Channel Myanmar

Bradford Norris

Wire Room (2022)
Wire Room (2022) Wire Room (2022)ရုပ်ရှင်​​​လောကက အနားယူထား​ပေမယ့် တစ်လတစ်ကား မှန်မှန်ထွက်​နေတဲ့ မင်းသားကြီး ဘရုစ်ဝီလီရဲ့ လစဉ်ထုတ် အက်ရှင်ကားသစ် အကြမ်းစားကြီးရပါပြီ။မင်းသားကြီးက ​နောက်ပိုင်းကား​တွေမှာဆိုရင် ပိုစတာထဲ မျက်နှာ​လေးဝင်ပြပြီး မင်းသားငယ်​​လေး​တွေကို စင်တင် ​​ပေး​နေမှန်း ဘရုစ်ဝီလီကားမှန်သမျှ မလွတ်တမ်းကြည့်တဲ့ Hardcore fanကြီး​တွေဆိုရင် သိမှာပါ။ ဒီကားမှာလည်း မင်းသားကြီးက ဇာတ်ပို့​အဖြစ်ပဲ အားဖြည့်​ထားပါတယ်။အထူး​​အေးဂျင့် ဂျပ်စတင်ရိုဆာဟာ နိုင်ငံ​တော်လုံခြုံ​ရေးဌာနက​နေ ဒုစရိုက်သမား အကြီးစား​တွေကို လျှို့ဝှက်ပြီး စောင့်ကြည့်ရတဲ့ ကင်း​ထောက်ခန်းမှာ တာဝန်ကျလာရင်း သူတို့​စောင့်ကြည့်ရမယ့်သူက လက်နက်နဲ့မူးယစ်​မှောင်ခို ​ခေါင်း​ဆောင် အက်ဒီဖလင်းပါ။ သူတို့အ​နေနဲ့ အက်ဒီကို ​ဖမ်းဆီးဖို့ စောင့်ကြည့်ရင်း သူမ​သေ​အောင်ပါ ကာကွယ်​ပေးရမှာပါ။ ဘာလို့လဲဆို​တော့ အက်ဒီဆီမှာFBIဘက်က အရမ်းလိုချင်​နေတဲ့ အကျင့်ပျက်ရဲဝန်ထမ်း​တွေရဲ့စာရင်း ရှိ​နေတာပါ။ဒီလိုနဲ့ပဲ ပြဿနာ​​ပေါင်းစုံ တက်နေတဲ့ အက်ဒီဖလင်းကို ​အေးဂျင့်ရိုဆာ​တို့ဘက်က ကာကွယ်​​ပေးဖို့ လုပ်ရသလို တစ်ဖက်မူးယစ်ဂိုဏ်းနဲ့ အကျင့်ပျက်ရဲ​တွေကရှင်းပစ်ဖို့ ကြိုးစားလာတဲ့အခါ .....အညွှန်း နဲ့ ဘာသာပြန်ကတော့ JimX ပဲ ဖြစ်ပါတယ်။Genre..... Action, Thriller Quality…. 1080p | 720p ...
movie

Wire Room (2022)

2022