Channel Myanmar

Avantika Akerkar

The Second Best Exotic Marigold Hotel (2015) 6.5
The Second Best Exotic Marigold Hotel (2015) The Second Best Exotic Marigold Hotel (2015)~ IMDb - 6.5/10, Rotten Tomatoes - 66% ~ဒါကတော့ 2011 ခုနှစ်ကထွက်ခဲ့တဲ့ "The Best Exotic Marigold Hotel" ရဲ့ အဆက်ကားပါပဲ။ လေးနှစ်အကြာ 2015 ခုနှစ်မှာ ထွက်ခဲ့တာဖြစ်ပြီး ပထမကားရဲ့ ဒါရိုက်တာဖြစ်တဲ့ အော်စကာဆုရှင် John Madden ကပဲပြန်ရိုက်ထားပါတယ်။ အရင်တစ်ကားလိုပဲ ထိတ်ထိတ်ကြဲသရုပ်ဆောင်တွေဖြစ်တဲ့ Maggie Smith, Judi Dench, Bill Nighty တို့ပြန်ပါတဲ့အပြင် မင်းသားကြီး Richard Gere ပါထပ်ဆောင်းပါလာသေးလို့ Cast တွေက မြိုင်မြိုင်ဆိုင်ဆိုင်ပါပဲ။ဒီ Sequel ထဲမှာဆိုရင် ဆန်နီက ဒုတိယအကောင်းဆုံးတိုင်းတစ်ပါးမေရီဂိုးလ်ဟိုတယ်ဖွင့်ဖို့ ကြိုးစားနေရင်း တစ်ဖက်မှာလည်း ချစ်သူနဲ့လက်ထပ်ဖို့ပြင်ဆင်နေတဲ့အကြောင်းကို ကြည့်ရှုရမှာပါ။ အဲဒါအပြင် တခြားဇာတ်ကောင်တွေရဲ့ချစ်သူရည်းစားဆက်ဆံ‌ရေးအကြောင်းတွေ၊ ...
movie

The Second Best Exotic Marigold Hotel (2015)

2015
Tell It Like a Woman (2022)
Tell It Like a Woman (2022) Tell It Like A Woman (2022)Tell it Like A Woman က အမျိုးသမီးတွေအကြောင်း အမျိုးသမီးတွေကပြောပြထားတဲ့ဇာတ်လမ်းတိုခုနှစ်ခုပေါင်းစပ်ထားတဲ့ဇာတ်ကားပါ။ အမျိုးသမီးတွေပြောပြထားပေမယ့် အမျိုးသမီးတွေအတွက်ချည်းမဟုတ်ပဲ ခံစားနိုင်လည်နိုင်သူအားလုံးအတွက်ရည်ရွယ်တဲ့ ဇာတ်လမ်းဖြစ်ပါတယ်။ ကမ္ဘာအဝှမ်းက အမျိုးသမီးဒါရိုက်တာတွေပူးပေါင်းထားပြီး ဂျပန် အီတလီ အိန္ဒိယ အမေရိကန်တို့မှာရိုက်ကူးထားပါတယ်။ မင်းသမီးတွေကလဲဒီနိုင်ငံတွေကအစုံပါဝင်ပါတယ်။ အဓိကဖော်ပြချင်တာကတော့ နိုင်ငံအစုံက အလွှာအစုံကအမျိုးသမီးတွေရင်ဆိုင်ရတဲ့အခက်အခဲတွေ ဘဝအမောတွေ သဘာဝအရရင်ဆိုင်ရတဲ့ဒဏ်တွေ အမျိုးသမီးဖြစ်နေလို့ရင်ဆိုင်ရတဲ့ဒဏ်တွေ သူတို့ရဲ့ဒီအခက်အခဲတွေကိုကျော်လွှားပုံတွေကို ဇာတ်လမ်းရှည်ကြီးနဲ့ဇာတ်နာပြမနေပဲ ဇာတ်လမ်းတိုလေးတွေနဲ့ထိထိမိမိဖော်ကျူးထားပါတယ်။ဒီလိုဇာတ်လမ်းတိုညွှန့်ပေါင်းဇာတ်ကားတွေမှာ ဇာတ်လမ်းသွားတစ်ခုစီဖြစ်နေတဲ့ဇာတ်လမ်းတွေကို မရရအောင်ချိတ်ဆက်ပေးနိုင်တာက အသက်ပဲလို့ထင်ပါတယ်။ ဇာတ်လမ်းတိုတစ်ပုဒ်ကနေ နောက်တစ်ပုဒ်ပြောင်းသွားတာကို ပရိသတ်ကမသိလောက်အောင်လိုက်ပါစီးမြောသွားဖို့ကအခရာပါပဲ။ဒီ Tell It Like A Woman မှာတော့ ဇာတ်လမ်းတစ်ခုနဲ့တစ်ခုအကူးအပြောင်းတွေက ကြမ်းလွန်းတာ ရုတ်တရက်ဖြစ်လွန်းတာတွေရှိပေမယ့် ဇာတ်လမ်းတိုခုနှစ်ပုဒ်ထဲမှာ တစ်ချို့ဇာတ်လမ်းတွေက ထိမိလွန်းပြီး ပေးချင်တဲ့မက်ဆေ့ချ်ကလဲ ထင်းလွန်းပါတယ်။ ဖြစ်ရပ်မှန်ဇာတ်လမ်းတွေလဲပါဝင်ပါသေးတယ်။ ဘယ်ဇာတ်လမ်းကို ကိုယ်က ပိုသဘောကျတယ်နားလည်စာနာနိုင်တယ်ဆိုတာတော့ ပရိသတ်တစ်ဦးချင်းစီရဲ့အမြင် အတွေ့အကြုံတွေနဲ့သက်ဆိုင်မယ်လို့ထင်ပါတယ်။ Bonus အနေနဲ့ ဒီဇာတ်ကားထဲက ဘောလိဝုဒ်မင်းသမီး ဂျက်ကလင်းပါဝင်သရုပ်ဆောင်ထားတဲ့ နောက်ဆုံးဇာတ်လမ်းတိုမှာပါဝင်တဲ့ "Applause" သီချင်းဟာ အော်စကာမှာ "Best original Song" အဖြစ် ...
movie

Tell It Like a Woman (2022)

2022
83 (2021) 7.4
83 (2021) 83 (2021) ဇာတ်လမ်းအညွှန်းအခုတစ်ခေါက်မှာတော့ 1983 ခုနှစ် ဝန်းကျင်ကာလကို ကျောရိုးတည်ပြီး ရိုက်ကူးထားတဲ့ ဘောလီးဝုဒ် ကရစ်ကတ်-အားကစား ဇာတ်လမ်းလေးနဲ့ မိတ်ဆက်ပေးပါရစေဒီဇာတ်ကားဟာဆိုရင် တကယ့်ဖြစ်ရပ်မှန် ဇာတ်လမ်းတစ်ပုဒ်ကို အခြေခံ ရိုက်ကူးထားတာဖြစ်ပြီး 2021 ခုနှစ်အတွင်း ပရိတ်သတ်တွေ သောင်းသောင်းဖြဖြ အားပေးခဲ့ကြတဲ့ ဇာတ်လမ်းကောင်းတစ်ပုဒ်လည်း ဖြစ်ပါတယ်အိန္ဒိယနိုင်ငံဟာ 1983 ခုနှစ်မတိုင်မီ ၃၅ နှစ်အကြာ ကာလတည်းက လွတ်လပ်ရေးရခဲ့ပေမဲ့ တကယ့်လက်တွေ့ဘဝမှာတော့ ဗြိတိသျှတွေဆီက လေးစားသမှုမဆိုထားနဲ့ မထိတထီ စော်ကားမော်ကားလုပ်တာတွေကိုပင် ခံနေရဆဲဖြစ်ပါတယ်။သူ့ကျွန်ဘဝကလွတ်မြောက်ခါစကာလမှာ အားကစားကဏ္ဍအပါအဝင် အစစအရာရာ နိမ့်ပါးနေတဲ့ အိန္ဒိယနိုင်ငံဟာ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ တစ်ပွဲမှအနိုင်မရဖူးတဲ့ နိုင်ငံတစ်နိုင်ငံအဖြစ် လူတိုင်းက ဟားတိုက်ခံရတဲ့အခြေအနေမှာ ရောက်ရှိလို့နေပါတယ်တစ်နေ့မှာတော့ ကတ်ပေးလ်ဒက်ဗ် ဆိုတဲ့ ကရစ်ကတ်ကစားသမားတစ်ဦးက အိန္ဒိယအသင်းကို ကပ္ပတိန်အဖြစ်ဦးဆောင်ပြီး အင်္ဂလန်ကို ကမ္ဘာ့ဖလားသွားရောက်ယှဉ်ပြိုင်ဖို့ အကြောင်းဖန်လာခဲ့ပြီး အခက်အခဲအမျိုးမျိုးကို ကျော်ဖြတ်ကာ နိုင်ငံ့ဂုဏ်ဆောင်ခဲ့တဲ့အကြောင်းကို ရိုက်ကူးတင်ဆက်ထားတာပဲဖြစ်ပါတယ်။နာမည်ကျော်သရုပ်ဆောင်များစွာပါဝင်ထားပြီး ကြည့်တဲ့ပရိတ်သတ်ကိုပါ မျိုးချစ်စိတ်ဓာတ်တွေ တဖွားဖွားပေါ်လာစေတဲ့ ဇာတ်ကားကောင်းတစ်ပုဒ် ...
movie

83 (2021)

2021
The Other End of the Line(2008) 6.2
The Other End of the Line(2008) "The other end of the line" "လေလိုင်းတစ်ဘက်က" *လေလိုင်းတစ်ဘက်မှာ ဘယ်သူရှိလဲ *လေလိုင်းတစ်ဘက်မှာကိုယ်မတွေ့သေးတဲ့ ဖူးစာရှင်လေးရှိမလား *လေလိုင်းတစ်ဘက်မှာ ကိုယ်မသိသေးတဲ့ ကံကြမ္မာတစ်စုံတစ်ရာရှိလေမလား CM ပရိတ်သတ်တွေအတွက်ပိုးဆိုးပတ်ဆတ် ရိုလွန်းတဲ့ ဇာတ်လမ်းတစ်ပုဒ်နဲ့ မိတ်ဆက်ပေးပါရစေ... ဇာတ်လမ်းနာမည်က "The other end of the line"တဲ့... ပရိတ်သတ်တွေထဲမှာ ကိုယ်နဲ့ မတူတဲ့ နိုင်ငံခြားသူတစ်ယောက်နဲ့ ဆုံစည်းမယ်လို့ တွေးခဲ့ဖူးလား.... ကိုယ့်ရဲ့ မသိသေးတဲ့ ဖူးစာက အခြားတစ်ဘက်ခြမ်းမှာဆိုရင် ဘာလုပ်မလဲ.... ဂရင်ဂျာဆိုတဲ့ ကောင်လေးက အမေရိကန်နိုင်ငံသားတစ်ယောက်... သူနဲ့အကြောင်းပါလာခဲ့သူလေးက အိန္ဒိယနိုင်ငံသူ ပရီယာစီသီးတဲ့...ပရီယာက မွန်ဘိုင်းမြို့ စီးတီးဝမ်းလို့ခေါ်တဲ့ အမေရိကန်ဘဏ်တစ်ခုမှာ အလုပ်လုပ်တဲ့သူပါ.. သူ့ရဲ့ အမေရိကန်နာမည်က ဂျနီဖာဒေးဗစ်တဲ့... သူ့အလုပ်က အင်္ဂလိပ်အသံထွက်ကောင်းကောင်းနဲ့ အမေရိကန်နိုင်ငံသားတွေရဲ့ အကြွေးဝယ်ကတ်ပြဿနာ ကိုဖြေရှင်းပေးရတာပါ... ဂရင်ဂျာ အကြွေးဝယ်ကတ်ခိုးခံလိုက်ရတယ်.. ပရီယာက ဒါကိုကူညီဖြေရှင်းပေးသူပါ...သူတို့နှစ်ယောက်ဟာ လေလိုင်းပေါ်မှာပဲ သံယောဇဉ်ဖြစ်ခဲ့ကြတယ်... ထူးဆန်းတဲ့ မျက်လှည့်ဆန်ဆန် ခံစားချက်မျိုး ဖြစ်ခဲ့ကြတယ်... ...
movie

The Other End of the Line(2008)

2008