Channel Myanmar

Björn Gustafsson

Spy (2015) 7.0
Spy (2015) Spy(2015)IMDb Rating (7/10) / Rotten Tomatoes (95%)ရုပ်ရှင်လောကမှာ ဟာသ နဲ့ အက်ရှင် ဆိုတာက အရောမတတ်ရင် တိုင်ပတ်သွားနိုင်တဲ့အမျိုးအစားတစ်ခုထဲပါတယ်။ အက်ရှင်နယ်ပယ်မှာလည်းပုံမလာ၊ ဟာသထဲကျတော့လည်းပေါနေပြန် ဆိုတာတွေနဲ့ Action- Comedy ကားတွေက တော်ရုံဆိုရင် ပေါက်ဖို့ကော Rating ကောင်းဖို့ပါခက်တယ်။ ဒီရုပ်ရှင်ကတော့ အဲဒီအချက်တွေနဲ့မငြိစွန်းဘဲ တော်တော်ကိုပေါက်ခဲ့တယ်။ "ပေါက်မှာပေါ့။ ပါတဲ့သရုပ်ဆောင်တွေကိုလည်းကြည့်ဦးလေ" လို့ပြောလို့ရပေမဲ့ နာမည်ကြီးတွေပြုံထည့်ပြီး ယမ်းရှူသွားရတဲ့ရုပ်ရှင်တွေလည်း ကျနော်တို့မြင်ခဲ့ဖူးပြီးသားပါ။ ဒီရုပ်ရှင်ဘာကြောင့်ပေါက်သလဲဆိုတာ ကြည့်မှပဲသိပါလိမ့်မယ်။စီအိုင်အေမှာ မြေပြင်ကိုသွားရတဲ့စပိုင်တွေနဲ့ မြေအောက်ခန်းကနေ သတင်းအချက်အလက်ထောက်ပံ့ရတဲ့အဖွဲ့ဆိုပြီး ၂ ဖွဲ့ရှိတယ်။ မြေပြင်ကစပိုင်တွေကတော့ စပိုင်ကားတွေထဲကလို ဂျလန်းကြီးတွေလုပ်ရပေမဲ့ မြေအောက်ခန်းကကွန်ပြူတာသမားတွေကတော့ လင်းနို့ဝင်လိုက် ကြွက်ဝင်လိုက်ဖြစ်နေတဲ့အခန်းထဲ ထိုင်အလုပ်လုပ်ကြရတာပေါ့။ပထမဆုံးဇာတ်ကောင် ၂ ယောက်အနေနဲ့ ဆူဆန်ကူးပါး(Melissa McCarthy) နဲ့ ဘရက်ဒလေဖိုင်း (Jude Law) တို့ပါတယ်။ ဆူဆန်ကတော့ နားကြပ်ကတဆင့် မြေပြင်က ဖိုင်းကို ညွှန်ကြားရတာပေါ့။ အဲဒီအပြင် ဖိုင်းကိုပါကြိတ်ကြွေနေသေးတာ။တစ်နေ့တော့ ...
movie

Spy (2015)

2015
4K HEVC
The Crown Jewels (2011) 5.9
The Crown Jewels (2011) The Crown Jewels (2011) ==================ဖရာဂန်ဆီယာဆိုတဲ့ကောင်မလေးကို လူသတ်မှုကြောင့်စစ်ဆေးတာကနေ ဇာတ်လမ်းစထားပါတယ်။ အဲဒီမှာ ဖရာဂန်ဆီယာက အခင်းဖြစ်ပုံကိုစမပြောဘဲ သူမွေးတဲ့အချိန်ကနေ နောက်ကြောင်းပြန်ပါတော့တယ်။ ကျွန်တော်သာ သူ့ကို မေးနေတဲ့စုံထောက်ဆိုရင် စိတ်မရှည်ပါဘူး။ ဒါပေမဲ့ ကြည့်တဲ့သူနေရာကနေ ဆိုရင်တော့ ဇာတ်ကားကကြည့်လို့ကောင်းပါတယ်။ မိသားစုနှစ်ခုရဲ့ မတူညီတဲ့ အပြုအမူတွေရယ် ဖရာဂန်ဆီယာ၊ စက်ရုံပိုင်ရှင်သားနဲ့ နာမည်ကြီးဟောကီကစား သမားလေးတို့ရဲ့ သုံးပွင့်ဆိုင် (လေးပွင့်ဆိုင်လို့လည်းပြောလို့ရတဲ့) ဇာတ်လမ်းကို တွေ့ရမှာပါ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ EL ဖြစ်ပါတယ်)File Size..........(2.11 GB) / (857 MB) / (494 MB) Quality............BluRay 1080p / 720p / 480p Duration.........1Hr 50mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Drama Translator.......EL Encoder..........Zin Phyo Aung
movie

The Crown Jewels (2011)

2011
Nelly Rapp – Monster Agent (2021) 6.2
Nelly Rapp – Monster Agent (2021)  မိခင်မရှိတော့ဘဲ ဖခင်ဖြစ်သူနဲ့နေနေရတဲ့ နယ်လီရာ့ပ်...မိခင်ဖြစ်သူနဲ့ဦးလေးဖြစ်သူလို Monster agent ကြီးဖြစ်ချင်နေတဲ့သူ နွေရာသီကျောင်းပိတ်ရက်မှာ ဦးလေးဖြစ်သူဆီမှာနေရဖို့ အကြောင်းဖန်လာခဲ့ပါတယ်Monster agentဆိုတာကတော့ လူတွေကိုမွန်းစတားတွေရန်ကနေကာကွယ်ဖို့ဖွဲ့ထားတဲ့အဖွဲ့ပါနဂိုကတည်းက monster agent ဖြစ်ချင်နေသူ နယ်လီက ဦးလေးနဲ့အတူနေရတဲ့အခါမှာတော့ သူဟာအေးဂျင့်တစ်ယောက်လုပိဖို့အသင့်ဖြစ်ပြီဆိုတာကို ဦးလေးဖြစ်သူကိုသက်သေပြဖို့လုပ်လာပါတယ်နယ်လီတစ်ယောက် အမျိုးမျိုးအဖုံဖုံသောမွန်းစတားတွေအကြောင်းလေ့လာရင်း လက်တွေ့လုပ်ချင်လာတဲ့အခါမှာတော့... ဇာတ်လမ်းလေးက နယ်လီလေးရဲ့စွန့်စားခန်းလေးတွေနဲ့အတူ ပေါ့ပေါ့ပါးပါးဟာသလေးနှောကာရိုက်ကူးထားပြီး ဆုနှစ်ဆုအပြင်ဇကာတင်စာရင်းလေးခုထဲဝင်ထားတဲ့ကားလေးဖြစ်တာကြောင့် စိတ်အပန်းဖြေချင်သူတွေအတွက် သင့်လျော်တဲ့ကားလေးတစ်ကားပါလို့ညွှန်းပါရစေ။( အညွှန်းရေးသားထားသူကတော့ Chit Tee ပါ )File Size__1.6 GB, 900 MB Quality__1080p, 720p IMDb Rating__6.2/10 Format__mp4 Duration__01:30:00 Type__Adventure, Comedy, Family Subtitle__Myanmar Subtitle (Hardsub) Translated by Chit Tee & Oleander Encoded by Naing Aung Latt
movie

Nelly Rapp – Monster Agent (2021)

Call Mom! (2020) 5.3
Call Mom! (2020) Call Mom ( 2019 ) IMbd 5.4/10 ဒီရုပ်ရှင်ကအချစ်ရေးနဲ့ လိင်မှုကိစ္စ အရှုပ်အထွေးတွေ ရှိနေပြီး မိခင်နဲ့လည်း သိပ်ပြီးအဆင်မပြေတဲ့ သက်လတ်ပိုင်း မူလတန်းကာယဆရာမ နစ်ကီကို အခြေတည်ထားပါတယ် အချစ်နယ်ကျွံတဲ့ ဇာတ်ဝင်ခန်းတွေနဲ့ စကားခပ်ကြမ်းကြမ်းတွေ အနည်းငယ်ပါဝင်တယ်ဆိုပေမဲ့ 18+ အသားပေး ဇာတ်လမ်းတော့မဟုတ်ပါဘူး နစ်ကီဟာ အိမ်ထောင်ရှိအမျိုးသားတစ်ယောက်နဲ့ ချစ်ကြိုက်နေခဲ့ပြီးမမျှော်လင့်ပဲ သူမရဲ့ ချစ်သူဟောင်းနဲ့လည်း ပြန်ဆုံခဲ့ပါတယ် သူမရဲ့လွတ်လပ်လွန်းတဲ့ စိတ်ကြောင့်ပဲ အခက်အခဲတွေ တွေ့လာရပြီး ဒီလိုအရှပ်အထွေးတွေ ဖြစ်နေတဲ့အချိန်မှာပဲ အမေကို ဂရုမစိုက်ဖြစ်ခဲ့တဲ့ အမေနဲ့ ရင်းရင်းနှီးနှီးမနေခဲ့မိတာတွေအတွက် နောင်တရစရာ ဖြစ်ရပ်တစ်ခု ပေါ်လာခဲ့ပါတယ် အဲ့ဒီနောက်ပိုင်းမှာတော့ နစ်ကီဟာ သူ့ဘဝအတွက် မှန်ကန်တဲ့ရွေးချယ်မှုတွေကို ဆုံးဖြတ်ရပါတော့တယ် ဇာတ်လမ်းက ရိုးရှင်းသယောင်ရှိပေမဲ့ ကြည့်ရှုရတာတော့ ပေါ့မနေပါဘူး English movies တွေ Spain movies တွေ ကြိုက်နှစ်သက်ကြပေမယ့် ဒီ swedish movies တွေနဲ့ အလှမ်းဝေးနေသူတွေ အတွက်တော့ ဒီရုပ်ရှင်လေးက အမြည်းသဘောအနေနဲ့ ကြည့်ရှုသင့်တဲ့ အထဲမှာပါပါတယ်    Translated by Rico suave Encoded by YK Quality : 1080p Blu-ray and 720p File Size : 1GB ...
movie

Call Mom! (2020)

2019
Becoming Astrid (2018) 7.1
Becoming Astrid (2018) Becoming Astrid (2018) IMDb - 7.1/10_____Rotten - 96%    အခု မိတ်ဆက်ပေးမယ့် ဇာတ်ကားကတော့ ဆွီဒင်စာရေးဆရာမ Asrid Lindgren အကြောင်းကို ကျောရိုးထားရိုက်ကူးထားတဲ့ Becoming Astrid ဆိုတဲ့ Biography, Drama ကား အမျိုးအစားပါ ကလေးတွေအတွက် စာအုပ်များစွာကို ရေးသားခဲ့တဲ့ Astrid ကို သူ့ပရိသတ်ကလေးတွေက မွေးနေ့ဆုတောင်း ပို့တဲ့အသံဖိုင်လေးကို ဖွင့်ပြီးနားထောင်တဲ့ ပုံစံနဲ့ သူ့ငယ်ဘဝကိုပါ တစ်ပါတည်း ရိုက်ကူးပြသထားပါတယ် Astrid ငယ်စဉ်ကတည်းက ပုံပြောကောင်းတဲ့ မိန်းကလေးတစ်ယောက်ပါ စာရေးစာဖတ်ကို အရမ်းဝါသနာပါပြီး တစ်နေ့မှာတော့ သူတို့မြို့လေးက သတင်းစာတိုက်မှာ အလုပ်သင်လုပ်ခွင့်ရခဲ့ပါတယ် အယ်ဒီတာကတော့ အိမ်ထောင်ရေးအဆင်မပြေဖြစ်နေတဲ့ သူပါ... သူစိတ်ညစ်စရာတွေကို နှစ်သိမ့်ပေးရင်း Astrid နဲ့ ချစ်ကြိုးသွယ်မိရာက Asrid တစ်ယောက် ကိုယ်ဝန်ရသွားပါတယ် ကလေးကို တိတ်တိတ်ပုန်းမွေးပြီး သားလေးကို ဒိန်းမတ်မှာ ထားခဲ့ရတဲ့ Astrid တစ်ယောက် ဘဝကို ဘယ်လိုဖြတ်သန်းခဲ့ရလဲ ဆိုတာတော့ ဆက်လက်ကြည့်ရှုကြပါ... IMDB ...
movie

Becoming Astrid (2018)

2018