Channel Myanmar

Bradley James

Underworld: Blood Wars(2016) 6.5
Underworld: Blood Wars(2016) Underworld: Blood Wars(2016)*****************************Underworld ကားတွေဟာ ၅ကားထွက်ရှိခဲ့ပြီး ဇာတ်အိမ်ခပ်ဆန်းဆန်းအမိုက်စားအက်ရှင်ခန်းတွေကြောင့်   ဘက်ဂျက် ၂ဆနီးပါး  ရုံတင်ဝင်ငွေပြန်လည်ရရှိခဲ့တဲ့ကားတွေဖြစ်ပါတယ်.....လိုင်ကန်မျိုးနွယ်စုတွေနဲ့ ဗန်ပိုင်းယားတွေရဲ့ အတော်မသတ်နိုင်တဲ့စစ်ပွဲအကြောင်းကိုအခြေတည်ရိုက်ကူးထားတာဖြစ်ပါတယ်...ခေတ်ပြောင်းလာတာနဲ့အညီ အရင်လို ကုတ်ဖဲ့သတ်ဖြတ်နေကြတာမဟုတ်ဘဲအဆင့်မြှင့်လက်နက်မျိုးစုံအသုံးပြုလာကြသလိုတစ်ဖက်မျိုးနွယ်စု ပျက်သုန်းဖို့အရေး နည်းမျိုးစုံတိုက်ခိုက်ကြတာဖြစ်ပါတယ်...underworld ကိုအစဉ်လိုက်ကြည့်မယ်ဆိုရင်အောက်ပါအတိုင်းကြည့်ရမယ်လို့ဆိုထားပါတယ်..Underworld: Rise of the Lycans (2009) Underworld (2003) Underworld Evolution (2006) Underworld Awakening (2012) Underworld: Blood Wars (2016)     File size… 1.05GB& 429MB Quality… Blu-Ray1080p,720p Format…mp4 Duration….1hr 31min Genre ….. Action, Fantasy, Thriller Translated by AOI Encoded by Phyo Pyae
movie

Underworld: Blood Wars(2016)

The Messenger(2019) 7.0
The Messenger(2019) The Messenger(2019)*******************၁၉၃၉ ခုနှစ်မှာ နာဇီဂျာမဏီတွေဟာ ပိုလန်နိုင်ငံကို ကျူးကျော်စစ် စတင်ပြီး ဒုတိယကမ္ဘာစစ်မီးကိုမွေးခဲ့ပါတယ်။ ဒီဇာတ်ကားက အချိန်ကာလအားဖြင့် ဒုတိယကမ္ဘာစစ်စပြီး ငါးနှစ်တာအကြာ ပိုလန်နိုင်ငံအခြေအနေကို ဇာတ်အိမ်တည်ထားတာပါ။ ပိုလန်သားတို့က တန်ပြန်တိုက်ခိုက်ခဲ့ကြပေမယ့် အင်အားကြီးတဲ့ဂျာမန်တွေကိုမယှဥ်နိုင်ခဲ့ပါဘူး။ ပိုလန်အစိုးရဟာလည်း နိုင်ငံတွင်းမှထွက်ပြေးခဲ့ရပြီး လန်ဒန်မှာအခြေစိုက်ကာ နယ်နှင်ခံအစိုးရဖြစ်ခဲ့ရပါတယ်။ နိုင်ငံတွင်းမှာ ပိုလန်စစ်တပ်အချို့ဟာ မြေအောက်အဖွဲ့အစည်းတွေအဖြစ်၊ အိမ်စောင့်စစ်တပ်အဖြစ်နဲ့တော်လှန်ပုန်ကန်ဖို့ အချိန်ကိုစောင့်ဆိုင်းနေခဲ့ပါတယ်။ အစိုးရနဲ့ စစ်တပ်ဟာ နိုင်ငံတွေခြားနေရတော့ အရေးတကြီးဆက်သွယ်ဖို့ဆိုရင် အထောက်တော်တွေလိုလာပါပြီ။ သာမန်ကိစ္စမျိုးဆိုကြေးနန်းနဲ့ဆက်သွယ်ရပေမယ့် အရေးကြီးသတင်းအချက်အလက်တွေပေးပို့ချင်ရင်အထောက်တော်တွေကသာ ဂျာမန်တွေသိမ်းထားတဲ့ နိုင်ငံတွင်းခိုးဝင်ခိုးထွက်နဲ့ ဆက်သွယ်ပေးရပါတယ်။ ပိုလန်ကို ဂျာမဏီတို့စကျူးကျော်ခဲ့စဥ်က ဆိုဗီယက်တွေ ဝင်မစွက်ဖက်စေဖို့ဆိုပြီးဂျာမဏီနဲ့ ဆိုဗီယက်က ပိုလန်နိုင်ငံကိုခွဲဝေယူကြမယ်ဆိုကာ တိုးတိုးတိတ်တိတ်သဘောတူထားကြပါသေးတယ်။ နောက်တော့ ဆိုဗီယက်တွေလည်း ပိုလန်ကိုကျူးကျော်လာရော ပိုလန်တို့ခမျာဘယ်သူ့ကိုအရင်တိုက်လို့တိုက်ရမယ်၊ ဘယ်သူ့ကိုအကူအညီတောင်းရမယ် မသိဖြစ်နေပါပြီ။ ဒီလိုအချိန်မှာ မဟာမိတ်တပ်ပေါင်းစုတွေကလည်း ပိုလန်ကို ကူညီဖို့ထက် အခြားစစ်မျက်နှာပြင်ကိုသာအာရုံများနေပါတယ်။ ဒီလို ကူရာကယ်ရာမဲ့နေတဲ့ ပိုလန်အိမ်စောင့်စစ်တပ်နဲ့ ပိုလန်နယ်နှင်ခံအစိုးရကြားအထောက်တော်တွေ ဘယ်လိုဆက်သွယ်ပေးခဲ့ရလဲ၊ ဒီရှုပ်ထွေးလွန်းတဲ့ နိုင်ငံရေး၊ စစ်ရေးကာလကနေ ပိုလန်တို့ ဘယ်လိုရုန်းထွက်တော်လှန်ခဲ့ကြလဲဆိုတာ မြင်တွေ့ရမယ့် စပိုင်ဆန်ဆန် အက်ရှင်ကားကောင်းတစ်ကားပါ....File Size :(1.6GB) and (802MB) Quality ...
movie

The Messenger(2019)

The Little Things (2021) 6.4
The Little Things (2021) The Little Things (2021)===================IMDb Rating - 6.4/10စိတ္တဇလူသတ်သမား တစ်ယောက်ကို အတူတူလိုက်ရှာလိုက်ကြပါစို့။ ဒန်ဇယ်ဝါရှင်တန်ရဲ့ ဝါရင့် သွေးအေး စုံထောက်ဟောင်းကြီးစတိုင်၊ ရာမီမာလက်ရဲ့ ထက်မြက်တဲ့ လူငယ်စုံထောက်စတိုင်၊ ဂျာရက်လယ်တိုရဲ့ အေးစက်စက် နဲ့ တရားခံလိုလို တရားမခံလိုလို ပဟေဠိတွေနဲ့ ငြိမ့်ငြိမ့်လေး ကြည့်ရမယ့် ရုပ်ရှင်ပါပဲ။ ဒိခ် ဒီကန်ဟာ နာမည်ကျော်စုံထောက်ကြီးဘဝကနေ နယ်မြို့လေးက ရဲအဖြစ် ပြောင်းသွားခဲ့တဲ့သူ၊ သူ့နေရာကို ဝင်လာတဲ့ ဂျင်မီကတော့ ထက်မြက်ပြီး လူကြိုက်များတဲ့ စုံထောက်တစ်ယောက်၊ သူတို့ ၂ ယောက်ရဲ့ အမှုတွေဟာ လူတစ်ယောက်ထဲက ကျူးလွန်သလို တိုက်ဆိုင်နေတဲ့အခါ၊ဘာသဲလွန်စမှ ရှာမရဘဲ မိန်းကလေးငယ် ၆ ယောက်လောက် ဆက်တိုက် သေဆုံးလာတဲ့အခါ စုံထောက်ဟောင်းနဲ့စုံထောက်သစ်တို့ပေါင်းပြီး တရားခံကို ခြေရာကောက်ကြတာကို စိတ်ဝင်တစားကြည့်ရှုရမယ့် ဇာတ်လမ်းကောင်းပါ။(ဒီဇာတ်လမ်းရဲ့ အညွှန်း နဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Littleneo ပဲဖြစ်ပါတယ်။) Quality ...
movie

The Little Things (2021)

2021