Channel Myanmar

Bernadette Lords

The Dilemma (2011) 5.3
The Dilemma (2011) 2011 ခုနှစ်က ထွက်ရှိခဲ့ပီး IMbd 5.3 ရရှိခဲ့တဲ့black comedy အမျိုးအစား ဇာတ်ကား ​လေးဖြစ်ပါတယ်။ဇာတ်လမ်းအကျဥ်းက​တော့ ရွန်နီ နဲ့ နစ်ခ် ဟာအထက်တန်း​ကျောင်းတုန်းကနဲ့ ခင်ကြတဲ့ သူငယ်ချင်း​တွေဖြစ်ကြပီးစီးပွား​ရေး လည်းအတူတွဲလုပ်ကြတဲ့ သူတွေပါ။​ဂေါ်မစွံ့ လူပျိုကြီ ရွန်နီ ကို အိမ်​ထောင်ပြုဖြစ်​အောင် နစ်ခ် တို့ ဇနီး​မောင်နှံကကြိုးစားတိုက်တွန်းကြပါတယ် ၊ တစ်​နေ့မှာ​တော့ နစ်ခ်ရဲ့ မိန်းမ က ​ဖောက်ပြန်​နေတာကိုရွန်နီ က သိရှိသွားတဲ့ အခါ နစ်ခ် ကို​ ​ပြောပြဖို့ ကြိုးစားပါတယ်။အဲ့လိုလုပ်​နေရင်းနဲ့ မရိုးရှင်းလှတဲ့ အိမ်​ထောင်​ရေးပြသနာ​တွေ၊ လျို့ဝှက်ချက်​တွေကိုသိသွားပီး ​ဖြေရှင်းဖို့ကြိုးစားပုံ​တွေ ၊ သူငယ်ချင်း​တွေ ကြားကသံ​ယောဇဥ် အ​ကြောင်း​တွေ ကို ​ပေါ်လွင်​အောင်​ဖော်ပြထားတဲ့ဇာတ်လမ်း​လေးပဲ ဖြစ်ပါတယ်။တဖက်ကလည်း အခက်အခဲ​တွေ​ကျော်လွှားပီး​အောင်မြင်​အောင်ကြိုးစား အလုပ်လုပ်ကြပုံ​တွေကိုလည်း​တွေ့ရမှာပါ။Vince Vaughn နဲ့ Kevin James တို့လို မင်းသားကြီး​တွေရဲ့သရုပ်​ဆောင်မှု နဲ့ခပ်​သော့​သော့ ဟာသ ​တွေအပြင် ...
movie

The Dilemma (2011)

2011
You Don’t Mess with the Zohan (2008) 5.5
You Don’t Mess with the Zohan (2008) You Don't Mess with the Zohan (2008)Adam Sandler ရဲ့ မကြည့်ဖူးသူမရှိလောက်မယ့် ကားဟောင်းကားကောင်းတစ်ကားပါ။ သူကိုယ်တိုင် သရုပ်ဆောင်ရုံတင်မကဘဲ ဇာတ်ညွှန်း‌ကိုလည်း သူပဲ ဝင်ရေးပေးခဲ့ပါသေးတယ်။ ဒါ့အပြင် အခြားနာမည်ကျော် ရုပ်ရှင်မင်းသားမင်းသမီးတွေဖြစ်ကြတဲ့ Emmanuelle Chriqui, John Turturro နဲ့ Buddy Games ဇာတ်ကားထဲက မင်းသားကြီး Nick Swardson ကိုလည်း လူငယ်သရုပ်ဆောင်အနေနဲ့ တွေ့ရမှာဖြစ်လို့ လုံးဝကို လက်ရာမြောက် ဟာသဇာတ်ကားလေးတစ်ကားဖြစ်ပါတယ်။ဇာတ်ကားကတော့ ဇိုဟန်ဆိုတဲ့ အစ္စရေးနိုင်ငံသား အထူးစစ်သားတစ်ယောက်အပေါ် ဇာတ်အိမ်တည်ပြီးတော့ရိုက်ကူးထားတာပါ။ ဇိုဟန်ဟာ သူလုပ်နေတဲ့အလုပ်မှာ ကျွမ်းကျင်ရုံတင်မကဘဲ အတော်လေးကို နာမည်ကြီးလှတဲ့ အကြမ်းဖက်နှိမ်နင်းရေး တပ်ဖွဲ့ရဲ့  နိုင်ငံကျော်စူပါစတားပဲဖြစ်ပါတယ်။ ဒါပေမဲ့ သူဟာ ဒီအလုပ်ကိုလုပ်နေရင်းနဲ့ ဒီလိုပဲ သူ့ဘဝကြီးက သံသရာလည်တာကို မနှစ်သက်တော့ပါဘူး။ အဲဒီအခါ ဇိုဟန်ဟာ သူ့ရဲ့ ဝါသနာပါရာ စိတ်ကူးအိပ်မက်ကို ...
movie

You Don’t Mess with the Zohan (2008)

2008
Doubt (2008)
Doubt (2008) John Patrick Shanley ရေးသားပြီး Pulitzer Prize ရရှိထားတဲ့ Doubt: A Parable ဆိုတဲ့ ဝတ္ထုကို သူကိုယ်တိုင် ဒါရိုက်တာအဖြစ် ရိုက်ကူးထားတဲ့ ဇာတ်ကားတစ်ကားကို တင်ဆက်ပေးချင်ပါတယ်။ ဇာတ်လမ်းကတော့ စိန့်နီကိုးလပ်စ်ဆိုတဲ့ ကတ်သလစ်စာသင်ကျောင်းတစ်ကျောင်းမှာ အခြေခံထားပါတယ်။ စစ်စတာအယ်လိုဝစ်ရှက်စ်ဟာ ကျောင်းကို စည်းကမ်း တိတိကျကျနဲ့ အုပ်ချုပ်တတ်သူတစ်ဦးဖြစ်ပါတယ်။ ဖာသာဖလင်းကတော့ ခေတ်မီတဲ့အမြင်နဲ့ စည်းကမ်းတွေကို ဖြေလျှော့ပြီး ကျောင်းသားတွေနဲ့ ရင်းရင်းနှီးနှီးနေတတ်သူ တစ်ဦးပါ။ တစ်နေ့မှာ စစ်စတာဂျိမ်းစ်တစ်ယောက် ဖာသာဖလင်း ကျောင်းသားတစ်ယောက်ကို အထူးအရေးပေးပြီး ဆက်ဆံနေတာ မြင်လိုက်ပါတဲ့အကြောင်း စစ်စတာအယ်လိုဝစ်ရှက်စ်ကို ပြောပြပါတယ်။ ဘာကြောင့်ဒီလိုဆက်ဆံလဲဆိုတဲ့အကြောင်းအရင်းကိုတော့ သူတို့သေချာမသိပါဘူး။ အဲဒီမသေချာမှုကို လက်ကိုင်ထားပြီး စစ်စတာအယ်လိုဝစ်ရှက်စ် ဖာသာဖလင်းကို ဖြုတ်ချဖို့ ကြိုးစားပါတော့တယ်။ ဒီဇာတ်ကားနဲ့ ပတ်သက်လို့ ဆုတွေလည်း အများကြီးရထားပြီး သရုပ်ဆောင်ပုံတွေကလည်း ပေါ်လွင်ပါတယ်။ ဇာတ်လမ်းထဲမှာ သုံးထားတဲ့ စာသားတွေကလည်း ထိထိမိမိနဲ့ ...
movie

Doubt (2008)

We Own the Night(2007)
We Own the Night(2007)  ဘဝကို ပေါ့ပေါ့ပါးပါးပျော်ပျော်ရွှင်ရွှင်ပဲ ဖြတ်သန်းလာတဲ့ နယူးယောက်မှ နာမည်ကြီး အဒ်ကာဘီဘားကိုကြီးကြပ်ရသူ ဘော်ဘီဂရင်း။ကောင်မလေးဖြစ်သူ အမန်ဒါနဲ့ နေ့ရက်တိုင်းအချိန်းဖြုန်း၊ လည်ပင်းဖက်ပေါင်းတဲ့ဘော်ဒါဖြစ်တဲ့ ဂျန်ဘိုတို့နဲ့ ပါတီလုပ်လိုက်ပျောက်လိုက်ပါးလိုက်နဲ့နေလာခဲ့သည်။ထို့အပြင် ဘားပိုင်ရှင်ဖြစ်သူ ရုရှားလူမျိုးမစ္စတာဘူရှိုင်းရာ့ဗ်နဲ့လည်း မိသားစုလိုမျိုး ဆက်ဆံရေးကောင်းမွန်ပြီး သူကလည်း ဘော်ဘီရဲ့လုပ်ရည်ကိုင်ရည်ကိုသဘောကျသည်။လုပ်ငန်းတိုးချဲဖို့ကြံစည်နေသော ဘူရှိုင်းရာ့ဗ်နှင့် နဂိုကတည်းက ဘားကို မန်ဟတ်တန်ဘက်အထိထိုးဖောက်ချင်နေသော ဘော်ဘီ။ အရာရာအဆင်ပြေသလိုလိုရှိနေစဉ်မှာပင် ဘော်ဘီ့ဆီမမျှော်လင့်တာတွေဖြစ်လာသည်။တကယ်တော့သူ့နာမည်အရင်းက ဘော်ဘီဂရင်းမဟုတ်ဘဲ အရင်မျိုးရိုးနာမည်မှာ အဖေဖြစ်သူမြို့တော်ရဲ့ရဲချုပ်ညွှန်ကြားရေးမှူးနဲ့ အစ်ကိုဖြစ်သူ ရဲအရာရှိတို့အတိုင်း ရူဇင်စကီဖြစ်လေသည်။သူ့အစ်ကိုမှာ မူးယစ်ဆေးဝါးနှိပ်နင်းရေးမှာတာဝန်ယူရစဉ် ရုရှားမူးယစ်ရာဇာတစ်ဖွဲ့နဲ့ ထိပ်တိုက်တွေ့တော့သည်။ ထိုအဖွဲ့က သူ့အစ်ကိုဖြစ်သူကိုလုပ်ကြံခဲ့ပြီး သူ့အဖေကိုပါကြံစည်နေတာကို သူ သိသွားတဲ့အခါ ရဲဌာနနဲ့ပူးပေါင်းပြီး မူးယစ်ဆေးဝါးမှုကို သူကိုယ်တိုင် ဘယ်လိုပေါ်အောင်လုပ်မလဲဆိုတာ ရင်ခုန်စိတ်လှုပ်ရှားစွာနဲ့ ကြည့်ရှုရမှာဖြစ်ပါတယ်။File size…(1.9GB)  / (`981GB) / (741.04MB) Quality…. Web 1080P / 720p / 480p Format…mp4 Duration….01:57:00 Genre...  Drama / Crime / ...
movie

We Own the Night(2007)

Music and Lyrics (2007) 6.5
Music and Lyrics (2007) Music and Lyrics (2007) ================== IMDb Rating - 6.5/10ဒီဇာတ်ကားကိုမကြည့်ခင် YouTube Spotify Apple music စတဲ့ပလက်ဖောင်းတွေမှာ Way back into love ဆိုတဲ့ သီချင်း ကို နားဆင်ခံစားကြည့်လိုက်ပါ၊ တကယ်လို့ အဲ့သီချင်းကိုမကြိုက် ခဲ့ရင်လည်း ဇာတ်ကားကိုတော့ ဆက်ကြည့်လိုက်ပါ။ နားထောင် ရတာကြိုက်ခဲ့ရင်တော့ စီးကရက်တစ်လိပ်နဲ့ ကော်ဖီတစ်ခွက်ယူပြီး ဆက်ခံစားကြည့်ကြဖို့ အကြံပေးပါရစေ။ဇာတ်လမ်းကမဆန်းပါဘူး musical romance လေးပါပဲ။ ဒါပေမဲ့ အချစ်ဆိုတဲ့အရာကိုက ဆန်းကြယ်နေခဲ့တာပါ။ အချစ်ကြောင့် အရာ ရာအဓိပ္ပာယ်ရှိသွားတယ်၊ အချစ်ကြောင့် အရာရာလှပနေခဲ့တယ်၊ အချစ်ဇာတ်လမ်းလေးတစ်ပုဒ်မှာ နားဆင်ခံစားဖို့သီချင်းကောင်းလေး တွေအပြင် သီချင်းစာသားတွေရဲ့နှလုံးသားကို ခံစားလို့ရမယ်။လူတိုင်းချစ်တတ်ကြမှာပါ၊ အချစ်မှာနောင်တတွေအမှားတွေရှိတယ်၊ အချစ်မှာကြီးကျယ်ခမ်းနားခြင်းတွေ အားအင်တွေရှိတယ်၊ အဲတော့ ဒီအချစ်ဇာတ်ကားလေးနဲ့အတူ အချစ်ကိုခံစားရင်း ကောင်မလေးရှိတဲ့ သူတွေက ကောင်မလေးကိုရိုပြပါ၊ FA တွေကလည်း စိတ်ကူးယဉ်ရင်း မျက်ရည်ကျပါ၊ တစ်ခေတ်တစ်ခါရဲ့ Charles'Angle ဒရူးဘယ်ရီမိုးက တော့ သင်တို့အားလုံးအား အချစ်အဓိပ္ပာယ်ကိုဖွင့်ဆိုပြမှာမို့ပါ။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Sai Thurein Lynn ဖြစ်ပါတယ်)File Size..........(2.13 GB) / (889 ...
movie

Music and Lyrics (2007)

2007
Spider-Man 3 (2007) 6.2
Spider-Man 3 (2007) ပထမဆုံး စပိုက်ဒါမန်း ဇာတ်လမ်းရဲ့ 2007 မှာထွက်ရှိခဲ့တဲ့ သုံးကားမြောက်ဇာတ်ကားဖြစ်သလို..သုံးကားထဲမှာအကောင်းဆုံးနဲ့နောက်ဆုံးကားလို့ပြောရမှာဖြစ်ပါတယ်..ဇာတ်လမ်းအညွှန်းကိုတော့မပေးတော့ဘူးနော်...အရင် ကား ၂ ကားလည်း တင်ပြီးသားမို့ ဒီဇာတ်ကားကိုသာဆက်လက်ကြည့်ရှုကြပါ...မင်သား Tobey Maguire ရဲ့ အော်ရဂျင်နယ် Spider Man ဇာတ်ကားတွေကို DS4K 1080p BluRay Quality နဲ့တင်ဆက်လိုက်ပါတယ်...1080p ဆိုပေမယ့် 4K ရုပ်ထွက်ထက် ပိုကောင်းတဲ့ Regrade Version မို့ DS4K Version ကိုသာ တင်ဆက်လိုက်ပါတယ်။ဘာသာပြန်လိုအပ်ချက်တွေရော သတ်ပုံတွေရော တတ်နိုင်သမျှပြန်ပြင်ထားတာမို့ အခု Version ကို ပြန်ဒေါင်းသိမ်းသင့်ပါတယ်။ File size…(2.8 GB)/(1.1 GB) Quality….BluRay DS4K HEVC 1080p / 720p Format…mkv/mp4 Duration….02:19:10 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Min Thet Oo
movie

Spider-Man 3 (2007)

August Rush (2007) 7.5
August Rush (2007) August Rush (2007)_____IMDb - 7.5/10     ဒါရိုက်တာ Kirsten Sheridan ရိုက်ကူးထားပြီး IMDb Rating 7.5 အထိ ရရှိထားတဲ့ Drama နဲ့ Music ရောစပ်ထားတဲ့ ဇာတ်ကားကောင်း တစ်ကားမို့ CM ချစ်သူများအတွက် မှတ်မှတ်ရရ တင်ပေးလိုက် ပါတယ်။ 2007 ခုနှစ်က ထွက်ရှိထားပြီး ကြည့်ရှုသူများအဖို့ ဇာတ်လမ်းအစကနေ အဆုံးထိ music ရသကို ခံစားစေရင်း ကလေးငယ်တစ်ယောက်ရဲ့ မိဘကိုမျှော်လင့်တောင့်တမှုနဲ့ စိတ်အားထက်သန်မှုတွေကို ခံစားမှုအပြည့်ပေး စွမ်းနိုင်တဲ့ ဒရမ်မာ ဇာတ်ကားကောင်းတစ်ကားပါ။ ဒီဇာတ်လမ်းမှာ ကလေးငယ်လေး အီဗန် ( Freddie Highmore ) ရဲ့ ဂစ်တာကို ကျွမ်းကျင်စွာတီးခတ်ပြသမှုကလည်း ကျွန်တော်တို့လို music ကို ရူးသွပ်သူအဖို့ ရုပ်ရှင်ကြည့်ရင်း ဂီတရသကို မက်မောစွာကြည့်ရှုနေမိစေတယ်။ အမှတ်မထင်တွေ့ရှိခဲ့တဲ့ လူးဝစ် နဲ့ လိုင်လာ တို့ရဲ့ မြင်မြင်ချင်း ချစ်သွားတဲ့ အချစ် . အဲ့ဒီညမှာပဲ ချစ်တင်း နှောခဲ့မှုနဲ့ တစ်ညလေးတွေ့ခဲ့တဲ့ လူနှစ်ယောက်ရဲ့ တစ်ယောက်အပေါ် တစ်ယောက် စွဲစွဲလမ်းလမ်း ချစ်ခင်မှုဟာ အရမ်းကိုအံ့သြစေပြီး ...
movie

August Rush (2007)

2007