Channel Myanmar

Bart Anderson

The Core (2003)
The Core (2003) ယခုတင်ဆက်ပေးမှာကတော့ အမေရိကန် ဟောလိဝုဒ်က ရိုက်ကူးတင်ဆက်ထားတဲ့ ကမ္ဘာပျက်ကားတစ်ခုဖြစ်ပါတယ်။ဟုတ်ပါတယ်။ ကမ္ဘာကြီးပျက်တော့မှာကို အမေရိကန်ပညာရှင်တွေကပဲ ဦးစွာသိပါတယ်။ သူတို့နဲ့ ကမ္ဘာပေါ်က ထိပ်တန်းပညာရှင်တွေပေါင်းပြီး ကမ္ဘာပျက်ကိန်းကို ဖြေရှင်းဖို့ အဖြေရှာကြပါတယ်။ အကောင်အထည်ဖော်တော့ အမေရိကန်ပညာရှင်က ပရောဂျက်ခေါင်းဆောင်ပေါ့လေ။ဒါတွေက မထူးခြားနားတဲ့ ဖန်တရာတေ မွဲပြာပုဆိုးတွေပါ။ ဒါပေမဲ့ ဖန်တရာတေဇာတ်ကားတွေကို မက်မက်မောမောကြည့်ကြတဲ့ အကြောင်းအရင်းကလည်း ရှိပါတယ်။ ဇာတ်လမ်းခိုင်မာတာ၊ ကမ္ဘာပျက်ရမယ့်အကြောင်းအရင်းက ယုတ္တိရှိပြီး စနစ်တကျ တွက်ချက်ထားတာ၊ ဇာတ်ကောင်စရိုက်ပီပြင်တာ၊ လူ့သဘော လူ့သဘာဝကို မီးမောင်းထိုးပြနိုင်တာ၊ အစရှိသဖြင့်ပေါ့‌လေ။ အသံစနစ်နဲ့ ရုပ်ထွက်ပိုင်း၊ ကွန်ပျူတာအထူးပြုလုပ်ချက်တွေကလည်း အစစ်လို့ မှတ်ထင်ခံစားသွားရလောက်အောင် ပြောင်မြောက်ပေတာကိုး။ကမ္ဘာကြီးက အူတိုင်မှာ လည်ပတ်နေတဲ့ သံချော်ရည်ပူကြီးကြောင့် လျှပ်စစ်သံလိုက်စက်ကွင်းဖြစ်တည်လာပြီး ကမ္ဘာကို ကာကွယ်ပေးထားပါတယ်။ သံလိုက်စက်ကွင်းက လူသားတွေ မခံနိုင်တဲ့ ပတ်ဝန်းကျင်အခြေအနေတွေ ဖြစ်မလာနိုင်အောင် တားဆီးထားနိုင်သလို ကမ္ဘာတဝှမ်းလုံးမှာရှိတဲ့ လျှပ်စစ်ပစ္စည်း၊ လမ်းကြောင်းပြစနစ်တွေကလည်း အဲဒီသံလိုက်စက်ကွင်းကို မှီခိုနေရတာပါ။အူတိုင်မှာ ချော်ရည်တွေ စက်ဝိုင်းပုံလည်ပတ်နေတာ ...
movie

The Core (2003)

The Imaginarium of Doctor Parnassus (2009) 6.8
The Imaginarium of Doctor Parnassus (2009) The Imaginarium of Doctor Parnassus (2009) ~ The Last Of Heath Ledger ~ဒီရုပ်ရှင်ရဲ့ ဇာတ်လမ်းအဆုံးမှာ " A Film From Heath Ledger and Friends " လို့ ရေးထိုးထားပါတယ်။ အတော်၀မ်းနည်းစရာကောင်းတဲ့ စာ‌ကြောင်းပါပဲ။"Heath Ledger, Johnny Depp, Jude Law, Colin Farell, Christopher Plummer, Andrew Garfield" ဒီရုပ်ရှင်လောက် နာမည်ကြီး ထိပ်တန်း cast တွေစုနေတဲ့ ရုပ်ရှင်မရှိလောက်ဘူးလို့ ပြောရမယ်။ ဒီလိုလူတွေကို တစ်စုတစ်စည်းထဲမြင်ရတာ ၀မ်းသာစရာကောင်းလား‌ပြောရရင်လည်း ဘာကြောင့် ဒီလိုဖြစ်သွားလဲဆိုတဲ့အချက်က အတော် ၀မ်းနည်းစရာကောင်းပါတယ်။ အကြောင်းရင်းကတော့ ဒီရုပ်ရှင်ရိုက်ကူးနေရင်း တန်းလန်းမှာပဲ Heath Ledger ဟာ အဆုံးမဲ့လွင်ပြင်တစ်ခုဆီ ပျံသန်းထွက်ခွာသွားခဲ့လို့ပါပဲ။ Heath မရှိတော့တဲ့နောက် သူ့သူငယ်ချင်းတွေက ...
movie

The Imaginarium of Doctor Parnassus (2009)

2009
Cold Pursuit (2019) 6.5
Cold Pursuit (2019) ဒီတစ်ခေါက်တော့CMပရိသတ်ကြီးအတွက် လတ်တလောထွက်ရှိလာတဲ့ဇာတ်လမ်းလေးတစ်ပုဒ်ကိုတင်ဆက်ပေးချင်ပါတယ်။ဇာတ်လမ်းလေးနာမည်က Cold Pursuit (2019)ပါ။နာမည်ကျော်မင်းသားကြီး Liam Neeson ကအဓိကခေါင်းဆောင်မင်းသားအနေနဲ့ သရုပ်ဆောင်ထားပါတယ်။Drama Thriller Actionကားလေးတစ်ကားဖြစ်တဲ့ ဒီကားလေးကတော့Imdb Rating 6.4/10 Rotten Tomatoes 69%ရရှိထားတာမလို့စိတ်ဝင်စားစရာအက်ရှင်ကားလေးတွေကိုမျှော်လင့်နေတဲ့ပရိသတ်ကြီးအဖို့ အကြိုက်တွေ့စေမှာပါ။ဇာတ်လမ်းအကျဉ်းလေးကိုလဲပြောပြချင်ပါသေးတယ်။နဲလ် ကော့စ်မန်းဆိုတဲ့ လူကြီးက ချစ်မြတ်နိုးရတဲ့ ဇနီးသည်ရယ်သားတစ်ယောက်ရယ်နဲ့ ဘဝကို လမ်းတွေပေါ်က နှင်းရှင်းပေးတဲ့ အလုပ်ကိုလုပ်ရင်းအေးဆေးစွာနေထိုင်လာခဲ့သူပါ။ကီးဟိုးမြို့ရဲ ့တစ်နှစ်တာ စံပြနိုင်ငံသားဆုပါရရှိခဲ့တဲ့အထိ အေးချမ်းစွာအများအကျိုးဆောင်ရင်းနေလာခဲ့ပေမယ့်တစ်နေ့မှာ ဂြိုဟ်ဆိုးဝင်လာပါတော့တယ်။သူ့သားလေး အသတ်ခံလိုက်ရတာပါပဲ။ဆေးစစ်ချက်အရ ဆေးလွန်ပြီးသေတယ်လို့ပြောကြပေမယ့်သားဖြစ်သူမူးယစ်ဆေးမစွဲတာ သူအသိဆုံးပါ။သူ့သာသေဆုံးမှူနောက်ကွယ်က ဖြစ်ရပ်တွေကိုလိုက်စုံစမ်းရင်းသူဘာတွေသိလာခဲ့ရသလဲ?သားဖြစ်သူကို ဘယ်သူကဘာ့ကြောင့်သတ်လိုက်တာလဲ?သူကရော ဘယ်လိုအကွက်ချကာ လက်စားချေမလဲ?ဆိုတဲ့မေးခွန်းတွေနဲ့ စိတ်လှုပ်ရှားစွာ အဆုံးထိ မပျင်းမရိကြည့်ရှုရမယ့်ဇာတ်ကားလေးပါ။ဇာတ်လမ်းကောင်းလေးတွေကိုမျှော်လင့်နေတဲ့ CMပရိတ်သတ်ကြီးအတွက်ဒီကားလေးက အကြိုက်တွေ့စေမှာအမှှန်ပါပဲ...File Size : (974 MB) & ( 355 MB)Quality : 1080p HC HDRIPRunning Time : 1 hr 59 minFormat ...
movie

Cold Pursuit (2019)

2019
1922 (2017) 6.3
1922 (2017) 1922 (2017) IMDb - 6.3/10_____Rotten - 91%   ကမ္ဘာကျော် သည်းထိတ်ရင်ဖို ဝထ္ထုဆရာကြီး Stephen King ရဲ့ ပြောင်မြောက်တဲ့အတွေးနဲ့ လက်ရာအရေးသားတို့ တန်ဆာဆင်ထားတဲ့သံဝေဂ ရစရာ သည်းထိတ်ရင်ဖို သရဲကား တင်ဆက်ပေးလိုက်ပါတယ်။ဒီဇာတ်ကားကားကြည့်ပြီးရင် ရင်ထဲမှာ တစ်ခုခု ထင်ကျန်နေခဲ့မှာအသေချာပါပဲ။သေချာတာကတော့ Stephen King ရဲ့ ထူးခြားဆန်းပြားတဲ့ အတွေးခေါ်တွေနဲ့ လူ့သဘာဝကို ဖေါ်ကျူးထားပုံက လက်ဖျားခါရလောက်ပါပေတယ်။ဇာတ်လမ်းကို ဇာတ်ကောင်အနဲစုနဲ့ တည်ဆောက်ထားပြီးတော့ တစ်ယောက်ချင်းစီရဲ့ မရှိသင့်တဲ့ မာန နဲ့ တစ်ကိုယ်ကောင်းစိတ် တွေကို ရောယှက်ထားပါတယ်။တောသဘာဝကို အခြေခံရိုက်ကူးထားပြီး တောပျော်တွေရဲ့ စိတ်ဓာတ်ကို ပုတ်ခတ်လှုပ်နှိုးထားတာပါပဲ။ဇာတ်လမ်းလေးကို မိသားစုနှစ်စုနဲ့ လှစ်ဟပြထားပါတယ်။ဝစ် တစ်ယောက်သူနဲ့ ခံယူချက်ချင်းမတူတဲ့ သူ့ဇနီး အလက်တီကြောင့် အကြံအိုက်နေပါတယ်။အိမ်ထောင်ဦးစီးဖြစ်နေပေမဲ့ သူ့ရဲ့သြဇာကဘယ်လိုနည်းနဲ့မှ မညောင်းတော့ပါဘူး။သူ့ဇနီးကလည်း ခက်ထန် တစ်ယူသန်သူတစ်ယောက်ဖြစ်နေပါတယ်ပိုဆိုးတာက လက်ရှိလယ်တွေက သူ့အဖိုးကပေးထားတဲ့သူ့နာမည်ပေါက် လယ်တွေကြောင့်ပါပဲ။အလက်တီ အစီစဉ်က တစ်ရွာမပြောင်းသူကောင်းမဖြစ်ဆိုတဲ့ ထုံးကိုမူ ရှိသမျှလယ်တွေကို ...
movie

1922 (2017)

2017
The Core (2003) 5.5
The Core (2003) မိတ်ဆွေတို့ မင်းသားကြီး Bruce Willis ရဲ့ Armageddon ဇာတ်ကားကို ကြိုက်နှစ်သက်ခဲ့ကြပါသလား။ ဒါဆိုရင်တော့ ဒီဇာတ်ကားကို ဒုတိယ Armageddon လို့ပဲ ညွှန်းပေးပါရစေ။ ဒီဇာတ်ကားကလည်း ကမ္ဘာကြီးကို ကယ်တင်ဖို့ အသက်စွန့်ပြီး စွန့်စားခန်းဖွင့်ကြတဲ့ သူရဲကောင်းတစ်စုအကြောင်း ရိုက်ထားတဲ့ သိပ္ပံစိတ်ကူးယဉ်ဇာတ်ကားပါပဲ။ ဒါပေမယ် ဒီတစ်ခါ သွားတဲ့နေရာကတော့ ကမ္ဘာအပြင်ဖက်မဟုတ်ပါဘူး၊ ကမ္ဘာ့အလယ်ဗဟိုထဲကိုပါ။ ဇာတ်လမ်းရဲ့ သီအိုရီအရ ကမ္ဘာအလယ်ဗဟိုက အူတိုင်မှာ သံရည်ပူတွေဟာ တစ်စက္ကန့်ကို မိုင်ပေါင်းများစွာအမြန်နှုန်းနဲ့ လည်ပတ်နေပါတယ်။ အဲဒီအရည်လည်ပတ်မှုကထွက်ပေါ်လာတဲ့ သံလိုက်စက်ကွင်းတွေဟာ ကမ္ဘာတောင်/မြောက်ဝင်ရိုးစွန်းတွေနဲ့ ဟန်ချက်ညီအောင် ထိန်းသိမ်းပေးထားရင်း နေရောင်ခြည်ရဲ့လောင်ကျွမ်းမှုကို ကာကွယ်ပေးထားတာပါ။ အဲဒီအချိန်မှာတော့ အဲဒီလည်ပတ်မှုကြီးရပ်ဆိုင်းသွားတဲ့အတွက် ကမ္ဘာကြီးပျက်စီးရတော့မယ် အခြေအနေရောက်လာပါပြီ။ အဲဒီအခြေအနေကို ကာကွယ်ဖို့ သက်ဆိုင်ရာနယ်ပယ်မှာ အတော်ဆုံးပညာရှင်တွေနဲ့ မိုင်ပေါင်းများစွာသော မြေထုနဲ့အလွှာမျိုးစုံကို ဖောက်ဝင်ပြီး ကမ္ဘာ့အလယ်ကိုသွားရောက်ဖို့ ကြုံလာရတဲ့အခါ.....ဒီကားဟာလည်း rating နည်းပါတယ်။ 5.5 ပါ။ အကြောင်းရင်းကတော့ ...
movie

The Core (2003)