Channel Myanmar

Brad William Henke

Altered (2006) 5.6
Altered (2006) Altered 2006ဒီတစ်ခါတင်ဆက်ပေးချင်တဲ့ ဇာတ်ကားလေးကတော့ ခုခေတ်မှာရှားသွားပြီဖြစ်တဲ့ ဂြိုလ်သားကားပါ ဟာ ဒီလောက်ဂြိုလ်သားကားတွေပေါနေတာ ဘာကိုရှားတာလဲဆိုတော့ ဟုတ်ပါတယ် ဒီကားမှာက ခုခေတ်လို နည်းပညာမြင့်လက်နက်တွေနဲ့ ဂြိုလ်သားတွေကိုပြန်ကြိတ်ရမှာ မဟုတ်ပါဘူး လက်ဗလာနီးပါးနဲ့ပြန်ခံချရင်း အသဲတထိတ်ထိတ်နဲ့ ဖြစ်မှဖြစ်ပါ့မလားလို့ကြည့်ရမှာပါ ပြီးတော့ ကမ္ဘာကြီးတစ်ခုလုံးနဲ့လည်း ယှဉ်မချကြပါဘူးဇာတ်လမ်းကိုက ဘော်ဒါငါးယောက် ကလေးဘဝမှာ တောထဲအမဲလိုက်သွားတဲ့အချိန် ဂြိုလ်သားတွေကဖမ်းပြီးစမ်းသပ်ပါတယ် အဲ့ငါးယောက်ထဲမှာ လေးယောက်ပဲပြန်လွတ်လာပြီး တစ်ယောက်က သေဆုံးသွားပါတယ် အဲ့ဒါကိုဂြိုလ်သားဆိုတာ ဘယ်သူမှမယုံဘဲ ထောင်ကျတဲ့သူကျနဲ့ ဘဝတွေပျက်ကုန်ပါတယ် ဒါပေမဲ့ ၁၅ နှစ်ကြာပြီးနောက်မှာ ဂြိုလ်သားဆိုတာဂျိုနဲ့လားဆိုပြီး မိုက်မိုက်ကန်းကန်း ဒီလေးကောင်နဲ့ပဲပြန်သွားချကြပါတော့တယ် အဲ့တော့ လူသားလေးယောက်နဲ့ ဂြိုလ်သားတစ်အုပ် ဘယ်လိုတီးကြမလဲဆိုတာ Horror-Thrillerကားကောင်းကြိုက်တဲ့ ပရိသတ်တွေအဖို့ တင်ဆက်ပေးလိုက်ပါတယ် သွေးထွက်သံယို R-rated အခန်းတွေများတာကိုတော့ ကြိုတင်သတိပေးလိုက်ပါတယ်အညွှန်းနဲ့ဘာသာပြန်ကတော့ Sai Thurein Lynn ပဲဖြစ်ပါတယ်Genre..... Horror,  Sci-fi, Thriller Quality…. 1080p | 720p File size… 1.6GB | 655MB Format… mp4 Duration…. 1h 28min Subtitle…. Myanmar Subtitle (Hardsub) Translator .....  ...
movie

Altered (2006)

2006
North Country (2005) 7.3
North Country (2005)    2005ခုနှစ်ကထွက်ရှိထားပြီး IMDb 7.3/10ထိ ရရှိထားတဲ့ Trial Drama ဇာတ်ကားကောင်းလေးတစ်ခုကို တင်ဆက်ပေးမှာဖြစ်ပါတယ်ဒီဇာတ်ကားမှာတော့ ဂျိုစီအိမ်းဆိုတဲ့ အမျိုးသမီးဟာ ကလေးနှစ်ယောက်မိခင်ပါ အကြီးကောင်လေး ဆမ်မီကိုတော့ အဖေမပေါ်ဘဲ မွေးထားတာဖြစ်ပြီး သမီးလေး ခယ်ရန်ကိုတော့ လက်ရှိအိမ်ထောင်က ရရှိခဲ့တာပါ သူအိမ်ထောင်ကွဲတဲ့အချိန်မှာတော့ မိဘတွေဆီကို ပြန်လာနေပြီး သတ္ထုတွင်းမှာ အလုပ်လုပ်ရင်း ကလေးတွေကို ထောက်ပံ့နိုင်အောင် ကြိုးစားပါတော့တယ်ယောက်ျားတွေနဲ့ ရင်ဘောင်တန်းပြီး လုပ်ကိုင်နေတဲ့ သတ္ထုတွင်းက အမျိုးသမီးတွေဟာ လိင်ပိုင်းဆိုင်ရာ စော်ကားမှုကို နေ့စဉ်နဲ့အမျှ ခံစားနေခဲ့ရတာပါ ဂျိုစီတစ်ယောက်ယောက်အလုပ်ဝင်ချိန်မှာတော့ လိင်ပိုင်းဆိုင်ရာ စော်ကားမှု မခံရအောင် ကြိုးစားပါတော့တယ် အဖေမပေါ်ဘဲ ကလေးတစ်ယောက် မွေးထားသူဖြစ်တာကြောင့် တစ်မြို့လုံးမှာ နာမည်ဆိုးထွက်နေတဲ့ ဂျိုစီဟာ လိင်ပိုင်းဆိုင်ရာ စော်ကားမှုကို တွန်းလှန်ရာမှာ အခက်အခဲများစွာနဲ့ ကြုံတွေ့ရပါတော့တယ် အမျိုးသမီး လုပ်ဖော်ကိုင်ဖက်တွေဟာလည်း အလုပ်ပြုတ်မှာစိုးရိမ်တဲ့အတွက် သူ့ဘက်က ရပ်တည်မပေးခဲ့ကြပါဘူး ဂျိုစီတစ်ယောက် တရားမျှတမှုရရှိအောင် ဆောင်ရွက်နိုင်မှာလား ဆိုတာကိုတော့ ...
movie

North Country (2005)

Draft Day (2014) 6.8
Draft Day (2014) ဒီနေ့ တင်ဆက်ပေးမှာကတော့ ဘောလုံးနဲ့ ပတ်သက်တဲ့ ရုပ်ရှင်လေးပါ။ NFL Draft ဆိုတာ အသင်း ၃၂ သင်းက လိုချင်တဲ့ ကစားသမားကို ရနိုင်ဖို့ ကစားသမား ၂၂၄ ယောက်ထဲက အကြိတ်အနယ်ရွေးချယ်ရမယ့် အခွင့်အရေးပါ။ Sonny Weaver Jr. ကတော့ Cleveland Browns ဘောလုံးအသင်းရဲ့ အထွေထွေမန်နေဂျာဖြစ်ပါတယ်။ ပြီးခဲ့တဲ့အပတ်က သူ့အဖေ နည်းပြ Sonny Weaver ဆုံးသွားပြီး လူတွေက အဖေနဲ့ နှိုင်းယှဉ်ပြီး ဝေဖန်ကြတာတွေ၊ အသင်းအပေါ် ပရိသတ်တွေရဲ့ မျှော်လင့်ချက်ကြီးတာတွေကြောင့် ဖိအားများနေပါတယ်။ ဇာတ်လမ်းစပုံကတော့ Sonny ဆီကို Seattle Seahawks အသင်းက Tom က ကမ်းလှမ်းမှုတစ်ခု လုပ်ရာကစပါတယ်။ကမ်းလှမ်းချက်ကတော့ Seattle Seahawks က ထိပ်တန်း တိုက်စစ်မှူး ဘိုကယ်လာဟန်ကို လိုချင်ရင် Browns အတွက် ...
movie

Draft Day (2014)

Run & Gun (2022) 5.1
Run & Gun (2022) Run and Gun (2022)မင်ဒဲလားသက်ရောက်မှု(Mindela effect) ဆိုတာ ကြားဖူးပါသလား မင်ဒဲလားက ထောင်ထဲမှာပဲ ၁၉၈၀ ခုနှစ်မှာသေဆုံးသွားတယ်လို့ လူသန်းပေါင်းများစွာက ယုံကြည်ကြတယ်တဲ့ ဒါပေမဲ့ မင်ဒဲလားက အမှန်တကယ်မှာ တောင်အာဖရိကနိုင်ငံရဲ့ သမ္မတပါဖြစ်ခဲ့ပါသေးတယ် လူတွေအဲ့လိုအထင်မှားကြတာက ကောလဟာလကြောင့်လဲဖြစ်နိုင်သလို နောက်သီအိုရီတစ်ခုက ကျွန်တော်တို့စကြာဝဠာကြီးက ‌အပြိုင်ယူနီဗာ့စ်တစ်ခုအဖြစ်ကွဲထွက်သွားပြီး အဖြစ်အပျက်တွေက ကွဲပြားနေရတာပါတဲ့ ကျွန်တော်အခုရေးပြနေတာတွေက ခုဇာတ်ကားရဲ့ plot နဲ့ ဘာမှမဆိုင်ပါဘူး ဇာတ်လမ်းက အရင်ကဆိုးသွမ်းခဲ့တဲ့လူမိုက်ကြီးတစ်ယောက်က မိသားစုနဲ့အေးချမ်းစွာနေထိုင်နေတဲ့အချိန်မှာပဲ အထုပ်တစ်ခုကိုသွားယူဖို့ လူမိုက်ဆရာကြီးတစ်ယောက်က လာခိုင်းစေပါတော့တယ် အဲ့မှာသောက်တလွဲတွေ ပြသနာတွေပေါင်းစုံနဲ့ အဲ့အထုပ်ထဲပါတာက မင်ဒဲလားသက်ရောက်မှုကို သက်သေပြနိုင်မဲ့အရာလားဘာလား စသည်ဖြင့် မရိုးရအောင်ကြည့်ရှုရမှာပါEntertainment ဖြစ်တဲ့ အပစ်အခတ်အက်ရှင်တွေလဲ ပါမယ် ကောင်းဘွိုင်အထာ ကန္တာရထဲ မိုက်ကြရမ်းကြတာတွေလဲပါမဲ့ ဒီဇာတ်ကားလေးက စိတ်အပန်းဖြေကြည့်ရှုဖို့အတွက်တော့ ကောင်းမွန်မှာပါအညွှန်း နဲ့ ဘာသာပြန်ကတော့ Sai Thurein Lynnပဲ ဖြစ်ပါတယ်။Genre..... Action, Thriller Quality…. 1080p | 720p | 480p File size… 1.6GB | 792MB | 343MB Format… ...
movie

Run & Gun (2022)

2022
Fury(2014) 7.6
Fury(2014) Fury(2014) Blu-Ray 1080p 5.1 CH,720P IMDB rating .....7.6 ၁၉၄၅ ခုနှစ်၊ ဧပြီလ။  ဒုတိယကမ္ဘာစစ် ဥရောပစစ်မြေပြင်။  အင်အားကြီးစစ်နိုင်ငံဖြစ်တဲ့နာဇီ ဂျာမနီနိုင်ငံအား အမေရိကန်မှ နောက်ဆုံးထိုးစစ်ဆင် တိုက်ခိုက်နေတဲ့အချိန်။ အမေရိကန်စစ်တပ် တပ်မဟာ ၆၆၊ တပ်ခွဲ ၂မှ တပ်ကြပ်ကြီး ကော်လီရာ ( Collier ) က ယင်းစစ်မြေပြင်မှာ ဖျူရီ (fury)  လို့ခေါ်တဲ့တင့်ကား ကိုဦးဆောင်ကာ တိုက်ပွဲဝင်နေသူဖြစ်ပါတယ်။ ဖျူရီ ရဲ့ တခြားတပ်ဖွဲ့ဝင်တွေဖြစ်တဲ့  သေနတ်သမား ဘိုင်ဘယ် (Bible) ၊လက်နက်ကြီးကျည်ဖြည့်တာဝန် ကွန်းအက်စ် (Coon-Ass) ၊ တင့်ကားမောင်းသူ ဂေါ်ဒို (Gordo) တို့ဟာ စစ်စကတည်းက တွဲဖက်ညီညီ နဲ့တိုက်ပွဲဝင်ခဲ့ကြတဲ့ ဝါရင့်စစ်သားတွေပဲဖြစ်ပါတယ်။အလန်းစားတင့်တိုက်ပွဲတွေတွေ့ရမြင်ရမှာဖြစ်သလို၊ရဲဘော်ရဲဘက်စိတ်၊စစ်အတွင်း လူသားအချင်းချင်း တစ်ယောက်နဲ့တစ်ယောက်သဘောထားတွေကိုအကောင်းဆုံးရိုက်ပြနိုင်တဲ့ကားဖြစ်ပါတယ်... ခံစားကြည့်လိုက်ပါဦးFile Size : (2.7GB)၊(950MB) Quality : Blu-Ray 1080p 5.1 CH,Blu-Ray ...
movie

Fury(2014)

2014
Arkansas (2020)
Arkansas (2020) Lionsgateကဖြန့်ချီလိုက်ပြီး Liam Hemsworthပါဝင်ထားတဲ့အသစ်စက်စက်ဇာတ်ကားတစ်ကားပါ။ကိုင်ဟာ ဖားလို့ခေါ်တဲ့လူတစ်ယောက်ရဲ့လက်အောက်မှာကိုကင်းတွေဖြန့်ပေးတဲ့သူတစ်ယောက်ပါ။နောက်တော့အချီကြီးလုပ်ရမယ်ဆိုလို့ Arkansasပြည်နယ်ကိုပြောင်းသွားပြီးဆွင်းဆိုတဲ့သူနဲ့အတူ ဘရိုက်ရဲ့ပန်းခြံထဲမှာနေပြီးကိုကင်းဖြန့်တာပေါ့။သူတို့အားလုံးရဲ့အထက်ကဘော့စ်ကတော့ ဖားဖြစ်ပေမယ့်ကိုင်ရောဆွင်းရောက ဖားကိုဘယ်သူမှန်းလည်းမသိ၊မြင်လည်းမမြင်ဖူးပါဘူး။နောက်တော့ ဘရိုက်ကသူများသတ်တာခံရတဲ့အခါသူတို့အကျပ်ရိုက်သွားပါတယ်။ထွက်ပြေးရင်လည်းသူတို့သတ်တယ်ထင်ပြီး ဖားကလိုက်သတ်မယ်၊အမှန်အတိုင်းပြောရအောင်လည်း ဖားကဘယ်သူမှန်းမသိနဲ့ တိုင်ပတ်ရင်းဘရိုက်သေဆုံးမှုကိုဖုံးကွယ်ကာ ရေလိုက်ငါးလိုက်ဆက်လုပ်နေလိုက်ပါတယ်။သူတို့ဆီကို တစ်ယောက်ယောက်လိုက်လာတော့မယ်ဆိုတာကိုသိနေရင်းနဲ့ပေါ့....ခံစားကြည့်ရှုကြည့်ပါအုံး။ File Size : ( 1 GB , 404 MB) Quality : BluRay 720p Running Time : 1 hr 59 min Format : Mp4 Genre : Crime , Drama , Thriller Subtitle : Myanmar Subtitle (Hard Sub) Translated ...
movie

Arkansas (2020)

Inherit the Viper (2019) 5.0
Inherit the Viper (2019) unicodeဒီတစ်ခေါက်တော့ CM ပရိသတ်ကြီးအတွက်Crime Drama ကားလေးတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။ဇာတ်လမ်းလေးနာမည်ကတော့ Inherit the Viper (2019)ပါ။ဇာတ်လမ်းအကျဉ်းလေးကတော့ ကွန်လေ မိသားစုဆိုတာမူးယစ်ဆေးရောင်းဝယ်ကာ အသက်ရှင်နေထိုင်ရတဲ့ မိသားစုပါ။ကစ်ပ်ဆိုတဲ့ အကိုကြီးရယ် ဂျိုဆီဆိုတဲ့ အမရယ်က မူးယစ်ဆေးရောင်းဝယ်ပြီးညီငယ်လေး ဘူးတ်ကိုတော့ ဒီကိစ္စတွေနဲ့ မပါတ်သတ်ခိုင်းပါဘူး။တစ်နေ့မှာတော့ထင်ရာစိုင်းတတ်တဲ့ လူရွယ်လေး ဘူးတ်ကဆေးတွေခိုးကာအရောင်းအဝယ်လုပ်ဖို့ကြိုးစားပါတော့တယ်။ဒါပေမယ့် ထင်ထားသလိုဖြစ်မလာပဲ ပြဿနာတွေတက်လာတဲ့အခါကွန်လေမိသားစု ဘယ်လိုဖြေရှင်းမလဲ?ဘာတွေဆက်ဖြစ်မလဲ?ဆိုတာ စိတ်ဝင်စားစရာပါ။မိသားစုထဲ စိမ့်ဝင့်ပျံ့နှံ့နေတဲ့ ဒီပြဿနာတစ်ခုကို ဘယ်လိုဖြေရှင်းထုတ်မလဲဆိုတာဇာတ်လမ်းအဆုံးထိ စိတ်ဝင်တစားကြည့်ရှုရမယ့်ကားလေးမလို့CM ပရိသတ်ကြီးအတွက်တင်ဆက်ပေးလိုက်ရပါတယ်။File Size : ( 786 MB , 255 MB )Quality : WEB-DL 720pRunning Time : 1 hr 30 minFormat : Mp4Genre : Crime , Drama , ThrillerSubtitle : Myanmar Subtitle ...
movie

Inherit the Viper (2019)

The Thirteenth Floor (1999) 7.1
The Thirteenth Floor (1999) ဒီကားကတော့ သိပ္ပံအက်ရှင် ကိုမှ ဒရာမာနဲ့မှုခင်း ခပ်ပါးပါးထည့်ထားတဲ့ဇာတ်လမ်းမျိုးဖြစ်ပြီး အစကနေအဆုံးထိ ဘာဖြစ်မလဲရင်တစ်ထိတ်ထိတ်နဲ့ ကြည့်ရမယ့်ကားမျိုးပါ။ ဇာတ်လမ်းအကျဉ်း.... ဒေါက်ဂလပ်စ်ဟောဆိုတဲ့ လူငယ်နည်းပညာသမားတစ်ယောက်ဟာ ဟနွန်ဖူလာ ဆိုတဲ့အဖိုးကြီးပိုင်တဲ့ ဒေါ်လာသန်းပေါင်းများစွာတန်ကြေးရှိတဲ့ နည်းပညာကုမ္ပဏီကြီးမှာ အလုပ်လုပ်ပါတယ်။ ဒီနည်းပညာကုမ္ပဏီကြီးက လူသားတွေရဲ့စိတ်နဲ့ သူတို့ပရိုဂရမ်သွင်း ဖန်တီးထားတဲ့ဇာတ်ကောင်ပုံရိပ်တွေရဲ့ ပရိုဂရမ်လင့်ခ်ကို ချိတ်ဆက်ဝင်ရောက်ပြီးတော့ လူသားတွေလုပ်တာမှန်သမျှ အကုန်လုပ်လို့ရတဲ့ ပုံရိပ်ယောင်ကမ္ဘာကြီး(simulation)ကို စမ်းသပ်တီထွင်နေတာဖြစ်ပြီး အောင်မြင်လုဆဲဖြစ်နေပါပြီ။ တစ်နေ့မှာတော့ ဒီကုမ္ပဏီကြီးရဲ့ပိုင်ရှင် အဘိုးကြီးဟနွန်ဖူလာဟာ အသတ်ခံလိုက်ရပါတယ်။ ဒါပေမယ့် အဖိုးကြီးက သူအသတ်ခံရမှာကို ထူးဆန်းစွာ ကြိုသိနေခဲ့ပြီး သူဘာကြောင့်အသတ်ခံရလဲဆိုတဲ့ အကြောင်းအရာကို စာတစ်စောင်ရေးပြီး သူဖန်တီးထားတဲ့ ပုံရိပ်ယောင်ကမ္ဘာ(simulation)ထဲမှာ ထားခဲ့တဲ့အကြောင်း သူ့တပည့် ဒေါက်ဂလပ်စ်ဟောကို voice messageပို့ထားခဲ့ပါတယ်။ ထူးဆန်းတာက ဒေါက်ဂလပ်စ်ဟော ကိုယ်တိုင်ကလဲ အဖိုးကြီး အသတ်ခံခဲ့ရတဲ့ည ရဲ့နောက်တစ်မနက်မှာပဲ သွေးတွေပေနဲ့တဲ့ သူ့အင်္ကျီကို တွေ့ရပြီး ညကဖြစ်ခဲ့တဲ့အဖြစ်အပျက်တွေကို လုံးဝမမှတ်မိတော့ပါဘူး။ ရဲတွေကလဲ ဒေါက်ဂလပ်စ်ဟာ ကုမ္ပဏီကိုဦးစီးချင်လို့ အဖိုးကြီးကိုသတ်လိုက်တာလို့သံသယဝင်လာကြတာကြောင့် သူကိုယ်တိုင်လဲဇဝေဇဝာဖြစ်နေတဲ့ ဒေါက်ဂလပ်စ်ဟာ အကြောင်းရင်းအမှန်ကိုသိရဖို့ ပုံရိပ်ယောင်ကမ္ဘာထဲကိုဝင်ပြီး အဖိုးကြီးထားခဲ့တဲ့ စာကိုရှာဖို့ ဆုံးဖြတ်လိုက်ပါတယ်။ အဲဒီ့အချိန်မှာပဲ အရင်ကတစ်ခါမှ ရှိတယ်လို့မကြားဖူးတဲ့ အဖိုးကြီးရဲ့ သမီးဂျိန်းဖူလာကလဲ ပြင်သစ်ကနေရောက်လာတဲ့အခါ...... ဒါကတော့ ဒီဇာတ်လမ်းရဲ့ အစပိုင်းအကျဉ်းဖြစ်ပြီးတော့ အဘိုးကြီးကို ဘယ်သူသတ်တာလဲ ဘာကြောင့်သတ်ရတာလဲဆိုတာတွေကို တွေးထင်မထားတဲ့ရှုထောင့်တွေကနေ ကြည့်ရမှာပါ။ ဇာတ်အိမ်က တော်တော်လေးကို ကျယ်ပြန့်ကောင်းမွန်ပြီး spoilသလိုဖြစ်မှာစိုးလို့ အများကြီးမပြောတော့ပါဘူး။ science fiction, crime thriller ဇာတ်လမ်းအမျိုးစားကိုကြိုက်တတ်သူတွေ, ဇာတ်လမ်းအမျိုးအစားမရွေးပဲ ဇာတ်အိမ်ကောင်းရင် ကြည့်တတ်တဲ့လူတွေအတွက်တော့ downမိလို့နောင်တမရစေမယ့် ကားမျိုးဖြစ်ပါတယ်။ Translated By : Kaung Khant Win Encoded By ...
movie

The Thirteenth Floor (1999)

1999
Cold Brook(2019) N/A
Cold Brook(2019) Cold Brook(2019) အညွှန်း*********************(zawgyi)တချို့ရုပ်ရှင်တွေက ကော်ဖီတစ်ခွက်နဲ့တူပါတယ်…တစ်ခွက်လုံးကို ခွက်လိုက်ကျိုက်ချရတာမဟုတ်ဘဲနဲ့ တစ်ငုံချင်း အရသာခံသောက်သွားရတာမျိုးပေါ့ ဒီရုပ်ရှင်ကားဟာလည်း ဒီအတိုင်းပါပဲ…ဇာတ်လမ်းက အေးသလိုလိုနဲ့ ကော်ဖီပူပူနွေးနွေးလေးတစ်ခွက်ကို ဇိမ်ပြေနပြေ အရသာခံပြီးသောက်သလိုကြည့်မှ ခံစားသိရှိနိုင်မယ့် ဇာတ်ကားလေးတစ်ခုပါ…အိမ်နီးချင်းလည်းဖြစ် သူငယ်ချင်းတွေလည်းဖြစ်ကြတဲ့ တက်ဒ် နဲ့ဟေဒီ ဆိုတဲ့ လူလတ်ပိုင်း လူနှစ်ယောက်တို့ဟာ ကောလိပ်တစ်ခုက ပြတိုက်မှာ ပစ္စည်းတွေကို ပြုပြင်ထိန်းသိမ်းရတဲ့ အလုပ်လုပ်ပါတယ်…အိမ်မှာလည်းမိန်းမနဲ့ သားသမီးကိုယ်စီ ရှိကြသူတွေပေါ့ … သူတို့နှစ်ယောက်က ပြတိုက်မှာ လျှပ်စစ်မီးပြင်ဆင်တာတွေဘာတွေအတွက် ပြတိုက်ပိတ်ချိန်ရောက်မှ အိမ်ပြန်ရသလို တစ်ခါတလေ အရေးပေါ်ညကြီးသန်းခေါင် ခေါ်ယူရင်လည်း သွားရပါသေးတယ်…တစ်ရက် အလုပ်နောက်ကျတဲ့နေ့မှာ ပြတိုက်ပိတ်သွားလို့ လူတွေအားလုံးအိမ်ပြန်လို့ တံခါးတွေပိတ် တိတ်ဆိတ်သွားချိန်မှာ လူတစ်ယောက်ဟာ ပြတိုက်ထဲကျန်နေခဲ့တာကို တက်ဒ်နဲ့ ဟေဒီတို့တွေ့ပြီး အဲ့ဒီလူဟာ ရုတ်တရက် ထွက်ပြေးပျောက်ကွယ်သွားခဲ့တယ်…သူဟာ ဘယ်သူလဲ တံခါးပိတ်ထားတဲ့ပြတိုက်ထဲကို ဘယ်လိုရောက်လာတာလဲ ဆိုတဲ့ မေးခွန်းတွေနဲ့ ပရိသတ်ကို ဆွဲဆောင်ခေါ်ငင်သွားမယ့် ဇာတ်ကားကောင်းတစ်ကားဖြစ်ပြီး IMDb – ...
movie

Cold Brook(2019)

2018
Wounds (2019) 4.3
Wounds (2019) ယူတို့ရဲ့fifty shadesမင်းသမီးလေးပါဝင်တဲ့mystery and horrorကားကောင်းလေးတစ်ကားပါဒီကားရဲ့ဇာတ်လိုက်မင်းသားဝေလ်အလုပ်လုပ်တဲ့ဘားမှာရန်ပွဲဖြစ်တာကနေစတာပါပဲရန်ပွဲပြီးတော့ သူ့ဘားမှာလာသောက်နေတဲ့တက္ကသိုလ်ကျောင်းသားအုပ်စုဖုန်းကျန်ခဲ့ရာကနေဖုန်းထဲမှာလူတွေကိုသတ်ထားတဲ့ဗီဒီယိုတွေ သူ့ဆီကိုအဲဒီဖုန်းကတဆင့်အကူအညီတောင်းတဲ့စာတွေပို့တာတွေ နောက်ပိုင်းသူ့အိမ်ထိပါရောက်လာပြီးသူ့ကောင်မလေးကိုပါနှောင့်ယှက်တာတွေ ဒါတွေကိုသူဘယ်လိုအဖြေရှာမလဲလုပ်တဲ့သူကဘယ်သူဖြစ်နေမလဲ ဖမ်းမိနိုင်မလားဒီကြားထဲဘားကိုလာနေကျသူ့သူငယ်ချင်းနဲ့ပါခြေရှုပ်မိတဲ့အခါ ဘာတွေဆက်ဖြစ်မလဲဆိုတာ...... File Size : ( 934 MB , 354 MB)Quality :  WEB-DL 720pRunning Time : 1 hr 35 minFormat : Mp4Genre : Drama , Horror , MysterySubtitle : Myanmar Subtitle (Hard Sub)Translated by PhueEncoded by Moe Myint Lwin 
movie

Wounds (2019)

2019
Sherrybaby (2006) 6.6
Sherrybaby (2006) ရှယ်ရီဆွမ်စန်က မှုးယစ်ဆေးဝါးသုံးစွဲမှုနဲ့ ထောင်ကျနေတာ သုံးနှစ်ရှိပါပြီ။ ဒါပေမဲ့ သူ့ရဲ့ရှစ်နှစ်သမီးလေး အလက်ဇစ်နဲ့ တစ်အိမ်တည်းနေခွင့်ရဖို့အတွက် မူးယစ်ဆေးဖြတ်ပြီး လူကောင်းတစ်ယောက်အဖြစ်နေထိုင်ဖို့ ဆုံးဖြတ်ထားခဲ့ပါတယ်။ စည်းကမ်းကျပ်တဲ့ထောင်အုပ်ဆီက အာမခံရဖို့မလွယ်ကူပေမယ့် အလက်ဇစ်က သူ့အစ်ကိုဘော်ဘီနဲ့ ဇနီးဖြစ်သူ လင်းနက်တို့အပေါ်အချစ်ကြီးစွဲလမ်းနေတာကိုမြင်ရခြင်းက သူမအတွက် ပိုပြီးခံစားရခက်စေပါတယ်။ မိဘနဲ့သားသမီးတို့ကြားက ချစ်ခြင်းမေတ္တာကို အပြည့်အဝခံစားရမှာဖြစ်ပြီး ဘယ်လောက်ဆိုးတဲ့ မိဘဖြစ်နေပါစေ သားသမီးအပေါ်ချစ်တဲ့စိတ်က တစ်ထောင့်တစ်နေရာမှာကျန်ရှိနေတတ်ကြောင်းနဲ့ အတိတ်ကဆိုးသွမ်းခဲ့သမျှကို မေ့ပစ်ပြီး သမီးဖြစ်သူနဲ့ ဘဝသစ်ပြန်စချင်နေတဲ့ မိခင်တစ်ဦးရဲ့ မေတ္တာတရားကို မြင်တွေ့ခွင့်ရမှာဖြစ်ပါတယ်။Translated By : Kay Khaing Tun Encoded By :XCode
movie

Sherrybaby (2006)

2006
Split ( 2016 ) 7.3
Split ( 2016 ) 1975 ခုနှစ်က အမေရိက မှာတကယ်ဖြစ်ပျက်ခဲ့တဲ့ Billy Milligan ဆိုတဲ့လူတစ်ဦးရဲ့ ဖြစ်ရပ်မှန်ကို ပြန်လည်ရိုက်ကူးတင်ဆက်ထားတဲ့ ရုပ်ရှင်ဇာတ်လမ်းကောင်းတစ်ခုဖြစ်ပါတယ် Wanted ရုပ်ရှင်ကားဖြင့် နာမည်ကြီးလာသော James McAvoy ရဲ့ မျက်နှာပုံစံ မျက်နှာထားအမျိုးမျိုးကို စိတ်ကျေနပ်လောက်စရာ မြင်တွေ့ရမှာဖြစ်ပြီး ဇတ်လမ်းပုံစံကတော့ ကိုယ်ရည်သွေး စိတ်အမျိုးမျိုးဖြစ်တည်နေတဲ့ စိတ်ရောဂါ ဝေဒနာရှင် လူငယ်လေး နေရာကနေ စတင်ထားပါတယ်... ကယ်ဗင် ဟာ ကိုယ်ရည်သွေး စိတ် အမျိုးမျိုး ဖြစ်ပေါ်တက်သော ရောဂါရှိသဖြင့် စိတ်ရောဂါကု ဆရာဝန်ဖြစ်သူနှင့် အပတ်တိုင်း တစ်ကြိမ်စီ ပြသနေရသူဖြစ်ပါတယ်.... သူ့ရဲ့ ပုံမှန်ဘ၀ မှာတော့ အလွန်တော်တဲ့ လူငယ်လေး ဖြစ်ပြီး သူ့ရဲ့ မသိစိတ်ထဲတွင်တော့ ဒင်းနစ် ၊ ပတ်ထရစ်ရှာ ၊ ဟတ်ဝစ် ၊ ဘယ်ရီ အစ ရှိသော နာမည်များစွာဖြင့် ယောင်္ကျား မိန်းမ ကလေး အစရှိသော ကိုယ်ရည်သွေး စိတ်ခွဲပေါင်းများစွာ ရှိနေပါတယ် စိတ်ရောဂါကု ဆရာဝန် အနေဖြင့် ထို စိတ်များ အပြင်ထွက်မလာအောင် ထိန်းချုပ် ကုသပေးနေခဲ့သော်လဲပဲ ကယ်ဗင် ၏ မူလ စိတ်အခြေအနေကို အနိုင်ယူကာ ကိုယ်ရည်သွေး ...
movie

Split ( 2016 )

2016
Pacific Rim (2013) 6.9
Pacific Rim (2013) Pacific Rim (2013) IMDb - 6.9/10_____Rotten - 72%    2013 မှာ ထွက်ရှိခဲ့တဲ့ဇာတ်ကားတစ်ကားဖြစ်ပါတယ် ဒါရိုက်တာ Guillermo del Toro ကရိုက်ကူးတင် ဆက်ထားပြီးတော့ IMDb Rating 6.9 အထိ ၇ရှိထားတဲ့ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်. ဒါကြောင့်မို့ကောင်းလားမကောင်းလားဆိုတာ အငြင်းပွားစရာလိုနေဦးမယ်လို့မထင်ပါဘူး သိပ္ပံကားကောင်းတွေကြိုက်နှစ်သက်သူတွေအတွက် သဘောတွေ့စေမယ့်ကားတစ်ကားဆိုတာ အသိပေးလိုက်ပါတယ်..ခံစားကြည့်ရှုကြပါ     2013 မွာ ထွက်ရှိခဲ့တဲ့ဇာတ်ကားတစ်ကားဖြစ်ပါတယ် ဒါရိုက်တာ Guillermo del Toro ကရိုက်ကူးတင် ဆက်ထားပြီးတော့ IMDb Rating 6.9 အထိ ၇ရှိထားတဲ့ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်. ဒါကြောင့်မို့ကောင်းလားမကောင်းလားဆိုတာ အငြင်းပွားစရာလိုနေဦးမယ်လို့မထင်ပါဘူး သိပ္ပံကားကောင်းတွေကြိုက်နှစ်သက်သူတွေအတွက် သဘောတွေ့စေမယ့်ကားတစ်ကားဆိုတာ အသိပေးလိုက်ပါတယ်..ခံစားကြည့်ရှုကြပါ   File Size : (1.1 GB) Quality : Blu-Ray 720p Running Time : 2hr 11min Format : Mp4 Genre :Action, Adventure, Sci-Fi Subtitle : ...
movie

Pacific Rim (2013)

2013
Bright (2017) 6.6
Bright (2017) ကမ႓ာကြီးရဲ့ Alternate Timeline တစ်ခုမှာ လူတွေဟာOrcs တွေ Elves တွေ အစရှိတဲ့ ဒဏ္ဏာရီထဲကသတ္တဝါတွေနဲ့အတူ ကမ႓ာဦးအစကတည်းက နေထိုင်ပါတယ်။ဒီဇာတ်ကားမှာတော့Ward (Will Smith) ဟာ လော့အိန်ဂျလိစ်က ဝါရင့်ရဲအရာရှိတစ်ယောက်ဖြစ်ပြီး လော့အိန်ဂျလိစ်ရဲဌာနရဲ့ ပထမဆုံး Orcs ရဲအရှာရှိဖြစ်တဲ့ Jakoby နဲ့အတူ တာဝန်ထမ်းဆောင်နေရတာဖြစ်ပါတယ်။လူတွေနဲ့ Orc တွေကလဲ သိပ်မတည့်ကြသလို Jakoby နဲ့လဲ ဘယ်သူကမှ အလုပ်တွဲမလုပ်ချင်ကြပါဘူး။တစ်ညမှာတော့Ward နဲ့ Jakoby တို့ Tikka လို့ခေါ်တဲ့ Elf တစ်ယောက်ကို တွေ့ရှိခဲ့ပြီး သူ့ဆီမှာ ကမ႓ာကို အမှောင်ခေတ်ပြန်ရောက်သွားအောင်လုပ်နိုင်စွမ်းရှိနေတဲ့ မှော်တုတ်တံတစ်ချောင်းရှိနေတာကို သိလိုက်ရပါတယ်။ အဲ့ဒီ မှော်တုတ်တံကို လူမျိုးစုအားလုံး သတ္တဝါအားလုံးကအလိုရှိနေတာဖြစ်ပြီး မှော်တုတ်တံပိုင်ရှင်အစစ်ဖြစ်တဲ့ Leilah ကိုယ်တိုင်ကလဲ လိုက်ရှာဖွေနေတာဖြစ်ပါတယ်။ကမ႓ာကြီး မပျက်စီးအောင်Ward နဲ့ Jakoby တို့ ဘယ်လိုတားဆီးမလဲ ဆိုတာတော့ ရုပ်ရှင်ထဲမှာ ဆက်လက်စီးမျောခံစားလိုက်ပါ။ဒီကားကို ဝေဖန်သူတွေက ...
movie

Bright (2017)

2017
World Trade Center (2006) 5.9
World Trade Center (2006) World Trade Center (2006)IMDb - 5.9/10_____Rotten - 67%   World Trade Center လို့ဆိုလိုက်တာနဲ့ ကမ္ဘာ့အကြီးဆုံးကုန်သွယ်ရေးအဆောက်အအုံဖြစ်တဲ့ အမွှာညီနောင် တာဝါ2ခုကို အားလုံးသိကြမယ်လို့ထင်ပါတယ်..2001 ခုနှစ်မှာ စက်တင်ဘာလ 11ရက် နေ့မှာ အမေရိကန် ပြည်ထောင်စု New York City မှာရှိတဲ့ World Trade Center အမွှာညီနောင်ကုန် သွယ်ရေးအဆောက်အအုံကို အိုစမာဘင်လာဒင်ရဲ့ အကြမ်းဖက် သမားများအဖွဲ့က ပြန်ပေးဆွဲယူ လာခဲ့သော လေယာဉ်2 စင်းနဲ့နဲ့အသေခံဝင်တိုက်ခဲ့ပါတယ်..ပြန်ပေးဆွဲခဲ့တဲ့လေယာဉ်တွေကတော့American Airlines Flight 11 နဲ့ United Airlines Flight 175 ပဲဖြစ်ပါတယ်.. လေယာဉ်နဲ့ဝင်တိုက်ခံရပြီးနှစ်နာရီအတွင်းမှာပဲ တာဝါ၂ခုလုံး ပြိုလဲပျက်စီးခဲ့ပါတယ်. အသက်ကယ်ဆယ်ဖို့ရောက်လာတဲ့မီးသတ်သမားတွေ ကယ်ဆယ်ရေးတပ်ဖွဲ့တွေလည်းအတွင်းမှာပိတ်မိခဲ့ပြီးတော့ တော်တော်များများ သေကြေခဲ့ရပါတယ် ဒီတိုက်ခိုက်မှုနဲ့ ဒီတာဝါ ပြိုကျပျက်ဆီးမှုကို ဖြစ်ရပ်မှန်ပေါ်မှာ သရုပ်ဖေါ်ထားတဲ့ World Trade Center ရုပ်ရှင်ကိုတော့ 2006 ခုနှစ်မှာ ထွက်ရှိခဲ့ပြီးတော့ ဒါရိုက်တာ Oliver Stone ရိုက်ကူးထားပါတယ် အားလုံးနဲ့အကျွမ်းဝင်ပြီးသားဖြစ်တဲ့ မင်းသားကြီး Nicolas Cage ကတော့ ...
movie

World Trade Center (2006)

2006