Channel Myanmar

Brady Nuthall

Don’t Worry, He Won’t Get Far on Foot(2018) 6.9
Don’t Worry, He Won’t Get Far on Foot(2018) Don't Worry, He Won't Get Far on Foot(2018)အညႊန္း**********************************************IMDB rating -6.9 Rotten tomato – 76%(unicode)Joker 2019 နဲ့လူသိများခဲ့တဲ့ Joaquin Phoenix ရဲ့ဇာတ်ကားသစ်ပါ... သူကတော့ John Callahan အဖြစ်သရုပ်ဆောင်ထားပါတယ်...“ကျွန်တော့်အမေနဲ့ပက်သက်တာဆိုလို့သုံးခုပဲ သိတယ် သူက အမေရိကန်အိုင်းရစ်လူမျိုး ဆံပင် အနီ နဲ့ ကျောင်းဆရာမတစ်ယောက် ဟုတ်တယ် သူ ကျွန်တော့်ကိုမလိုချင်ခဲ့ဘူး လေးခုပေါ့” အမေရိကန်နိုင်ငံရဲ့နာမည်ကြီး ကာတွန်းဆရာ ဂျွန်ကလာဟန် သူ့ကိုယ်သူမိတ်ဆက်တိုင်းမှာပါနေကြစကားလေးပါ ငယ်ငယ်ကတည်းက အမေရဲ့စွန့်ပစ်ခြင်းကိုခံရပြီး မေတ္တာငတ်ခဲ့သူတစ်ယောက်ဖြစ်ခဲ့တယ် ...ခံစားချက်တွေဖုံးကွယ်ဖို့အသက် ၁၃နှစ်ကတည်းက အရက်ကိုနှစ်ခြိုက်စွာစသောက်ခဲ့တယ်..ဒါတွေရဲ့နောက်ဆက်တွဲ ဆိုးကျိုးလို့ပဲပြောရမလားမသိ..ကားအက်ဆီးဒန့်ဖြစ်ပြီး အောက်ပိုင်းသေသွားခဲ့တယ် ... မူလကထဲက စိတ်ပိုင်းဆိုင်ရာ နာကျင်မှုတွေရှိတဲ့သူ ဟာ အောက်ပိုင်းသေသွားတဲ့အတွက်ကြောင့် ပိုဆိုးလာခဲ့တယ်....တစ်နေ့တော့ သူအရက်မသောက်ပဲ ကျောင်းတက်ပြီး သူနှစ်သက်တဲ့အလုပ်တစ်ခုလုပ်ကာ သူ့ဘ၀ကိုအရှုံးမပေးဖို့စတင်ကြိုးစားပါတော့တယ်... သူဘယ်လိုကြိုးစားလဲ...အောက်ပိုင်းသေနေတဲ့သူတစ်ယောက်ဟာ ဘယ်လောက်ထိအောင်မြင်မှုတွေရခဲ့လဲ... ဒီဇာတ်ကားက တော့ ဖြစ်ရပ်မှန် ဇာတ်လမ်းဖြစ်ပါတယ်... ကာတွန်းတွေ တစ်ချက်ထိ ဟာသ သရောကာတွန်းလေးတွေရေးတဲ့အပြင် ကာတွန်းစီးရီးတွေနဲ့အောင်မြင်မှုရခဲ့တဲ့ John Callahan အကြောင်းကို ရိုက်ပြထားတာပါ... ခံစားကြည့်ကြပါဦး...ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Tin Myo ...
movie

Don’t Worry, He Won’t Get Far on Foot(2018)

2018