Channel Myanmar

Ben Caplan

Leap Year (2010) 6.4
Leap Year (2010) သာမန်ချိန်မှာဆိုရင် ယောင်္ကျားလေးကပဲ ချစ်သူရည်းစားမိန်းကလေးကို လက်ထပ်ခွင့်တောင်းကြပေမယ့်Leap Year ရက်ထပ်နှစ်ရဲ့ Feb 29 ရက်နေ့မှာဆိုရင်တော့ မိန်းကလေးတွေကကိုယ်ချစ်တဲ့သူကို လက်ထပ်ခွင့်တောင်းလို့ရတဲ့အစဉ်အလာရှိပါတယ်။ဒီအကြောင်းကိုအခြေခံရိုက်ကူးထားတဲ့ မင်းသမီး Amy Adams နဲ့ မင်းသား Matthew Goode တို့ရဲ့ Romance Comedy ရုပ်ရှင်လေး Leap Year (2010) ကိုခံစားကြည့်ရှုကြပါဦး။IMDb (6.4/10) ထိ ရရှိထားပြီး ဒီနေ့လို့ ဖေဖော်ဝါရီ ၂၉ ရက်နေ့မှာ သေချာပေါက်ကြည့်သင့်ပါတယ်။အောက်မှာတော့ Ye Hut Khoung Wordpress ကကူးယူလာတဲ့ ရုပ်ရှင်ခံစားမှုဆောင်းပါလေး ရှိပြီးတော့ စပွိုင်လာတချို့ပါနိုင်ပါတယ်။+++++++++++++++++++++++LEAP YEAR (2010)◾ ဘော့စတွန် မြို့ကကောင်မလေးတစ်ယောက်။အိမ်ခြံမြေ အလုပ်မှာ အတော်လေး နေရာရပီး ဝင်ငွေ ကောင်းပြီး အလုပ်အကိုင် လည်း အရမ်းအဆင်ပြေနေတဲ့ မိန်းကလေး။ သူက ဖော်ရွေပြီး ချစ်စရာကောင်းတယ်။ သတ္တိလည်းရှိသလို တဇွတ်ထိုးလည်း ...
movie

Leap Year (2010)

Golda (2023) 6.1
Golda (2023) Golda (2023)~ IMDb - 6.1/10, Rotten Tomatoes - 53% ~အစ္စရေးနိုင်ငံရဲ့သံမဏိလေဒီကြီးလို့တင်စားခေါ်ဝေါ်ကြတဲ့ Golda Meir ဘ၀အကြောင်း တစ်စိတ်တစ်ပိုင်းတင်ဆက်ထားတဲ့ အတ္ထုပ္ပတ္တိ ဒရာမာ ဇာတ်ကားတစ်ကားပါ။ ဂိုလ်ဒါအဖြစ် ဗြိတိန်ဂန္ထဝင်မင်းသမီးကြီး Helen Mirren က သရုပ်ဆောင်ထားပါတယ်။ Golda Meir ဟာ အစ္စရေးရဲ့လေးယောက်မြောက် ၀န်ကြီးချုပ်ဖြစ်ပြီး ပထမဆုံးနဲ့တစ်ဦးတည်းသော အမျိုးသမီး၀န်ကြီးချုပ်လည်းဖြစ်ခဲ့တဲ့ သမိုင်းဝင်ပုဂ္ဂိုလ်တစ်ယောက်ပါ။ဒီကားကို ၁၉၇၃ ခုနှစ်တုန်းကဖြစ်ပွားခဲ့တဲ့ အစ္စရေး နဲ့ တစ်ဖက်က အီဂျစ် ဆီးရီးယားဦးဆောင်တဲ့ အာရပ်နိုင်ငံများရဲ့စစ်ပွဲဖြစ်တဲ့ နာမည်ကျော် Yom Kippur စစ်ပွဲဖြစ်ပွားခဲ့တဲ့ကာလကို အခြေတည်ရိုက်ထားပါတယ်။ ၁၉၆၇ တုန်းက အစ္စရေးသိမ်းယူခဲ့တဲ့ ဂိုလန်တောင်ကုန်းနဲ့ ဆီနိုင်းပင်နီဆူလာကို ပြန်ရယူချင်တဲ့အတွက်ကြောင့် အီဂျစ်နဲ့ ဆီးရီးယားက ဂျူးဘာသာရေးနေ့ ယွန်ကီပေါလ်နေ့မှာ အစ္စရေးကိုအလစ်၀င်တိုက်ခဲ့တဲ့စစ်ပွဲဖြစ်ပြီး အစ္စရေးက အစပိုင်းမှာရှုံးနေရာကနေ ဘယ်လိုနာလန်ပြန်ထူပြီး အောင်ပွဲဆင်နိုင်ခဲ့တာလဲဆိုတဲ့ သမိုင်းကိုပါလေ့လာနိုင်တဲ့အပြင် ...
movie

Golda (2023)

2023
Pretty Red Dress (2022) 6.5
Pretty Red Dress (2022) Pretty Red Dress (2022) ==================သိပ်လှတဲ့ အနီရောင်ဝတ်စုံတစ်စုံက မိသားစုတစ်စုကို လုံးဝပြောင်းလဲ ပေးလိုက်တဲ့အကြောင်းပေါ့။ ဖုံးနေတာတွေ ပုန်းနေတာတွေ ပေါ်လာပြီး၊ မိသားစု၃ယောက်လုံး တစ်ဦးချင်းစီရဲ့သွင်ပြင်အစစ်အမှန်တွေကို ထွက် ပေါ်လာစေတယ်လို့ပဲ ဆိုရလေမလား။ သမီးကိုကျွေးမွေးဖို့ အလုပ်လုပ် ရင်း သူ့ရဲ့အိပ်မက်ကို လက်မလွှတ်နိုင်ဘဲ တစ်ဖက်တစ်လမ်းကနေ ဖြစ် ညှစ်ကြိုးစားနေတဲ့အမေ။ ယောက်ျားလေးဆန်ပြီး ဂျစ်ကန်ကန်နိုင်တဲ့ အပြင် မိဘတွေနဲ့အစေးမကပ်တဲ့ သမီးလေး။ ဇိုးလိုလို ဘာလိုလိုနဲ့ ထောင် ကနေ ထွက်လာခါစအဖေ။တစ်နေ့မှာတော့ ချစ်ဇနီးရဲ့အလိုကိုအရင်းပြုလို့ အစ်ကိုဖြစ်သူရဲ့ဆိုင်မှာ အလုပ်လုပ်ပေးဖို့ဖြစ်လာပြီး အိမ်သူသက်ထားလိုချင်လှပါချည်ရဲ့ဆိုတဲ့ အနီရောင်ဝတ်စုံလှလှလေးကို မောင်မင်းကြီးသားက ချွေးနှဲစာနဲ့ မဖြစ် ညှစ်ကျယ်ဝယ်ပေးရှာတော်မူတယ်။ အဲလိုနဲ့ အဲဒီအနီရောင်ဝတ်စုံ သူတို့ အိမ်ရောက်လာချိန်ကစလို့ မထင်မှတ်ထားတဲ့ ပြဿနာတစ်ခုအရင်းပြု ပြီး မိသားစုဆက်ဆံရေးကြား အဖုအထစ်၊ချိုင့်ခွက်လေးတွေ ဟိုနေရာ သည်နေရာကနေ ပေါ်လာတော့တာပေါ့။ပတ်ဝန်းကျင်က ဘယ်လိုပဲဖြစ်ဖြစ် ဘာတွေပဲပြောပြော၊ကိုယ့်ဘေးနားက ကိုယ့်မိသားစုလောက် အရေးကြီးပါ့မလား။ အဲဒီအနီရောင်ဝတ်စုံကြောင့် သူတို့၃ယောက်လုံး ပြောင်းလဲသွားတယ်။ အသိတွေပြောင်းလဲသွားတယ်။ အမူအကျင့်တွေပြောင်းလဲသွားတယ်။ အမြင်တွေပြောင်းလဲသွားတယ်။ နည်းလမ်းတွေပြောင်းလဲသွားတယ်။ ဒီမိသားစုကတော့ တစ်ဦးချင်းစီရဲ့ ပြောင်းလဲမှုတွေကို စစ်မှန်တဲ့သံယောဇဉ်တွေနဲ့ လက်ခံပေးခဲ့ကြပါသတဲ့လေ။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Ngwe Zin ဖြစ်ပါတယ်)File Size..........(2.19 GB) / (804 ...
movie

Pretty Red Dress (2022)

2023
RocknRolla(2008) 7.2
RocknRolla(2008) RocknRolla(2008)=============== နာမည်ကြီး Director Guy Ritchie ရဲ့လက်ရာ အက်ရှင်ဇာတ်လမ်းကောင်းတစ်ပုဒ်ဖြစ်တဲ့ Rocknrollaကိုတင်ဆက်ပေးလိုက်ပါတယ်။လန်ဒန်မြို့ရဲ့ဒုစရိုက်လောက၊ မူးယစ်ဆေး၊ အိမ်ခြံမြေဥပဒေပိုင်းအကျင့်ပျက်ခြစားမှုတွေကို လှည့်ကွက်ကောင်းကောင်းနဲ့တင်ဆက်ထားလို့ အက်ရှင်ကားကြိုက်ရင် ကြည့်သင့်တဲ့ ပေးရတဲ့အချိန်နဲ့တန်စေမယ့် ဇာတ်လမ်းကောင်းလေးဖြစ်ပါတယ်။ဇာတ်အိမ်ကတော့ လန်ဒန်အိမ်ခြံမြေလောကကို လက်ခုပ်ထဲထည့်ထားတဲ့ လောဘကြီးတဲ့သူဌေးကြီး လန်နီကိုးလ်ဆီကို ရုရှားသူဌေးတစ်ဦးက လုပ်ငန်းအတွက်ဆက်သွယ်လာရာမှ မထင်မှတ်ထားတဲ့တိုက်ဆိုင်မှုတွေနဲ့ နှစ်ဦးကြားကို ပတ်သက်မိသွားတဲ့ ဒုစရိုက်အဖွဲ့ဝိုင်းဘန့်ချ်ရဲ့အကြောင်းပဲဖြစ်ပါတယ်။ ဘယ်လိုမျိုးအဖြစ်အပျက်တွေက ဝိုင်းဘန့်ချ်ကို စောင့်ကြိုနေမလဲ၊ မထင်မှတ်ထားတဲ့တိုက်ဆိုင်မှုတွေက ဘာတွေဆက်ဖြစ်လာစေမလဲ၊ အကွက်ကျ ကောက်ကျစ်တတ်တဲ့သူဌေးနှစ်ဦးကြားမှာ မြေစာပင်ဖြစ်သွားမလားဆိုတာကို ပြကွက်တစ်ကွက်ချင်းဆီက အချိတ်အဆက်မိမိနဲ့ ဆွဲခေါ်သွားမှာပါ။ File size…1.13GB / 502MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 54m Genre ..... Crime , Action , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Chloe Khin
movie

RocknRolla(2008)

The Commuter (2018) 6.5
The Commuter (2018) မိုက်ကယ်မက်ကော်လေ ဟာ စုံထောက်အလုပ်ကနေအ နားယူပြီးတဲ့နောက် အာမခံလုပ် ငန်း တစ်ခုမှာ အလုပ်ဝင်နေခဲ့ပါ တယ်။ ခရီးဝေးမှာ နေရတာ ကြောင့် အလုပ်တက်၊ အလုပ် ဆင်းကို ရထားနဲ့ပုံမှန်သွားနေသူ ပါ။တစ်ရက်မှာတော့ ဂျီအန်နာ ဆိုတဲ့ အမျိုးသမီးတစ်ဦးက ရထားပေါ်မှာမိုက်ကယ်ကို လာ မိတ်ဆက်ခဲ့ပါတယ်။ နောက် တော့ စကားပြောဆိုရင်း ရထား ပေါ်မှာ လျှို့ဝှက်လိုက်ပါလာတဲ့ သူတစ်ယောက်ကို နောက်ဆုံးဘူ တာမရောက်မီ ဖော်ထုတ်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။အကယ်၍ ဖော်ထုတ်နိုင်ခဲ့ ရင် ဒေါ်လာတစ်သိန်းရမယ်ဆို တာကြောင့် အလုပ်အကိုင်လည်း သိပ်အဆင််မပြေတဲ့ မိုက်ကယ် က စိတ်ဝင်စားခဲ့ပြီး လက်ခံခဲ့ပါ တော့တယ်။ အဲဒါနဲ့ ဂျိုဟန်နာ ပြောတဲ့ သဲလွန်စတွေ နဲ့အတူသူ ခိုင်းတာကို ရှာပုံတော် ဖွင့်ခဲ့ပါ တယ်။ဂျိုဟန်နာရဲ့ ကမ်းလှမ်းချက် ကို အောင်မြင်အောင်လုပ်နိုင်ခဲ့ မယ်ဆိုရင် ရမယ့်ပိုက်ဆံတွေကို လည်း ...
movie

The Commuter (2018)

2018