Channel Myanmar

Bela Lugosi

Extraordinary Tales (2013) 6.5
Extraordinary Tales (2013) Extraordinary Tales ဒီဇာတ်ကားကလူကြီးကြည့်ကာတွန်းကားလို့ဆိုနိုင်ပါတယ် ကာတွန်းဆိုတာကအန်နီမေးရှင်းအလန်းစားနဲ့တွေ့ရတဲ့သည်းထိတ်ရင်ဖိုအမျိုးအစားပါ. ဒီဇာတ်ကားဟာဆိုရင် Edgar Allan Poeရဲ့ပုံပြင်တွေက ၅ပုဒ်ကိုဆွဲထုတ်ပြီးတော့တစ်ခန်းချင်းစီ တစ်ပိုင်းခြင်းစီက ရေးဆွဲထားတဲ့နည်းလမ်းတွေကရသတစ်မျိုးစီပေးစွမ်းနိုင်ပါတယ် . ဇာတ်ကားအကြောင်းပြောရမယ်ဆိုရင် သေခြင်းရဲ့လွန်မြောက်ခြင်းအဆုံးသတ်မှာဘာတွေရှိနိုင်မှာပါလဲ ကျီးကန်းတစ်ကောင်ရဲ့သူ့ဘဝအခြေအနေကိုပြောပြရင်းနဲ့ပဲဇာတ်ကိုစထားပြီးတော့ အဆုံးသတ်မှာကော သူ့ရဲ့ခံယူချက်တွေကဘယ်လိုပြောင်းလဲသွားနိုင်ပါ့မလဲဆိုတာကိုတွေ့ရမှာပါ အပိုင်း၅ပိုင်းပါတယ်လို့ပြောထားသလိုပဲ တစ်ပိုင်းခြင်းစီမှာဆိုရင် သေဆုံးမှုတွေရဲ့ခံယူချက်တွေထင်မြင်ချက်တွေ ဒါတွေကို ပုံစံမျိုးစုံနဲ့တွေ့ရမှာပါ ဒီဇာတ်ကားကပြောပြရခက်တဲ့ဇာတ်ကားပါ ကိုယ်တိုင်ခံစားကြည့်ရှုမှပဲ ဘယ်လိုရသကိုရရှိနိုင်တယ်ဆိုတာကိုသိရှိရမှာပါ ကြာချိန် ၇၃မိနစ်မှာ Horror နဲ့ mysteryပိုင်းဆိုင်ရာရသတွေကိုအပြည့်အဝပေးစွမ်းသွားနိုင်ပါတယ်ဆိုတာပြောကြားချင်ပါတယ် 2013 ထုတ်ကားကောင်းတစ်ကားဖြစ်ပြီးတော့ ဆုတံဆိပ်တွေလဲရရှိထားတဲ့ဇာတ်ကားလေးတစ်ကားပါ အန်နီမေးရှင်းလန်းလန်းလေးနဲ့ဇာတ်လမ်းဆန်းဆန်းလေးတွေကိုကြိုက်တတ်တဲ့သူမျိုးဆိုရင်တော့ ဒီဇာတ်ကားလေးကိုကြည့်သင့်ပါတယ်ဆိုတဲ့အကြောင်းထပ်လောင်းပြောကြားပါရစေ။  File Size : (939MB) & (477MB) Quality : .1080p.BluRay Running Time :1hr  13min Format : Mp4 Genre    :  Animation, Horror, Mystery Subtitle : Myanmar Subtitle (Hard Sub) Translated by Charm Encoded by Arkar Phyo (Yrfatt)
movie

Extraordinary Tales (2013)

2013