Channel Myanmar

Bhagwan Tiwari

UnWoman (2023) 8
UnWoman (2023) UnWoman 2023 (မိန်းမ မဟုတ်သော မိန်းမတစ်ယောက်) IMDb -8/10ဘဝကို ရိုးရိုးပဲနေထိုင်နေတဲ့ ဘန်ဝါဆိုတဲ့ကောင်လေးတစ်ယောက်၊ သူတို့ရွာကတော့ မိန်းကလေးရှားလို့ အိမ်ထောင်မကျဘဲ လူပျိုကြီးတွေပဲ ပေါများလွန်းတဲ့ ရွာလေးပေါ့။ ဒီလိုနဲ့ နေလာရင်း ဘန်ဝါရဲ့ဦးလေးဖြစ်သူဟာ သူ့တူကို မိန်းမပေးစားချင်တာနဲ့ မိန်းမအဝယ်ထွက်ခဲ့ပါတော့တယ်။ဒီလိုနဲ့ မိန်းမရောင်းပေးတဲ့ အေးဂျင့်တစ်ယောက်နဲ့တွေ့ပြီး မိန်းမဝယ်ဖို့ဖြစ်လာရာကနေ ဆန်ဝရီဆိုတဲ့တစ်ယောက်နဲ့ တွေ့ခဲ့ပါတော့တယ်။ ဆန်ဝရီဆိုတာကတော့ ယောက်ျားလေးအဖြစ်ကနေ မိန်းကလေးဘဝကို ခံယူထားတဲ့သူတစ်ဦး၊ ပြောရရင်တော့ ဒွိလိင်တစ်ယောက်ပေါ့။ ဒီလိုလူမျိုးကို မိန်းကလေးပါဆိုပြီးတော့ ဘန်ဝါတို့ကို အေးဂျင့်က လိမ်ရောင်းလိုက်ရာကနေ ဆန်ဝရီဟာ ဘန်ဝါ့ဇနီးတစ်ယောက်အနေနဲ့ ဘန်ဝါတို့ရွာကို လိုက်ပါသွားရပါတော့တယ်။ဒီလိုနဲ့ မင်္ဂလာဦးညကို ဆင်နွှဲတဲ့အချိန်မှာပဲ ဘန်ဝါဟာ ဆန်ဝရီက မိန်းမတစ်ယောက်မဟုတ်ဘူးဆိုတာကို သိရှိသွားပြီးတဲ့နောက်မှာ ဘယ်လိုတွေဆက်ဖြစ်ကြမလဲ ...... ဆန်ဝရီရဲ့ ဘဝလေးဟာရော ဘာတွေဘယ်လိုဖြစ်ဦးမလဲ .... ဆိုတာတွေကို ကြည့်ရှုရမှာပဲဖြစ်ပါတယ်။(အညွှန်းနဲ့ ဘာသာပြန်ကတော့ Yunni~ BpL~ Alex~ ToMo တို့ပဲဖြစ်ပါတယ်) File size…2.1GB / 800MB Quality…WEB DL 1080p / 720p Format…mp4 Duration….1h 54mins Subtitle….Myanmar Subtitle (Hard ...
movie

UnWoman (2023)

2023
Behind Veils (2023) 6.3
Behind Veils (2023) Sir Madam Sarpanch (2023) "ဆိုရှယ်မီဒီယာပါးဝတဲ့ ဂူရူဒေ့ဗ်တို့ရွာ" IMDb-6.2/10National Film Award ဆုရှင်ကြီး Praveen Morchhale ရေးတဲ့ ရွာလေးတစ်ရွာရဲ့ ဟာသအဖုံဖုံနဲ့ ဇာတ်ကားလေးကိုတင်ဆက်ပေးလိုက်ပါတယ် ။ဆုံးသွားတဲ့ဖခင်ရဲ့ ဆန္ဒကြောင့် ဇာတိရွာမှာစာကြည့်တိုက်ဆောက်ပေးဖို့ပြန်လာခဲ့တယ် ရွာရောက်လို့ ဦးလေးဖြစ်သူ ဂူရူဒေ့ဗ်နာမည်နဲ့လိုက်စုံစမ်းရာကစ ရွာလည်တော့တာပဲ တစ်ရွာလုံးမှာ ဂူရူဒေ့ဗ်က လက်ညှိုးထိုးမလွဲဖြစ်နေတယ်တဲ့ အဘွားဖြစ်သူကလည်း ဆိုရှယ်မီဒီယာတွေနဲ့ အကျွမ်းတဝင်ရှိပြီး လက်ဖက်ရည်အစား အမြှုပ်ကော်ဖီတိုက်ပါတဲ့ စာကြည့်တိုက်အတွက် စာအုပ်တွေထားဖို့အတွက်နေရာရှာကြပြန်တော့ သူ့အဖေပိုင်ခဲ့ဖူးတဲ့အိမ်ဟာ ရွာလူကြီးတွေအပိုင်သိမ်းထားရာဖြစ်နေတယ် ဒီလိုနဲ့ ရွာလူကြီးဆီသွား မြေပြန်တောင်းရာက ၈ တန်းအောင်ရွာလူကြီးနဲ့ MBA ဘွဲ့ရ မြို့သူအန်နာတို့ ထိပ်တိုက်တွေ့လာချိန်မှာ....မြို့နဲ့အလှမ်းဝေးပေမဲ့ ဆိုရှယ်မီဒီယာတွေနဲ့ အလှမ်းမဝေးတဲ့ အတွေးစုံအမျိုးစုံ ရွာဒေသခံတွေကြား ဘယ်လိုဆက်ဖြစ်ကြမလဲ.....အညွှန်းနှင့်ဘာသာပြန်သူတွေကတော့ BpL ~ V ~ Alex ~ ToMo ~ Yunni တို့ပဲဖြစ်ပါတယ်( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >>https://t.me/cmbollywood ) File size…1.2GB / ...
movie

Behind Veils (2023)

2023
Masaan  (2015) 8.1
Masaan (2015) Masaan (2015) ******************** ဒီဇာတ်ကားလေးကတော့ Drama/Romanceအမျိုးအစား ဘောလိဝုဒ် ဇာတ်ကားလေးတစ်ကားဖြစ်ပြီး ပရိတ်သတ်အချစ်တော်မင်းသားကြီးတစ်ယောက်ဖြစ်တဲ့ ဗစ်ကီကောရှလ်နဲ့ Section 375 ရုပ်ရှင်ဇာတ်ကားမှာ တရားလိုရှေ့နေအဖြစ် ပါဝင်သရုပ်ဆောင်ထားတဲ့ ရစ်ချကျန်ဒါတို့က ပါဝင်အားဖြည့်ထားကြပါတယ်။ဒီဇာတ်ကားဟာ တခြားကြည့်နေကျ အချစ် ဟာသ စိတ်ကူးယဥ် သည်းထိတ်ရင်ဖို ဇာတ်လမ်းတော့မဟုတ်ပါဘူး။ အိန္ဒိယနိုင်ငံမှာရှိတဲ့ ဇာတ်နိမ့်တွေရဲ့ လက်တွေ့ဘဝကို ယှဥ်ပြပြီး အရိုးရှင်းဆုံးရိုက်ကူးထားတဲ့ ဇာတ်ကားကောင်းလေးပါ IMDB 8.1 ရရှိထားပြီးတော့ အကောင်းဆုံးရိုက်ကူးရေးနဲ့ ဇာတ်လမ်းဇာတ်ညွှန်းဆုတွေကိုလည်းရရှိထားတဲ့ဇာတ်ကားပဲဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်း ဒေဝီပတားက်ဟာ ကွန်ပြူတာဆရာမတစ်ယောက်ဖြစ်ပြီး သူ့ရဲ့တပည့်ဖြစ်သူ ပီးရူးရှ်နဲ့ ဟော်တယ်တစ်ခုမှာနှစ်ပါးသွားလေ့ရှိပါသတဲ့။ တစ်နေ့မှာတော့ ဟော်တယ်ဝန်ထမ်းတစ်ယောက်က သတင်းပေးလိုက်တဲ့အတွက် ရဲကို သတင်းပေးလိုက်တဲ့အတွက် ရဲတွေရောက်လာတော့တာပေါ့။ ရဲဖမ်းခံရမှာကြောက်တဲ့ ပရူးရှ်ဟာ ရေချိုးခန်းထဲဝင်ပြေးပြီး သူ့ကိုယ်သူအဆုံးစီရင်သွားခဲ့ပါတယ်။ပီရူးရှ်ကို သတ်သေအောင် ဒေဝီကအကြပ်ကိုင်ပါတယ်ဆိုပြီး သတင်းမပြန့်‌စေချင်ရင် ရူပီ ၃သိန်း ပေးရမယ်လို့ ရဲက ဒေဝီ့အဖေ‌ကိုပြောပါတယ်။ ဘာမှဝင်လမ်းကောင်းကောင်းမရှိတဲ့ သားဖနှစ်ယောက် ဒီငွေ ၃သိန်းကို ဘယ်လိုပေးကြမှာလဲ ... ဘယ်လိုအခတ်ခဲအတားအဆီးတွေက စောင့်ကြိုနေမလဲ .... ဆိုတာတွေကိုတော့ ဇာတ်ကားထဲမှာပဲ ကြည့်ရှုပေးကြပါလို့ .... ကြည့်ဖူးတဲ့သူတိုင်း နောင်တမရတဲ့ကားလေးဆိုရင်လည်းမမှားပါဘူး ဒါကြောင့်မလို့ လုံးဝလက်လွတ်မခံသင့်ပါကြောင်း . File size…1.8GB / 728MB Quality…1080p BluRay / ...
movie

Masaan (2015)

2015
Court Martial(2020) 7.0
Court Martial(2020) Court Martial(2020)အိန္ဒိယတပ်ရင်းတစ်ရင်း စုံစမ်းစစ်ဆေးရေးခုံရုံးတစ်ခုမှာ အရာရှိကြီးပေါင်းများစွာနဲ့ခုံရုံးတင်စစ်ဆေးမှုပြုလုပ်နေတယ်....အကြောင်းက တပ်ရင်းရဲ့ကင်းစခန်းရှေ့မှာဆိုင်ကယ်နဲ့ဖြတ်မောင်းသွားတဲ့ အရာရှိ(၂)ဉီးကို ကင်းသမားက သတိပေးချက်တွေမပြုလုပ်ပဲ ပစ်ချလိုက်လို့ဖြစ်ပါတယ်...အရာရှိတစ်ဉီးပွဲချင်းပြီးဆုံးသွားတဲ့အပြင် တစ်ဉီးကတော့ အသက်လုနိုင်လိုက်လို့ ကံကောင်းထောက်မစွာအသက်ရှင်နိုင်ခဲ့တယ်...ဒီဖြစ်စဉ်က တကယ်တော့ တော်တော်ကြီးကိုဆိုးတဲ့အမှုပါပဲ...မိမိတပ်ဖွဲ့တူခြင်းဖြစ်တဲ့အပြင် သေဆုံးမှုပါဖြစ်လေတော့ ကင်းသမားကို အကြီးအကျယ်စွဲချက်တွေနဲ့ပေါ့...ကင်းသမားကရော ဘာ့ကြောင့်ပစ်ခဲ့တာလဲ...တခြား ဘယ်လို စစ်စည်းကမ်းတွေရှိလဲ....သူနဲ့အပေါင်းပါတွေရှိသေးလား..တကယ့်ဖြစ်စဉ်အမှန်ကရောဘာလဲ...ဒီကားက သီချင်းတွေဘာတွေလုံးဝမပါတဲ့အပြင် ဇာတ်လမ်းစစချင်းကို တော်တော်စိတ်ဝင်စားစရာကောင်းတယ်...ဘာတွေဆက်ဖြစ်မလဲဆိုတာကိုတော့ ခံစားကြည့်ြကပါ...ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Thaik Sanပဲဖြစ်ပါတယ်....File Size : (900 MB) and (422MB) Quality : WEB-DL 720p Format…mp4 Duration…02:00:00 Genre : Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Thaik Sa
movie

Court Martial(2020)

Special 26 (2013) 8.0
Special 26 (2013) အားလပ်ချိန်မှာ ပေါ့ပေါ့ပါးပါးလေးနဲ့ Bollywood ဇာတ်ကားကောင်းကို ကြည့်ရှုခံစားချင်ရင်တော့ IMDB 8/10 အထိရရှိထားတဲ့ ဒီဇာတ်ကားလေးကို မိတ်ဆက်ပေးပါရစေ။ဒီဇာတ်ကားမှာတော့ အဂျေး နဲ့ အပေါင်းအပါတွေရဲ့ လိမ်လည်မှုပညာ တွေကို အဓိက တင်ဆက်ထားပြီး လူလိမ်နဲ့ ရဲကြား အားပြိုင်မှုကို ဖော်ပြထားပါတယ်။ဒီနေရာမှာ အဂျေးနဲ့ အပေါင်းအပါတွေဟာ ခေသူတွေမဟုတ်ပါဘူး။ဝန်ကြီးချုပ်ကိုတောင် လိမ်လည်နိုင်စွမ်းရှိခဲ့သူတွေပါ။သူတို့တွေ ဘယ်သူတွေကို ဘယ်လို လိမ်ခဲ့ကြမှာလဲ။ရဲတွေလက်ကနေ ဘယ်လောက် ဖောက်ထွက်နိုင်မလဲ / အလွန်တော်တဲ့ စုံထောက်တွေကရော ဖမ်းဆီးနိုင်မလား ဆိုတာ ရင်ခုန်ခံစားရမှာပါ။အဂျေး အဖြစ် မင်းသားကြီး အရှေးကူးမားက ပါဝင်သရုပ်ဆောင်ထားပြီး Bollywood ဇာတ်ကားကောင်းတို့၏ ထုံးစံအတိုင်း ပဥ္စလက်ဆန်ဆန် လှည့်ကွက်တွေနဲ့ ဆွဲဆောင်သွားစေမှာ ဖြစ်လို့ ကြည့်ရှုအားပေး ခံစားကြည့်ကြစို့လားခင်ဗျာ။File Size         : 1 GB Quality           : Blu ray 720P Running Time : 2hr ...
movie

Special 26 (2013)

2013
A Wednesday! (2008) 8.1
A Wednesday! (2008) A Wednesday! (2008) IMDb- 8.1/10_____Rotten - 89%   "လူသားစစ်မှန်ခဲ့ရင် ဇီဝန်ခြွေတဲ့ အလုပ်ကို သာယာနေမှာမဟုတ်ဘူး " ဒါမှမဟုတ် အဲ့ဒီစကားပြောခဲ့တဲ့ဗုဒ္ဓဟူးနေ့လေးတစ်နေ့°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°နိုင်ငံတစ်နိုင်ငံ၏ တရားရေးကို သဘောမကျရင် ကိုယ်တိုင်စီရင်ပစ်ရမည်ဟု ဒီဇာတ်ကားလေးနဲ့ ပြောခဲ့ချင်ပုံရသည်။ထို့သို့အတိုင်းပင် အိန္ဒိယ၏ ဇာတ်ကားတော်တော်များများသည် တည့်မတ်စေလိုသော သဘောတရားအရင်းခံရင်း တရားရေးမဏ္ဍိုင်ကို ကြုံရင်ကြုံသလိုသရော်လိုက်ကြသည်။ ဤကားသည် ထို့သို့အတိုင်းပင်။ ဤဇာတ်ကား၏ အရှိန်သည် အစ၌ပင် စ၍ အဆုံးပြီးမှ ဆုံးလိုက်သည့် ရစ်သမ်ညီသည့်ဇာတ်မျိုးဖြစ်သည်။ IMDB - 8.1 အထိ ရရှိထားပြီး ဝေဖန်ရေး အရလည်း တော်တော်အောင်မြင်ခဲ့သည့် ကားမျိုးဖြစ်သည်။ဇာတ်လမ်း အကျဉ်းအားဖြင့် ဆိုသော် တစ်နေ့သော ဗုဒ္ဓဟူး နေ့လေးတွင်သာ ဖြစ်ပျက်ခဲ့၏။ ထိုနေ့လေးတွင် ရဲကော်မရှင်နာရာဟိုးလ် ထံသို့ အမည်မသိ ဖုန်း တစ်ခု ဝင်လာသည်။ အမည် ကို A ဟု သတ်မှတ်ပါစို့။ A ...
movie

A Wednesday! (2008)

2008