Channel Myanmar

Benja K. Thomas

A Love Song (2022) 7
A Love Song (2022) A Love Song (2022)"A Love Song" ကတော့ IMDb 7 နဲ့ Rotten Tomatoes 96% တောင်ရထားတဲ့ ဇာတ်ကားကောင်းတစ်ကားပါ။"Sometimes less is more" ဆိုတဲ့အတိုင်းပဲဒီရုပ်ရှင်မှာအရာအားလုံးကနည်းပါးပြီး နည်းနည်းနဲ့ပဲ အပြင်းထန်ဆုံးခံစားချက်တွေကိုမသိမသာထည့်ပေးနိုင်တဲ့ရုပ်ရှင်မျိုးပါ။ ဒီဇာတ်လမ်းမှာ လူတွေနည်းတယ် စကားတွေနည်းတယ် အသံတွေနည်းတယ် အမူအရာတွေနည်းတယ် ကုန်ကုန်ပြောရရင်ဇာတ်လမ်းဇာတ်ကွက်ဆိုတာမရှိသလောက်ပါပဲ။အဲလိုမရှိတဲ့ဇာတ်လမ်းဇာတ်ကွက်မှာတောင် ဘာများဖြစ်မလဲဆိုတဲ့သိချင်စိတ်နဲ့ ဇာတ်လမ်းအဆုံးထိရောက်မှန်းမသိရောက်အောင် ဆွဲခေါ်ပေးသွားနိုင်တဲ့ကားမျိုး။ကော်လိုရာဒိုကျေးလက်က တောင်တန်းတွေနဲ့ရေကန်ကြီးတစ်ခုကြားက ကောင်းကင်ပြာကြီးအောက်မှာ ခရီးစခန်းထွက်သူတွေအတွက် စခန်းနေရာတစ်ခုရှိတယ်။ စခန်းတစ်ခုနဲ့တစ်ခုကလဲခပ်လှမ်းလှမ်းမှာရှိပြီး အရာအားလုံးကတိတ်ဆိတ်ငြိမ်သက်၊ သဘာဝရဲ့အသံတွေသာကြီးစိုးနေတဲ့နေရာမျိုး။ စခန်းအမှတ်၇ မှာတော့ ဖေးဆိုတဲ့အမျိုးသမီးကြီးက သူ့ကားနောက်တွဲယာဥ်မှာစခန်းချနေတယ်။သူ့မှာနေ့ရက်တွေရှိတယ် ... ညတွေရှိတယ် .... သူ့မှာစာအုပ်နှစ်အုပ်ရှိတယ် ...နေ့မှာဌက်တွေအကြောင်းစာအုပ်ကိုဖတ်တယ် ဌက်သံတွေနားထောင်တယ်။ ညမှာတော့ကြယ်တွေအကြောင်းကိုဖတ်တယ် ကြယ်တွေကိုရှာဖွေတယ်။ဖေး က သူ့အတိတ်က လူတစ်ယောက်ကိုစောင့်နေခဲ့တာပါ။ အဲလူကလာမှာလား ဘယ်နေ့လာမလဲ ဘယ်လိုလူဖြစ်နေပြီလဲ ဘယ်လိုပုံလဲ သူ လုံးဝမသိဘူး။ အဲဒီလူရောက်လာရင်ရော ဘာတွေဖြစ်မလဲ။ ဖေး ဆိုတာလဲ အသက်၇၀ ဝန်းကျင်အမျိုးသမီးကြီးမို့ လူငယ်တွေအချစ်ဇာတ်လမ်းလို ချစ်ကြိုက်ညားပေါ့လို့ပြောလို့မရပါဘူး။ သိချင်ရင်တော့ ဖေး နဲ့အတူ သဘာဝတရားကြီးထဲမှာနေထိုင်ရင်းရှာဖွေကြည့်ရမှာပါပဲ။ဒီဇာတ်ကားကိုစကားလုံးတွေနဲ့တင်စားရရင် Peace, Calm, Quite, Serene,Tranquil, Nature, Love တို့ဖြစ်ပြီး ရုပ်ရှင်ကိုအနှစ်သာရရှိရှိခံစားလိုတဲ့သူတွေအတွက်တော့ ...
movie

A Love Song (2022)

2022
Detective Chinatown 2(2018) 6.2
Detective Chinatown 2(2018) Detective Chinatown 2(2018)အညွှန်း *********************************ချင်းဖောင်ဆိုတဲ့ ကျောင်းသားလေးက Crimemaster လို့ခေါ်တဲ့ App တစ်ခုမှာ အဆင့်နှစ်ချိတ်ထားသူဖြစ်ပါတယ်...Crimemasterဆိုတာက စုံထောက်ဂိမ်းတစ်ခုပါပဲ၊ ဒါပေမယ့်ထူးခြားတာက တကယ်ဖြစ်နေတဲ့အမှုတွေကိုစုံစမ်းဖော်ထုတ်ရတာပဲဖြစ်ပါတယ်။ ချင်းဖောင်က အဲ့ဂိမ်းမှာ အဆင့်နှစ်ဆိုတော့ နယ်နယ်ရရတော့မဟုတ်ဘူးပေါ့...အဆင့်တစ်ကတာ့ "Q" ဆိုတဲ့လူဖြစ်ပြီး ဘယ်သူဘယ်ဝါဆိုတာတော့ ဘယ်သူမှမသိကြပါဘူး။ဦးလေးဖြစ်သူရဲ့ မင်္ဂလာပွဲကိုတက်ဖို့ အမေရိက ကို ချင်းဖောင်တစ်ယောက်ရောက်ရှိလာပါတယ်။တကယ်တော့ဦးလေးဖြစ်သူက ချင်းဖောင်ကို ညာခေါ်လိုက်တာပါ။ တရုတ်တန်းက ဆရာကြီးတစ်ယောက်ရဲ့မြေးဖြစ်သူအသတ်ခံရမှုကိုဖော်ထုတ်ပေးနိုင်ရင် ဒေါ်လာငါးသန်း ပေးမယ်ဆိုတဲ့အတွက်ကြောင့်ချင်းဖောင်ကို လိမ်ပြီးခေါ်လိုက်တာဖြစ်ပါတယ်။ အဲ့အမှုကိုဖော်ထုတ်ဖို့ရောက်လာတဲ့တခြားလူတွေကလဲCrimemaster app ထဲက ချင်းဖောင်ရဲ့ ပြိုင်ဖက်တွေပဲဖြစ်ပါတယ်။ အဲ့တော့ ချင်းဖောင်တို့တူဝရီးနှစ်ယောက်အမှုကို ဖော်ထုတ်ပုံတွေ၊ အမှုက ထင်ထားသလိုမရိုးရှင်းပဲ ကွင်းဆက်လူသတ်သမားဖြစ်နေတာကြောင့်လှည့်ကွက်များစွာရှိနေပုံတွေကို ဟာသဆန်ဆန်နဲ့ရိုက်ကူးထားပါတယ်။ ဟာသဆန်ဆန်ဆိုပေမယ့်အမှုအကြောင်း သဲလွန်စရှာပုံတွေ၊ ကောက်ချက်ချပုံတွေကလဲ စိတ်ဝင်စားစရာကောင်းပါတယ်။အဲ့ဒါကြောင့် စုံထောက်ကားကြိုက်သူတွေ ဟာသကောင်းကြိုက်သူတွေ လက်မလွှတ်သင့်တဲ့တရုတ်ကားကောင်းတစ်ကားဖြစ်ကြောင်း လက်တို့လိုက်ရပါတယ်။  ဂိမ်မာတွေဆိုတာ ဘာညာအထှာတော့ရှိတယ်ဗျ....တစ်ချို့သော ပုတ်ခတ်သူတွေအတွက် တစ်ချို့သော ဂိမ်မာသမားများက ဂိမ်ကစားရင်း လက်တွေ့ဘဝမှာ ဒီလိုဟိုလို ဉာဏ်သုံးဖြေရှင်းပြီး ...
movie

Detective Chinatown 2(2018)

2018
HEVC 1080p 5.1