Channel Myanmar

Bae Yoo-ram

Nobody’s Daughter Haewon(2013) 6.7
Nobody’s Daughter Haewon(2013) Nobody's Daughter Haewon(2013)******************************** ပုံမှန်ကြည့်နေကြ ဇာတ်ကားတွေလိုမဟုတ်ဘဲ ပုံပြင်တစ်ပုဒ်ပြောပြနေသလိုမျိုးဇာတ်ရှိန်ဖြည်းဖြည်းလေးနဲ့ ဇာတ်ကားတွေကိုကြိုက်တယ်ဆိုတဲ့သူတွေဆိုရင် ဒီဇာတ်ကားကို အကြိုက်တွေ့စေမှာပါ။ဟယ်ဝန်းဆိုတဲ့တက္ကသိုလ်ကျောင်းသူအချောအလှလေးနဲ့ တက္ကသိုလ်ကပါမောက္ခတစ်ယောက်ရဲ့တိတ်တိတ်ပုန်းအချစ်ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်။ဖြစ်ချင်တော့ ပါမောက္ခဟာ အိမ်ထောင်ရှိယောက်ျားဖြစ်ပြီးတော့ ကလေးလည်းရှိပါတယ်။ဟယ်ဝန်းလည်း ဒါကိုသိပေမဲ့ ပိုးဖလံမျိုးမီးကိုတိုးဆိုသလိုပဲ သိလျက်နဲ့နောက်မဆုတ်နိုင်ဖြစ်နေတာပါ။ဟယ်ဝန်းဟာ စိတ်ဆုံးဖြတ်ပြီး ပါမောက္ခနဲ့လမ်းခွဲခဲ့ပေမဲ့လည်း သူ့အမေက ကနေဒါကိုအပြီးထွက်သွားတဲ့နေ့မှာစိတ်ဓါတ်ကျပြီး ပါမောက္ခကိုဖုန်းပြန်ခေါ်မိရာက သူတို့ဇာတ်လမ်းက တစ်ဖန်ပြန်စပါတော့တယ်။ဒီဇာတ်ကားတစ်ခုလုံးက ဟယ်ဝန်းရဲ့ဘဝကိုပဲအခြေခံပြီးတော့ သူ့ရဲ့ဘဝအဖြစ်အပျက်ကိုပြောပြနေသလိုမျိုး ရိုက်ပြထားတာပါ။ဒီတော့ အေးစက်စက်အချောအလှတက္ကသိုလ်ကျောင်းသူလေးနဲ့ ပါမောက္ခရဲ့အချစ်ဇာတ်လမ်းကရော ဘယ်လိုမျိုးအဆုံးသတ်မလဲ၊ ဟယ်ဝန်းရဲ့ဘဝကရော ဘယ်လိုဖြစ်သွားမလဲဆိုတာကို ဇာတ်ကားကြည့်ပြီး ကြည့်ရှုခံစားလိုက်ကြပါဦး။  File Size : (2.2GB) and (844MB) Quality : Blu-Ray 1080p/720p Format…mp4 Duration…01:30:00 Genre :  Romance,Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Yee Wai Encoded by Phyo Pyae
movie

Nobody’s Daughter Haewon(2013)

Killing Romance (2023) 6.8
Killing Romance (2023) Killing Romance (2023)Musical Film အမျိုးအစားကို သဘောကျနှစ်ခြိုက်ကြတဲ့သူတွေအတွက် Killing Romance ဇာတ်ကားသစ်လေး ထွက်ရှိလာပါပြီ ဒီဇာတ်ကားထဲမှာသုံးထားတဲ့ Concept ကိုကြည့်လိုက်ရင် ရုပ်ပြဆန်ဆန် ပုံပြင်တစ်ပုဒ်ကိုကြည့်နေရသလို ခံစားချက်မျိုးဖြစ်နေမှာပါဇာတ်လမ်းအကျဉ်းကတော့ သရုပ်ဆောင်မင်းသမီးဘဝကနေ အနားယူလိုက်တဲ့ ဟွမ်ယောရယ်ဟာ တောင်ပစိဖိတ်မှာရှိတဲ့ Qualla ကျွန်းပေါ်ကို ရောက်ရှိသွားရာကနေ ဇာတ်လမ်းစပါတယ်။အရင်က ကိုယ့်စိတ်ကိုယ့်ခန္ဓာကို ကိုယ်ပိုင်ခဲ့တဲ့ ဟွမ်ယောရယ်တစ်ယောက် Qualla ကျွန်းပေါ်က ဘီလူးခေါင်းနဲ့သူဌေးကို မင်းသားလေးလို့မှတ်ထင်ပြီး အိမ်ထောင်ပြုလိုက်မိတဲ့အခါမှာတော့ ရဲတိုက်လိုစံအိမ်ကြီးထဲမှာ အကျဉ်းကျနေရသလို ဖြစ်ခဲ့ရပါတော့တယ်ဒါပေမဲ့ သူတို့အိမ်ရဲ့ဘေးကပ်ရပ်မှာနေတဲ့ စာမေးပွဲ ၃ ခါကျ ကောင်လေးနဲ့ အမှတ်မထင် သိကျွမ်းသွားခဲ့တဲ့အခါမှာတော့ အကျဉ်းကျနေသလို ဘဝကြီးကနေ လွတ်မြောက်အောင် ယောရယ်တစ်ယောက် အဲဒီကောင်လေးနဲ့အတူ ဘယ်လိုကြိုးစားသွားမလဲ‌ဆိုတာ ကြည့်ရှုခံစားကြရမှာပါCasts တွေအနေနဲ့ အားလုံးသိကြပြီးသား မင်းသမီးကြီး Lee Honey, မင်းသား Lee Sun Kyun နဲ့ Gong Myung တို့က အဓိကပါဝင်ထားကြပါတယ်အညွှန်းကိုတော့ Hmwe Thet ...
movie

Killing Romance (2023)

2023
The Advocate: A Missing Body(2015) 7.0
The Advocate: A Missing Body(2015) The Advocate: A Missing Body(2015)*********************************ဥပဒေရုံးကြီးတစ်ခုရဲ့နာမည်ကျော်ရှေ့နေဗြောန်းဟိုဆောင်းဟာ လိုက်သမျှအမှုတိုင်းလိုလိုနိုင်အောင်စွမ်းဆောင်နိုင်ပြီး"အနိုင်ရတာကတရားမျှတမှုပဲ" လို့ခံယူထားသူတစ်ဦးဖြစ်ပါတယ်။ဆေးဝါးကုမ္ပဏီကြီးအတွက် အမှုနိုင်အောင်လုပ်ပေးပြီးတဲ့နောက်မှာတော့ လူသတ်မှုနဲ့စွပ်စွဲခံထားရတဲ့ဥက္ကဌမွန်းဂျီဟွန်းရဲ့ဒရိုင်ဘာအတွက် အမှုလိုက်ပေးဖို့ ငှားရမ်းခံရပါတယ်။အလောင်းရော၊ သက်သေရောမရှိတဲ့လူသတ်မှုဖြစ်နေပေမယ့် ရှေ့နေဗြောန်းကသူ့ထုံးစံအတိုင်း တရားပြိုင် အပြစ်မရှိအောင် ခုခံချေပပေးခဲ့ပါတယ်။ဒီလိုနဲ့ တရားခွင်နောက်ဆုံးနေ့ အမှုနိုင်ခါနီးမှာမှ သူ့အမှုသည်က သူသတ်ခဲ့တာဖြစ်ကြောင်းရုတ်တရက်ထဝန်ခံလိုက်တဲ့အခါမှာတော့ အမှုရှုံးနိမ့်သွားပါတော့တယ်။ရှေ့နေဗြောန်းတစ်ယောက် အရှက်တကွဲဖြစ်ခဲ့ရတဲ့အပြင် မျက်မြင်သက်သေအတုဖန်တီးမှုနဲ့ပါသံသယဝင်ခံရတဲ့အတွက် ဂုဏ်သိက္ခာပြန်ဆယ်ဖို့ အမှုပြန်စုံစမ်းရင်းကနောက်ကွယ်မှာ သူမထင်ထားတဲ့ ဖြစ်ရပ်ပေါင်းများစွာရှိနေတဲ့အခါမှာတော့...File Size :(1.7GB) and (688MB) Quality :WEB-DL 1080P5.1Ch,720p Format…mp4 Duration…01:57:00 Genre : Crime , Thriller, Mystery, Comedy, Law Subtitle : Myanmar Subtitle (Hard Sub) Translated by  Ei Phyu Khin & Shoon Encoded by Phyo Pyae
movie

The Advocate: A Missing Body(2015)

Nothing Serious (2021) 6.7
Nothing Serious (2021) Nothing Serious (2021) Review" Friends with benefits " ဆိုတဲ့ ရုပ်ရှင်ကားလေးကိုကြည့်ဖူးပြီး သဘောကျတဲ့သူဆိုရင် အခုဇာတ်ကားလေးကိုလည်း သေချာပေါက်သဘောကျမှာပါပဲ။ဟန်ဂျာယောင်းဆိုတဲ့ အသက်၂၉နှစ်ကောင်မလေးက အချစ်ရေးမှာ ကံခေသူလေးပါ သို့ပေမယ့် သူ့မှာ ပြင်းပြတဲ့သွေးသားဆန္ဒတွေကရှိနေပြန်တယ်ဆိုပါတယ်။တစ်ဘက်မှာ ဘတ်အူရီဆိုတဲ့ မဂ္ဂဇင်းဆရာလေးကလည်း အလုပ် stress ကတမျိုး လိုသုံးလုပ်ခံရတာကတမျိုးနဲ့ အထီးကျန်နေသူ။သူတို့နှစ်ယောက်ကို dating app လေးတစ်ခုက ဆုံတွေ့စေလိုက်တဲ့အခါမှာတော့ ... Burning (2018) တို့ The Call(2020) တို့လို ဇာတ်ကားတွေနဲ့ သရုပ်ဆောင်စွမ်းရည်ကို သက်သေပြထားပြီးသား မင်းသမီး Jeon Jong Seo က ဟန်ဂျာယောင်းအဖြစ်ပါဝင်သရုပ်ဆောင်ထားတာမို့ 2022 မှာအထီးဆက်ကျန်နေသူများအဖြစ် ပေါ့ပေါ့ပါးပါးကြည့်ရှုနိုင်မယ့် ဇာတ်ကားလေးဖြစ်ပါကြောင်း ။ အသုံးအနှုန်းနဲ့ဇာတ်ဝင်ခန်းအချို့ကြောင့် မိသားစုနှင့်အတူတူကြည့်ရန်တော့မသင့်တော်ပါနော်အညွှန်း နဲ့ ဘာသာပြန်ကတော့ Eain Lay ပဲ ဖြစ်ပါတယ်။Genre.....Romance, Comedy Quality….WEB-DL 1080p and 720p File size…1.3GB, 850MB, 200MB Format…mp4 Duration….1h 35min Subtitle….Myanmar Subtitle ...
movie

Nothing Serious (2021)

2021
Midnight Runners (2017) 7.3
Midnight Runners (2017) ဒီတခေါက်တော့ Marvel ဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်တော့မယ့် တောင်ကိုရီးယားမင်းသား‌‌ေချာ Park Seo-Joonပါဝင် သရုပ်ဆောင်ခဲ့တဲ့ Midnight Runners ဆိုတဲ့ action, comedy ကားလေးကို တင်ဆက်လိုက်ပါပြီIMDB rating 7.3 နဲ့ .Rotten Tomatoes 100% ရရှိထားပါတယ်တောင်ကိုရီးယားမင်းသားချော Kang Ha-neul နဲ့အတူ ရိုက်ကူးထားပြီး 2017 ခြနှစ်က ထွက်ခဲ့တဲ့ ဇာတ်ကားကောင်းလေးပါဇာတ်လမ်းလေးကတော့ ရည်ရွယ်ချက်ရေရေရာရာမရှိဘဲနဲ့ ရဲတက္ကသိုလ်ကို ရောက်လာကြတဲ့ အူကြောင်ကြား ကောင်လေး ၂ ယောက် အကြောင်းကို ရိုက်ပြထားတာပါPark Seo-Joon ကတော့ အစားမက်တဲ့ကောင်လေး ဂီဂျွန်အဖြစ် ပါဝင်သရုပ်ဆောင်ထားပြီး Kang Ha-neul က သန့်ရှင်းရေးကျန်းမာရေးနဲ့ ပတ်သက်လာရင် ဇီဇာကြောင်တတ်တဲ့ မှန်ကြောင်လေး ဟီရောအနေနဲ့ ပါဝင်သရုပ်ဆောင်ထားပါတယ်သဘာဝမတူ၊ ရှင်သန်ကြီးပြင်းခဲ့ရာ ပတ်ဝန်းကျင်မတူ၊ စတွေ့ကတည်းက မျက်နှာကြောမတည့်တဲ့ ကောင်လေး ၂ ယောက်ရဲတက္ကသိုလ်ဝင်ခွင့်အတွက် ...
movie

Midnight Runners (2017)

2017
Pipeline (2021) 7.7
Pipeline (2021) Pipeline (2021)2021 ထွက် အရမ်းမိုက်ပြီး ပျင်းစရာမကောင်းဘဲ စိတ်ဝင်တစားကြည့်ရမယ့် အက်ရှင်ကားကောင်းလေးတစ်ကားကို မိတ်ဆက်ပေးချင်ပါတယ်။ဇာတ်လမ်းအမျိုးအစားကတော့ Action/Crime အမျိုးအစားဖြစ်ပြီး IMDB 7.7/10 ထိ ရထားတဲ့ ကြည့်လို့ရှယ်ကောင်းမယ့် အက်ရှင်ကားလေးပဲဖြစ်ပါတယ်။တစ်ချို့နေရာတွေလေးတွေမှာ ဟာသပါးပါးလေး ထည့်ပေးထားလို့ အက်ရှင်ကားဆိုပေမယ့် မိန်းကလေး ပရိတ်သတ်တွေပါ အကြိုက်တွေ့မယ့် မပျင်းမရိကြည့်ပျော်တဲ့ ကားလေးလည်းဖြစ်ပါတယ်။မင်းသားတွေကလည်း အခုနာမည်ကြီးနေတဲ့ Doom at your service က အချောလေး Seo In-guk နဲ့ နောက်ထပ် အားပြိုင် ဗီလိန် မင်းသားချော Lee Soo-hyuk တို့က သရုပ်ဆောင်ချက်ကောင်းကောင်းတွေနဲ့ ပါဝင်သရုပ်ဆောင်ပေးထားလို့ ကြည့်ရတာတန်မယ့်ကားလေးပါ။ဇာတ်လမ်းအကျဉ်းကို ဆက်ရရင် ဖီဒိုးဆိုတဲ့ နာမည်ကြီး ပိုက်လိုင်းဖောက်ထွင်းသူက ဆီမှောင်ခိုလောကမှာ ဖောက်ဖို့မလွယ်တဲ့ တစ်လက်မပတ်လည် ဆီခိုးထုတ်တဲ့ အပေါက်ဖောက်ပြီး နာမည်ကြီးနေတဲ့ ဆီမှောင်ခိုသမားတစ်ယောက်ပါ။သူ့လို လိုက်တုတဲ့ copycat တွေလည်း ရှိတဲ့ မှောင်ခိုလောကက နာမည်ကြီးတစ်ယောက်ပေါ့။ တစ်ရက်မှာ သူ့လိုလူနဲ့ လူဆိုးဂိုဏ်းတစ်ခုက အလုပ်လုပ်ဖြစ်သွားရင်း ကြေးကြီး စပွန်ဆာတစ်ယောက်နဲ့ ဖီဒိုးကို အလုပ်လုပ်ဖို့ ဆက်သွယ်ပေးဖြစ်ခဲ့ပါတယ်။ဒီစပွန်ဆာ ဘဲကလည်း ရေနံကုမ္ပဏီ ...
movie

Pipeline (2021)

2021
Recalled (2021) 8.1
Recalled (2021) Recalled (2021)ကိုရီးယားလောကမှာ ဂယက်တွေ ဒလဟော ထသွားတာတောင်သူ ရိုက်ခဲ့တဲ့ ဇာတ်ကားက Korean Film Council data တွေအရကိုရီးယားမှာအကောင်းဆုံး Ranking 9 အထိဝင်ထားတဲ့Seo Ye Ji ရဲ့ Recalled ဆိုတဲ့ Mystery/Thriller ဇာတ်ကားကောင်းလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်ဒီကားကို Box office က ဒေါ်လာ 2.63 million အထိအကုန်အကျခံရိုက်ကူးထားပြီးIMDB rating ကလည်း 8.4/10 အထိရရှိထားတဲ့ ဇာတ်ကားကောင်းတစ်ကားပဲ ဖြစ်ပါတယ်။ဇာတ်လမ်းဇာတ်အိမ်ကတော့ တစ်ခြားကားတွေနဲ့မတူဘဲ တော်တော်လေး စွဲဆောင်နိုင်ပြီးအဆုံးသတ်မှာ လျှို့ဝှက်ချက်တွေ၊ အံ့သြဖွယ်မြှုပ်ကွက်တွေနဲ့ ပြည့်နေတဲ့ ဇာတ်ကားတစ်ကားလို့လည်းပြောလို့ရပါတယ်။ဇာတ်လမ်းအကျဉ်းလေးပြောရရင်ဆူဂျင်းဆိုတဲ့ ကောင်မလေးက မတော်တဆမှုတစ်ခုကြောင့်တောင်ပေါ်ကပြုတ်ကျခဲ့ပြီးနောက် အတိတ်မေ့နေခဲ့ပါတယ်။သူ့ဘဝက ဘယ်လို .....သူ ဘယ်သူဆိုတာကိုတောင် မေ့နေတဲ့အနေအထားပါ။ဒါကို သူ့ဘေးနားက လီဂျီဟွန်းဆိုသူ အမျိုးသားကသူ့မှတ်ဉာဏ်တွေပြန်ရလာအောင် ဘေးကနေ စောင့်ရှောက်ပေးရင်းအမှတ်တရတွေတစ်ခုချင်း ပြောပြခဲ့ပါတယ်။ဒါပေမယ့် ဆူဂျင်းယုံကြည်ထားခဲ့တဲ့ သူမရဲ့အမျိုးသားလီဂျီဟွန်းဟာ လျှို့ဝှက်ချက်တွေအများကြီးရှိနေတဲ့သူတစ်ယောက်ဖြစ်ကြောင်းကိုမမျှော်လင့်ဘဲနဲ့ တစ်စတစ်စ သိလာခဲ့ပြီးလီဂျီဟွန်းအပေါ် ...
movie

Recalled (2021)

2021
Exit (2019) 7.0
Exit (2019) Exit (2019)IMDb - 7.0/10_____Rotten - 83%    CM Fan တွေအတွက် ဒီတစ်ခါ တင်ဆက်ပေးမှာကတော့ မကြာသေးမှီ အပတ်တွေက ရုံတင်သွားခဲ့တဲ့ Exit ဆိုတဲ့ ကိုရီးယား ရုပ်ရှင်ဇတ်လမ်း ကို CM က ရုပ်ထွက်အကြည်နဲ့ တင်ဆက်ပေးလိုက်ပါပြီ။ ဇတ်လမ်းပုံစံကတော့... ယောင်နမ် ဆိုတဲ့ အသက်လတ်ပိုင်း အရွယ် လူပျိုကြီးဖြစ်ခါစ တောင်တက်သမားဟောင်း ကနေ ဇတ်လမ်းစရမှာပဲ... အားကစားအလုပ်ကိုသာ စွဲမြဲ လုပ်ပြီး ဘယ်ကောင်မလေးကမှလဲမကြိုက် အလုပ်လဲ မယ်မယ်ရရ မရှိ အင်တာဗျူးတိုင်း မအောင် စိတ်ဓါတ်မကျအောင်နေပြီး အိမ်က အဖေ နဲ့ အမေ ဆီ ကပ်စားနေတဲ့ သူ တစ်ယောက်ပေါ့ :D ယောင်နမ် မှာ အစ်မ တွေ ရှိပြီး အကုန်အိမ်ထောင်ကျကုန်ပေမဲ့ ယောင်နမ် တစ်ယောက်သာ ဂေါ်မစွံ လူပျိုကြီး လုပ်နေပြီး အိမ်ကနေ မခွာနိုင် ဖြစ်နေခဲ့တာပါ....    တစ်ရက်မှာတော့ ယောင်နမ်တို့ အမေ ရဲ့ မွေးနေ့ အဖြစ် ဟိုတယ် တစ်ခုမှာ အခန်းငှားပြီး မွေးနေ့ ...
movie

Exit (2019)

2019
HEVC 1080p
Lucky Chan-sil (2019) 6.5
Lucky Chan-sil (2019) Lucky Chan-Sil 2019 *********************= IMDB 6.5 = ဘယ်လိုအရာတွေ ရှိနေမှ ဘ၀ကို ကံကောင်းတယ်လို့သတ်မှတ်မှာလဲဒီဇာတ်လမ်းမှာတော့ ဘ၀မှာ အရေးကြီးတဲ့အရာတွေနဲ့ဘ၀ရဲ့ ကံကောင်းမှုက ဘာတွေလဲဆိုတာကို သေချာရိုက်ကူးပြထားပါတယ်။ ရုပ်ရှင်ပွဲတော်တွေမှာ ဆုပေါင်း ၉ ဆုတောင် ရထားတဲ့ ဇာတ်ကားကောင်းလေးပါ။ ဇာတ်လမ်းအကျဉ်း အီချန်းရှီဟာ ရုပ်ရှင်ပီဒီတစ်ယောက်ဖြစ်ပါတယ်အသက် ၄၀ အရွယ်ထိ လက်မထပ်ပဲ သူမရဲ့ ငယ်ရွယ်ချိန်တွေကိုသူမအရမ်းသဘောကျတဲ့ ဒါရိုက်တာကြီးနဲ့ အတူ ရုပ်ရှင်တွေရိုက်ကူးရင်း ကုန်ဆုံးခဲ့ပါတယ်ရုတ်တရက်ကြီး သူချစ်ခင်လေးစားတဲ့ ဒါရိုက်တာကြီးဆုံးပါးသွားတဲ့အခါမှာတော့ ပီဒီအလုပ်ကနေ ထွက်ခဲ့ပါတယ်အလုပ်တွေ မရှိတဲ့အချိန်မှာ သူတကယ်ဖြစ်ချင်တာဘာလဲ သူလိုချင်တာကဘာလဲသူဘာတွေလုပ်ချင်လဲဆိုတာကို သေချာစဉ်းစားခဲ့တယ် ရှာဖွေခဲ့တယ်နောက်ဆုံး သူရှာတွေ့သွားမယ့် တကယ်အရေးကြီးတာတွေက ဘာတွေလဲဘ၀ရဲ့ကံကောင်းမှု အစစ်အမှန်က ဘာလဲဆိုတာ ဒီဇာတ်လမ်းလေးမှာ ဆက်လက်ကြည့်ရှုကြပါနော်။  File Size : (1.45 GB),(898 MB)&(405 MB) Quality :  1080p.FHDRip Format…mp4 Duration…1h 36min Genre : Drama, Fantasy, Romance Subtitle : Myanmar ...
movie

Lucky Chan-sil (2019)

2019
Hit-and-Run Squad (2019) 5.7
Hit-and-Run Squad (2019) ၂၀၁၉ ခုနှစ်ထဲမှာ ထွက်ရှိထားတဲ့ Hit-and-Run Squad ဆိုတဲ့ကားလေးနဲ့မိတ်ဆက်ပေးချင်ပါတယ် အွန်းစီယွန်းဟာ ရဲမှူးကြီးပတ်ခ်ရဲ့ လာဘ်စားမှုကို လိုက်လံဖော်ထုတ်ရင်းနဲ့သက်သေမခိုင်လုံတာကြောင့်တိုက်ပြေးအမှုတွေကိုင်တဲ့ဌာနကိုရာထူးချရွှေ့ပြောင်းခံခဲ့ရပါတယ်..` ထိုဌာနမှာအရမ်းတော်တဲ့ရဲတပ်သား ဆူမင်ဂျေးနဲ့တွေ့ဆုံခဲ့ပြီးတော့တိုက်ပြေးအမှုတွေကို အတူတူဖြေရှင်းခဲ့ရင်းနဲ့ ပဟေဠိဆန်တဲ့အမှုတစ်ခုကို ကြုံတွေ့ခဲ့ရပါတယ်သူတို့စုံစမ်းစစ်ဆေးရင်းနဲ့ အဲဒီတိုက်ပြေးမှူှူ့သေးသေးလေးဟာ အကြီးကြီးလာဘ်ပေးသူဖော်မြူလာဝမ်းပြိုင်ကားကွင်းပိုင်ရှင် ဂျန်ဂျယ်ချောင်းနဲ့ပတ်သက်နေတယ်ဆိုတာကို ရှာဖွေတွေ့ရှိလာပါတယ် အွန်းစီယွန်းအနေနဲ့ သူ့နဂိုမိခင်ဌာနရဲ့တာဝန်ကိုထမ်းဆောင်ရင်းနဲ့ ပျက်စီးဆုံးရှုံးမှုတွေတွေ့ကြုံလာရချိန်မှာတော့ အရာအားလုံးဟာ ရှု့ပ်ထွေးကုန်ပါတော့တယ် အရှောင်အတိမ်းတော်လွန်း အဆက်အသွယ်ကောင်းလွန်းကားမောင်းပြိုင်တာတော်လွန်းတဲ့ဂျန်ဂျယ်ချောင်းကို ဘယ်လိုတွေ ဇာတ်လမ်းဇာတ်ကွက်ဆင်ပြီးဖမ်းဆီးကြမလဲဆိုတာကို ဒီကားမှာကြည့်ရှုရမှာပဲဖြစ်ပါတယ် ကားမောင်းပြိုင်တဲ့အခန်းမှာလည်းတိုက်လိုက်တဲ့ကားတွေမှ သောက်သောက်လဲပါပဲ :3 ကားမောင်းပြိုင်တာတွေရော ချတာတွေရော ရယ်စရာရောဝမ်းနည်းစရာရောပါတဲ့ ကြည့်လို့ကောင်းတဲ့ဇာတ်ကားတစ်ကားဆိုတော့ အာမခံပါတယ် File Size : (1 GB) & ( 258 MB)Quality : 720p HDRipRunning Time : 2 hr 13 minFormat : Mp4Genre :  Action , ThrillerSubtitle : Myanmar Subtitle (Hard Sub)Translated by ...
movie

Hit-and-Run Squad (2019)

2019
Be with You (2018) 7.5
Be with You (2018) Be with you ဆိုတဲ့ကိုရီးယားကားလေးကတော့ စာရေးဆရာ Takuji Ichikawa ရေးသားထားတဲ့ ဝတ္ထုကိုရိုက်ကူးထားတဲ့ 2004 ခုနှစ်က ထွက်ရှိထားတဲ့ ဂျပန်ကားလေးကို ပြန်လည်ရိုက်ကူးထားခြင်းပဲဖြစ်ပါတယ်ဒီဇာတ်ကားမှာတော့ မိဘမေတ္တာ၊မိသားစုမေတ္တာ၊ ချစ်သူနှစ်ဦးရဲ့သံယောဇဉ်နဲ့ အမေ မရှိတော့တဲ့ကလေးတစ်ယောက်ရဲ့ခံစားချက်တွေ.....ရသပေါင်းစုံကိုပေးတဲ့ဇာတ်ကားကောင်းလေးပါအသက် ၇ နှစ်အရွယ်မှာ အမေဆုံးရှုံးလိုက်ရလို့ အမေဟာ မိုးရာသီရောက်တဲ့အခါ မိုးစက်ရထားကိုစီးပြီး တိမ်လွှာတိုင်းပြည်ကနေ သူ့ဆီကိုပြန်လာမယ်ဆိုတဲ့ ပုံပြင်စာအုပ်ထဲကအတွေးတွေ အမြဲတမ်းရှိနေတဲ့ ဂျီဟို၊ဒီလိုနဲ့ မိုးရာသီရောက်တဲ့အခါ ပုံပြင်ထဲကအတိုင်း တကယ် သူ့အမေပြန်လာတာကို တွေ့လိုက်ရတဲ့အခါ ဝမ်းသာမဆုံး၊မယုံနိုင်ဖြစ်ခဲ့ရတဲ့ သားအဖနှစ်ယောက်သို့သော်လည်း အမေဖြစ်သူကတော့ ဘာမှမမှတ်မိနိုင်ပဲ မှတ်ဥာဏ်တွေပျောက်ဆုံးနေခဲ့တယ်သူ့အမေနဲ့တစ်ပုံစံတည်းတူတဲ့သူဟာ တကယ်ပဲ တိမ်လွှာတိုင်းပြည်ကနေ ပြန်လာခဲ့တာလား..........ဒါမှမဟုတ် ရုပ်တူတဲ့ တခြားတစ်ယောက်လားဆိုတာ (ဇာတ်လမ်းအညွန်း နဲ့ ဘာသာပြန်သူကတော့ ယမင်းသော်တာမောင်ပါ) File Size : (999 MB) and (440 MB) Quality : HDRip 720p Running Time : 2hr 12min Format ...
movie

Be with You (2018)

2018