Channel Myanmar

Bill Paterson

Arthur’s Whisky (2024)
Arthur’s Whisky (2024) Arthurs Whisky [2024]အာသာဆိုတဲ့ အဖိုးကြီးတစ်ယောက် ငယ်ရွယ်နုပျိုဆေးဖော်ပြီးကာမှ မိုးကြိုးပစ်လို့ ဆုံးပါသွားရှာပါတယ်... ဒီတီထွင်နိုင်ခဲ့မှုကို ဇနီးသည်ဖြစ်သူ ဂျုန်း မသိရှိခဲ့ပါဘူး... ဒီလိုနဲ့ ဂျုန်းရဲ့ ပူဆွေးမှုတွေကို ဖြေသိမ့်ဖို့ လင်ဒါရယ် ဆူဇီရယ် လက်ဖက်ရည်လာသောက်တဲ့ တစ်ရက်သားမှာ အာသာ့အလုပ်ဂိုဒေါင်ကို ရှင်းလင်းဖို့ ဆုံးဖြတ်လိုက်ကြပါတော့တယ်... ဂိုဒေါင်ထဲကနေ ဝီစကီပုလင်းတွေ ရှာတွေ့တာမို့ ဂျုန်းဟာ အင်မတန်အံ့အားသင့်ခဲ့ရပါတယ်... အကြောင်းကတော့ အာသာဟာ ဝီစကီဆို အနံ့တောင်မခံနိုင်သူမို့ပါပဲ... ဒိလိုနဲ့ သူတို့ သူငယ်ချင်း ၃ယောက် အာသာ့ရဲ့ အဖိုးတန်ပုလင်းတွေကို ဖွင့်ဖောက်သောက်သုံးရင်း စကားတပြောပြောနဲ့ အိပ်ပျော်သွားကြပါတယ်... သူတို့ ပြန်လည်နိုးထလာတဲ့အခါမှတော့ သူတို့အားလုံး ငယ်ရွယ်နုပျိုလို့ နေပါတယ်... ဒီလို ဖြစ်ရခြင်းဟာ အာသာ့ဝီစကီကြောင့်လို့ သိရှိရပြီးတဲ့နောက် လူငယ်ဘဝတုန်းက သူတို့ လုပ်ချင်တဲ့ သူတို့ မလုပ်ခဲ့ရတဲ့ အရာတွေကို တစ်ခုချင်းစီ သွားရောက်လုပ်ကိုင်တဲ့အကြောင်း ရိုက်ကူးတင်ဆက်ပြသထားတာပဲ ဖြစ်ပါတယ်ခဗျာအညွှန်း နဲ့ ဘာသာပြန်ကတော့ Tun Aung Kyaw ပဲ ဖြစ်ပါတယ်။Genre..... Drama, Fantasy Quality…. 1080p | ...
movie

Arthur’s Whisky (2024)

2024
Spice World (1997)
Spice World (1997) Spice World (1997) ရုပ်ကလည်းဖြောင့် ကစားတာလည်း ရှယ်တော်တဲ့ ကမ္ဘာကျော်ဘောလုံးသမား ဒေးဗစ်ဘက်ခမ်းရဲ့ မိန်းမဖြစ်သူဗစ်တိုးရီးယားဆို တော်တော်များများ သိကြမယ်ထင်ပါတယ်။ ကျွန်တော်တို့ အရင်က ၉၀ ကာလတွေမှာ သူပါဝင်ခဲ့တဲ့Girl band တစ်ခုဖြစ်တဲ့ ဗြိတိသျှအခြေစိုက် Spice Girls အဖွဲ့ဆိုတာအမျိုးသမီးကိုယ်စားပြု စာသားသီချင်းတွေနဲ့ အတော်နာမည်ကြီးခဲ့ပါတယ်။ဒီဇာတ်ကားလေးကတော့ သူတို့ Spice Girls အဖွဲ့အနေနဲ့ပဲပါဝင်သရုပ်ဆောင်ထားပြီး ၂ ထပ်ပါ လန်ဒန်ဘတ်စ်ကားကြီးနဲ့အင်္ဂလန်တလျှောက် လျှောက်ပတ်သွားရင်း ဆူပူကြိမ်းမောင်းနေတဲ့မန်နေဂျာနဲ့ ရန်ဖြစ်ရတာတွေ မနာလိုတဲ့လူတွေက ပါပါရာဇီငှားပြီးလိုက်အရှက်ခွဲဖို့ လုပ်တာတွေ နာမည်ကျော်ဘဝရောက်တော့သာမန်ဘဝလိုမျိုး နေထိုင်ဖို့ အချိန်မပေးနိုင်တာတွေပရိတ်သတ်တွေနဲ့ စွန့်စားခန်း လုပ်ကြတာတွေကို ရိုက်ကူးထားတဲ့ဇာတ်ကားလေးပါ။ ဂျိန်းစ်ဘွန်းအဖြစ် သရုပ်ဆောင်ဖူးတဲ့ ရော်ဂျာမိုးတောင်ဧည့်သည်သရုပ်ဆောင်အဖြစ် ပါဝင်ထားပါသေးတယ်။  File size…    3.3 GB /  1.3 GB Quality… Web-DL 1080p / 720p Format… mp4 Duration…. 1h 33m Genre ..... Comedy/Music Subtitle…. ...
movie

Spice World (1997)

1997
Kingdom of Heaven (2005) Director’s Cut Roadshow Version 7.2
Kingdom of Heaven (2005) Director’s Cut Roadshow Version Kingdom of Heaven (2005) Director's Cut Roadshow VersionIMDb Rating (7.2)နှစ်ပေါင်း ၂၀၀ ကျော် ကြာမြင့်ခဲ့တဲ့ ခရစ်ယာန်-မူဆလင် ခရူးဆိတ်စစ်ပွဲကြီးတွေအတွင်းက ကာလ တစ်ခုကို အခြေခံထားတဲ့ နာမည်ကျော်ရုပ်ရှင်တစ်ခုဖြစ်ပါတယ်။ သမိုင်းရုပ်ရှင်နဲ့သိပ္ပံစိတ်ကူးယဉ်လောကရဲ့ ဆရာကြီးတစ်ပါးဖြစ်တဲ့ Sir Ridley Scott ရိုက်ကူးထားတာဖြစ်ပါတယ်။ Ridley Scott ရဲ့လက်ရာတွေကိုတော့ လူတိုင်းအနည်းဆုံး တစ်ကားလောက်တော့ ရင်းနှီးကြမှာပါ၊ Blade Runner, Alien, Gladiator, Thelma & Louise, Hannibal, Black Hawk Down, The Martian နဲ့ ယခုရုံတင်နေတဲ့ Napoleon အပါအဝင် နာမည်ကြီးရုပ်ရှင် တစ်ရာကျော်ရိုက်ခဲ့ပါတယ်။ ရုပ်ရှင်လောကမှာရတဲ့အောင်မြင်မှုကြောင့် ဆာဘွဲ့ပါ ရခဲ့တဲ့သူလည်းဖြစ်ပါတယ်။အဓိက ဇာတ်ဆောင်အဖြစ် အော်လန်ဒိုဘလွန်း၊ အီဗာဂရင်းတို့ပါဝင်ထားပြီး မင်းသားကြီး လီယန်နီဆန်လည်း ဇာတ်ပို့အဖြစ်ပါဝင်ထားပါသေးတယ်။ ဒီရုပ်ရှင်ကို ရုံတင်ဗားရှင်း(Theatrical ...
movie

Kingdom of Heaven (2005) Director’s Cut Roadshow Version

2005
4K HEVC
Amazing Grace(2006) 7.4
Amazing Grace(2006) Amazing Grace(2006)*********************IMDB...7.4၁၇ရာစုနှစ်အလယ်ပိုင်းလောက်က ကမ္ဘာကြီးမှာ ကိုလိုနီနယ်မြေတွေ၊အင်ပါယာတွေကြောင့်ကျွန်ကူးသန်းရောင်းဝယ်ရေးဆိုတာ ပေါ်ထွန်းလာခဲ့ပြီး အဓိကအချက်ကတော့ လုပ်ခသက်သာတာရယ် စိုက်ပျိုးရေးလုပ်ငန်းအမျိုးမျိုးအတွက် ခေါင်းပုံဖြတ်လို့ရတာတွေကြောင့်ပါ။ ဒီထဲမှာမှ ဗြိတိန်အင်ပါယာဟာလည်း ကိုလိုနီနယ်မြေတွေမှာ ကြံပင်၊ကော်ဖီပင်စတဲ့စိုက်ပျိုးရေးတွေလုပ်ပြီး တိုင်းပြည်စီးပွားရေးအတွက် ကျွန်တွေအပေါ်မှီတည်ထားပါတယ်။ ၁၈ရာစုနှစ်အ‌ရောက်မှာတော့ William Wilberforceဆိုတဲ့ ဗြိတိန်ပါလီမန်အမတ်တစ်ဦးဟာကျွန်ကူးသန်းရောင်းဝယ်မှုကို ဖျက်သိမ်းဖို့ ဦးဆောင်လှုပ်ရှားခဲ့ပြီး ဒီဇာတ်လမ်းဟာ သူ့ရဲ့ကြိုးစားအားထုတ်မှုတွေ၊ ကျွန်စနစ်အပေါ် အဲ့ခေတ်ကပါလီမန်အမတ်တွေရဲ့အမြင်၊ လူထုအမြင်တွေကို သိသာအောင်ရိုက်ကူးပြထားတာပါ။ စနစ်တစ်ခု ပြုပြင်ဖို့ ဖျက်သိမ်းဖို့ လွှတ်တော်မှာတင်ပြကြတဲ့အခါ လက်ခံတဲ့သူတွေရှိသလိုဒီစနစ်ကနေအကျိုးအမြတ်ရနေသူတွေကတော့ ကန့်ကွက်ကြမှာပါပဲ။ ဒါဟာ ဖြစ်နေကျ နိယာမပါပဲ။ ဒါကို William Wilberforceဦးဆောင်တဲ့လူတစ်စုကအကြိမ်ကြိမ်ကျရှုံးရင်း ဘယ်လိုရင်ဆိုင်သွားကြလဲဆိုတာ ဇာတ်ကားထဲမှာကြည့်ရှုနိုင်ပါပြီ။ သရုပ်ဆောင်တွေအနေနဲ့ အားလုံးသိပြီးသားဖြစ်တဲ့ Fantastic Four မင်းသား Ioan Gruffuddကအဓိကဇာတ်ဆောင်နေရာကပါဝင်ထားပြီး Doctor Strange မင်းသားBenedict Cumberbatchလည်းပါဝင်သရုပ်ဆောထားပါတယ်..File Size :(3.07GB) and (1.01GB) Quality : Blu-Ray 720p Format…mp4 Duration…01:48:00 Genre : Biography, Drama , History Subtitle : Myanmar Subtitle (Hard ...
movie

Amazing Grace(2006)

Marionette (2020) 5.9
Marionette (2020) Marionette (2020)==============ဒီကားလေးကတော့ Thriller အမျိုးအစားပြင်သစ်ဇာတ်ကားကောင်းလေးပါ။ ရုပ်သေးရုပ်လိုမျိုးဘဝတွေဟာကြိုးဆွဲရာကနေရတယ်ဆိုတာလေးလဲပေါ်လွင် အောင်ရိုက်ပြထားပြီးဇာတ်လမ်းလှည့်ကွက်လေးတွေနဲ့ The Six Sense ကားလိုမျိုး အဆုံးသတ်မှာလှည့်ကွက်အကြီးကြီးနဲ့စိတ်ဝင်စားဖို့အရမ်းကောင်းပါတယ်။ဇာတ်လမ်းအကျဉ်းလေးကတော့ ဘဝသစ်ကိုစတင်ဖို့အတွက် ကလေးစိတ်ရောဂါ အထူးကုဆရာဝန်မဟာ စကော့တလန်ကိုပြောင်းလာပြီးနောက် သူမရဲ့ယောကျာ်း Accidentကြောင့်ဆုံးပါးသွားခဲ့တယ် ။ မကြာခင်မှာပဲထူးထူးဆန်းဆန်း ဆယ်နှစ်သား အရွယ်ကောင်လေးတစ်ယောက်ကို ကုသပေးနေရာမှ အဲ့ဒီကောင်လေးဆွဲထားတဲ့ ပုံတွေက အနာဂတ်ကိုကြိုတင်ခန့်မှန်းနိုင်တာကိုသိလာပြီးတဲ့အခါမှာတော့ ဘာတွေ ဆက်ဖြစ်မလဲဆိုတာ မိုးအေးအေးနဲ့ကော်ဖီခွက်လေးကိုင်ပြီးကြည့်ရမယ်ဇာတ်ကား လေးဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Sai Thurein Lynn ဖြစ်ပါတယ်) File Size..........(1.44 GB) / (662 MB) / (376 MB) Quality............WEBRIP 1080p / 720p / 480p Duration.........1Hr 52mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Mystery, Thriller Translator.......Sai Thurein Lynn Encoder..........SWM
movie

Marionette (2020)

2020
Rebecca(2020) 7.0
Rebecca(2020) Rebecca(2020)အညွှန်း***********************နက်ဖလစ်က ၂၀၂၀ ထဲမှာ တင်ဆက်ထားတဲ့ Rebecca ဆိုတဲ့ဇာတ်ကားလေးဟာ Daphne du Maurier ရဲ့ ၁၉၃၈ခုနှစ်က ဝတ္ထုကို ပြန်အသက်သွင်းထားတဲ့ ဇာတ်လမ်းတခုပဲဖြစ်ပါတယ်... ဒီဇာတ်ကားထဲမှာတော့ အမည်ကို မဖော်ပြထားတဲ့ တကောင်ကြွက် မိန်းကလေးတဦးဟာ လေဒီ တဦးရဲ့ မိန်းမဖော်အဖြစ် ပြင်သစ်တောင်ပိုင်းကို အလည်အပတ် ရောက်သွားတယ်... ကံကောင်းထောက်မစွာ အင်္ဂလန်က လူချမ်းသာတဦးဖြစ်တဲ့ မစ္စတာ ဒီဝင်းတားဆိုတဲ့ မုဆိုးဖိုနဲ့ ဖူးစာဆုံခဲ့ ပြီးတဲ့နောက် မစ္စတာ ဒီဝင်းတားတို့ ဘိုးစဉ်ဘောင်ဆက်ပိုင်ဆိုင်ခဲ့တဲ့ မန်ဒါလေ ဆိုတဲ့ အိမ်ကြီးကို တပါတည်း လိုက်လာခဲ့တယ်....သူမ ဘဝဟာ အစပိုင်းပျော်စရာကောင်းတယ်လို့ထင်ရပေမယ်...မကြာပါဘူးမှုခင်းနဲ့ဆိုင်တဲ့ထူးဆန်းအံအားသင့်စရာ ပြဿနာမျိုးစုံနဲ့ စပြီးကြုံရသလိုဒါတွေကိုဖြေရှင်းပေးဖို့လည်း တာဝန်တွေရှိလာပါတော့တယ်...ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Zuel Khant Thwin ပဲဖြစ်ပါတယ်... File Size :(900 MB) and (380 MB) Quality : WEB-DL 720p Format…mp4 Duration…02:01:00 Genre :  Drama, Mystery, Romance Subtitle : Myanmar Subtitle (Hard ...
movie

Rebecca(2020)

High-Rise (2015) 5.6
High-Rise (2015) High-Rise (2015)IMDb - 5.6/10_____Rotten - 60%    "စကြဝဠာနဲ့ လူတွေရဲ့ ရူးသွပ်မှုသာ အဆုံးမဲ့ဖြစ်တယ်။ အရှေ့ကတစ်ခုကတော့ ကျွန်တော် မသေချာဘူး" လို့ ၂၀ ရာစုရဲ့ အကြီးကျယ်ဆုံး သိပ္ပံပညာရှင်လို့ သမုဒ်ခံထားရတဲ့ Albert Einstein ကပြောခဲ့ပါတယ်။ လောဘကြောင့် ဒေါသကြောင့့်မောဟကြောင့် လူတွေ ရူးသွပ်နေကြပါတယ်။ Thor ဇာတ်ကားတွေထဲမှာ Loki အဖြစ်တွေ့ရတဲ့ Tom Hiddleton ကို High Rise (2015) မှာတော့ သူ့ရဲ့ရူးသွပ်မှုကို ရိုးရိုးရှင်းရှင်းလေး ခံယူလိုက်တဲ့ Dr. Laing အဖြစ်တွေ့ရမှာပါ။ Tom ရဲ့ သရုပ်ဆောင်စွမ်းရည်ကို ဒီဇာတ်ကားမှာ ထင်ထင်ရှားရှားတွေ့နိုင်မှာပါ။ ဆိုးဆိုးရွားရွား ရူးသွပ်သူတွေကြားမှာ ပုံမှန်ရူးသွပ်သူက ဆိုးရွားသူတစ်ယောက်ဖြစ်နေတတ်တာကို Dracula:Untold မင်းသား Luke Evans က Richard Wilder နေရာကနေသရုပ်ဆောင်ပြသွားပါတယ်။ Free will ဆိုတဲ့ လွတ်လပ်တဲ့ စိတ်ထားမှာ သန့်ရှင်းမှု တရားမျှတမှု ကောင်းမှု မကောင်းမှုတွေ ဆိုတာရှိဖို့မလိုပါဘူးဆိုတာ ဒီဇာတ်ကားမှာ ခပ်ကြမ်းကြမ်းလေးပြပေးထားပါတယ်။ လွတ်လပ်တဲ့ စိတ်ထားရှိသူတွေကို အာဏာရှင်တစ်ယောက်က မအုပ်ချုပ်နိုင်ဘူးဆိုတာရောပေါ့။ ဇာတ်လမ်းအကျဉ်းကတော့ ဦးနှောက်ခွဲစိတ်ဆရာဝန် Laing တစ်ယောက် ...
movie

High-Rise (2015)

2015
How to Lose Friends & Alienate People (2008) 6.4
How to Lose Friends & Alienate People (2008)  ကျနော်တို့ ဘဝမှာ ဘာများအရေးအကြီးဆုံးလဲ မိသားစုလား ငွေလား ပျော်ရွှင်မှုလား ရာထူးလား နာမည်ကြီးမှုလားငယ်စဉ်အခါတုန်းကရော တစ်နေ့ လူကြီးတစ်ယောက် ဖြစ်လာခဲ့ရင် ကိုယ်ဘာဖြစ်ချင်တယ် ဘာကကိုယ့်အတွက် အရေးကြီးတယ် ဘာကတော့ ကိုယ့်ကို ပျော်ရွှင်စေနိုင်တယ်လို့များ တွေးကြည့်ခဲ့ဖူးပါသလား။အားလုံးတစ်ပြိုင်တည်းမရနိုင်ရင် သင်အလိုချင်ဆုံးကရော ဘာဖြစ်မလဲ။ ငွေတွေအများကြီးပိုင်ဆိုင်ပြီး နာမည်ကြီးတစ်ယောက်ဖြစ်ခဲ့ရင်ရော တကယ့်ပျော်ရွှင်မှုအစစ်ကို ရနိုင်ပါ့မလား။ကိုယ့်ရဲ့အလုပ်ပတ်ဝန်းကျင်မှာ အများမိုးခါးရေသောက် သလို ကိုယ်လိုက်သောက်မှ အောင်မြင်မှုရနိုင်မယ့်အခြေအနေမျိုးတွေ ဘယ်လောက်များ ကြုံဖူးခဲ့ကြပါပြီလဲ။မိုးခါရေဟာ မြိုချလို့ရော အဆင်ပြေခဲ့ရဲ့လား။ ကိုယ့်ဘာလိုချင်တာလဲ ဘာဖြစ်ချင်တာလဲ ကျနော်တို့ သေသေချာချာစဉ်းစားဖူးခဲ့ပါသလား။ကျနော်ကတော့ ခုထိ ဇဝေဇဝါပါပဲ။အညွှန်းကို ဒီလိုကြီးရေးချလိုက်လို့ ဒီဇာတ်လမ်းဟာ အရမ်းကိုလေးနက်ပြီး အနှစ်သာရပြည့်ဝလိမ့်မယ်လို့တော့ မထင်လိုက်ပါနဲ့ (အဆဲခံရမှာစိုးလို့ကြိုပြောရတာပါ)ဒီဇာတ်လမ်းဟာ ခပ်ပေါ့ပေါ့ပါးပါးနဲ့ ကြည့်လို့ အဆင်ပြေရုံပဲရှိပါတယ် ကြည့်ရင်းနဲ့ ပျင်းလာမယ့်ဇာတ်လမ်းမျိုး မဟုတ်ပါဘူးလို့တော့ အာမခံပါရစေ မိတ်ဆွေအေးစက်စက်လေတွေ တိုက်နေတဲ့ ဆောင်းညမှာ အဝတ်နွေးနွေးလေးဝတ်ပြီး ဒီဟာသ အချစ် ဇာတ်မြူးလေးကို ခံစားကြည့်လိုက်ပါဦး။Megan Fox ၊ Simon Pegg ၊ Kirsten Dunst တို့လို နာမည်ကြီးမင်းသားမင်းသမီးတွေ အပြင်အခြားဇာတ်ရံတွေလဲပါဝင်ထားတဲ့လက်လွတ်မခံသင့်တဲ့ Romance Comedy ဇာတ်ကားမျိုးပါ။ (ရုပ်ရှင်အညွှန်းနဲ့ ဘာသာပြန်ဆိုထားသူကတော့ Min Thet Oo ဖြစ်ပါတယ်။)  File ...
movie


2008
The Man Who Invented Christmas (2017) 7.1
The Man Who Invented Christmas (2017) အင်္ဂလိပ်စာရေးဆရာကြီး ချားလ်စ်ဒစ်ကင်းစ် ဆိုရင်ကမ္ဘာ့စာ​ပေလောကမှာမသိတဲ့လူမရှိပါဘူး။သူဟာအောင်မြင်တဲ့စာအုပ်များစွာကိုရေးသားခဲ့ပြီး သူရေးတဲ့စာအုပ်တွေဟာ အံ့သြလောက်အောင် အရောင်းရဆုံးတွေဖြစ်ခဲ့ပါတယ်။သူဖန်တီးခဲ့တဲ့ စိတ်ကူးယဉ်ဇာတ်ကောင်တွေဟာ လူတွေရဲ့နှုတ်ဖျား တွေ ရုပ်ရှင်ကားတွေမှာ ခုထိအသက်ဝင်ရှင်သန်နေတုန်းပါပဲ။မြန်မာနိုင်ငံကအများသိကြတဲ့ စာရေးဆရာကြီးရွှေဥဒေါင်းကလည်း သူ့ဝတ္ထုတစ်အုပ်ဖြစ်တဲ့ Great Expectation ဆိုတဲ့စာအုပ်ကို “မျှော်တလင့်လင့်”ဆိုပြီး မြန်မာမှုပြုရေးသားခဲ့ဖူးပါတယ်။ဒီရုပ်ရှင်လေးကတော့ စာရေးဆရာကြီးချားလ်စ်ဒစ်ကင်းစ်ရဲ့ ဘဝတစ်စိတ်တစ်ပိုင်းကို ခပ်မြူးမြူးလေးရိုက်ပြထားတဲ့Drama/Biography ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ချားလ်စ်ဟာ A Christmas Carol ဆိုတဲ့စာအုပ်ကိုမထုတ်ခင်ရှေ့မှာစာအုပ်သုံးအုပ်ဆက်တိုက်အရှံူးပေါ်ခဲ့ပါတယ်။ဒါနဲ့ခုစာအုပ်ကိုရေးဖို့ သူ့မှာ ဖိအားများစွာဖြစ်ပေါ်လာခဲ့တယ်။နောက်ဆုံးသူဒီစာအုပ်ကိုရေးသားထုတ်ဝေပြီးချိန်မှာ အရင်ခရစ္စမတ်ကိုပစ်ထားကြတဲ့ အင်္ဂလိပ်တွေကစလို့ တစ်ကမ္ဘာလုံးကလူတွေ ခရစ္စမတ်ကိုယနေ့ထိပြန်လည်ကျင်းပလာကြတယ်လို့ဆိုပါတယ်။၂၀၁ရခုနှစ် နိုဝင်ဘာမှာထွက်ခဲ့တဲ့ကားဖြစ်ပြီး Rating တွေကတော့ Rotten Tomatoes 80%, IMDB 7.1/10 ရထားတာဆိုတော့ ဇာတ်ကားကောင်းတစ်ကားဆိုရမှာပါ။တကယ်ကောင်းမကောင်းဆိုတာတော့ ပရိတ်သတ်ကြီးကိုယ်တိုင်ပဲ ကြည့်ရှုတော်မူကြပါ။(ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ ဆရာ ဇွဲပါ)File Size : (850 MB) and (290 MB) Quality : Blu-Ray 720p Running Time : 1h 44min  Format ...
movie

The Man Who Invented Christmas (2017)

2017