Channel Myanmar

Boyd Banks

Get Rich or Die Tryin’ (2005)
Get Rich or Die Tryin’ (2005)  နာမည်ကြီး rapper 50 cent ရဲ့ ဖြစ်ရပ်မှန် တကယ့်ဘဝအကြောင်းကို ရိုက်ကူးထားတဲ့ ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်။အမေဆုံးသွားပြီးနောက်ပိုင်း 12 နှစ်အရွယ်မှာ drug dealer အဖြစ်နဲ့ အသက်မွေးဝမ်းကြောင်းခဲ့ရာကနေ Rapper တစ်​ယောက်ဖြစ်လာအောင် ကြိုးစားခဲ့တဲ့ Marcus ရဲ့ဘဝဖြတ်သန်းပုံတွေကို ရိုက်ကူးထားပြီးတော့ 50 Cent ရဲ့ ဘဝဇာတ်ကြောင်းကို သိမြင်စေနိုင်မဲ့ Autobiography/ Crime ဇာတ်လမ်းတစ်ပုဒ်ပဲ ဖြစ်ပါတယ်။လူမဲရပ်ကွက်က gangsta တွေ အဖွဲ့ဂိုဏ်းတွေနဲ့ နယ်မြေစွဲပြီး territory ဆန်တဲ့ ဂိုဏ်းတွေကြားက ရန်ငြိုးနဲ့ပစ်ခတ်မှုတွေပါဝင်ပြီး Marcusရဲ့ ကြမ်းတမ်းတဲ့ဘဝကနေ အရှုံးမပေးဘဲ ဘယ်လိုတွေကြိုးစားခဲ့လဲဆိုတာ ရင်ဖိုစိတ်လှုပ်ရှားစွာ ကြည့်ရှုရမှာပဲဖြစ်ပါတယ်။ File size…(2 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:32:00 Genre...Drama, Crime, Music Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Thwal Htoo Zin 
movie

Get Rich or Die Tryin’ (2005)

The Tuxedo (2002) 5.4
The Tuxedo (2002)  ဒီတစ်ခါတော့ CM ပရိတ်သတ် ကြီးကို အားလုံးကြည့်ရှု့သဘောကျ နှစ်သက်ခဲ့တဲ့ မင်းသားကြီး ဂျက်ကီချန်းရဲ့ The Tuxedo ဆိုတဲ့ကားကောင်းလေး ပြန်တင်ဆက် ပေးလိုက်ရပါတယ်ခင်ဗျာ။ တော်တော် များများ ကြည့်ဖူးကြမှာဖြစ်ပါတယ်။အထူး ညွန်းဆိုနေစရာ မလိုလောက်ပါဘူး။အနည်းငယ် ပြန်မိတ်ဆက်ပေးရရင်တော့ ဂျက်ကီချန်းက ဂျင်မီတွန်ဆိုတဲ့ တက္ကစီသမားတစ်ယောက်ပါ။ သူကကားကို မြန်နှုန်းပိုမောင်းတာတွေကြောင့် မကြာခဏ လိုင်စင်အသိမ်းခံရသူပါ။ တစ်ရက်မှာတော့ အမျိုးသမီးတစ်ယောက် သူ့ကားကို ငှားစီးရာကနေ သူ့ဘဝတစ်ဆစ်ချိုးသွားခဲ့ပါတယ်။ သူ ဖရန့် ဒဗ္ဗလင်ဆိုတဲ့ သူဋ္ဌေးတစ်ယောက်ဆီမှာ ယာဉ်မောင်း အလုပ်ကို ရခဲ့ပါတယ်။ ဒါပေမဲ့ သူမသိတာက မစ္စတာ ဒဗ္ဗလင်က လျှို့ဝှက် စပိုင် တစ်ယောက်ပါ။ တရက်တော့ ဒဗ္ဗလင်လုပ်ကြံခံရပြီး ကိုမာ ဝင်သွားပါတယ်။အဲ့အချိန်မှာပဲ ဂျင်မီ တစ်ယောက် သူ့ဆရာရဲ့ ထူးဆန်းတဲ့ အင်္ကျီကို ယူဝတ်မိသွားပါတော့တယ်။ ဒီဝတ်စုံက လူ့ ဒီအန်အေတွေနဲ့ ချိတ်ဆက်ထားပြီး နာရီမှ တစ်ဆင့်လိုသလို ပြောင်းလဲတဲ့အခါ သာမန်လူတစ်ယောက်က သိုင်းမတက်ပေမဲ့ ဝတ်စုံကြောင့် သိုင်းတက်လာတယ် ကိုယ်ပျောက်နိုင်တယ် နံရံတွယ်တက်နိုင်တယ် အစရှိသဖြင့်ပေါ့။ ...
movie

The Tuxedo (2002)

Pontypool (2008) 6.5
Pontypool (2008)  ဒီတစ်ခါမှာတော့ Horror&Mystery ဇာတ်ကားအမျိုးအစားကိုမှကြိုက်နှစ်သက်တဲ့ ကြည့်ရှု့သူပရိတ်သတ်ကြီးကို ဒါရိုက်တာBruce McDonaldရိုက်ကူးတင်ဆက်ထားတဲ့ Pontypoolဆိုတဲ့ rating 6.5/10ရရှိထားတဲ့ ဇာတ်ကားလေးနဲ့မိတ်ဆက်ပေးပါရစေ...ဒီဇာတ်ကားဟာ ပေါင့်တီပူးလ်မြို့ အွန်တာရီနိုမှာ ဖြစ်ပွားနေတဲ့ ထူးဆန်းဖွယ်ကူးစက်ရောဂါအကြောင်းကို ဇာတ်အိမ်တည်ရိုက်ကူးထားပြီး မင်းသားStephen McHattieနဲ့မင်းသမီး Lisa Houleတို့က ပါဝင်အားဖြည့်သရုပ်ဆောင်ထားပါတယ်ဇာတ်လမ်းအစမှာ ဂရန့်မက်ဇီတစ်ယောက် အွန်တာရီနိုမြို့လေးမှာ ရှိတဲ့ရေဒီယိုအသံလွှင့်ရုံမှာအသံလွှင့်နေရင်း ထူးဆန်းတဲ့ သတင်းစကားတစ်ခုကိုကြားဖြတ်ဖမ်းမိလိုက်ပါတယ်အဲ့တာကတော့ မြို့ထဲက ဒေါက်တာမန်ဒန်ရဲ့ရုံးမှာ လူထုအုံကြွမှုတစ်ခုဖြစ်နေတယ်လို့ကြားလိုက်တာဖြစ်ပါတယ် ဂရန့်တို့တစ်တွေလည်း ဒါဟာ ကောလဟာလသက်သက်လားစနောက်နေတာသက်သက်လားဆိုပြီး ဝေခွဲမရဖြစ်ကုန်ပါတယ် အဲ့နောက် တဖြည်းဖြည်းချင်းနဲ့လူထုဆူပူအုံကြွမှုအကြောင်းတွေ အကြမ်းဖက်ဖြိုခွင်းတာတွေ စတဲ့အကြောင်းတွေပဲဆက်တိုက်ဝင်လာနေပါတယ် ဒီလိုနဲ့ အတည်ပြုဖို့ကြိုးစားနေကြတဲ့အချိန်မှာပဲ နောက်ဆုံးမှာထူးဆန်းတဲ့ကပ်ရောဂါတစ်ခုပျံနှံ့နေလို့ ပေါင့်တီပူးလ်မြို့ကို ကန့်သတ်ထိန်းချုပ်ထားလိုက်ပြီဆိုတဲ့အကြောင်းသိရှိလိုက်ရပါတယ် ရောဂါကလည်း ထူးဆန်းစွာပဲ လူ့ခန္ဓာကိုယ်အသွေးအသားနဲ့လေထဲကနေတဆင့်ကူးစက်တာမဟုတ်ဘဲ ပြောနေတဲ့စကားလုံးတွေကတဆင့် ကူးစက်နေတာဖြစ်ပါတယ် အဲ့ဒီနောက် ရောဂါပိုးက စကားလုံးတွေကနေ ဘယ်လိုမျိုးကူးစက်တာဖြစ်မလဲဘယ်စကားလုံးတွေကရော ရောဂါပိုကိုပျံ့နှံ့စေတာဖြစ်မလဲ ရေဒီယိုအသံထုတ်လွှင့်တင်ဆက်နေတဲ့ဂရန့်တို့တစ်တွေကော ဘယ်လိုအခက်အခဲတွေကိုကြုံတွေ့ရမလဲ သူတို့တွေ ဒီကူးစက်ရောဂါကနေအသက်ရှင်ကျန်ရစ်အောင် ဘယ်လိုမျိုးရင်ဆိုင်ကျော်လွှားကြမလဲ အစိုးရကကော ကာကွယ်ဆေးကိုအချိန်မှီတွေ့ရှိပါ့မလား ဆိုတာကိုဒီဇာတ်ကားလေးထဲမှာ စိတ်ဝင်စားဖွယ်စီးမျောကြည့်ရှုလိုက်ပါဦး ...
movie

Pontypool (2008)

New York Minute (2004) 4.9
New York Minute (2004) New York Minute 2004 Olsen ညီအစ်မ နှစ်ယောက်ရဲ့ တစ်ခါကTeen Movie လေးနဲ့ မိတ်ဆက်ပေးပါရစေပေါ့ပေါပါးပါး လူငယ်ဇာတ်လမ်းလေးဖြစ်လို့အပန်းဖြေကြည့်ရှုဖို့ အထူးသင့်တော်ပါတယ်ဇာတ်လမ်းအကျဉ်းဂျိန်းနဲ့ရော့ဇီ ဆိုတဲ့ ညီအစ်မနှစ်ယောက်ဟာ အမြွှာတွေဖြစ်ကြပေမယ့်စရိုက်တွေဟာ ပြဒါးတစ်လမ်း သံတစ်လမ်းပါပဲ ...ဂျိန်းကတော့ ငယ်စဉ်ကတိုင်း စာကြိုးစားပြီးဘာမဆို စီစဉ်တကျနဲ့ နေတတ်ထိုင်တတ်သူရော့ဇီကတော့ ပေါ့တီးပေါ့ပျက်နဲ့ဂီတလိုက်စားသူ ကျောင်းပြေးမတစ်နေ့တော့ ဂျိန်းက သူ့တက္ကသိုလ်ပညာရေးအတွက်ပြိုင်ပွဲတစ်ခုမှာ မိန့်ခွန်းပြောဖို့ ဖြစ်လာတယ် ။တစ်နေ့တည်းမှာပဲ ရော့ဇီကကျ သူ့ဂီတလမ်းကြောင်းအတွက်အခွင့်အရေးရနိုင်မယ့် MV ရိုက်ကွင်းတစ်ခုကို သွားဖို့ ရှိလာပါတယ် ။ဒီလိုနဲ့ ညီမနှစ်ယောက် ရထားတစ်စင်းပေါ်တူတူလိုက်ပါလာတဲ့ ခရီးက စလို့ ..ဂယက်‌တစ်သိန်းဇာတ်လမ်း စတင်ပါတယ် ...အမြွှာတွေ အများစုဟာ စိတ်တူကိုယ်တူ ဖြစ်ပြီနှစ်ယောက်အတူဆို ကံကောင်းတတ်ကြတယ်ဆိုတဲ့ ‌လောဂျစ်က ဒီညီအစ်မနဲ့တော့ ‌လားလားမျှမဆိုင်တာကို ဒီဇာတ်လမ်းမှာ မြင်ရပါလိမ့်မယ်။ဒါ့အပြင် ချစ်စရာ Olsen ညီအစ်မရဲ့ အလှတွေကိုမြင်ရဦးမှာဖြစ်လို့ ကြည်ရှုကြဖို့ တိုက်တွန်းလိုက်ရပါတယ် File size…  2.3 ...
movie

New York Minute (2004)

2004
Harold & Kumar Go to White Castle (2004) 7.0
Harold & Kumar Go to White Castle (2004) Harold & Kumar Go to White Castle (2004) Genre - Comedy, Adventure IMDB - 7.0/10ခင်ဗျားတို့ ဆေးခြောက်/ဝိသောက်ပြီး ဘယ်လောက်ထိစားသောက်ဖူးကြလဲ စားချင်စိတ်ဖြစ်ကျလဲ(ကျွန်တော်ကတော့ လမ်းဘေးထမင်းကြော်ကိုလိုက်ပွဲ ၆ ပွဲနဲ့ ဟင်းအပို ၃ ပွဲထိ စားဖူးတယ် ဤကား စကားချပ်)။ဒီရုပ်ရှင်ရဲ့ အဓိကအကြောင်းအရာကလည်းအဲဒီလို ဝိကွဲပြီး သွားငတ်ကြီးကျလို့ ဘေးကပ်ပေါင်း ၃၆၅ မျိုးလောက် ကြုံရတဲ့ရုပ်ရှင်။ဒီကားထဲက ဘဲနှစ်ပွေက တော်တော်စားတယ်၊။တစ်ယောက်က ကိုရီးယားကကောင် ကင်ချီသားသူကတော့ ဘဝကို ပုံမှန်အလုပ်လုပ်ပြီး ဖြတ်သန်းနေသူတစ်ယောက်။နောက်တစ်ယောက်ကကျ အိန္ဒိယား အာပနား ပရမ်းပတာကောင်စာတော်ပေမယ့် အလေကောင်ပေါ့ဗျာ။ဒီနှစ်ယောက်က တိုက်ခန်းမှာ တူတူနေကြတာအလုပ်ပိတ်ရက်ဆို ဝိလေးကိုင်ပြီး ကွဲပြဲနေကြတဲ့ နှစ်ယောက်ပေါ့ဗျာ။တစ်ရက်ကျ ကင်ချီသားက သောကြာနေ့လေးအိမ်ပြန်နှပ်မလို့ကို အလုပ်ကကောင်တွေ ဂျင်းထည့်လို့အိမ်က အာပနားကိုတော်ပြီ အလုပ်ပါလို့ ဆေးခြောက်မသောက်ဘူးတားတာကို အာပနားက ဇွတ်မြူဆွယ်တာနဲ့ နှစ်ကောင်သား ချကြရော။အဲဒီမှာ ကွဲပြဲလာတော့ ...
movie

Harold & Kumar Go to White Castle (2004)

2004
Cinderella Man(2005) 8.0
Cinderella Man(2005) Cinderella Man(2005)********************James.J Braddock ဒီနာမည်ကြားလိုက်တာနဲ့ တစ်ခေတ်တခါက ဘာဂန်းမြို့လေးရဲ့ခွေးဘီလူးလူကြမ်းကြီး နယူးဂျာဆီပြည်ရဲ့ဂုဏ်ဆောင် ဂျင်မီဆိုပြီး မသိသူမရှိကြပါဘူး...ဘရက်ဒေါ့တို့မိသားစုလေးဟာ သူငယ်ငယ်တည်းကသိပ်အဆင်ပြေပြေရှိလှတယ်မဟုတ်ပါဘူး...အိုင်းရစ်ကနေပြောင်းလာတဲ့ immigrant မိသားစုလေးအနေနဲ့ challenge တွေကတော့အများကြီးရှိမှာပြောစရာတောင်လိုမယ်မထင်ပါ...မွေးချင်းကလဲစုစုပေါင်း ၇ယောက်ဆိုတော့ စားဝတ်နေရေးခက်ခဲမယ်ဆိုတာ အားလုံးအသိပါဒါပေမယ့် ဘရက်ဒေါ့ဟာ လောကကြီးကိုအံတုတယ် ပျစ်ခနဲတံတွေးနဲ့ထွေးပြီးရန်စတယ်သူလောကကြီးကိုအံတုပုံက သူများတွေလို ကြီးပွါးချမ်းသာအောင်လုပ်တာ မဟုတ်ဘဲသူ့ရဲ့ကြောက်စရာလက်သီးချက်တွေနဲ့ပါဒီလိုနဲ့ဘရက်ဒေါ့ဟာတဖြည်းဖြည်းနာမည်ရလာတယ် သူ့ရဲ့မထင်ရင်မထင်သလိုရှောင်တခင်ပြန်ထိုးတတ်တဲ့ တန်ပြန်လက်သီးချက်တွေ သာမန်ပင့်လက်သီးလောက်ကတော့ပဲကြီးလှော်ဝါးသလောက်ပဲရှိတဲ့ သူ့ရဲ့ စတီးလိုမေးရိုးကြီးတွေကြောင့်သူ့ရဲ့ဂုဏ်သတင်းဟာတဖြည်းဖြည်းပျံ့နှံလာပါတယ်.. ဒါပေမယ့် ကံကြမ္မာကဘရက်ဒေါ့ဆိုတဲ့လူကြမ်းကြီးကိုမျက်နှာသာမပေးပါဘူး,,, သူ့ဘဝရဲ့အဆိုးတကာ့အဆိုးဆုံးဆိုတဲ့အခြေနေကို ဖြစ်တဲ့ Champion tier ကနေ Underdog Tier ထဲကိုရောက်နေပါပြီ..အဲ့ဒီနောက်မှာတော့..rating တွေ critic တွေအကြောင်းပြောမနေတော့ဘူး တကယ်ကိုအနှစ်ကျတဲ့ကားပါလူကြမ်းကြီး Cinderella Man ကိုအားပေးလိုက်ကြပါဦး....File Size :(2.3GB) (881 MB) and (277MB) Quality : Blu-Ray 720p Format…mp4 Duration…02:24:00 Genre : Biography ,Drama, Romance Subtitle : Myanmar Subtitle ...
movie

Cinderella Man(2005)

Possessed(2000) 5.2
Possessed(2000) Possessed(2000)================ဖာသာ ဘိုဒန် ဟာဒုတိယကမ္ဘာစစ် စစ်ပြန်တယောက်တဖြစ်လဲ ခရစ်ယာန်ဘုန်းတော်ကြီး။ စစ်အတွင်းပြင်သစ်မှာသူ မကယ်တင်လိုက်နိုင်တဲ့လူငယ်လေးတယောက်ကြောင့်နေ့နေ့ညညအရက်စွဲပြီးPTSDရခဲ့တယ်။ လက်ရှိ‌ကက်သလစ်တက္ကသိုလ်ရဲ့ ဘုရားကျောင်းမှာတာ၀န်ထမ်းနေရင်ကြုံတွေ့လာရတာက ရော်ဘီဆိုတဲ့ကောင်လေးရဲ့အဖြစ်အပျက်။ဒီ 11 နှစ်သားလေးဟာ မိုးမွှန်အောင်ဆဲဆိုရိုင်းစိုင်းနေသလိုသူ့ဘေးနားမှာသဘာ၀လွန်အဖြစ်အပျက်တွေကလည်းတသီချည်းဖြစ်နေတယ်။ ဒါကဘာဖြစ်တာလဲ?သိပ္ပံနည်းနဲ့လည်းအဖြေရှာမရဘူး။ နောက်ဆုံးမျှော်လင့်ချက်အနေနဲ့ရောက်လာတဲ့ရော်ဘီ့မိသားစုကို ဘိုဒန်ကူညီနိင်ပါ့မလား၂၀ရာစုဒီခေတ်ကြီးမှာဒီလိုအဖြစ်အပျက်တွေကို ကက်သလစ်ကျောင်းတော်ကြီးကရောသူတို့ကိုယုံကြည်ပါ့မလား။ဘိုဒန်ရဲ့ယုံကြည်မှုဘုရားသခင်ရဲ့သူ့အ‌ပေါ်စမ်းသပ်မှုတွေကိုအောင်မြင်နိုင်ပါ့မလားဆိုတာကိုရှုစားပေးကြပါဦးခင်ဗျာ....... File size…1.68GB / 803MB Quality…WEB-Rip 1080p  / 720p Format…mp4 Duration….1h 50m Genre ..... Horror , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Brackman
movie

Possessed(2000)

Lars and the Real Girl(2007) 7.3
Lars and the Real Girl(2007) Lars and the Real Girl(2007)**************************IMDb.... 7.3Ryan Gosling အဓိကပါဝင်သရုပ်ဆောင်ထားပြီးအော်စကာဆန်ကာတင်တစ်ဆုလည်း စာရင်းဝင်ခဲ့တယ်..Broken family လို့ပြောရအောင်သူ့ဘဝက ဆိုးလှတယ်..အဖေရောအမေရောဆုံးသွားတဲ့အပြင်အကိုဖြစ်သူကလည်း ငယ်ငယ်ကတည်းက အိမ်မှာ မနေ..ကားဂိုဒေါင်ထဲ တစ်ယောက်တည်းနေပါများပြီးတော်ရုံလူတွေနဲ့ စကားမပြောတော့... တိတ်ဆိတ်ခြင်းဟာသူ့အတွက်အကောင်းမွန်ဆုံးအဖော်..ဒီချိန်မှာပဲ အိမ်ကိုပြန်ရောက်လာတဲ့ အကိုလင်မယားဟာညီဖြစ်သူရဲ့ အထီးကျန်ဆန်တဲ့ဘဝကိုတွေ့ပြီးအဖော်လေးရအောင်ဆိုပြီး ကောင်မလေးတစ်ယောက်နဲ့မိတ်ဆက်ပေးလိုက်တယ်..အဲ့ဒီနောက်မှာတော့...File Size :(2.4GB) (743MB) and (428MB) Quality : Blu-Ray1080P,720p Format…mp4 Duration…01:59:00 Genre : Comedy ,Romance , Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Jane Encoded by Phyo Pyae
movie

Lars and the Real Girl(2007)

Land of the Dead (2005) 6.2
Land of the Dead (2005) Land of the Dead (2005)Zombies apocalypse ရုပ်ရှင်တွေ အရိုက်များလာတဲ့​နောက် Old but gold zombie ကား​​​ကောင်းတစ်ကားကို CM fan​တွေ မကြည့်ဖူးမရှိရ​​အောင် တင်​​​ဆက်​ပေးလိုက်ပါတယ် 2005ခုနှစ်ကတည်းက ထွက်ရှိခဲ့တာဖြစ်ပြီး IMDb 6.2, RT 74% rating ရထားပါတယ်။ အမျိုးအမည်မသိရတဲ့ကပ်​ဘေးတစ်ခု​ကြောင့် တစ်ကမ္ဘာလုံးက လူ​အများစု ဖုတ်​ကောင်​တွေ ဖြစ်သွားတဲ့​နောက် ​လူကုံထံ​တွေက လုံခြုံ​ရေးအထပ်ထပ်နဲ့ မြို့သစ်တွေတည်ပြီး​​​နေထိုင်ကြပါတယ်၊ ကပ်​ဘေးကလွတ်လာတဲ့ မျက်နှာမွဲလူဆင်းရဲ​တွေကို​တော့ မြို့ရဲ့အစွန်ဆုံး၊ ခြံစည်းရိုး​တွေနဲ့ အနီးဆုံးမှာပဲ ​ပေး​နေပါတယ်၊ ရိက္ခာကို​တော့ ကြေးစားလူစွန့်စား​တွေကို ငှားရမ်းပြီး ဖုတ်​​ကောင်​တွေပြည့်နေတဲ့ မြို့ပျက်ငယ်​တွေမှာ ရှာ​​ဖွေခိုင်းပြီး အသက်ဆက်​နေကြတာပါ။ရိုင်​လေ နဲ့ ချိုလိုဒယ်မိုရာတို့က အဆိုပါ​​ ကြေးစားအဖွဲ့ဝင်​တွေပဲ ဖြစ်ပါတယ်၊ အစပိုင်းမှာ​တော့ ဖုတ်​ကောင်​တွေက လမ်း​လျှောက်တတ်တဲ့ လူ​သေ​ကောင်သာသာပဲမို့လို့ စားနပ်ရိက္ခာ ရှာ​ဖွေရာမှာ သိပ်အခက်အခဲမရှိခဲ့ပေမယ့် တစ်​​နေ့မှာ​တော့ ဆင့်ကဲ​ပြောင်းလဲတတ်တဲ့ သဘာဝအတိုင်း အချင်းချင်း ဆက်သွယ်တတ်တာကစလို့ ကမ္ဘာဦးလူသား​တွေလို အစာရှာဖို့၊ ကိုယ့်ကိုယ်ကိုယ်ခုခံဖို့ ...
movie

Land of the Dead (2005)

Silent Hill: Revelation ( 2012 ) 5.0
Silent Hill: Revelation ( 2012 ) Silent Hill: Revelation (2012) ကတော့ Silent Hill(2006) ရဲ့ နောက်ဆက်တွဲဖြစ်ပြီးတော့ Konami ရဲ့ Silent Hill 3 ဗီဒီယိုဂိမ်းပေါ်မှာ အခြေခံပြီး ရိုက်ကူးထားတာပါ။ ဒီဇာတ်ကားမှာတော့ Sharon  ဆိတ်ငြိမ်တောင်ကုန်းကနေ ပြန်လွတ်မြောက်လာနိုင်ခဲ့ပေမဲ့Rose ကတော့ ပိတ်မိနေခဲ့ပါတယ်။Rose က ခင်ပွန်းဖြစ်သူ Christopher ကို Sharon ဘယ်တော့မှ ဆိတ်ငြိမ်တောင်ကုန်းကို ပြန်မလာနိုင်အောင် ကာကွယ်ပေးပါလို့ ကတိတောင်းထားခဲ့ပါတယ်။တစ်ဖက်ကလည်း Order Of Valtiel ဆိုတဲ့ အဖွဲ့ Sharon ဆိတ်ငြိမ်တောင်ကုန်းကို ပြန်လာအောင် အပြင်းအထန်ကြိုးပမ်းနေကြပါတယ်။Order အဖွဲ့က သူ့ရဲ့အဖေကို ဖမ်းခေါ်သွားတဲ့အချိန်မှာတော့ Sharon တစ်ယောက် ဆိတ်ငြိမ်တောင်ကုန်း ဆီကိုပြန်သွားခဲ့ပါတယ်။အဲဒီမှာ ဘာတွေကသူ့ကိုစောင့်ကြိုနေမလဲ။ သူကိုဘာဖြစ်လို့ Order က အရမ်းလိုချင်နေကြတာလဲ။ သူရောက်လာတဲ့အချိန် ဆိတ်ငြိမ်တောင်ကုန်းမှာ ဘာတွေပြောင်းလဲသွားမလဲ။ ကြည့်လိုက်ကြပါဦး။Translated & Review ...
movie

Silent Hill: Revelation ( 2012 )

2012
The Fountain(2006) 7.3
The Fountain(2006) The Fountain(2006)IMDb....7.3ဒီကားကိုဒေါင်းမကြည့်ခင်ပြောလိုတာကတော့ Pulp Fiction (1994) နဲ့ Memento (2000)သဘောကျတဲ့သူဆိုရင်တော့  ဒီကားကိုဒေါင်းကြည့်ပါလို့ပြောချင်တယ်... ကျွန်တော်ပြောတဲ့ကားတွေကိုသဘောမကျဘူးဆိုရင်ဒေါင်းမကြည့်ပါနဲ့... ခင်ဗျားတို့အတွက် ဘာကားကြီးမှန်းမသိဘူးလို့ စိတ်ပျက်လက်ပျက်ရေရွတ်မိလိမ့်မယ်...အထက်ပါပြောတဲ့ကားတွေလို  ခမ်းနားလားမခမ်းနားလားမသိပေမယ့် concept တွေချိတ်ဆက်တဲ့နေရာမှာတော့တော်တော်ကြီးကို မိုက်တယ်...ဇာတ်လမ်းကတော့  Tommy ဆိုတဲ့ သိပ္ပံပညာရှင်တစ်ယောက်ဟာ နေ့ရှိသမျှ ဓာတ်ခွဲခန်းထဲမှာပဲကုန်ဆုံးနေတယ်...ဘာကြောင့်လဲဆိုတော့   အဆိုးဆုံးအဆင့်ရောက်ရှိတဲ့cancer ရောဂါသည် သူ့မိန်းမကို ကုသနိုင်ဖို့အတွက်ကုထုံးကိုအဖြေရှာနေလို့ပါ.....ဇနီးဖြစ်သူက သေခြင်းတရားကိုလက်ခံနိုင်ပေမယ့် သူကတော့ ကမ္ဘာဆုံးထိဖြေရှင်းစရာနည်းလမ်းကိုရဖို့ ကြိုးစားမယ့် လူတစ်ယောက်လိုပါပဲ...ကိုင်း သူအဖြေရှာနိုင်မလား....ကျွန်တော့်တို့ရဲ့ X Men မင်းသားကြီး Hugh Jackman ကအဓိကပါဝင်သရုပ်ဆောင်ထားပြီး ဆု(၉)ဆုအခြားဆန်ကာတင်(၃၄)ဆုလည်းရရှိထားပါတယ်...ခံစားကြည့်လိုက်ပါဦး ...ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Scarlett May ဖြစ်ပါတယ်...File Size : (1.85GB) ,(830MB)and (380 MB) Quality : BluRay 1080p 5.1CH, Blu-Ray 720p Format…mp4 Duration…01:36:00 Genre :  Drama, Sci-Fi Subtitle : Myanmar Subtitle (Hard Sub) Translated by Scarlett May Encoded by Phyo Pyae
movie

The Fountain(2006)

2006
Dawn of the Dead (2004) 7.3
Dawn of the Dead (2004) Dawn of the Dead (2004)IMDb - 7.3/10_____Rotten - 75%    ကြောက်တက်သူများ ကြည့်ဖို့မသင့်တော်ပါဘူး သွေးသံရဲရဲတွေနဲ့ သဘာဝကျစွာ ပုံဖေါ်ထားတာဖြစ်လို့ Horror ကြိုက်သူတို့ လက်မလွှတ်သင့်တဲ့ ဇာတ်ကားကောင်းလေးပါ။ ဇွန်ဘီကားဆိုပေမဲ့ ဖြစ်သလိုဇာတ်အိမ်ဖွဲ့ထားတာမျိုးမဟုတ်ပဲ သဘာဝကျကျ ဖွဲ့ထားပါတယ်။ သေချာခံစားပြီးကြည့်ရင် သင်ကိုယ်တိုင် ဇာတ်လမ်းထဲမှာ စီးမျောနေသယောင်ခံစားရပါလိမ့်မယ်။ ဘဝကို ရိုးရှင်းစွာဖြတ်သန်းနေတဲ့ သူနာပြုမလေးတစ်ယောက်။ တစ်နေ့ဂျူတီပြီးလို့ အိမ်အပြန် ညနေပိုင်းလောက်မှာ မိန်းကလေးတစ်ယောက် တံခါးဝမှာရပ်နေပါတယ်... ကလေးရဲ့ ပါးစပ်မှာသွေးတွေပေနေပြီး လူကလောက်ကျောက်ရုပ်လိုငြိမ်သက်နေပါတယ် ဂါဝန်အဖြူမှာလည်း သွေးတွေစွန်းထင်းနေပါတယ်။ သူမကိုမြင်တော့ အကူညီလိုနေတယ်ထင်လို့ အကူညီခေါ်ပေးဖို့ အနားသွားလိုက်တဲ့အခါမှာတော့.. ကမောက်ကမတွေဖြစ်ကုန်ပါတယ်... အသက်ရှင်ကျန်ရစ်သူ သူနာပြုမလေးကတော့ ခြေဦးတည့်ရာ ပြေးရင်းလွှားရင်း လူတစ်စုနဲ့ပေါင်းမိပြီး မောလ်ကြီးတစ်ခုထဲကို ရောက်ရှိသွားပါတယ်။ အဲဒီမောလ်ကြီးဟာ အသက်ရှင် ကျန်ရစ်တဲ့သူတွေအတွက် မှီခိုရာနေရာလေးဖြစ်သွားပါတော့တယ်..။ တစ်ကယ်တော့ သူတို့တွေအားလုံးက ဇွန်ဘီကောင်တွေရဲ့ သဘောသဘာဝကို မသိကြပါဘူး ဘယ်လိုကူးစက်လဲဆိုတာကိုလည်းမသိကြပါဘူး..။ တစ်နေ့မှာ မောလ်ထဲကို လူသစ်တွေထပ်ရောက်လာပါတယ် သူတို့ထဲက တစ်ယောက်က အကိုက်ခံထားရပြီး အခြေနေက အတော်ဆိုးရွားနေပါပြီ။ သူ..သေသွားပြီး တစ်ဖန်ပြန်ထလာကာ တွေ့တဲ့လူကို လိုက်ကိုက်ပါတော့တယ်။ အဲဒီအချိန်မှာပဲ အကိုက်ခံရရင် ကူးစက်တယ်ဆိုတာ သိရှိကြပါတော့တယ်...။ ဒါပေမဲ့ သူတို့သိတာနောက်ကျခဲ့ပါပြီ...။ တစ်ကယ်လို့များ အဲဒါကို ...
movie

Dawn of the Dead (2004)

2004