Channel Myanmar

Banita Sandhu

Sardar Udham (2021) 9.3
Sardar Udham (2021)  နောက်ပိုင်းမှာ အိန္ဒိယကားကောင်းတွေ အသားပေးရိုက်ကူးလာတဲ့ Amazonက အသစ်ထွက်လာတဲ့ ဒုတိယကမ္ဘာစစ်နဲ့ အိန္ဒိယနိုင်ငံ တော်လှန်ရေးနောက်ခံ ဖြစ်ရပ်မှန် Crime thriller biographicalအမျိုးအစား ဇာတ်ကားကို တင်ဆက်ပေးလိုက်ပါတယ်ခေါင်းဆောင်မင်းသားကတော့ Uri:The Surgical Strike နဲ့ ပါကစ္စတန်ပြည်ရောက်အိန္ဒိယစပိုင်အကြောင်း ရိုက်ကူးထားတဲ့ Ra ဇာတ်လမ်းအကျဉ်းကတော့ လူ400သေဆုံးခဲ့ပြီး၊ 1000ကျော်ထိ ဒဏ်ရာရရှိခဲ့တဲ့ 1919 အိန္ဒိယပြည် ဂျူလီယန်ဝါလာဘာ့ဂျ် အရေးအခင်းကြီးမှာ အသက်ရှင်ကျန်ခဲ့သူ Urham Singhဟာ အဲ့ဒီလူသတ်ပွဲကြီးရဲ့ ကြိုးကိုင်သူ Sir Michael O'Dweyerကို နှစ်ပေါင်း ၂၀ကြာတဲ့အထိ ကလဲ့စားပြန်ချေဖို့ကြိုးစားတဲ့အကြောင်းပါအိန္ဒိယလွတ်မြောက်ရေး တပ်ဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ Urham Singhဟာ 1919မှာ ဖမ်းဆီးချုပ်နှောင်ခံရပြီး ပြန်လွတ်လာတဲ့နောက် အင်္ဂလန်ကိုလက်စားခြေဖို့ လိုက်သွားတဲ့အကြောင်း၊ အင်္ဂလန်မှာ ၆နှစ်ကြာအောင် အိန္ဒိယနိုင်ငံသားအနေနဲ့ ရုန်းကန်လှုပ်ရှားရင်း ကလဲ့စားချေဖို့တဖုံ၊နေမဝင်အင်ပါယာကြီးရဲ့ ထောက်လှမ်းရေးတွေကြားထဲကနေ အမိမြေအိန္ဒိယနိုင်ငံရဲ့လွတ်လပ်ရေးရဖို့ကြိုးပမ်းမှုအတွက် ဂျာမဏီ၊ စပိန်နဲ့ ရုရှားနိုင်ငံတွေပါ လှည့်လည်ပြီး လက်နက်ထောက်ပံ့မှုရဖို့ကတမျိုးကြိုးပမ်းမှုတွေကိုAmazonထွက်ဇာတ်ကားတို့ရဲ့ထုံးစံအတိုင်း Settingအားကောင်းကောင်းနဲ့ ...
movie

Sardar Udham (2021)

Eternal Beauty (2019) 6.2
Eternal Beauty (2019) Eternal Beauty (2019)================IMDb Rating - 6.2/10#Unicodeဒါရိုက်တာ Craig Roberts ရဲ့ လက်စွမ်း ပြထားတဲ့ ရုပ်ရှင်ကားကောင်း တစ်ကားပဲဖြစ်ပါတယ်။စိတ်ဓာတ်ကျနေတဲ့ ကောင်မလေးတစ်ယောက်အကြောင်းကို အသားပေးရိုက်ကူးပုံဖော်ထားပြီးလူတစ်ယောက်မှာရှိတဲ့ သူ့ရဲ့ အမှောင်ဘက်ခြမ်း အားကြီးသွားတဲ့အခါ အဲ့လူဟာ ဘယ်လိုပုံစံဖြစ်လာပြီး ဘယ်အခြေအနေတွေနဲ့ ဖြတ်သန်းခဲ့ရတယ် ဆိုတာ သိချင်ရင်တော့ ဒီကားလေးကို ကြည့်ဖို့အကြံပေးပါရစေ...ဇာတ်ကား ကောင်းတစ်ကားကို မြုပ်ကွက်တွေဖေါ်ပြီး ပြောပြလိုက်ရင် ကြည့်ရတာ အရသာမရှိတော့မှာစိုးလို့ စိတ်ဓာတ်ကျနေတဲ့လူတွေ စိတ်ကျဝေဒနာ ခံစားနေရတဲ့ လူတွေနဲ့ Dark side အကြောင်းစိတ်ဝင်စားသူတွေအနေနဲ့ မလွတ်တမ်းကြည့်ရမဲ့ ကားတစ်ကားလို့ပဲ ညွှန်းဆိုချင်ပါတယ်။ ဒီကားလေးဟာComedy, Drama, Romance  အမျိုးအစားဖြစ်ပြီး IMDb Rating - 6.2/10 ရရှိထားပါတယ်။(ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ဘာသာပြန်ရေးသားပေးသူကတော့ Parris ပဲဖြစ်ပါတယ်။)#Zawgyiဒါရိုက်တာ Craig Roberts ရဲ့ လက်စွမ်း ပြထားတဲ့ ရုပ်ရှင်ကားကောင်း တစ်ကားပဲဖြစ်ပါတယ်။စိတ်ဓာတ်ကျနေတဲ့ ...
movie

Eternal Beauty (2019)

2019
October (2018) 8.0
October (2018) အောက်တိုဘာ တဲ့ ရုပ်ရှင်နာမည်ကစွဲဆောင်မှုမရှိသလိုပါပဲ။ဒါပေမယ့် IMDB Rating 7.9 ရရှိထားပြီး Rotten tomato ကတော့ 86% ရရှိထားပါတယ်။Rating မြင့်သလောက်လဲဇာတ်ကားက အရမ်းစွဲဆောင်မှုရှိပြီး အဓိပ္ပါယ်ရှိပြီး ကြည့်ရတာတန်တဲ့ဇာတ်ကားတစ်ကားပါ အာမခံနိုင်ပါတယ်။ကျွန်တော့်အနေနဲ့ဆိုရင် ဆရာမြသန်းတင့်ရဲ့ လေလွင့်သူကို Romance Version နဲ့ဖတ်လိုက်ရသလိုခံစားရပါတယ်။လူငယ်တွေ ကြည့်ကိုကြည့်သင့်တဲ့ကားလို့ပြောရင်မလွန်ဘူးထင်ပါတယ်။အပူအပင်မရှိတဲ့ ဟော်တယ်အလုပ်သင်ဝန်ထမ်း ၂၁ အရွယ် Dan တစ်ယောက် သူ့ရဲ့လုပ်ဖော်ကိုင်ဖက်လည်းဖြစ်တဲ့သူငယ်ချင်းတွေနဲ့ အတူတူ အေးအတူပူအမျှပျော်ပျော်ရွှင်ရွှင်နေနေတုန်းမှာပဲ သူ့ရဲ့ဘဝဟာအကြီးအကျယ်ပြောင်းလဲသွားခဲ့ပါတယ်။သူနဲ့နီးစပ်တဲ့ သူငယ်ချင်းတစ်ယောက်ဖြစ်တဲ့ Shiuli တစ်ယောက်တိုက်ပေါ်ကကျပြီးကိုးမားဖြစ်သွားခဲ့တာပါပဲ။အဲဒီဖြစ်ရပ်ကို စိတ်ခံစားလွယ်တဲ့ Dan တစ်ယောက်ဘယ်လိုရင်ဆိုင်ရလဲဆိုတာကိုဇာတ်အိမ်ဖွဲ့ထားတာဖြစ်ပါတယ်။ပြီးတော့ ဒီဇာတ်ကားက အချစ်ဇာတ်လမ်းမဟုတ်ပါဘူး ဒါပေမယ့် အချစ်အကြောင်းကိုပြောပြထားတဲ့ဇာတ်လမ်းလေးတစ်ပုဒ်ဖြစ်ပါတယ်။ (ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ d3mon ပါ) File Size : (950 MB) Quality : WEB-DL 720p Running Time : 1hr 55min Format : Mp4 Genre : Drama, Romance Subtitle ...
movie

October (2018)

2018