Channel Myanmar

Ava Diakhaby

Avatar: The Way of Water (2022) 8.1
Avatar: The Way of Water (2022) Avatar: The Way of Water (2022) ======================== IMDb Rating - 8.1/10(function(f,b,n,j,x,e){})();2009 ခုနှစ်က ဆုပေါင်းများစွာနဲ့ ဝင်ငွေစံချိန်တင်ခဲ့တဲ့ Avatar ရုပ်ရှင်ရဲ့အဆက် Avatar 2 : The Way of Water ကြည်တောက် ရှင်း Version ရပြီမို့ တင်ဆက်ပေးထားပါပြီ။ဇာတ်လမ်းအကျဉ်း ............................ ဇာတ်လမ်းကတော့ ဂျိတ်ဆော်လီနဲ့ နတီးရီတို့ လက်ထပ်ပြီး ပန်ဒိုရာ တောထဲမှာ အတူနေကြတာကနေ ပြန်ဆက်ထားပါတယ်။ ကောင်းကင် လူမျိုးလို့ခေါ်တဲ့ ကမ္ဘာသားတွေကို ကမ္ဘာပေါ်ကို ပြန်ပို့ပြီး နာဗီတွေ သာယာအေးချမ်းနေကြပါပြီ။ ဂျိတ်ဆော်လီနဲ့နတီးရီတို့လည်း သားသမီး လေးယောက်နဲ့ မိသားစုကြီးဖြစ်နေပါပြီ။ ဒါပေမဲ့ ပျော်ရွှင်မှုဆိုတာ တမဟုတ်ချင်းပျောက်ကွယ်တတ်တဲ့အရာမို့ ကမ္ဘာသားတွေ နောက်တစ်ခါ အင်အားအပြည့်နဲ့ ကျူးကျော်လာတဲ့အခါမှာတော့ နာဗီမျိုးနွယ်တွေ ပုန်း ရှောင်နေကြရပြီး ပြောက်ကြားစစ်နဲ့ ပြန်တိုက်ခိုက်ကြရပါတော့တယ်။အဲဒီတိုက်ပွဲတွေကိုလည်း ဂျိတ်ကပဲ ဦးဆောင်ပြီး သူ့ရဲ့ သားနှစ်ယောက်လည်း ပါဝင်တိုက်ခိုက်နေရပါတယ်။ ဒါပေမဲ့ ကမ္ဘာဘက်ကလည်း အက်ဗာတာ အထူးတပ်တွေထုတ်သုံးပြီး ဂျိတ်တို့ကို သတ်ဖို့လိုက်လာတဲ့အခါမှာတော့ ဂျိတ်တို့မိသားစု ရှင်သန်ဖို့ အသက်လုတိုက်ပွဲတွေ ဆင်နွှဲလာရပါတော့တယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ ...
movie

Avatar: The Way of Water (2022)

2022
4K HEVC
Don’t Make Me Go (2022) 6.5
Don’t Make Me Go (2022) Don't Make Me Go (2022)ဘဝမှာအလိုအပ်ဆုံးအရာကဘာများဖြစ်မလဲ...? အချိန်လား...? ငွေလား...? မိသားစုနဲ့အတူ ပျော်ရွှင်စွာနေထိုင်ရမယ့် အခိုက်အတန့်တွေလား...?ဒါတွေအားလုံးကို ထင်ဟပ်စေနိုင်မယ့်ရုပ်ရှင်ကားကောင်းလေးတစ်ကားကတော့ Don't Make Me Go ဆိုတဲ့ Drama ကားလေးပါပဲ။ ပါဝင်တဲ့မင်းသားက John Cho ဖြစ်ပါတယ်။ ဒီမင်းသားကိုတော့ မြန်မာပရိသတ်တွေ သိပ်စိမ်းမယ်မထင်ပါဘူး။ဇာတ်လမ်းသဘောကတော့ စင်ဂယ်ဖားသားတစ်ယောက်ဟာ ပြင်းထန်တဲ့ အကြိတ်ဝေဒနာကို ခံစားနေရပါတယ်။ သူ့သမီးလေးကလည်း ဆယ်ကျော်သက်အရွယ် နန့်နန့်ထိုးလို့ကောင်းတဲ့အချိန်ပေါ့။ သူခံစားနေရတဲ့ အကြိတ်ဝေဒနာဟာ ခွဲစိတ်ရင် အသက်ရှင်ခွင့် ၂၀ ရာခိုင်နှုန်းရှိပြီး မခွဲစိတ်ရင်တော့ ၁ နှစ်သာ ကျန်တော့လောက်အောင် ပြင်းထန်ပါတယ်။ အဲဒီတော့ အဖေတစ်ခုသမီးတစ်ခုဘဝမှာ သမီးရဲ့နောင်ရေးအတွက်ပူပန်ရင်း သမီးကို ငယ်ငယ်က စွန့်ပစ်သွားခဲ့တဲ့ မိခင်နဲ့ ဆုံစည်းပေးဖို့ ကြိုးစားပါတော့တယ်။အမေလုပ်သူကို ရှာဖွေရင်း လမ်းတစ်လျှောက် သမီးလေးလိုအပ်မယ့်အရာတွေကို ကြိုးစားသင်ပြတဲ့ ဖခင်တစ်ယောက်ရဲ့ မေတ္တာတွေကို ခံစားရမှာပါ။ဒရာမာကားကောင်းလေးတစ်ကားလို့ပြောရမှာဖြစ်ပြီး မထင်မှတ်ထားတဲ့ အချိုးအကွေ့ကိုလည်း ​​​မြင်ရပါမယ်။ ...
movie

Don’t Make Me Go (2022)

2022