲ့လုံးကို ခြေရာဖျောက်နေထိုင်စေချင်ပါတယ်။ ဒါကြောင့် အလဲအလှယ်အနေနဲ့ ဗန်ဒိန်းရဲ့မိန်းမက သူ့သား(ဗန်ဒိန်းရဲ့သား) ကို ဥပဒေကနေကင်းလွတ်ခွင့်ပေးရမယ်ဆိုပြီး အစိုးရထံကနေ ပြန်လည်တောင်းဆိုလိုက်ပါတယ်။ အစိုးရနဲ့ အပေးအယူလုပ်ပြီး ဗန်ဒိန်းကလည်း ခြေရာဖျောက်နေထိုင်ကာ သူ့သားကိုပါ တစ်ခြားတစ်ယောက်ထံအပ်နှံထားခဲ့ပြီး ၂၅နှစ်ကြာ ခြေရာဖျောက်နေထိုင်ခဲ့ပါတယ်။ ဒါပေမယ့် ကိစ္စတစ်ခုကြောင့် သူ့သားဟာ အန္တရာယ်တွေကြားမှာ ပြေးလွှားဖို့ ဖြစ်လာခဲ့ရတာမို့ . ကြမ်းပေ့ရမ်းပေ့ဆိုတဲ့လျှို့ဝှက်အေးဂျင့်ကြီး ဗန်ဒိန်း၊ မစ်ရှင်တွေအမျိုးမျိုးကို ကြမ်းကြမ်းတမ်းတမ်းဆော်ချနေတဲ့ဘဲကြီးက သားဖြစ်သူကိုကာကွယ်ဖို့အတွက် ၂၅ နှစ်ကျော်ပျောက်ကွယ်နေရာကနေ ပြင်သစ်ကို ပြန်လာတာရပါတော့တယ်။ အညွှန်းကတော့ ဒီလောက်ပါပဲဗန်ဒိန်း ရဲ့ကားသစ်လည်းဖြစ် ကြမ်းကြမ်းရမ်းရမ်းတိုက်ခိုက်ပုံတွေနဲ့ လျှို့ဝှက်အေးဂျင့်မစ်ရှစ်တွေကို ဟာသနှောပြီးရိုက်ကူးထားတာမို့ ကြည့်ကိုကြည့်သင့်တဲ့ ဇာတ်ကားကောင်းပါလို့ပြောချင်ပါတယ်။ဒီဇာတ်လမ်းရဲ့ ...
movie

The Last Mercenary (2021)

2021