Channel Myanmar

Bill Nye

To End All War: Oppenheimer & the Atomic Bomb (2023) 7.5
To End All War: Oppenheimer & the Atomic Bomb (2023)  IMDb -7.5, RT - 91% ဒုတိယ ကမ္ဘာစစ်လို့ ပြောလိုက်ရင် အရင်ဆုံး ဟစ်တလာကြီးရဲ့ နာဇီအင်ပါယာကြီးကို ပြေးမြင်မိကြမယ်လို့ ထင်ပါတယ်။ ဒုတိယကမ္ဘာစစ်ရဲ့ အဆုံးသတ်လို့ ပြောလိုက်ရင်လည်း ဂျပန်အင်ပါယာကြီးရဲ့ ဟီရိုရှီးမားနဲ့ နာဂါဆာကီ၊ မြို့ နှစ်မြို့အဏုမြူဗုံး ကြဲချခံခဲ့ရတာနဲ့ အဆုံးသတ်သွားတာကို ပြေးမြင်မိကြမယ် ထင်ပါတယ်။ ယခု ဒီdocumentaryက ဒုတိယ ကမ္ဘာစစ်ကို အဆုံးသတ်စေခဲ့တဲ့ အဏုမြူဗုံးကို တီထွင်ခဲ့တဲ့ ဒေါက်တာ ဂျေ ရော့ဘတ် အော့ပန်ဟိုင်းမားရဲ့ ဇာတ်ကြောင်းကို documentaryအနေနဲ့ ရှု့စားရမှာ ဖြစ်ပါတယ်။ ရှေ့တလောတုန်းက Christopher Nolanရဲ့ လက်ရာဖြစ်တဲ့ Oppenheimer Biopicကို တင်ဆက်ခဲ့ပါတယ်။ ယခု ဒီdocumentaryဇာတ်လမ်းထဲမှာ အော့ပန်ဟိုင်းမားရဲ့ POVကနေ မဟုတ်ဘဲနဲ့ အော့ပန်ဟိုင်းမားနဲ့ အလုပ်တွဲလုပ်ခဲ့ဖူးကြတဲ့ တကယ့်အပြင်က လူတွေက အော့ပန်ဟိုင်းမားရဲ့ ဇာတ်ကြောင်းကို ပြောပြနေဟန်နဲ့ သရုပ်ဖော်ရိုက်ကူးထားပါတယ်။Christopher ...
movie

To End All War: Oppenheimer & the Atomic Bomb (2023)

Bliss (2021) 5.4
Bliss (2021) Bliss (2021)==========ကိုယ့်အသွေးအသားခန္ဓာကိုယ်ကိုသုံးကုန်တစ်ခုလို အသုံးချခံနေရတဲ့ ပြည့်တန်ဆာမလေးနှစ်ယောက်ရဲ့အချစ်ဇာတ်လမ်းလေးတစ်ပုဒ်... ကိုယ်ပိုင်ပျော်ရွှင်မှုပျောက်ဆုံးနေတဲ့သူတို့နှစ်ယောက်ကြားမှာ သူတို့အတွက် ပျော်ရွှင်မှုဆိုတာဖြစ်လာနိုင်တာကိုသိလာရတဲ့နောက်.. ကိုယ်စီအဓိပ္ပါယ်နဲ့ပျော်ရွှင်မှုတွေနောက်ကိုရှာဖွေကြတဲ့သူတို့နှစ်ယောက်ရဲ့ ဇာတ်လမ်းက မိသားစုနဲ့အတူ မကြည့်သင့်တဲ့အခန်းတွေပါဝင်တာမလို့ သူငယ်ချင်း အပေါင်းအဖော်(၁၈)ယောက်အရင်စုပြီးမှကြည့်ရှုကြပါလို့ သတိပေးတင်ဆက်လိုက်ရပါတယ်။ (ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Chit Tee ဖြစ်ပါတယ်။)File Size - (2.51 GB) / (1.27 GB) / (619 MB) Quality – WebDL - (1080p) / (720p) / (480p) Duration - 2hr 16min Subtitle – Myanmar Hardsub Format – MP4 Genre : Drama, Sci-Fi Translator – Chit Tee Encoder – San Win Maung
movie

Bliss (2021)

2021
Mank (2020) 7.4
Mank (2020) Mank (2020)============IMDb Rating - 7.4/10#Unicodeမနှစ်ကတင် Tarantinoက ဟိုးအရင် ဟောလိဝုဒ်ကို တမ်းတတဲ့ရုပ်ရှင်တစ်ကား ထွက်ထားပါတယ်။ ဒီနှစ်တော့ David Fincher အလှည့်ပါပဲ။ Mankရဲ့ ဒါရိုက်တာ David Fincherကိုတော့ အတော်များများသိကြမှာပါ။FightClub , Gone Girl, Seven, Zodiacတို့လို နာမည်ကျော်ကားတွေနဲ့ နာမည်ကျော်ပါတယ်။ အခု Mankရဲ့ ဇာတ်ညွှန်းကိုရေးထားတာက သူ့အဖေ Jack Fincherပါ။ ဒီရုပ်ရှင်ကို Jackဟာ သူ့အရင်ရွှေခေတ်ကိုတမ်းတသမှုနဲ့ 1990ကတည်းကစ ဇာတ်ညွှန်းရေးခဲ့ပေမယ့် အထမမြောက်ခဲ့ပါဘူး။လွန်ခဲ့တဲ့နှစ်သုံးဆယ်က မြစ်ဖျားခံတဲ့ ဟောလိဝုဒ်ရွှေခေတ်တမ်းတမှုဟာ နောက်ထပ်ခေတ်တစ်ဆက်ခြားပြီးတဲ့ ဟောလိဝုဒ်ရဲ့ခေတ်မဟုတ်တော့တဲ့ခေတ်မှာ ထွက်လာခဲ့ပါပြီ။ဇာတ်အိမ်ရော ‌ဇာတ်လမ်းနာမည်ရောက လူတစ်ယောက်တည်းပေါ်ပဲ အခြေပြုထား တယ်။ အဲ့ဒီလူက ဇာတ်ညွှန်းရေးဆရာ မန့်ခ်ပါ။ သူအကြောင်းဆိုတာက သူလုပ်ခဲ့တဲ့ ရုပ်ရှင် ကုမ္ပဏီအကြောင်း၊ သူအော်စကာရခဲ့တဲ့ ဇာတ်ညွှန်းကိုရေးခဲ့တဲ့အကြောင်းတွေ။ တစ်ချိန်လုံးဘာမှမလုပ်ဘဲ ဥက္ကဌတောင်းကာမှ နှုတ်တန်းဇာတ်ညွှန်းတစ်ခုကို တစ်ယောက် တစ်ကြောင်းကောက်ရေးကြတာတဲ့ အကြောင်းတွေ။ဟောလိဝုဒ်လောကက သူဌေးတွေနဲ့ သူတို့လိုဇာတ်ညွှန်းရေးဆရာတွေရဲ့ ဆက်ဆံရေးတွေပါပဲ။။ဇာတ်ကားက အေးပေမယ့်လည်း ဒီအခန်းတွေက တကယ်အားရစရပါပဲ။အေးစက်တဲ့ရုပ်ရှင်ပေမယ့် ရုပ်ရှင်က အချိန်အစဉ်လိုက်မဖြစ်တော့ သူ့ဘ၀ကို ကျွန်တော့်တို့အတွေးထဲမှာ ပုံပြန်ဖမ်းယူရတဲ့ အလုပ်ကို ဒါရိုက်တာက ပေးထားတယ်။ တစ်ခုရှိတာက ဒီအစဉ်လိုက် ဖြစ်‌မနေမှုအတွက် ဇာတ်ညွှန်းကို သူတော်တော်နိုင်ပါတယ်။ မန့်ခ်ရဲ့ ခါးသက်တဲ့ နေ့တွေကို ကနဦးမှာကတည်းက ထည့်သွင်းထားပေမယ့် ခါးသက်တယ်မထင်ရအောင် သေချာထည့်ထားတာပါပဲ။ အမှတ်မထင်ထည့်ထားတဲ့ တစ်ချို့ဟာသတွေကလည်း ခိုးခနဲခွက်ခနဲရယ်ရနေတာမဟုတ်ပေမဲ့ ဖြစ်တတ်တဲ့သဘာ၀လေးကိုပဲ သဘောကျမိစေတာမျိုးတွေပါ။ရုပ်ရှင်ဓာတ်ပုံပညာကလည်း ကျွန်တော်ဆို leaked photoတွေ ထွက်လာကတည်းက သဘောကျမိတာတွေတောင်ရှိတော့ အထွေအထူးပြောစရာမလိုပါဘူး။ ဂန္တ၀င်ရုပ်ရှင်ကားတွေများစွာကို ထုတ်ပေးခဲ့တဲ့ ဟောလိဝုဒ်ရဲ့ ရွှေရောင်အတိတ်နေ့တွေကိုရော ဂန္တ၀င်ကားတစ်ကားကို ဇာတ်ညွှန်း ဖန်တီးခဲ့ပုံကိုရော Mankမှာ သေချာပုံဖော်ပေးသွားပါတယ်။ရုပ်ရှင်ထဲက မန့်ခ်ကတော့ လူတစ်ယောက်ရဲ့ ဘ၀တစ်သက်တာကို ၂နာရီဆိုတဲ့အချိန်အတွင်းမှာ အမိအရရိုက်ပြလို့မရဘဲ အဲ့ဒီလူရဲ့ ခံစားမှုသွင်ပြင်တစ်ခု ထင်ကျန်နေအောင်ပဲလုပ်ပြလို့ရမယ်ဆိုတယ်။ ဒါဆိုရင်‌တော့ Grey Oldmanရော David နဲ့ ...
movie

Mank (2020)

2020
Bliss (2021) 5.3
Bliss (2021) Bliss (2021) ******************(IMDb 5.3)ဇတ်လမ်းအညွှန်းBliss ဇာတ်ကားလေးက ၂၀၂၁ မှာထွက်ရှိထားတဲ့ ကားသစ်လေး ဖြစ်ပါတယ် IMDbမှာ rating 5.3 ရရှိထားပြီး နာမည်ကြီးမင်းသား Owen Wilson ပါဝင်ထားတဲ့ အချစ် Drama ဇာတ်ကားလေးပဲဖြစ်ပါတယ်Bliss ဇာတ်လမ်း ကတော့ ကွာရှင်းထားခံရပြီး ဂရတ်ဟာ သူတစ်ခါမှ မရောက်ဖူးတဲ့ နေရာတွေကို အတွေးထဲမှာ အမြဲပေါ်နေတတ်ပြီး ရင်းနှီးနေသလို ခံစားနေရတယ်..လုပ်သမျှ အဆင်မပြေဖြစ်ကာ အလုပ်ကနေအထုပ်ခံလိုက်ရတဲ့အချိန်မှာ လမ်းပေါ်မှာနေပြီး ထူးဆန်းတဲ့ အမျိုးသမီး တစ်ယောက်နဲ့ တွေ့ဆုံမိခဲ့တယ်... သူမ နာမည်က အစ်စဘဲလ် အစ်စဲဘဲလ်နဲ့ တွေ့ဆုံရပြီး သူမသိရသေးတဲ့ အကြောင်းအရာတွေ သူနေထိုင်ရာ ကမ္ဘာကြီးရဲ့ လှို့ဝှက်ဆန်းကျယ်မှုတွေကို သိလိုက်ရတယ်ဒါပေမဲ့ အစ်စဲဘဲလ် ပြောပြတာကကော တကယ်လား... လမ်းဘေးမှာနေတဲ့ အစ်စဲဘဲလ်ရဲ့ စကားတွေကြောင့် မရှိတာကို ရှိတယ်လို့ ထင်နေမိမလား... တကယ်သူတို့နေတဲ့ ကမ္ဘာကြီးကကော ဘယ်မှာရှိတာလဲ ... ဒီဇာတ်လမ်းထဲလေးက လောကကြီးမှာ တစ်ချိန်တည်းမှာ နောက်ကမ္ဘာကြီးကို ခံစားနိုင်တဲ့ ဖန်တီးသူ ၂ ယောက်ရဲ့ အချစ်ဇာတ်လမ်းလေးကို အခြေခံပြီး ...
movie

Bliss (2021)

2021
Happy Halloween Scooby-Doo! (2020) 6.7
Happy Halloween Scooby-Doo! (2020) Happy Halloween Scooby-Doo! (2020)=============================IMDb Rating - 6.7/10#Unicodeအောက်တိုဘာ 2 ရက်နေ့မှစတင်ဖြန့်ချီတဲ့ စကူဘီ-ဒူး ဇာတ်ကားလေးပဲဖြစ်ပါတယ်။မေလကထွက်တဲ့ Scoob အပြီးမှာထပ်ထွက်တဲ့ 35th Animated Movie ဖြစ်ပါတယ်။2018 ကထွက်ခဲ့တဲ့ Batman နဲ့ Crossover အပြီး နောက်ထပ် Link ချိတ်ထားတဲ့ကားပါခင်ဗျ။ဘာလို့လဲဆို ဆြာဘတ်ရဲ့ ရန်သူတော်ကြီးစာခြောက်ရုပ် ကရိန်းပါဝင်ထားလို့ပါပဲ။ ထုံးစံအတိုင်းပဟေဠိဖော်သူများအဖွဲ့က ဟောလိုးဝင်းမှာ ပဟေဠိတစ်ခုကိုဖော်ထုတ်ရင်း စာခြောက်ရုပ်နဲ့တည့်တည့်တိုးခဲ့ရပါတယ်။ စာခြောက်ရုပ်ကိုဖမ်းနိုင်ခဲ့ပြီး အောင်ပွဲခံချိန်မှာပဲ စကူဘီအဖွဲ့ရဲ့ အကုန်သွတ်၂ ကောင်ဖြစ်တဲ့ စကူဘီနဲ့ ရှက်ဂီတို့နှစ်ယောက် ဟောလိုးဝင်းမှာ မုန့်လိုက်တောင်းရင်း ဖရဲသီးသရဲကြီးနဲ့ပက်ပင်းတိုးခဲ့ရပါတယ်။ ထုံးစံအတိုင်း သုတ်ခြေတင်ပြီး အဖွဲ့ကိုပြော လူတွေကိုပြောပေမဲ့ဘယ်သူမှမယုံကြဘဲ သူတို့နှစ်ကောင်သာအရူးဖြစ်ခဲ့ရပါတယ်။ ဒါပေမဲ့ ဒီပုစ္ဆာဟာ ပဟေဠိဖော်သူများရဲ့ ဉာဏ်ကြီးရှင်ဖြစ်တဲ့ ဗယ်မာကိုယ်တိုင်တောင် မတွေးတတ်အောင် ပဟေဠိဆန်လွန်းပြီး တကယ့်လက်တွေ့ဖြစ်ပျက်နေတော့ အားလုံးအခက်ကြုံခဲ့ရပါတော့တယ်။ ဒီတစ်ခေါက် ဖရုံသီးသရဲပဟေဠိကို စကူဘီတို့အဖွဲ့ဘယ်လို ဘယ်လိုဒုက္ခတွေရောက်ကြမလဲဆိုတာနဲ့  ...
movie

Happy Halloween Scooby-Doo! (2020)

2020