Channel Myanmar

Baize Buzan

Our Father(2022)
Our Father(2022)   ဒါကတော့ အမေရိကန်နိုင်ငံ Indiana ပြည်နယ်ကနာမည်ကျော်အမှုတစ်မှုအကြောင်းရိုက်ထားတဲ့ Documentary ပါ။Doctor Donald Cline ဆိုတဲ့Fertility (မျိုးပွား) specialist တစ်ယောက်ဟာသူရဲ့လူနာအမျိုးသမီးအများအပြားကို သူတို့ခွင့်ပြုချက်မပါဘဲ သူ့ရဲ့ သုတ်ပိုးနဲ့ကိုယ်၀န်တည်စေခဲ့ပါတယ်။လူနာအမျိုးသမီးတွေကတော့ အပြင်အလှူရှင်ရဲ့ သုတ် သို့မဟုတ် သူတို့အမျိုးသားတွေရဲ့ သုတ်လို့ပဲ ထင်နေကြတာပါ။နှစ်ပေါင်းများစွာကြာချိန်မှာတော့ DNA နည်းပညာတွေတိုးတက်ထွန်းကားလာတာကြောင့်အမျိုးသမီးတစ်ယောက်ဟာ DNA စစ်ကြည့်ရင်းနဲ့ သူ့မှာ ဖအေတူမအေကွဲ မောင်နှမ ညီအစ်မတွေအများကြီးရှိတာကို ထိတ်လန့်ဖွယ် တွေ့ရှိလိုက်ရပါတယ်။သူတို့မောင်နှမတွေစုပေါင်းပြီး တရားခံကိုဖော်ထုတ်ပြီး တရားစွဲဖို့ကြိုးစားကြပုံကို ရိုက်ကူးထားပါတယ်။ဖြစ်ရပ်မှန်ဆိုတာ ဇာတ်လမ်းထက်ပိုဆန်းတယ် ဆိုတဲ့အတိုင်း မယုံနိုင်စရာ ဒီအမှုဟာနောက်ဆုံးဘယ်လိုပြီးသွားလဲ၊ ကျုးလွန်ခံရသူတွေကရော သူတို့ဘ၀ကိုဘယ်လို လက်ခံကြမလဲ၊ ဒီဆရာ၀န်ကလည်း ဘာလို့ဒီလိုလုပ်ရတာလဲဆိုတာအဖြေရှာကြပုံကို ကြည့်ရှူရမှာပါ။ File size…(1.5GB)/(752MB)/(358MB) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:36:00 Genre...Conedy /Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by....SP
movie

Our Father(2022)

Tom of Your Life (2020) 6.8
Tom of Your Life (2020) Tom of Your Life (2020)=================IMDb Rating 6.8/10#Unicode2020 ခုနစ်ထွက် ဒရမ်မာအမျိုးအစားဖြစ်ပြီး ဇာတ်လမ်းဇာတ်အိမ် ထူးထူးခြားခြားနဲ့ ဖွဲ့တည်ထားတဲ့ ဇာတ်ကားကောင်းလေးပါ။ဇာတ်လမ်းအကျဉ်းကတော့ ဂျက်စ်က ဆေးရုံတစ်ခုက သူနာပြုတစ်ယောက်ပါ... တစ်ရက်မှာတော့ မနက် ၄ နာရီ ၄၄ မိနစ်တိတိမှာ ကလေးလေးတစ်ယောက် မွေးဖွားလာခဲ့ပါတယ်။ ထူးခြားတာကတော့ အဲဒီကလေးလေးက တစ်နာရီပြည့်တိုင်း အသက် ၄ နှစ်ကြီးသွားတာပါပဲ။ အမည်မသိ ထူးခြားရောဂါရှိနေတဲ့ကလေးကို စမ်းသပ်ခံဖြစ်သွားမှာစိုးတဲ့ ဂျက်စ်ဟာ ကလေးခိုးပြီး ဆေးရုံကနေ ထွက်ပြေးပါတော့တယ်။ သူတို့ နှစ်ယောက်လုံးကို အာဏာပိုင်တွေ မမိသွားခင် သူတို့ ဘာတွေကြုံတွေ့ရမလဲဆိုတာဆက်လက်ကြည့်ရှုပေးပါဦး။ ခင်ဗျားတို့ရော လောကကြီးမှာ တစ်ရက်ပဲ အသက်ရှင်ခွင့်ရမယ်ဆိုရင် ဘာတွေလုပ်ဖြစ်ကြမယ်ထင်လဲ။ဒီဇာတ်ကားလေးရဲ့ ဇာတ်အိမ်ဟာ အထူးကောင်းမွန်ပြီး IMDb Rating 6.8/10 ရရှိထားပါတယ်။(ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ဘာသာပြန်ရေးသားပေးသူကတော့ May Myat Thu ပဲဖြစ်ပါတယ်။) Quality –  ...
movie

Tom of Your Life (2020)

2020