Channel Myanmar

Ben Cross

First Knight (1995) 6
First Knight (1995) First Knight (1995)ဒီကားကတော့ ရုပ်ရှင်လောကရဲ့ ဂန္ထဝင်သရုပ်ဆောင်များစွာပါဝင်ခဲ့တဲ့ ဂန္ထဝင်ဇာတ်ကားကြီးတစ်ကားပဲဖြစ်ပါတယ်။ အော်စကာဆုကိုရရှိထားဖူးတဲ့အပြင် ရာစုနှစ်တစ်ဝက်စာလောက် အထူးသဖြင့် 80s' တွေအတွက် ဟိုးလေးတစ်ကျော်ကျော်ဖြစ်ခဲ့တဲ့ James Bond Franchise ကြီးတစ်ခုလုံးကို အသက်သွင်းခဲ့သူ ဂန္ထဝင်မင်းသားကြီး "Sean Connery" ကတော့ ဒီဇာတ်ကားထဲမှာ ဇာတ်ဆောင်မင်းသားအဖြစ် ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဒါ့အပြင် အခြားဝါရင့်သရုပ်ဆောင်များဖြစ်ကြတဲ့ Richard Gere နဲ့ Liam Cunningham တို့ကပါ ဇာတ်ပို့အဖြစ်ပါဝင်ခဲ့တာဖြစ်တဲ့အတွက် ဇာတ်လမ်းရဲ့ Entertain နိုင်မှုကတော့ အံ့မခန်းပါပဲ။~ ဇာတ်လမ်းအကျဉ်း ~ဘုရင်ကြီး အာသာဟာ ကမ်းမလော့မြို့အတွက် စစ်ပွဲပေါင်းများစွာတိုက်ပြီး ငြိမ်းချမ်းရေးကိုဖော်ဆောင်နိုင်ခဲ့တဲ့နောက်မှာ လောကကြီးမှာအခြေချဖို့အတွက် အိမ်ထောင်ပြုဖို့စီစဉ်တော့ပါတော့တယ်။ ဒီအချိန်မှာပဲ အာသာနဲ့ တစ်ချိန်က အတူစစ်ပွဲဝင်ခဲ့ဖူးတဲ့ လီယွန်နက်စ်မြို့စားကြီးက ဖြစ်စေချင်ခဲ့တဲ့ သူ့သမီး ဂွီနဗီးယားနဲ့လက်ထပ်ဖို့ကို စဉ်းစားလာပါတယ်။ တစ်ဖက်မှာလည်း ဖခင်သေဆုံးပြီးနောက်ပိုင်း မြို့စားကတော်သခင်မတစ်ယောက်ဖြစ်လာတဲ့ ဂွီနဗီးယားဟာ ကမ်းမလော့ကို တစ်ယောက်ထဲအပိုင်စီးချင်တဲ့အတွက် ...
movie

First Knight (1995)

1995
The Order (2001)
The Order (2001) အရင်ခေတ်က ဗန်ဒိန်းဆိုရင် မသိသူမရှိသလောက်ကို နာမည်ကြီးခဲ့ပါတယ်။ကိုယ်တွေ ကလေးဘဝက သူ့ကားတွေဆိုနားလည်လည်၊ မလည်လည် ကြည့်ခဲ့ကြတာပဲ။ အက်ရှင်ခန်းတွေဆို တမေ့တမောကို ကြည့်ခဲ့ကြရတာ။ဒီလို ငယ်ငယ်က ဘဝကို ပြန်သတိရချင်တဲ့သူတွေအတွက်ဗန်ဒိန်းရဲ့ အက်ရှင်ဆန်ဆန်၊ လျှို့ဝှက်ဆန်းကျယ်ဆန်ဆန်ဇာတ်ကားတစ်ကားကို တင်ပြပေးလိုက်ပါတယ်။ ဒီကားက ၂၀၀၁ ခုနှစ်က ထွက်ခဲ့ပြီး ဗန်ဒိန်းကိုယ်တိုင်ဇာတ်ညွှန်းရေးပြီး Sheldon Lettich က ရိုက်ခဲ့တဲ့ကား ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ရူဒီတစ်ဖြစ်လည်း ဗန်ဒိန်းကရှေးဟောင်းပစ္စည်းတွေကို ခိုးယူပြီး မှောင်ခိုရောင်းရင်းစီးပွားရေး လုပ်နေတဲ့သူပါ။ သူ့အဖေဖြစ်သူကတော့ သူနဲ့ ဆန့်ကျင်စွာပဲ ရှေးဟောင်းသုတေသီတစ်ဦး ဖြစ်ပါတယ်။တစ်ရက်မှာတော့ ခရစ်ယာန်ဘာသာကနေ ကွဲထွက်လာတဲ့ဂိုဏ်းတစ်ဂိုဏ်းက သူ့အဖေကို ပြန်ပေးဆွဲသွားပါတယ်။ဒီဂိုဏ်းက အပြင်လူတွေကို ဝင်ခွင့်မပေးသလိုပေးတောင် မသိတဲ့ ဂိုဏ်းပါ။ သူ့အဖေကို ပြန်လိုက်ကယ်ဖို့နဲ့လျှို့ဝှက်ဆန်းကျယ်တာတွေကိုဘယ်လိုအက်ရှင်တွေနဲ့ ခပ်မိုက်မိုက်တင်ဆက်သွားမလဲဆိုတာ ကြည့်ရှူလိုက်ကြပါဦး။   File size…   1.4 GB /  954 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 29m Genre .....  Action ...
movie

The Order (2001)

2001
Species IV: The Awakening (2007) 4.0
Species IV: The Awakening (2007) Species ရုပ်ရှင်ကားတွေဟာ သိပ်ညွှန်းရမယ့်ဇာတ်ကားတွေမဟုတ်ပါဘူး။ ဂြိုလ်သား DNA ဇာတ်ကားမျိုးဆိုရင် Species ဇာတ်ကားတွေက ဟိုးအရင်ခေတ်ကတည်းက လူတိုင်းရင်ထဲရောက်ရှိပြီးသားရုပ်ရှင်တွေဖြစ်ပါတယ်။ Species နာမည်နဲ့ ရုပ်ရှင် (၄)ကားထွက်ရှိခဲ့ဖူးပြီး (၄) ကားလုံးကို https://channelmyanmar.org/?s=species မှာကြည့်လို့ရပါတယ်။ကြာခဲ့ပြီဖြစ်ပေမယ့် ယနေ့ခေတ်ထိတိုင်အောင် computer effect တွေ ကြည့်လို့ကောင်းနေဆဲရုပ်ရှင်ကားတွေဖြစ်ပြီး ဂြိုဟ်သားရုပ်ရှင်ကားတွေဖြစ်တဲ့ Splice တို့ Alien တို့လိုပဲ ထိတ်လန့်သည်းဖို သိပ္ပံအက်ရှင် Action,Horror,Sci-Fi အမျိုးအစား ဇာတ်ကားများလည်းဖြစ်ပါတယ်။Species 4 : The Awakening (2007) ဇာတ်လမ်းအကျဉ်း.... ဒီကားမှာလဲ ဂြိုလ်သားကိုတူမအဖြစ်မွေးထားတဲ့ သိပ္ပံပညာရှင်ကြောင့် ဇာတ်လမ်းက စတာပါပဲ...ဒီဂြိုလ်သားမလေးကတော့ အရမ်းကို Sexy ကျ လှပပြီးတော့ သူမကိုယ်ထဲက ဂြိလ်သား DNA ဟာလဲ အရမ်းကို ရမ္မက်စိတ်ပြင်းထန်လွန်းတာကြောင့် ပုရိသယောကျာ်းတို့ ဒုက္ခရောက်ပုံတွေကို ဝေဝေဆာဆာ အသည်းတယားယားကြည့်ရှုရမယ့်ဇာတ်ကားဖြစ်ပါတယ်။အဖော်အချွတ်ခန်းတွေများတာကြောင့် ငယ်ငယ်တုန်းက အောက်စက်ခေတ်မှာ လူကြီးတွေမသိအောင် ခိုးကြည့်ရ မီးပျက်သွားရင် အောက်စက်ဖွင့်ပြီး ...
movie

Species IV: The Awakening (2007)

1080p HEVC
Exorcist: The Beginning(2004) 5.1
Exorcist: The Beginning(2004) Exorcist The beginning (2004)====================Exorcist series ကြီးရဲ့အစသမိုင်းဖြစ်တဲ့ကားလေးတကားနဲ့မိတ်ဆက်ပေးပါရစေ လန်ကတ်စတာ မယ်ရင် တဖြစ်လဲဖာသာမယ်ရင်။စစ်ပွဲကြီးအပြီးမှာ သေကြေရတာတွေအနိဠာရုံတွေမြင်ခဲ့တာကနေဘုရားသခင်အပေါ်ယုံကြည်မှုပျောက်ဆုံးသွားခဲ့ပြီးရှေးဟောင်းသုတေသနပညာရှင်အနေနဲ့ပဲကျင်လည်ကျက်စားနေတဲ့သူပါ။တနေ့မှာသူ့ဆီအလုပ်ရောက်လာခဲ့တာက အာဖရိကက ရှေးဟောင်းခရစ်ယာန်ဘုရား‌ကျောင်းတခုဆီကရုပ်ထုတစ်ခုကိုရှာ‌ပေးဖို့ပါပဲ။ဒါပေမဲ့ခရစ်ယာန်သာသနာအာဖရိကတိုက်မရောက်ခင်တည်းကရှိနေခဲ့တဲ့ဒီဘုရားကျောင်းရဲ့ရည်ရွယ်ချက်ကဘာလဲ။ဒီဘုရားကျောင်းနားမှာဖြစ်ပျက်နေတဲ့သေကြေပျက်စီးနေတာတွေကဘာကြောင့်လဲ။ နယ်ခံတာကာနာလူမျိုးတွေနဲ့ဒီဘုရားကျောင်းနဲ့ကဘာတွေဆက်နွယ်နေတာလဲ။ ဒီသေကြေပျက်စီးနေတာတွေရဲ့အလည်မှာကောင်လေးတယောက်ကလည်းရှိနေတာဘာ‌ကြောင့်များလဲ။ ဒီကောင်လေးကိုဘယ်အရာကများပူးကပ်ပြီးသတ်ဖြတ်နေတာလဲ။ ဘုရားသခင်ကိုယုံကြည်မှုမရှိတော့တဲ့မယ်ရင်တယောက်အဖြေရှာကယ်တင်ဖို့ကြိုးစားတာအောင်မြင်နိုင်ပါ့မလားဆိုတာကို Exorcist the beginning ဆိုတဲ့ဇာတ်ကားမှရှုစားပေးကြပါဦး..... File size…1.41GB / 779MB Quality…WEB-DL 1080p  / 720p Format…mp4 Duration….1h 54m Genre ..... Mystery , Horror , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Brackman
movie

Exorcist: The Beginning(2004)

Prey for the Devil (2022) 5.2
Prey for the Devil (2022) ဒီကားကတော့ The Exorcist လိုပဲ နတ်ဆိုးနှင်တဲ့ ရုပ်ရှင်မျိုးပါ။ Conjuring လိုမျိုး အလွတ်တန်းမဟုတ်ဘဲ ကတ်သလစ်ဘုရားကျောင်းရဲ့ အဖွဲ့အစည်းစနစ်နဲ့ လုပ်ဆောင်ပုံတွေကို တွေ့ရမှာပါ။ကတ်သလစ်ဘုရားကျောင်းဟာ မိစ္ဆာနှင်သင်တန်းတွေ ပေးနေပြီး အမျိုးသားဘုန်းတော်ကြီးတွေပဲ တက်ရောက်ခွင့်ရှိတဲ့နေရာပါ။ ဒါပေမဲ့ စစ္စတာအန်းဟာ မိစ္ဆာနှင်တဲ့ဘာသာရပ်ကိုအထူးစိတ်ဝင်စားပြီးတော့ ပထမဆုံးအမျိုးသမီးအဖြစ် လုပ်ခွင့်ရရေး ကြိုးပမ်းနေတဲ့သူပါ။သူ့မှာ သမားရိုးကျမဟုတ်တဲ့ မိစ္ဆာနှင်နည်းစိတ်ကူးတွေရှိပြီး အဓိကအားဖြင့် မိစ္ဆာထက် ပူးကပ်ခံရသူကို နားလည်အောင်လုပ်ဖို့ မြင်အေင်ကြည့်ဖို့ အားသန်သူဖြစ်ပါတယ်။ ရှေးရိုး မိစ္ဆာနှင်နည်းတွေနဲ့ ယုံကြည်ရာအတိုင်းလုပ်မယ့် စစ္စတာအန်းတို့ကြားမှာ အငြင်းအခုန်တွေဖြစ်နေရင်းနဲ့ သာမန်နည်းတွေနဲ့ ဘယ်လိုမှ နှင်လို့မရတဲ့ နတ်ဆိုးပူးကပ်မှုတွေကို ကြုံလာရတဲ့အခါ ဘယ်လိုဆက်ပြီးရင်ဆိုင်ကြမလဲဆိုတာကို စိတ်ဝင်စားစရာပြသထားပါတယ်... File size…1GB / 459MB Quality…1080p WEB RIP / 720p Format…mp4 Duration….1h 33m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Mr Anderson
movie

Prey for the Devil (2022)

2022
The Last Letter from Your Lover(2021) 6.7
The Last Letter from Your Lover(2021) The Last Letter from Your Lover(2021)*************************************"ဘာလို့လဲ အချစ်ရယ် မင်းမရှိတဲ့အချိန်တွေမှာ ကိုယ်ဟာ ဘာကြောင့်များအသက်မဲ့သလို ခံစားနေရတာလဲ" ====အန်းနက်စ်ဟယ်မင်ဝေး=== မင်းနဲ့ကိုယ်ဟာ အမှတ်မထင်တွေ့ဆုံခဲ့ရပြီး မင်းဟာ ကိုယ့်အတွက်မဟုတ်သလို ကိုယ်ဟာလောင်မြိုက်မှုတွေကြားမှာ နေသားတကျ။ အမည်တပ်မရတဲ့ ကိုယ်တို့ရဲ့ဆက်ဆံရေးတွေကိုတိတ်တခိုးပုံဖော်ရင်း ဆုပ်ကိုင်စရာ မယ်မယ်ရရမရှိတာကိုတောင်ကိုယ် လောဘကြီးချင်နေမိတယ်။ တားမြစ်ထားတဲ့ ကိုယ်တို့ရဲ့အချစ်ကိုမရမကတည်ဆောက်ရင်း မင်း ကိုယ့်ဆီရောက်လာလေမလားဆိုတဲ့ မျှော်လင့်ချက်နဲ့ ကိုယ်စောင့်နေဆဲပါ။ သတင်းစာတိုက်တစ်ခုရဲ့ ဂျာနယ်လစ်ဖြစ်သူ အယ်လီဟာ အမျိုးသမီးအယ်ဒီတာတစ်ယောက်ဆုံးသွားလို့အဲဒီအယ်ဒီတာအကြောင်းဖော်ပြဖို့ သူချန်ထားခဲ့တဲ့စာတမ်းတွေကို လှန်လှောရင်း အမှတ်မထင်စာတစ်စောင်တွေ့လိုက်ရပါတယ်။ ထပ်ပြီးမွှေနှောက်ရင်း ဒီလိုပေးစားအများအပြားကိုထပ်တွေ့ခဲ့ရပြီး ဒီစာတွေထဲမှာ ၁၉၆၅ခုနှစ်က အချစ်ဇာတ်လမ်းတစ်ပုဒ်ကိန်းအောင်းနေတာသိလိုက်ရပါတယ်။ ဒီတော့ အယ်လီဟာ ဒီစာတွေရဲ့ပိုင်ရှင်တွေ ဘာဆက်ဖြစ်သွားလဲဆိုတာသိရှိဖို့ကြိုးစားပါတော့တယ်။ ဇာတ်လမ်းကိုပဲ ပါဝင်စီးမျောစေလိုတာကြောင့် ဒီလောက်ပဲ ပြောပြပါရစေခင်ဗျာ။ ဒီဇာတ်ကားရဲ့ မူရင်းဝတ္ထုဟာ Me Before Youရဲ့ စာရေးဆရာမဖြစ်တဲ့ Jojo Moyesပဲ ရေးသားထားတာကြောင့်အချစ်ဇာတ်လမ်းစစ်စစ်တစ်ပုဒ်ဆိုတာ ပြောဖို့လိုမယ် မထင်ပါဘူး။သရုပ်ဆောင်အတွေအနေနဲ့ကလည်း တေလာဆွစ်ရဲ့ London boyလေးJoe Alwyn၊ Fantastic ...
movie

The Last Letter from Your Lover(2021)

Jarhead: Law of Return (2019) 6.7
Jarhead: Law of Return (2019) Jarhead: Law of Return (2019)======================IMDb Rating 6.7/10 ထိရရှိထားတဲ့ ဇာတ်လမ်းကောင်းတစ်ခုပါ။#Unicodeဒီဇာတ်ကားကို Poster စကြည့်ခဲ့တုန်းက သာမန်စစ်ကားလောက်ပဲထင်ခဲ့မိတာ။ စဖွင့်ကတည်းကစပြီးတော့ကို actionဆန်ဆန်ရိုက်ကူးမှုတွေနဲ့စထားခဲ့ပြီး ဇာတ်လမ်းကို ဇာတ်ရှိန်စမြှင့်ပေးတယ်။ ဖြစ်စဉ်က အဆင့် ၇ ရှိ ဆာဂျင်ဒေ့တောရစ်သူက မြောက်ကယ်ရိုလိုင်းနား လီဂျူးနီ အခြေစိုက်စခန်းရဲ့ဒုတိယရေတပ်တပ်ရင်း M-SOIT အဖွဲ့ရဲ့ ခေါင်းဆောင်ဖြစ်တယ်။သူဦးဆောင်တဲ့ အဖွဲ့က အစ္စရေးကိုစေလွတ်ပြီး ပူးပေါင်းလေ့ကျင့်စစ်ဆင်ရေးကိုပါဝင်ရပါတယ်။သွားတာတော့ လေ့ကျင့်ရေးအတွက်ပေမယ့် အစ္စရေးလေတပ်က လေယာဥ◌်မောင်းလေ့ကျင့်ရင်း စီးရီးယားဘက်ကနေဒုံးနဲ့ချောင်းမြောင်းပစ်ခတ်ချင်းကိုခံရပါတယ်။ အရှေ့ဘက် လေယာဥ◌်မောင်းက တစ်ခါတည်းသေဆုံးပြီးအနောက်ဘက်ကထိုင်တဲ့ မေဂျာဂျက်ဆင်ကတော့ လေယာဥ◌်ထဲကနေ အရေးပေါ်ခလုတ်နှိပ်ပြီးထွက်နိုင်ခဲ့ပါတယ်။ ဒါပေမဲ့လည်းစီးရီးယားအကြမ်းဖက် အရှာဘတ်ကလိုက်လံရှာဖွေဖမ်းဆီးခြင်းကိုခံခဲ့ရပါတယ်။ ဒါကို တောရစ်တို့အဖွဲ့နဲ့အစ္စရေး စစ်တပ်ကအဖွဲ့တို့ပူးပေါင်းကယ်တင်ဖို့ဖြစ်လာခဲ့ပါတယ်။ အဲ့ဒီကယ်ဆယ်ရေးဖြစ်စဥ◌်ကိုကြည့်ရှုရတာဟာ တကယ့်ကိုစိတ်ဝင်စားစရာဖြစ်ပြီးကျွန်တော်ထုတ်မပြောခဲ့တဲ့ စိတ်ဝင်စားစရာအပိုင်းတွေအများကြီး အများကြီးကို ဆက်တိုက်ကြည့်ရှုရမှာပါ။ ကောင်းလွန်းလို့ CMပရိတ်သတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါတယ်ဗျာ။ တစ်ခုမှာချင်တာက မျက်ရည်လေးတော့ခိုင်အောင်ထားပေါ့ဗျာ။(ဒီဇာတ်လမ်းရဲ့အညွှန်းကို San Win Maungရေးသားပေးပြီး ဘာသာပြန်ပေးသူကတော့ Z ...
movie

Jarhead: Law of Return (2019)

2019
The Hurricane Heist (2018) 4.8
The Hurricane Heist (2018) အခု ပရိတ်သတ်ကြီးအတွက် တလောကမှရုံတင်သွားတဲ့ The Hurricane Heist ဆိုတဲ့ကားလေးကို မိတ်ဆက်ပေးချင်ပါတယ်ဝေနဲ့ ဘရိဇ်တို့ ညီအစ်ကိုနှစ်ယောက်က မုန်တိုင်းခဏခဏဝင်လေ့ရှိတဲ့ မြို့လေးမှာ ဖခင်ဖြစ်သူနဲ့နေထိုင်ကြပါတယ်တစ်နေ့မှာ မုန်တိုင်းတစ်ခုကြောင့် ဖခင်ဖြစ်သူကို ဆုံးရှုံးလိုက်ရပါတယ်နောက် နှစ်ဆယ့်ငါးနှစ်အကြာမှာတော့ အစ်ကိုဖြစ်သူဘရိဇ်က မြို့လေးမှာပဲ အဟောင်းပြင်ဆိုင်လေးတစ်ဆိုင် ဖွင့်ထားပြီးညီဖြစ်သူဝေလ်ကတော့ မုန်တိုင်းတွေကို ကြောက်တဲ့ မိုးလေဝသပညာရှင်ဖြစ်လာခဲ့ပါတယ်ကေဆီကော်ဗင်လို့အမည်ရတဲ့ မိန်းကလေးကတော့ငွေအဟောင်းတွေကို ဖျက်ဆီးဖို့ သယ်လာပေးရတဲ့ အရာရှိပါတစ်နေ့မှာ တန်မီလို့အမည်ပေးထားတဲ့ မုန်တိုင်းက ဒီမြို့လေးကိုထပ်ဖြတ်ဖို့ အကြောင်းဖန်လာပါတယ်အဲ့ဒီအချိန်မှာပဲ ဒီမုန်တိုင်းကို အသုံးချပြီးနိုင်ငံတော်ဘဏ္ဌာတိုက်ကို ဖောက်ဖို့ကြိုးစားနေတဲ့သူတွေလည်း ရှိနေပြန်ပါတယ်အဲ့ဒီအရှုပ်တွေကြား ဘရိဇ်တစ်ယောက်ပါသွားတဲ့အခါ...ကေဆီနဲ့ ဝေလ်တို့ နှစ်ယောက်ပေါင်းပြီး မုန်တိုင်းကြားက ဘရိဇ်နဲ့ ကျန်တဲ့ ဓါးစာခံတွေကိုကယ်ထုတ်နိုင်မှာလားဒါမှမဟုတ် လူဆိုးတွေကပဲ ပိုက်ဆံတွေနဲ့ လွတ်သွားမလားလောဘဇောတက်လာတဲ့အခါ ကိုယ့်အရင်းနှီးဆုံးမိတ်ဆွေတောင် စိတ်ပြောင်းသွားနိုင်ကြောင်း...အစ်ကိုဖြစ်သူအသက်အန္တရာယ်နဲ့ကြုံတွေ့လာရတဲ့အခါ မိမိရဲ့အကြောက်တရားကို ကျော်လွှားဖို့ ကြိုးစားခဲ့တဲ့ ညီဖြစ်သူရဲ့ မေတ္တာတရား စတာတွေကို မြင်တွေ့ခံစားရမှာပါဒီဇာတ်ကားကို The Mummy 3 နဲ့ Dragon ...
movie


2018