Channel Myanmar

Bowen Yang

The Tiger’s Apprentice (2024) 7.2
The Tiger’s Apprentice (2024) The Tiger's Apprentice (2024)~ IMDb - 7.2/10, Rotten Tomatoes - 59% ~EEAaO နဲ့ အော်စကာရခဲ့တဲ့ မလေးရှားလူမျိုး တရုတ်မင်းသမီး Michelle Yeoh, ချားလိစ်အိန်ဂျယ်နဲ့ လူသိကြတဲ့ တရုတ်နွယ်ဖွား အမေရိကန်သရုပ်ဆောင် Lucy Liu, အခုနောက်ပိုင်းတော်တော်နေရာရလာတဲ့ ကိုရီးယားနွယ်ဖွား အမေရိကန်သရုပ်ဆောင် Sandra Oh, မလေးရှားလူမျိုး အမေရိကန်သရုပ်ဆောင် Henry Golding, တရုတ်နွယ်ဖွား အမေရိကန်သရုပ်ဆောင် Brandon Soo Hoo တို့လို နာမည်ကျော် အာရှသွေးနှော အမေရိကန်သရုပ်ဆောင်တွေ စုပြုံပြီး အသံသရုပ်ဆောင်ပေးထားတဲ့ အမေရိကန်ရောက် တရုတ်ဇာတ်လမ်းနဲ့ အမေရိကန် ကာတွန်းရုပ်ရှင်ပါ။ ၂၀၀၃မှာ ထွက်ခဲ့တဲ့ Laurence Yep ရဲ့ နာမည်တူဝတ္တုကိုပဲ အခြေခံထားပြီး Monster Hunt ကိုရိုက်ခဲ့တဲ့ ဟောင်ကောင် အန်နီမိတ်တာ ...
movie

The Tiger’s Apprentice (2024)

2024
4K HEVC
Good Burger 2 (2023)
Good Burger 2 (2023)  ကျွန်တော် ငယ်ငယ်တုန်းက သိပ်ကြိုက်ခဲ့ရတဲ့ သိပ်ကိုကောင်းခဲ့တဲ့ ကောင်းနေဆဲ Nickelodeonက ထုတ်လုပ်ထားတဲ့ Comedy အမျိုးစား ရုပ်ရှင်အသစ်စက်စက်ကို တင်ဆက်ပေးချင်ပါတယ်။ ယခု Good Burger 2မှာ 1 က main castတွေအတိုင်းပဲ Kel Mitchellနဲ့ Kenan Thompsonက ဦးဆောင်ပြီး ပြန်လည်ပွဲထွက်လာပါတယ်။ဂွတ်ဘာဂါကနေ ထွက်လာခဲ့ပြီး စွန့်ဦးတည်ထွင်လုပ်ငန်းရှင်အဖြစ် လုပ်ကိုင်နေတဲ့ ဒတ်စ် တစ်ယောက် သူ့ရဲ့စမ်းသပ်ချက်မှာ အမှားယွင်းဖြစ်ပြီး ပြဿနာတက်ကုန်လို့ အက်ဒ်ရှိရာ ဂွတ်ဘာဂါဆိုင်ကို ပြန်လာပါတော့တယ်။ ဒတ်စ်ထွက်သွားပြီးကတည်းက အက်ဒ်တစ်ယောက် ကောင်းမွန်တဲ့ပြောင်းလဲခြင်းတွေနဲ့ ဘဝမှာ အဆင်ပြေနေတာကို ဒတ်စ်တစ်ယောက် တွေ့မြင်လိုက်ရပါတယ်။ အဆင်ပြေနေတဲ့ အက်ဒ်တစ်ယောက်ကို ဒတ်စ်က ပြန်တွေ့ပြီး ဂွတ်ဘာဂါဆိုင်မှာ ပြန်လာလုပ်ပါတော့တယ်။ ဂွတ်ဘာဂါကို ပြန်ရောက်လာတဲ့အခါ မထင်မှတ်ထားတဲ့ တိုက်ခိုက်မှုတွေနဲ့ ကြုံတွေ့လာရတဲ့အခါမှာတော့ ..... အမှန်တရားနဲ့ တရားမျှတမှုကို ရရှိသွားအောင် ဘယ်လိုဖော်ဆောင်သွမလဲဆိုတာကို ပေါ့ပေါ့ပါးပါးနဲ့ ...
movie

Good Burger 2 (2023)

Dicks: The Musical (2023) 5.5
Dicks: The Musical (2023) Dicks: The Musical ( 2023 )A24ကားအသစ်ဆိုတဲ့အတိုင်း A24မှာ အတွေ့ရများတဲ့အတိုင်း ဆန်းဆန်းပြားပြားဇာတ်လမ်းကို ထူးထူးခြားခြားတင်ဆက်ထားတဲ့ ဇာတ်လမ်းပါပဲ။ A24 အနေနဲ့ Comedy အမျိုးအစား သီးသန့်ရုပ်ရှင်မရှိခဲ့သေးသလို Musicalရုပ်ရှင်လည်းမရှိခဲ့သေးပါဘူး။ ဒစ်ကတော့ ဒီသမိုင်းကို ချိုးဖောက်လိုက်ပါတယ်။ A24ရဲ့ ပထမဆုံး မြူဇစ်ကယ်ရုပ်ရှင်ပါပဲ။ မြူဇစ်ကယ်ဆိုပေမဲ့ ပျင်းစရာကောင်းမယ်တော့ မထင်ပါနဲ့။ ပြောခဲ့သလို ဒါက A24က ထုတ်တာပါ။ သမားရိုးကျဖြစ်နေတဲ့အလုပ်မျိုး ဒီကောင်တွေ ဘာမှမလုပ်ပါဘူး။ ဇမ္မူမှာတစ်လူ ငါသာအတော်ဆုံးဆိုတဲ့‌ ကောင်၂ကောင်ရှိတယ်။ သူတို့ဘဝနဲ့သူတို့နေနေကြတယ်။ သူတို့ချင်းတစ်ခါမှလည်းမတွေ့ဖူးကြဘူး။ ရုပ်ချင်းလည်း တစ်စက်မှမတူကြဘူး။ ဒါပေမဲ့ သူတို့က ချွတ်စွပ်တူတဲ့ အမွှာတွေ။ ဘာလို့လဲ မမေးနဲ့ ရုပ်ချင်းမတူပေမဲ့ သူတို့၂ယောက်ကို ချွတ်စွပ်တူတယ်ဆို တူလိုက်လို့ ဒီထဲက ဘုရားသခင်က ထအော်ထားတယ်။ တူတယ်ဆို တူလိုက်။ ဘလင်းဘလင်းတွေအပြည့်နဲ့ ဘောင်းဘီတိုလေးဝတ်ထားတဲ့ ဂေးရုပ်ထွက်နေတဲ့ ဘုရားသခင်ရဲ့အစီအစဉ်တိုင်း တစ်နေ့အလုပ်မှာ သူတို့ချင်းတွေ့ပြီး စကားပြောရင်း သီချင်းတွေဆိုရင်းမှပဲ သူတို့က ကွဲကွာနေတာ နှစ်ပေါင်းများစွာကြာနေတဲ့အမွှာတွေဆိုတာ သူတို့သိလိုက်ရတယ်။ ငယ်ငယ်ကတည်းက အဖော်ကို ငံ့လင့်နေတဲ့ ဘယ်နားမှမတူပေမဲ့ ဘုရားသခင်က တူတယ်လို့ပြောထားတဲ့ ...
movie

Dicks: The Musical (2023)

2023
Please Don’t Destroy: The Treasure of Foggy Mountain (2023) 6.2
Please Don’t Destroy: The Treasure of Foggy Mountain (2023)  " Please Don't Destroy: The Treasure of Foggy Mountain "နာမည်ဖတ်ကြည့်ရင်တော့ အရှည်ကြီ: ဘာရေးလို့ရေးထားမှန်းခန့်မှန်းလို့မရဘူး။ ဒါပေမဲ့ ဇာတ်ကားကတော့ တိုတိုလေးနဲ့ တကယ်ကိုထိထိမိမိရှိတဲ့ ဟာသကား ဖြစ်ပါတယ်။နာမည်ကျော် TV show တစ်ခုဖြစ်တဲ့ Saturday night live ရဲ့ writers တွေဖြစ်တဲ့ John, Ben, Martin တို့ ၃ ယောက်က ဒီ ဇာတ်ကားထဲမှာလည်းကိုယ်တိုင် ပါဝင် ရေးသား သရုပ်ဆောင်ထားတာမို့ ဟာသတွေကကြည့်တဲ့သူတွေကို ရယ်မောစေမှာ အမှန်ပါပဲ။ သူတို့ချည်းပဲ မဟုတ်ပဲနာမည်ကျော် ဝါရင့်သရုပ်ဆောင် Conan O'Brien ကလည်း ပါဝင်သရုပ်ဆောင်ထားတာမို့ ပေါ့ပျက်ပျက် ဟာသကား မဟုတ်တာ အသေအချာပါပဲ..ဇာတ်လမ်းလေးကတော့ John, Ben, Martin တို့ သူငယ်ချင်း ၃ ယောက်ဟာငယ်ငယ်ကတည်းက ခင်လာပြီး ...
movie

Please Don’t Destroy: The Treasure of Foggy Mountain (2023)

The Monkey King (2023) 6.1
The Monkey King (2023) နက်ဖလစ်ရဲ့ ကာတွန်းရုပ်ရှင်အသစ်လာပါပြီ။နာမည်အတိုင်းပါပဲ မရိုးနိုင်တဲ့ စွန်းဝူခုန်းဇာတ်လမ်းတွေထဲက တစ်ခုပါပဲ။ဒါပေမဲ့ ဇာတ်လမ်းကိုနည်းနည်းပြောင်းထားပြီး ဟာသတွေ၊အက်ရှင်ကောင်းကောင်းတွေကို ပုံကောင်းကောင်းနဲ့ ပြသထားပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ ဖန်တရာတေပါပဲကျောက်ဆောင်တစ်ခုကနေ မွေးဖွားလာတဲ့မျောက်ဟာစွမ်းအားတွေရှိနေပါတယ်။ဒါပေမဲ့ သူ့ကို မျောက်တွေက လက်မခံသလို နတ်တွေကလည်းလက်မခံတာကြောင့် တစ်ယောက်တည်းဖြစ်နေပါတယ်။အဲဒီတော့ သူဟာ နတ်ပြည်မှာနေရာရဖို့ မသေမျိုးဖြစ်အောင်ကြိုးစားရင်းနဲ့ငရဲမင်း၊ နဂါးမင်း၊ နတ်မင်းတွေ နတ်ဆိုးတွေနဲ့တိုက်ခိုက်ရပုံကို ပြထားတာပါ။ကြည့်လို့ကောင်းပါတယ်။ကြည့်လိုက်ပါဦး။ File size…  2 GB /  980  MB Quality… WEB Dl 1080p / 720p Format… mp4 Duration…. 1h 32m Genre .....  Action , Animation Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Mr. Anderson
movie

The Monkey King (2023)

2023
Night at the Museum: Kahmunrah Rises Again (2022) 5
Night at the Museum: Kahmunrah Rises Again (2022) Night at the Museum: Kahmunrah Rises Again (2022)သင်ဟာ Night at the museumရဲ့ ပရိသတ်တစ်ယောက်ဆိုရင်တော့ ငယ်ငယ်က ပြတိုက်တွေသွားလည်တဲ့အခါ ဒီအရုပ်တွေများ ညဘက်ဆိုရင်အသက်ဝင်လာပြီး လျှောက်သွားနေမလားလို့ တွေးမိမှာပါပဲ။ ၂၀၀၆ ခုနှစ်မှာ ပထမဆုံးစတင်ထွက်ရှိပြီး ပရိသတ်တွေရဲ့အသဲနှလုံးကို ဖမ်းစားခဲ့တဲ့ ဒီရုပ်ရှင်လေးက ၂၀၀၉နဲ့ ၂၀၁၄မှာ live action sequelအသီးသီးထွက်ရှိခဲ့ပြီးတော့ နောက်ဆုံးရုပ်ရှင်ကတော့ animationသီးသန့်အနေနဲ့ ပွဲထုတ်ထားပါတယ်။၂၀၂၂ animationမှာတော့ Night at the museum sequelတလျှောက်မှာ အပွဲပွဲနွှဲလာခဲ့တဲ့ လာရီဒေလီတစ်ယောက် သဘာဝသမိုင်းပြတိုက်ကြီးကိုစွန့်ခွာလို့ တိုကျိုပြတိုက်ကို ပြောင်းရတာနဲ့ အစချီထားပါတယ်။ဒါပေမဲ့ လာရီနဲ့ပွဲတိုင်းကျော်ခဲ့တဲ့ ပြခန်းထဲကရဲဘော်တွေကတော့ လာရီနေရာမှာမှာ အစားထိုးဝင်လာတဲ့ ညစောင့်တိုင်းကို အမျိုးမျိုးခြောက်လွှတ်နေကြတာပေါ့။ ရဲဘော်တွေကိုလည်း ဖျောင့်ဖျလို့မရ ကြီးလေးတဲ့တာဝန်ကြီးကို တခြားသူကိုလွှဲအပ်ခဲ့ရမှာကိုလည်း စိတ်မချပြန် နှစ်ပေါင်းများစွာလုပ်လာခဲ့တဲ့ ပြတိုက်ကြီးကိုလည်း သံယောဇဉ်မပြတ်တဲ့လာရီတစ်ယောက် တက်ဒီပြောသလိုပဲ သားဖြစ်သူ နစ်ခ်ဒေလီကို သူ့နေရာအစားဝင်ခိုင်းဖို့ တွေးနေတော့တာပေါ့။တစ်ဖက်မှာတော့ ဘာလုပ်လုပ် တလွဲတချော်နဲ့တိုင်ပတ်နေပြီး ချစ်သူကောင်မလေးကိုပါ ဖွင့်မပြောရဲတဲ့အထိကို ယုံကြည်မှုတွေပျောက်ဆုံးနေတဲ့ ဆယ်ကျော်သက်ကောင်လေး နစ်ခ်ဒေလီကတော့ သူ့ရဲ့ဘဝကြီးကို အကြီးအကျယ်စိတ်ပျက်နေသူလေးပါ။ ဒါကိုအဖေဖြစ်သူလာရီက ...
movie

Night at the Museum: Kahmunrah Rises Again (2022)

2022
Bros (2022) 6.4
Bros (2022) CM ပရိသတ်တို့ မတင်သေးဘူးလား မေးမေးနေတဲ့ Bro 2022 ဇာတ်ကားလေး ရောက်ရှိလို့လာပါပြီ ဇာတ်ကားအမျိုးအစားလေးကတော့ Comedy Romance အမျိုးအစားဖြစ်ပြီး ဘော်ဘီနဲ့ အယ်ရွန် ဆိုတဲ့ အမျိုးသားနှစ်ဦးဟာ သူတို့ရဲ့ ဆက်ဆံရေးမှာ တွေ့ကြုံရတဲ့ အခက်အခဲတွေကို ပြေလည်အောင် ညှိနှိုင်းကြရင်း အဆင်ပြေသွားတဲ့ပုံနဲ့ ရိုက်ကူးထားပါတယ်။LGBTQ ကွန်မြူနတီ အသားပေးဇာတ်ကားဖြစ်ပြီး အဓိကအားဖြင့် ဂေးတွေရဲ့‌ နေထိုင်မှုဘ၀ လူမှုပတ်၀န်းကျင် အပြောအဆိုတွေကို ကွက်ကွက်ကွင်းကွင်း ထင်သာမြင်သာရှိလောက်အောင်ပဲ ရှင်းရှင်းဘွင်းဘွင်း ရိုက်ကူးပြထားပါတယ်။ လိင်အသားပေးဇာတ်၀င်ခန်း‌တွေ တစ်လှေကြီး ပါတာဖြစ်တဲ့အတွက် မိသားစုနဲ့အတူ ကြည့်ဖို့တော့ မသင့်ပါ။ ဇာတ်လမ်းအကျဥ်းအနေနဲ့ကတော့ ဘော်ဘီဆိုတဲ့သူဟာ မျက်မှောက်ခေတ်မှာ ဂေးကွန်မြူနတီက ဂေးတိုင်းကို အတော်အကျိုးသက်ရောက်မှုရှိပြီး ဂေးတော်တော်များများက သူ့ကို စံပြုရလောက်တဲ့လူတစ်ယောက်ဖြစ်ပါတယ်။ ဂေးတွေနဲ့ ပတ်သက်တဲ့ အသံလွှင့် အစီအစဥ်တစ်ခုကိုလည်း လုပ်ကိုင်နေသူပေါ့။ ဘော်ဘီဟာ Grindr ဒိတ်မယ်...အဲဒီကဘဲတွေနဲ့ တကူးကူးကူး လုပ်မယ် ပြီးရင် နောက်နေ့နောက်တစ်ယောက် ဆိုပြီး ဘ၀ကို Relationship မချိတ်ဘဲ တစ်ကိုယ်တည်းနေလာတဲ့သူပါ။ တစ်နေ့ ဂေးပါတီတစ်ခုမှာ အယ်ရွန်ဆိုတဲ့အမျိုးသား တစ်ဦးနဲ့ ...
movie

Bros (2022)

Fire Island (2022) 6.8
Fire Island (2022) Fire Island (2022)" ဥစ္စာပေါ ရုပ်ချော အမျိုးသားတစ်ဦးဟာ သူ့အတွက် အမျိုးသမီး အဖော်မွန်တစ်ယောက် လိုကို လိုအပ်တယ်လို့ အကြွင်းမဲ့ ယုံကြသတဲ့ "အဲဒါ ကျွန်တော်ပြောတာ မဟုတ်ပါဘူး။ Jane Austen ပြောတာ။ စိတ်တော့မကောင်းပေမယ့် Jane ရဲ့ တစ်ခေတ်တစ်ခါက နာမည်ကြီးခဲ့တဲ့ စာသားက ဒီခေတ်ကြီးထဲမှာ အလုပ်မဖြစ်တော့ဘူးဗျ။ ဘာလို့လဲဆိုတော့ ယောင်္ကျားတိုင်းက မိန်းမ လိုချင်နေတာ မဟုတ်ဘူးလေ။ဒီဇာတ်လမ်းထဲက ကာရိုက်တာတွေက သက်သေပဲ။ နိုရာ၊ ဟောင်ဝီ၊ မက်ဇ်၊ ကီကန် နဲ့ လုခ်တို့က ကောလိပ်ကတည်းက ပေါင်းသင်းခဲ့ကြတဲ့ သူငယ်ချင်းတွေပါ။ တိတိကျကျ ခေါင်းစဉ်တပ်ပေးရရင် အဆင်ကြိုက်တဲ့ အပွင့်တစ်လိုင်းး ဂေးအုပ်စုပေါ့။သူတို့မှာ tradition လေးတစ်ခုရှိသဗျ။ အဲဒါကတော့ ဘယ်လောက်ပဲ ဝေးကွာနေကြပါစေ နှစ်စဉ် အပန်းဖြေခရီးအဖြစ် အုပ်စုလိုက် ဂေး Disney World လို့ တင်စားရလောက်တဲ့ ဖိုင်းယားကျွန်းကို တစ်ပတ်တိတိ အလည်သွား အဆင်စားကြတာပဲ။ ဖိုင်းယားကျွန်းမှာ ကြိုက်တဲ့သူနဲ့ ကြိုက်သလို ပလူး ...
movie

Fire Island (2022)

2022
The Lost City (2022)
The Lost City (2022) The Lost City (2022)ပရိသတ်တွေမျှော်နေကြတဲ့ ပျောက်ဆုံးနေသော မြို့တော်လာပါပြီ။ တောတွင်း စွန့်စားခန်းတွေ၊ ရတနာရှာတာတွေကို ဟာသကားအနေနဲ့ ရိုက်ထားတာမို့ ပေါ့ပေါ့ပါးပါးနဲ့ အတော်လေးကြည့်လို့ကောင်းပါတယ်။ သရုပ်ဆောင်တွေကလည်း ဆန်ဒရာဘူးလော့၊ ချန်းနင်းတေတမ်၊ ဘရက်ပစ်၊ ဒယ်နီရယ် ရက်ကလစ်ဖ်တို့ဆိုတော့ အားလုံးရင်းနှီးပြီးသားပါပဲ။ဇာတ်လမ်းအကျဉ်းကတော့ လော်ရက်တာဆိုဆိုတဲ့ စာရေးဆရာမဟာ ကောလိပ်ကျောင်းသူဘဝမှာ ရှေးဟောင်းစာပေတွေကိုလေ့လာခဲ့ပေမဲ့ ခင်ပွန်းဖြစ်သူ ရှေးသုတေသနပညာရှင် သေဆုံးခဲ့ပြီးတဲ့နောက်မှာ ရှေးဟောင်းသမိုင်းတွေကို ရေးသားထုတ်ဝေခဲ့ပေမဲ့ လူကြိုက်မများခဲ့ပါဘူး။ ဒါကြောင့် သမိုင်းနည်းနည်းနဲ့ အဖော်အချွတ်များများ ဆော်ကြိုက်ဘဲကြိုက် ပေါ်ပင် အချစ်ဇာတ်လမ်းတွေ တွဲရေးလိုက်တဲ့အချိန်မှာမှ အောင်မြင်သွားပါတော့တယ်။ အဲဒီလိုအောင်မြင်လာတဲ့အချိန်မှာပဲ သူ့စာအုပ်ထဲမှာ နည်းနည်းလေးပါနေတဲ့ သမိုင်းအမှန်တွေနဲ့ ရှေးဟောင်းစာပေ ဘာသာပြန်တွေကို အစစ်အမှန်မှန်းသိသွားတဲ့ ရတနာသိုက်မုဆိုးတစ်ယောက်ဟာ လော်ရက်တာကို ဖမ်းပြီး ပျောက်ဆုံးနေတဲ့ရှေးဟောင်းမြို့တော်ရဲ့ ရတနာတွေကိုရှာတဲ့နေရာမှာ အသုံးချဖို့ကြိုးစားလာပါတော့တယ်။ ဒါကိုပဲ လော်ရက်တာကို ကြိတ်ကြိုက်နေတဲ့ စာအုပ်မျက်နှာဖုံးမော်ဒယ် အလန်ကပါ နောက်ကနေ စွန့်စားခန်းတွေဖွင့်ပြီး လိုက်ကယ်တင်လာတဲ့အခါ...အညွှန်း နဲ့ ဘာသာပြန်ကတော့ Mr.Anderson ပဲ ဖြစ်ပါတယ်။Genre.....Adventure, Comedy, Romance Quality….4K HEVC | WEB-DL 1080p | 720p | 480p File ...
movie

The Lost City (2022)

Unbreakable Kimmy Schmidt: Kimmy vs. the Reverend(2020) 7.1
Unbreakable Kimmy Schmidt: Kimmy vs. the Reverend(2020) Unbreakable Kimmy Schmidt: Kimmy vs. the Reverend(2020)အညွှန်း**************************************************************IMDb.... 7.1ဒီဇာတ်ကားလေးက Netflix ကနေပြီးတော့ unbreakable Kimmy Schmidt series ထဲကို 2020 special အနေနဲ့ ပြန်လည် ရိုက်ကူးထားတဲ့ ဇာတ်ကားလေးပဲ ဖြစ်ပါတယ်။အသက် ၂၉ နှစ်အရွယ် ကမ်မီဟာ အင်ဒီရားနနား မြို့လေးရဲ့ မြေအောက် ကတုတ်ကျင်းထဲမှာ နှစ်အတော် အကြာ ပိတ်လှောင်ခြင်းခံထားရဖူးပါတယ်။ကြောက်စိတ်တွေနဲ့ သူမဟာ လက်ထက်ဖို့ သုံးရက်အလိုမှာ လွယ်အိတ်ထဲကနေမမျှော်လင့်ပဲ စာကြည့်တိုက်ကနေ ဌားထားတဲ့ စာအုပ်လေးကို တွေ့ရှိခဲ့တယ်။ အဲ့လိုနဲ့ အကောင်းမြင် သမားလေးဖြစ်တဲ့ ကမ်မီဟာ နောက်ထပ် သူ့လို မတရားခံရသူ မိန်းကလေးတွေ ရှိနေနိုင်မလားဆိုတဲ့ စိုးရိမ်စိတ်နဲ့ မင်္ဂလာပွဲမစခင် သုံးရက် အလိုမှာ သူငယ်ချင်း ဖြစ်သူ တိုင်းဒက်စ်နဲ့ အင်းဒီးရားနား မြို့လေးကို ပြန်သွားခဲ့ပါတယ်။သူမှာ သူ့ ...
movie

Unbreakable Kimmy Schmidt: Kimmy vs. the Reverend(2020)

Isn’t It Romantic (2019) 6.1
Isn’t It Romantic (2019) ဇာတ်လမ်းအကြောင်းအကျဉ်းချုပ်ပြောရရင်တော့အချစ်ဇာတ်မြူးကားမကြိုက်တဲ့ကောင်မလေးတစ်ယောက်အချစ်ဇာတ်မြူးကားထဲ ပိတ်မိသွားတဲ့ အချစ်ဇာတ်မြူးကားလို့ ပြောရမှာပဲ..ရှုပ်များသွားသလား မသိဘူး။ငယ်ဘဝမှာ မိခင်ဖြစ်သူသွင်းပေးလိုက်တဲ့ အတွေးခေါ်တွေကြောင့်အချစ်ဟာသကားတွေကို မုန်းတဲ့ နာတာလီဆိုတဲ့ပုံ့ပုံ့ဖိုင့်ဖိုင့်ဗိသုကာပညာရှင်မလေး ...စိတ်ကူးယဉ်ဆန်တာတို့ ချစ်ခြင်းတို့ဆိုတာတွေဟာသူ့လိုမိန်းကလေးတွေအတွက် မအပ်စပ်တဲ့အရာလို့တစ်ယူသန်မှတ်ထားတဲ့ လက်တွေ့ဆန်မလေးတစ်ယောက်တစ်ညမှာ ရိုက်လုခံရပြီး အစစအရာရာ မထင်မှတ်ထားတဲ့အပြောင်းအလဲကြီးနဲ့ ရင်ဆိုင်လိုက်ရတဲ့အခါမှာပေါ့..နာတာလီလေးတစ်ယောက် လက်တွေ့ဘဝထဲပြန်ထွက်လာမလား..သူမုန်းတယ်ထင်ခဲ့ဖူးတဲ့ အစစအရာရာပြည့်စုံနေတဲ့ဘဝမှာ ပျော်မလားဆိုတာတော့ကြည့်လိုက်ကြပါဦးလို့Translated by Sane Khet Encoded by sithu
movie

Isn’t It Romantic (2019)

2019