Channel Myanmar

Baby John Choi

Our Time Will Come (2017) 6.4
Our Time Will Come (2017) ဝေဖန်ရေးသမားတွေရဲ့ ကောင်းမွန်တဲ့ဝေဖန်သံတွေ နဲ့ ရုပ်ရှင်ဆုပေါင်း ၈ ဆု ရရှိထားပြီးဆင်ဆာကြမ်းလှတဲ့ တရုတ်အစိုးရရဲ့ ပိတ်ပင်မှုကိုခံရပြီးမှ ၂၀၁၇ ခုနစ်မှာထွက်ရှိလာခဲ့တဲ့ တရုတ်တော်လှန်ရေးကားကောင်းလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။တရုတ်အမျိုးသမီး တော်လှန်ရေးခေါင်းဆောင် “ဖန်းကူး” နဲ့ တော်လှန်ရေးတပ်ဖွဲ့အောင်မြင်ဖို့ မိမိကိုယ်ကို စတေးထားတဲ့ လူငယ်တွေရဲ့ ကြိုးပမ်းခဲ့ပုံတွေကိုနာမည်ကြီးသရုပ်ဆောင်တွေဖြစ်တဲ့ Zhou Xun , Wallace Huo, Eddie Peng တို့က အတွဲညီညီပုံဖော်ပေးထားပါတယ်။လူငယ်တော်လှန်ရေးအဖွဲ့တွေရဲ့ တော်လှန်ရေးအတွင်းမှာ ကြုံတွေ့ရတဲ့ ခံစားချက်တွေ၊ ခံယူချက်တွေ၊ အတွေ့အကြုံတွေကို အဓိကထားပြီး ရိုက်ပြပေးထားပါတယ်။ ပစ်တာခတ်တာတွေချည်းပဲ ရိုးအီနေအောင်မပြဘဲ တော်လှန်ရေးစိတ်ဓါတ်တွေကို အများကြီးထည့်သွင်းပေးထားတဲ့ ကားလေးဖြစ်တာမို့တွေးလို့ကောင်းမယ့် ရုပ်ရှင်ကောင်းလေးတစ်ကားပါ။ “သမီးတို့တော်လှန်ရေးကကျောက်ခဲကိုကြက်ဉနဲ့ပေါက်သလိုဖြစ်နေမှာပေါ့”“ဒီလိုသာ လူတိုင်းတွေးနေရင် အရေးတော်ပုံ ဘယ်နိုင်တော့မှာလဲအမေ...သမီးပြန်လာခဲ့မှာပါ...အားလုံးအေးချမ်းသွားတဲ့တစ်နေ့ သမီးတို့ ပြန်လည်တွေ့ဆုံကြတာပေါ့”  Translated by : JoJoVaEncoded by : YKFile Size ...
movie

Our Time Will Come (2017)

2017
Vampire Cleanup Department (2017) 5.7
Vampire Cleanup Department (2017) Vampire Cleanup Department (2017) IMDb - 5.7/10_____Rotten - 80%    ဟောင်ကောင်မှာ နေထိုင်ကျက်စားနေတဲ့ သွေး စုပ်ဖုတ်ကောင်တွေကို နှိမ်နင်းတဲ့အဖွဲ့အကြောင်း ဇာတ်အိမ်တည်ထားပါတယ်။ သွေးစုပ်ဖုတ်ကောင်တွေဟာ ဟောင်ကောင်မှာ ဟိုးနှစ်ပေါင်းများစွာကတည်းကရှိခဲ့တာဖြစ်ပြီး ဒါတွေကို အဓိကနှိမ်နင်းတဲ့ ဗီစီဒီ (Vampire Cleanup Department)လို့ခေါ်တဲ့ ဌာနတစ်ခုရှိပါတယ်။ အဲဒီအဖွဲ့ဟာ ညဉ့်နက်သန်းခေါင်မှာ တံမြက်စည်းလှည်းတဲ့ အဖွဲ့အနေနဲ့ ထွက်လာပြီး လမ်းမှာတွေ့သမျှ သွေးစုပ်ကောင်တွေကိုဖမ်းပြီး အမှိုက်ပုံးကြီးထဲထည့်ကာ သိမ်းဆည်းနှိမ်နင်းပစ်တာဖြစ်ပါတယ်။ တစ်ရက်မှာတော့ တင်မ်ချန်းဟာ သွေးစုပ်ကောင်တစ်ကောင်နဲ့ဆုံပြီး အသတ်ခံရလုဆဲဆဲမှာ ဗီစီဒီအဖွဲ့က အချိန်မီကယ်ဆယ်ခဲ့ပါတယ်။ တင်မ်မှာ သွေးစုပ်ကောင်တွေရဲ့ အဆိပ်ကို တွန်းကန်နိုင်တဲ့ ကိုယ်ခံစွမ်းအားရှိနေ တယ်ဆိုတာ ဗီစီဒီအဖွဲ့ရဲ့ အကြံပေးအန်ကယ်ချန်က သတိထားမိပါတယ်။ ဒါနဲ့ပဲ ဗီစီဒီအဖွဲ့က ကပ္ပတိန်ချူ၊ သရဲဆရာဂျင်ဂျာ၊ နည်းပညာကျွမ်းကျင်သူအမ်၊ လက်နက်ကျွမ်းကျင်သူ ကွေတို့ကို တင်မ်ရဲ့အကြောင်း ပြောပြပြီး ဗီစီဒီအဖွဲ့ရဲ့ မျိုးဆက်သစ်အဖြစ် ပါဝင်စေဖို့ အန်ကယ်ချန်က အကြံပြုခဲ့ပါတယ်။ ဒီလိုနဲ့ တင်မ်တစ်ယောက် ဗန်ပိုင်းယားဖမ်းတဲ့အဖွဲ့ဝင်အဖြစ် ...
movie

Vampire Cleanup Department (2017)

2017
SPL II: A Time for Consequences (2015) 6.7
SPL II: A Time for Consequences (2015) SPL II: A Time for Consequences (2015) IMDb - 6.7/10_____Rotten - 100%  ထိုင်းမင်းသား TONY JAA နဲ့ အခြားသောနာမည်ကြီးမင်းသားတွေပါဝင်ထားတဲ့ IMDB Rating (6.7/10) ရရှိထားတဲ့ ဟောင်ကောင်အက်ရှင်ဇာတ်ကားပါ။ အက်ရှင်ပရိသတ်တွေအတွက် အမှန်အကန်အက်ရှင်ကြည့်ရမယ့် ဇာတ်ကားသစ်လေးတစ် ကားဖြစ်ပါတယ်။ လျှို့ဝှက် ရဲစုံထောက် ချန်ချီကစ် ဟာ မှုခင်းတွေကို ကြိုးကိုင် ညွှန်ကြားနေ တဲ့ မစ္စတာဟောင် ဆိုသူကို ဖမ်းဆီးနိုင်ဖို့ အတွက် ဆေးသမား အယောင်ဆောင်ပြီး စုံစမ်းခဲ့ပါတယ်။ အဲဒီနောက်တော့ ကစ် ရဲ့အခြေအနေမှန်ပေါ်သွားပြီး မျက်မြင် သက်သေလည်း ပျောက်သွားခဲ့ပါတယ်။ လူဆိုး ဂိုဏ်းအဖွဲ့ဟာ ကစ်ကို ပြန်ပေးဆွဲ ခဲ့ပြီး ထိုင်းမှာရှိတဲ့ အကျဉ်းထောင်ကို ပို့ပစ် ခဲ့ပါတယ်။ အဲဒီ အကျဉ်းထောင်မှာ ထိုင်း ရဲအရာရှိ ချက်တ်ချိုင် ဟာ အစောင့် တာဝန်ကျ ...
movie

SPL II: A Time for Consequences (2015)

2015