Channel Myanmar

Bae Min-Jung

The Therapist : Fist of Tae-baek 2020
The Therapist : Fist of Tae-baek 2020 The Therapist Fist of Tae Baek(2020) ဒီဇာတ်ကားကတော့ ကိုရီးယားနိုင်ငံရဲ့ ရိုးရာကိုယ်ခံပညာနဲ့ တိုက်ခိုက်ပုံ ရိုးရာအကြောပြင်ပညာရပ်အစရှိတာတွေကို စိတ်ဝင်စားဖို့ကောင်းအောင်ဇာတ်လမ်းဆင်ထားတဲ့ Comedy/Dramaကားဖြစ်ပါတယ်။ ၂၀၂၀ခုနှစ်ထဲမှာပဲထွက်ရှိထားပြီး မင်းသားကြီး Oh Ji ho ပါဝင်ထားတဲ့ ကားကောင်းလေးတစ်ကားလည်းဖြစ်ပါတယ်။ဇာတ်လမ်းကိုပြောရရင် ဆောင်းဂျွန်ဆိုတဲ့သူက ကိုရီးယားကိုယ်ခံပညာကိုတောင်ပေါ်က ဘုန်းတော်ကြီးကျောင်းတစ်ခုမှာသင်ယူနေသူဖြစ်ပြီး ကိုယ်ခံပညာရပ်မှာတစ်ဖက်လူရဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းအကြောနေရာကအစသိပြီး တစ်ဖက်ကမ်းခတ်ကျွမ်းကျင်သူတစ်ယောက်လည်းဖြစ်ပါတယ်။တစ်ရက်နောက်ဆုံး အတော်ဆုံးပညာရှင်ရွေးပွဲနေ့မှာ သူနဲ့ညီအစ်ကိုအရင်းလိုခင်ရတဲ့သူ ရုတ်တရက်ပျောက်ဆုံးသွားပြီးနောက်မှာ သူဘဝကြီးလည်းအတော်ဆုံးဆိုတဲ့ နေရာနဲ့ လွဲပြီးအပြောင်းလဲကြီးပြောင်းလဲခဲ့ရပါတော့တယ်။ဒီကားထဲမှာ စိတ်ဝင်စားဖွယ် ကိုရီးယားကိုယ်ခံပညာရပ်တွေကို ပြသတဲ့အခါ မငြီးငွေ့ရအောင် အတိုက်အခိုက်ခန်းတွေအပြင် ဟာသလေးနှောထားလို့ ကြည့်လို့ကောင်းပါတယ်။လူခန္ဓာကိုယ်ကအရိုးအကြောတွေကို လိုသလိုပြုပြင်ပြီး အနှိပ်ပညာတစ်ခုနဲ့တင် ပုံသွင်းလို့ရတယ်ဆိုတာကိုလည်းတွေ့ရမှာပါ။ ဇာတ်လမ်းလည်းမဆိုးသလို ဖိုက်တင်ကားကြိုက်တဲ့သူတွေအတွက်အတိုက်အခိုက်အခန်းလေးတွေနဲ့အတူ လေ့လာစရာလေးတွေပါလို့ ကြည့်သင့်တဲ့ ဇာတ်ကားလေးတစ်ကားလည်းဖြစ်ပါတယ်။ Translator :Moe Pwint Encoder :Thit San Khant File Size :1.09GB and 538MB Quality :1080p and 720p
movie

The Therapist : Fist of Tae-baek 2020

2020
Fabricated City (2017) 6.9
Fabricated City (2017) Fabricated City (2017) IMDb - 6.9/10_____Rotten - 67%    ဒီဇာတ်ကားလေးက K2 မင်းသားလေးရဲ့ ၂၀၁၇ ထွက် Action ဇာတ်ကားလေးပါ၊ ဇာတ်လမ်းမှာ Ji Chang Wook က နိုင်ငံံလက်ရွေးစင် တိုက်ကွမ်ဒိုအားကစားသမားဟောင်းတစ်ဦး ရန်ငြိုးရန်စ မရှိတဲ့ အင်တာနက်ဂိမ်းကို အစွဲအလန်းကြီးတဲ့လူငယ်လေးတစ်ဦးပါ။ ဂိမ်းထဲမှာတော့ သူက ကွန်မိုဒိုခေါင်းဆောင် ကပ္ပတိန်တစ်ယောက်ပါ။ တစ်နေ့တော့ ဂိမ်းဆိုင်မှာ ကျန်ခဲ့တဲ့ လက်ကိုင်ဖုန်းလေး သွားပြန်ပေးခဲ့တယ်။ သူဖုန်းသွားပြန်ပေးခဲ့တဲ့ ကောင်မလေးက မုဒိမ်းကျင့်ပြီး အသတ်ခံရတဲ့အမှုမှာ သူ တရားခံဖြစ်သွားတယ်။ မှုခင်းဆေးပညာအရ စစ်ဆေးထားတဲ့ရလဒ်တွေအရ DNAရော လက်ဗွေရာ အားလုံးဟာ သူဘာမှမလုပ်ရဘဲနဲ့ကို မငြင်းနိုင်လောက်အောင်ကို သက်သေတွေက ပြည့်စုံနေလေရဲ့။ “အစားမတော်တစ်လုတ် အသွားမတော် တစ်လှမ်း” ဆိုသလိုလဲ မင်းသားလေး ရေတိမ်နစ်ပြီး ထောင်နန်းတစ်သက်တစ်ကျွန်း ကျခံဖို့ အပြစ်ပေးခံရလိုက်ရတယ်။ မင်းသားလေး အမေကလည်း ဒီအမှုကနေလွတ်အောင် အပြင်ကနေ အမျိုးမျိုးကြိုုးစားပေးနေရှာတယ်။ ဒီအမှုကို သူ့အမေ အယူခံဝင်နိုင်တဲ့အခါ သူ မကျူးလွန်ထားတဲ့အမှုကနေလွတ်ဖို့ ထောင်ထဲမှာ ခက်ခဲပင်ပန်းစွာ ရုန်းကန်နေရင်းက သူ့အမေလည်း ရုတ်တရက် ...
movie

Fabricated City (2017)

2017