Channel Myanmar

Blayne Weaver

Pretty Stoned (2023)
Pretty Stoned (2023)  အလှပြင်ဆိုင်မှာအလုပ်လုပ်တဲ့ စတယ်လာဟာ အနာဂတ်မှာ ဆေးခြောက်အရောင်းဆိုင်ဖွင့်ချင်တယ်ဆိုတဲ့ အိပ်မက်အပြင် တခြားအိပ်မက်ရေရေရာရာမရှိပဲ အချိန်ပြည့်ဆေးကွဲနေတဲ့သူတစ်ယောက်ပါ။ အားလပ်ချိန်တွေမှာတော့ အပိုဝင်ငွေရဖို့အတွက် ဆေးခြောက်တွေကိုလိုက်ပို့ပေးတဲ့အလုပ်ကိုလည်းလုပ်ပါသေးတယ်။ ဒီလိုနဲ့ သူတစ်နေကုန်အခန်းအောင်းပြီး ဝိသောက်မယ်လို့တွေးထားတဲ့ ၄ လပိုင်း ၂၀ ရက်နေ့ (၄၂၀) မှာ သူ့ရဲ့ လုပ်ကလုပ်ဖော်ကိုင်ဖက်ဖြစ်တဲ့ ဒါဆီ မွှေတာကြောင့် အလုပ်မနားရပဲ အလုပ်သွားရပါတော့တယ်။ဒါပေမဲ့လည်းသူ့ရဲ့ဆေးကွဲမဲ့ အစီအစဉ်ကိုဖျက်လိုဖျက်ဆီးလုပ်တဲ့ ဒါဆီ ကိုတစ်ပတ်ပြန်ရိုက်ပြီး အလုပ်ကနေအစောကြီးပြန်လစ်ခဲ့တာကြောင့် Performance Anxiety ရှိတဲ့ ဒါဆီတစ်ယောက်ထဲလူအများကြီးကိုအလှပြင်ပေးရတာမလို့ အလွဲလွဲအချော်ချော်တွေဖြစ်ပြီး ကာစတန်မာတွေနဲ့ရန်ဖြစ်ကာ အလုပ်ဖြုတ်ခံလိုက်ရပါတော့တယ်။ အလုပ်ဖြုတ်ခံလိုက်ရတဲ့ဒါဆီတစ်ယောက် ငါခံရသလို နင်လည်းပြန်ခံစေရမယ်ဆိုပြီး စတယ်လာနေတဲ့အိမ်ကိုလိုက်သွားတာ စတယ်လာအိမ်မှာရှိနေတဲ့ ဆေးခြောက်တွေကို အိမ်သာထဲထည့်ပြီးရေဆွဲချလိုက်ပါတယ်။ဖြစ်ချင်တော့ အဲဒီဆေးခြောက်တွေက စတယ်လာပို့‌ပေးရမဲ့ပစ္စည်းတွေဖြစ်နေပြီး တစ်ပေါင်ကို ဒေါ်လာ နှစ်သောင်းတန်တဲ့ ပင့်ခ် ဟက်ရှမီနာ အမျိုးအစားဆေးခြောက်တွေဖြစ်နေတဲ့အတွက်သူတို့ဆေးခြောက်ကိုဖြောင်သွားပြီဆိုတဲ့ အထင်နဲ့ ဆေးခြောက်ပိုင်ရှင်မူးယစ်ရာဇာ မဒမ်အိတ်စ်က သူ့လူတွေကိုလွှတ်လိုက်ပါတော့တယ်။ ဒီလိုနဲ့စတယ်လာနဲ့ ဒါဆီတို့လည်းသူတို့နောက်ကို လိုက်လာတဲ့ မူးယစ်ရာဇာရဲ့ လူတွေနဲ့မတွေ့အောင်ရှောင်ထွက်နိုင်မလား၊ ...
movie

Pretty Stoned (2023)

The Lion King 1½(2004) 6.7
The Lion King 1½(2004) The Lion King 3================The Lion King ရဲ့ ဇာတ်ဆောင် ခြင်္သေ့လေး စင်ဘာရဲ့ အချစ်တော်သူငယ်ချင်း တီမုန်နဲ့ ပွန်ဘာကို အားလုံး သိကြပြီးဖြစ်မှာပါ။ဒီဇာတ်လမ်းလေးမှာတော့ ကန့်လန့်ကာနောက်က တီမုန်နဲ့ ပွန်ဘာတို့ကိုနည်းနည်းသွားကြည့်လိုက်ကြရအောင်…ဇာတ်လမ်းလေးက ဒီလိုစပါတယ် …မြွေပါလေးတွေဟာ သက်ရှိစက်ဝန်းကြီးရဲ့ အောက်ပိုင်းကသတ္တဝါလေးတွေပါ။ ဒီတော့ တခြားအင်အားကြီး သားရဲတွေရဲ့ ရန်ကိုအမြဲပူပန်နေကြရပါတယ်။ တီမုန်တို့ မြွေပါလေးတွေဟာ သူတို့ကို စားမယ့်ခွေးအတွေ ရန်က ကာကွယ်ဖို့ တစ်နေ့တစ်နေ့ တွင်းတွေတူးရတာနဲ့ပဲအချိန်ကုန်နေပါတယ်။ မြွေပါလေး တီမုန်ကတော့ ဒီလို တွင်းတွေတူးရပုန်းကြရတဲ့ဘဝကို သဘောမကျလှပါဘူး။ အများနဲ့မတူတဲ့ တီမုန်အုပ်စုထဲမှာ အဆင်မပြေဖြစ်လာရပါပြီပြီ။ ဒါ့အပြင် အပြင်မှာသူနဲ့အဆင်ပြေတဲ့နေရာ ရှိရမယ်လို့လည်း တစ်ထစ်ချ ယုံကြည်နေပါတယ်။ဒီလိုနဲ့ တစ်နေ့မှာတော့ သူနဲ့အဆင်ပြေရာကို ရှာဖို့ အမေနဲ့အဖော်မြွေပါတွေကို ထားခဲ့ပြီး ခရီးနှင်ပါတော့တယ်။ လမ်းမှာဘာလုပ်ရမယ် ဘယ်ကိုသွားရမယ်ဆိုတာ မသိလို့ ငိုနေတဲ့ တီမုန်ပညာရှိမျောက်ကြီးနဲ့ တည့်တည့်တိုးပါတော့တယ်။ မျောက်ကြီးကမင်းက ...
movie

The Lion King 1½(2004)

American Pie Presents: Girls’ Rules 2020 3.5
American Pie Presents: Girls’ Rules 2020 ဒီဇာတ်ကားလေးကတော့ နာမည်ကြီး ရုပ်ရှင် American Pie ရဲ့ Spin Off နောက်တစ်ကားပဲဖြစ်ပါတယ် ဒီကားထဲမှာဆိုရင် ခါတိုင်းနဲ့မတူတဲ့ ထူးခြားချက်က အမျိုးသမီးတွေဘက်က ဇာတ်အိမ်တည်ထားခြင်း ဖြစ်ပါတယ် အဓိကဇာတ်ဆောင်တွေဖြစ်ကြတဲ့ အန်နီ ကေလာ မီရှယ်လ် နဲ့ စတက်ဖနီ တို့ဟာ အချစ်ရေး နဲ့ သမီးရည်းစား ကိစ္စတွေမှာ ကိုယ်စီ ပြဿနာနဲ့ပါ ဒီလိုနဲ့ ပါတီတစ်ညမှာ သူတို့ကတိတစ်ခုထားခဲ့ကြပါတယ် ကျောင်းကပွဲမတိုင်ခင် ကိုယ်စီပြဿနာတွေကို ဖြေရှင်းကြဖို့ပါ နောက်ရက်မှာတော့ ကျောင်းကို ဂရန့် ဆိုတဲ့ကောင်လေး အသစ်ပြောင်းလာပါတယ် အန်နီတို့ သူငယ်ချင်းလေးယောက်နဲ့ ဂရန့် ဘယ်လိုတွေ ဇတ်ရှုပ်မိမလဲ ကျောင်းကပွဲမတိုင်ခင်ရော အန်နီတို့ သူတို့ပြဿနာတွေကို ဖြေရှင်းနိုင်မှာလား စသည်တွေကို ကြည့်ရှုရမယ့် ကျောင်းသားဟာသ ဇာတ်ကားလေးပဲ ဖြစ်ပါတယ် မိသားစုနှင့်အတူ ကြည့်ရှုရန်တော့ မသင့်ပါကြောင်း   File size… 1 Gb / ...
movie

American Pie Presents: Girls’ Rules 2020